Showing posts with label Windows 10 ဆိုင်ရာများ. Show all posts
Showing posts with label Windows 10 ဆိုင်ရာများ. Show all posts

11/07/2017

♪ Window 10 အသုံးပြုသူများဆောင်ထားသင့်တဲ့ - Windows 10 Manager v2.1.9 + Keygen Full Version ♫

https://i0.wp.com/onhax.net/wp-content/uploads/2016/04/yw10manager.jpg?resize=219%2C300

Window 10 အတွက်နောက်ဆုံးထွက် Window 10 Manager v2.1.9 ကိုတင်ပေးလိုက်ပါတယ်ဗျာ။ ဒီ Manager ရဲ့ လုပ်ဆောင်ချက်ကတော့ ခပ်လွယ်လွယ်ခပ်ရှင်းရှင်းပြောရမယ်ဆိုရင် Window Operation System တစ်ခု လုံးမှာရှိတဲ့ System Error တွေကိုဖြေရှင်းပေးနိုင်ပါတယ်ဗျာ။ အခု Version အသစ်မှာ Click တစ်ချက်နှိပ်ရုံနဲ့  System တစ်ခုလုံးကို Automatically Fix လုပ်ပေးနိုင်ပါတယ်။ Virus ကြောင့် တက်လာတဲ့ Problems များကို လည်း ဖြေရှင်းပေးပါတယ်။  Window တက်တာနဲ့ Window Shut Down ချတာ တွေကို ဒီကောင်လေးက Improve လုပ်ပေးနိုင်ပါတယ်။ ဒီထက်များစွာသော လုပ်ဆောင် ချက်တွေကိုတော့ အောက်မှာဆက်လက်လေ့ လာနိုင်ပါတယ်ဗျာ။ Full Version အဖြစ် Keygen ကိုထည့်ပေးလိုက်ပါတယ်ဗျာ။ Keygen ကိုအသုံးပြုမယ်ဆိုရင်တော့ Computer ပေါ်မှာ Run ထားတဲ့ Antivirus ကို Disable လုပ်ထားပေးဖို့ တော့လိုပါတယ်ဗျာ။



Features Of Windows 10 Manager
  • Optimizer
    Tweak your system to improve windows startup and shutdown speed, tweak your hardware to increase system speed and performance; Control what is started on Windows startup, check and repair the advanced starup items to restore the malicious change by viruses; Tune up and optimize system services and Task Schedule, turn off smartly some unnecessary system services and tasks to improve system performance.
  • Cleaner
    Find out which files or folders engross your disk space and shown with chart; Smart Uninstaller can fully delete programs from your system without residual files and Registry entries; Find and clean junk files to increase Hard Disk space; Duplicate Files Finder can scan your computer for files with the same size, name and modification time; Registry Cleaner checks and repair incorrectly linked Registry entries; Registry Defrag rebuilds and re-indexes your Registry to reduce registry access time and therefore improve application responsiveness; Desktop Cleaner can clean useless icons and files on Desktop easily.
  • Customization
    Customize the look of your system by tweaking system Explorer, Desktop, Start Menu, Taskbar and notification area; Manage the pinned items and can pin any files or folders to Taskbar and Start Screen; Create the quick startup items on Taskbar with the Jump List launcher; Tune up Windows 10 boot menu; Edit context menus of mouse Right-Clicking; Edit easily the Win + X menu that shown when right-click on Desktop bottom-left corner or Win + X keyboard shortcut ; Create the shortcut that executed quick on run dialog box. Visual Customizer can change system and file type icons, change the lock screen image automatically.
  • Security
    Improve system security by tweaking system components, UAC and login settings; Tune up System Restore options; Hide and restrict to access drives and programs; Encrypt/decrypt files, move system folders to safe locations; Undelete the files that accidentally deleted or formatted on disk; Privacy Protector can maintain your personal privacy by eliminating the tracks that you leave behind; Hide, add or delete the Control Panel entries.
  • Network
    Optimize your Internet connection speed, manage all shares items; Tweak the Microsoft Edge and Internet Explorer easily; IP Switcher can switch your IP address easily on different networks; Edits the Hosts file to speed up surfing internet and permit only to access the specified Hosts.
  • Misc. Utilities
    Show the collection of Windows utilities and pin system items to Start Screen and Taskbar; split and merge any files; Automatically back up files regularly using Super Copy. Registry Tools help you to operate Registry easily.












www.pyaephyo.com
 
 
 
Read More ...

9/28/2017

♪ Windows 10 မှာ ဓာတ်ပုံတစ်ပုံက ကိုယ်ရေးအချက်အလက်တွေကို ဘယ်လို ဖယ်ရှားမလဲ ♫


သင်ဟာ ဓာတ်ပုံတွေကို ရိုက်ကူးပြီး ကွန်ပျူတာမှာ ထည့်သွင်းအသုံးပြုတယ်ဆိုရင် ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာ ပါဝင်နေတဲ့ ကိုယ့်ရဲ့အချက်အလက်တွေကို ဖယ်ရှားနိုင်ပါတယ်။ ဓာတ်ပုံတစ်ပုံကို စမတ်ဖုန်းကနေ ရိုက်ကူးလိုက်တယ်ဆိုရင် ရိုက်ကူးတဲ့ device အမျိုးအစား focal length, ISO speed, Exposure, Flash settings အစရှိတာတွေ ပါဝင်မှာဖြစ်ပါတယ်။

အဆိုပါ အချက်အလက်တွေကို ဖယ်ရှားရှင်းလင်းဖို့အတွက်ဆိုရင် ပထမဆုံး ဓာတ်ပုံပေါ်မှာ right-click နှိပ်လိုက်ပါ။ ပြီးရင် Properties ဆိုတာကိုရွေးရပါမယ်။



ပြီးရင် အဆိုပါ ပုံရဲ့ Properties ကိုရောက်ပြီဆိုရင် Details ဆိုတဲ့ tab ကိုရွေးလိုက်ပါ။



နောက်တစ်ဆင့်ကတော့ Remove properties and personal Information ဆိုတာကို နှိပ်ပါ။ Remove all the following properties from this file ဆိုတဲ့ radio button ကိုရွေးချယ်ပြီး ကိုယ်ဖယ်ရှားချင်တဲ့ info တွေကို select လုပ်ကာ Ok ကို နှိပ်လိုက်တယ်ဆိုရင် ဓာတ်ပုံပေါ်က အချက်အလက်တွေကို ဖယ်ရှားရှင်းလင်းပြီးပြီ ဖြစ်ပါတယ်။






-သီဟ

Credit to ==>Internet Journal



www.pyaephyo.com
 
 
 
Read More ...

8/28/2017

♪ Windows 10 မှာ Automatic Repair Loop ကိုဖြေရှင်းနည်း ♫


Windows 10 မှာ boot မတက်ဘဲ Automatic Repair ဆိုတဲ့ message ကို မြင်နေရတယ်ဆိုရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Windows ကို စနစ်တကျနဲ့ shutdown မလုပ်ဘဲ အလွယ်တကူ ပိတ်ပစ်ခြင်း power ပြတ်တောက် သွားတဲ့အတွက် Windows စနစ်ကျသွားခြင်း မကြာခဏ ကြုံရတယ်ဆိုရင် အဆိုပါ ပြဿနာ ကို ကြုံတွေ့နိုင်ပါတယ်။

Automatic Repair ဆိုပြီးပြနေပြီဆိုရင် Windows system disk တစ်ခုခု နဲ့ boot တက်လိုက်ပါ။ ပြီးရင် Advanced Startup screen မှာ Troubleshoot ဆိုတာကိုရွေးပါ။ နောက်တစ်ဆင့်က Advanced options ဆိုတာကိုရွေးပေးရပါမယ်။ Advanced options အောက်ကမှ Command Prompt ဆိုတာကို ရွေးပြီး အောက်က command တွေကို တစ်ခုချင်းစီရိုက်ထည့်ပါ။ အသုံးပြုရမယ့် command တွေကတော့ –
bootrec.exe /rebuildbcd
bootrec.exe /fixmbr
bootrec.exe /fixboot
bootrec.exe /chkdsk /r c:
ဆိုတဲ့ command တွေပဲဖြစ်ပါတယ်။ ပြီးသွားရင် ကွန်ပျူတာကို reboot ပြုလုပ်ပြီး ပုံမှန် Windows ပြန်ပြီး boot တက်တယ်ဆိုရင် အဆိုပါ ပြဿနာကိုဖြေရှင်းပြီးပြီ ဖြစ်ပါတယ်။
 
 
-သီဟ
Credit to ==> Internet Journal


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/14/2017

♪ Windows 10 က Data usage ကို reset ပြုလုပ်ခြင်း ♫


Windows 10 မှာ ကွန်ပျူတာကနေ အသုံးပြုထားတဲ့ Data usage တွေကို ကြည့်ရှုနိုင်ပါတယ်။ အဆိုပါ Data usage သုံးစွဲမှုကို ရက်ပေါင်း ၃၀ အထိ ထိန်းသိမ်းထားပါတယ်။ ရက်ပေါင်း ၃၀ အတွင်း Ethernet နဲ့ Wireless မှာ သုံးစွဲထားတဲ့ data usage တွေကို Windows 10 ရဲ့ Data usage settings မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ အဆိုပါ Data usage record ကို ဖယ်ရှားချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်း အတိုင်း ဖယ်ရှားနိုင်ပါတယ်။
Data usage settings ကို ကြည့်ချင်တယ်ဆိုရင် Start menu > settings > Network & Internet > Data Usage ဆိုတဲ့နေရာမှာ ကြည့်နိုင်ပါတယ်။


Data Usage record တွေကို ဖယ်ရှားဖို့ဆိုရင် ပထမဆုံး Win + R နဲ့ Run box ကို ဖွင့်ပါ။ ပြီးရင် c:\Windows\System32\sru ဆိုတဲ့ command ကို အဆိုပါ run box မှာရိုက်ထည့်ပေးရပါမယ်။


Sru ဆိုတဲ့ folder အောက်ကိုရောက်ပြီဆိုရင် အဆိုပါ folder ထဲမှာရှိတဲ့ ဖိုင်တွေအားလုံးကို select လုပ်ပြီး ဖျက်ပစ်လိုက်တယ်ဆိုရင် record လုပ်ထားတဲ့ data usage တွေကို ဖယ်ရှားရှင်းလင်းပြီးပြီဖြစ်ပါတယ်။





Credit to ==>  Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

6/12/2017

♪ Windows 10 Backup Image File ကိုပြန်လည်ထည့်သွင်းခြင်း ♫


Windows 10 system image ဟာ ယခင်ကွန်ပျူတာမှာရှိခဲ့တဲ့ registry, application အစရှိတာတွေကို restore ပြန်လုပ်တဲ့အခါမှာ backup ပြုလုပ်စဉ်ကအတိုင်း ပြန်လည်ထည့်သွင်းသုံးစွဲနိုင်ပါတယ်။ System Image တစ်ခုကိုဖန်တီးထားခြင်းဖြင့် မိမိ Windows တစ်စုံတစ်ရာ ပြဿနာပေါ်လာတဲ့အခါမျိုးမှာ အလွယ်တကူနဲ့ အချက်အလက်တွေ မဆုံးရှုံးရအောင် ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။

Windows 10 system image တွေကို ဖန်တီးထားပေမယ့်လည်း ပြန်လည်ထည့်သွင်းတဲ့နေရာမှာ အသုံးပြုဖို့ အတွက် system repair disc ကိုလည်း ဖန်တီးထားသင့်ပါတယ်။ ဒါ့ကြောင့် Windows 10 system repair disc ကိုဖန်တီးဖို့အတွက် DVD drive နဲ့ DVD တစ်ချပ်လိုအပ်ပါမယ်။

DVD တစ်ချပ်ရပြီဆိုရင် drive ထဲထည့်ထားပြီး Control Panel ထဲကိုသွားပါ။ Control Panel ထဲကမှ System and Security အောက်မှာ Backup and Restore (Windows 7) ဆိုတာကိုနှိပ်ရပါမယ်။


ပြီးရင် Create a system repair disc ဆိုတာကိုနှိပ်လိုက်ပါ။


DVD drive ကို select လုပ်ပေးရမှာဖြစ်ပါတယ်။ Select လုပ်ပြီးရင် Create disc ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ။
ဒါဆိုရင် Windows boot လုပ်ဖို့အတွက် repair disc တစ်ခုကို ဖန်တီးပြီးပါပြီ။ System Image တစ်ခုဖန်တီးဖို့အတွက် ဖော်ပြပါနည်းလမ်းအတိုင်းလုပ်ဆောင်ရပါမယ်။

System Image တစ်ခုဖန်တီးထားဖို့အတွက် Control Panel > System and Security ကိုသွားပါ။ ပြီးရင် Create a system image ဆိုတာကိုနှိပ်ရပါမယ်။


System Image ကိုသိမ်းဆည်းဖို့အတွက် Hard drive တစ်ခုခုကို ရွေးချယ်ပေးရပါမယ်။ ပြီးရင် Next ကိုနှိပ်ပါ။
နောက်တစ်ဆင့်ကတော့ Backup ဖိုင်လုပ်မယ့် Drive ကိုရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Windows 10 တင်ထားတဲ့ drive ကိုရွေးချယ်ပေးလိုက်ပါ။ ပြီးရင် Next ကိုနှိပ်ရပါမယ်။

ပြီးပြီဆိုရင် backup စတင်လုပ်ဆောင်တော့မှာမို့ Start backup ဆိုတဲ့ button ကိုနှိပ်ပြီး backup လုပ်ပါ။
အဆိုပါ backup ဖိုင်ကို restore လုပ်မယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့အတိုင်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Repair disc ကို ကွန်ပျူတာ dvd drive ထဲထည့်လိုက်ပါ။ ပြီးရင် PC ကို restart လုပ်ရမှာဖြစ်ပါတယ်။
Boot တက်လာတဲ့အချိန်မှာ DVD drive ကိုစတင်ရွေးချယ်ဖို့အတွက် BIOS မှာပြင်ဆင်နိုင်သလို စက်တစ်လုံးချင်းစီအလိုက် သတ်မှတ်ထားတဲ့ key ကိုနှိပ်ပြီးလည်း First boot device ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။

ပြီးရင် Troubleshoot ဆိုတာကိုရွေးပါ။ Troubleshoot ထဲကို ရောက်ပြီဆိုရင်Advanced Options ဆိုတာကိုထပ်မံရွေးပြီး System Image recovery ဆိုတာကို နှိပ်ပေးရမှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့် ကတော့ Windows 10 icon ကိုနှိပ်ပြီး operating system ကိုရွေးချယ်ကာ backup လုပ်ထားတဲ့ image file ကိုရွေးပြီး Next ကိုနှိပ်ကာ system restore ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။


-သီဟ
Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

♪ Windows 10 Context menu က PowerShell ကို ဘယ်လို ဖယ်ရှားမလဲ ♫


Windows 10 Creator update မှာ ပါဝင်လာတဲ့ context menu က PowerShell ကို ဖယ်ရှားချင်တယ်ဆိုရင် ဖယ်ရှားပစ်နိုင်ပါတယ်။ Contex menu ဆိုတာ ဖိုဒါတစ်ခုခု ဖိုင်တစ်ခုခုကို right-click နှိပ်လိုက်တဲ့အခါမှာ ပေါ်လာတဲ့ menu ဖြစ်ပါတယ်။ Context menu ကို ထဲမှာ ထည့်သွင်းထားတဲ့ အချို့လုပ်ဆောင်ချက်တွေကို ထပ်မံပေါ်စေချင်တဲ့ အခါမှာ exten ထပ်လုပ်ရပါမယ်။ Context menu exten ကို Shift + Rigth-click နဲ့ တွဲနှိပ်ပေးရမှာ ဖြစ်ပါတယ်။

အဆိုပါ context menu ပေါ်က PowerShell ကို ဖယ်ရှားချင်တယ်ဆိုရင် registry editor ကနေ ဖယ်ရှားနိုင်ပါတယ်။ Registry editor ကို အသုံးပြုမယ် ဆိုရင် ပထမဆုံး backup လုပ်ထားသင့်ပါတယ်။ သာမန်သုံးစွဲနေကြ သူများအဖို့ အခြား settings တွေကို မတော်တဆ ဖျက်မိတာတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

Registry editor ကို အသုံးပြုဖို့အတွက် ပထမဆုံး Win + R key နဲ့ run box ကို ဖွင့်ပါ။ ပြီးရင် regedit ဆိုတဲ့ command ကို ရိုက်ထည့်ပြီး Ok ကို နှိပ်ပါ။

Registry editor ထဲကို ရောက်ပြီဆိုရင် HKEY_CLASSES_ROOT\Directory\shell\PowerShell ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရပါမယ်။ Power Shell ကို ရောက်ပြီဆိုရင် အဆိုပါ ဖိုဒါကို select လုပ်ပြီး right click နှိပ်ကာ permissions ဆိုတာကို ရွေးချယ်ရပါမယ်။


Permissions ကို ရွေးချယ်ပြီးရင် တက်လာတဲ့ နေရာမှာ Advanced ဆိုတာကို ရွေးပေး ရပါမယ်။


Advanced security  settings ဆိုတဲ့ box မှာ change ဆိုတာကို နှိပ်ပါ။


Change ကို နှိပ်လိုက်ရင် အဆိုပါ စက်ရဲ့ Owner account ကို ရှာပြီးရွေးပေးရမှာဖြစ်ပါတယ်။ ရွေးပေးပြီးရင် Ok ဆိုတဲ့ ခလုတ်ကို နှိပ်ရပါမယ်။


နောက်ထပ်တစ်ဆင့်ကတော့ ပထမရှိပြီးသား owner account နေရာကို replace လုပ်ရမှာဖြစ်တဲ့အတွက် Replace owner on subcontainers and object ဆိုတဲ့ နေရာမှာ အမှန်ခြစ်ထည့်ပါ။


ပြီးရင် Apply နဲ့ Ok ဆိုတဲ့ ခလုတ်တွေကို နှိပ်ပြီးထွက်ရပါမယ်။
ရွေးချယ်ပေးထားတဲ့ owner account ဟာ administrator level ရရှိဖို့အတွက် permissions ဆိုတဲ့နေရာမှာ ခုနက ရွေးချယ်ထားတဲ့ account ကို select လုပ်ပါ။  Permission for administrator ဆိုတဲ့နေရာမှာ Full Control မှာ အမှန်ခြစ်ထည့်ပြီး Ok ကို နှိပ်ကာ ထွက်ရမှာဖြစ်ပါတယ်။


ပြီးရင် registry editor ထဲမှာရှိတဲ့ PowerShell ဆိုတဲ့ folder ကို select မှတ်လိုက်ပါ။ ညာဘက် အခြမ်းမှာ ShowBasedOnVelocityId ဆိုတဲ့ DWOD ဖိုင်ကို တွေ့ရပါမယ်။ အဆိုပါ ဖိုင်ကို အမည် ပြောင်းပေးရမှာဖြစ်တဲ့ အတွက် F2 key ကို နှိပ်ပါ။ ပြီးရင် HideBasedOnVelocityId ဆိုတဲ့ အမည်ကို ပြောင်းပေးရမှာ ဖြစ်ပါတယ်။


အဆိုပါ အဆင့်တွေပြီး သွားပြီဆိုရင် registry editor ကနေ ထွက်ရမှာဖြစ်ပါတယ်။ ပြီးရင် Shift+ Right-click နှိပ်ကြည့်ပါ။ ဒါဆိုရင် context menu ပေါ်ကနေ PowerShell ကို တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။

 
 
-သီဟ


Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

6/05/2017

♪ Windows 10 Wallpaper Image Compression ကိုဘယ်လို disable လုပ်မလဲ ♫


Windows မှာ တစ်ခါတလေ ကိုယ်လိုချင်တဲ့ wallpaper တွေကို ထည့်သွင်းသုံးစွဲတဲ့အခါမှာ Windows ဟာ အလိုအလျောက် ပုံတွေရဲ့ အရည်အသွေးကို လျှော့ချပေးလိုက်ပါတယ်။ နဂိုမူရင်းအရည်အသွေးနဲ့ ပုံတွေကို wallpaper အဖြစ် အသုံးပြုမယ်ဆိုရင် disk space နဲ့ memory သုံးစွဲမှုတွေကို လျှော့ချပေးမှာဖြစ်ပါတယ်။ Windows 10 မှာ wallpaper image တွေကို မူလ အရည်အသွေး မလျော့ကျစေချင်လို့ အလိုအလျောက် compress လုပ်တာတွေကို disable လုပ်ချင်တယ်ဆိုရင် ဖော်ပြပါနည်းအတိုင်းပြုလုပ်နိုင်ပါတယ်။

Windows 10 မှာ wallpaper compression feature ကို disable လုပ်ချင်တယ်ဆိုရင် registry editor ကနေ ပြင်ဆင်ရမှာဖြစ်ပါတယ်။ Registry editor ကို အသုံးပြုမယ်ဆိုရင် သာမန်ကွန်ပျူတာ သုံးစွဲသူများအနေနဲ့ registry ကို backup လုပ်ထားသင့်ပါတယ်။

Registry editor ကို အသုံးပြုဖို့အတွက် Win + R key ကို နှိပ်ပြီး run box ကို ခေါ်ပါ။ ပြီးရင် regedit ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။


Registry editor ကျလာပြီဆိုရင် HKEY_CURRENT_USER\Control Panel\Desktop ဆိုတဲ့ လမ်းကြောင်းအတိုင်း သွားရပါမယ်။


အဲဒီနောက် ညာဘက်အခြမ်းမှာ right-click နှိပ်ပြီး New > DWORD (32-bit) Value ဆိုတာကို ရွေးပါ။ ပြီးရင် အဆိုပါ ဖိုင်အမည်ကို JPEGImportQuality ဆိုပြီးပေးရပါမယ်။


နောက်တစ်ဆင့်ကတော့ အဆိုပါဖိုင် အလုပ်လုပ်ဆောင်ဖို့အတွက် double-click နှိပ်ပါ။ Decimal ကိုရွေးပြီး Value data နေရာမှာ 100 ထည့်ပေးရပါမယ်။ ပြီးရင် registry editor ကနေ ထွက်ပြီး ကွန်ပျူတာကို restart လုပ်လိုက်ရင် wallpaper တွေကို compress လုပ်ပေးတဲ့ feature ဟာ disable ဖြစ်သွားပါလိမ့်မယ်။

 
 
 
-သီဟ


Credit to ==> Internet Journal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

5/22/2017

♪ Windows 10 မှာ Custom Keyboard Shortcut ဘယ်လို ဖန်တီးမလဲ ♫


အလုပ်များတဲ့ နေ့တွေမှာ ဆော့ဖ်ဝဲတွေကို ဖွင့်လိုက် ပိတ်လိုက်နဲ့ ပြုလုပ်နေရတာက ကိုယ့်အတွက် စိတ်ဒုက္ခဖြစ်စေတဲ့ အရာမျိုးကို တစ်ခါတစ်ရံမှာ ဖြစ်ဖူးကြမှာပါ။ အချို့ဆော့ဖ်ဝဲတွေဟာ shortcut အနေနဲ့ အလွယ်တကူမရှိတဲ့ အချိန်မျိုးမှာဖြစ်ဖြစ် ကိုယ်သုံးနေကျဆော့ဖ်ဝဲရဲ့ shortcut ပျောက်သွားတာမျိုးပဲဖြစ်ဖြစ် အလုပ်များနေတဲ့ အချိန်မျိုးမှာ ကြုံတွေ့ရတယ်ဆိုရင် အလုပ်လုပ်ရတာ အတော်ကို အဆင်မပြေ ဖြစ်စေတတ်မှာပါ။ Windows 10 မှာ ဆော့ဖ်ဝဲတွေကိုဖွင့်ဖို့ customkey board shortcut အဖြစ် သတ်မှတ်ထားနိုင်ပါတယ်။

Windows 10 ရဲ့ taskbar မှာ default အနေနဲ့ Internet Explorer, Explorer, Windows Store တို့ကို pin အနေနဲ့ သတ်မှတ်ထားပါတယ်။ တစ်ကယ်လို့ Internet Explorer ကို ဖွင့်ချင်တယ်ဆိုရင် Win + 1 ကို နှိပ်လိုက်ရင် Internet Explorer ပွင့်လာပါလိမ့် မယ်။ Explorer ကို ဖွင့်မယ်ဆိုရင် Win + 2 key ကို တွဲနှိပ်ရင် Explorer ပွင့်လာပါလိမ့်မယ်။


Taskbar ပေါ်မှာရှိတဲ့ program တွေကို Win key နဲ့ သက်ဆိုင်ရာ နံပါတ်စဉ်လိုက် ပူးတွဲပြီး နှိပ်တယ်ဆိုရင် အဆိုပါ program တွေဟာ အလုပ်လုပ် ဆောင်နိုင်ပါတယ်။

ဒါကြောင့် ကိုယ်အသုံးပြုချင်တဲ့ ဆော့ဖ်ဝဲတွေကို taskbar မှာ pin လုပ်ထားပြီး shortcut နဲ့ အလွယ်တကူ လုပ်ဆောင်နိုင်ဖို့အတွက် ဆော့ဖ်ဝဲ icon ကို right-click နှိပ်ပါ။ ဥပမာအားဖြင့် Google Chrome browser ကို taskbar မှာ pin သတ်မှတ်ပြပါမယ်။ Google Chrome browser icon ကို right-click နှိပ်ပါ။ ပြီးရင် pin to taskbar ဆိုပြီး ရွေးပေးလိုက်ပါ။ ဒါဆိုရင် taskbar မှာ Google Chrome browser ကို pin လုပ်ပေးသွား ပါလိမ့်မယ်။


တကယ်လို့ taskbar ပေါ်မှာ pin မတွဲထားချင် သူတွေအတွက် custom shortcut ဖန်တီးဖို့အတွက် အောက်ပါအတိုင်း လုပ်နိုင်ပါတယ်။ Custom shortcut ဖန်တီးမယ့် ဆော့ဖ်ဝဲ icon ကို right-click နှိပ်ပါ။ ပြီးရင် properties ဆိုတာကို ရွေးရပါ မယ်။


Properties ကို ရွေးပြီးရင် Shortcut ဆိုတဲ့ tab ကို ရွေးပေးရပါမယ်။


Shortcut အောက်မှာမှ shortcut key ဆိုတာကို တွေ့ရပါမယ်။ Shortcut key ကို နှိပ်လိုက်ပါ။
Shortcut key နေရာမှာ default အနေနဲ့ဆိုရင် None ဆိုတာကိုပဲ ပြထားပါလိမ့်မယ်။ ကလစ်နှိပ်ပြီး ကြိုက်နှစ်သက်တဲ့ key တစ်ခုကို နှိပ်ကြည့်ပါ။ Windows 10 ဟာ အခြား shortcut key တွေနဲ့ မငြိစေရန်အတွက်  custom shortcut တွေကို Ctrl+ Alt  key နဲ့သာတွဲပြီး သတ်မှတ်ပေးထားပါတယ်။ ဒါကြောင့် ဥပမာ အနေနဲ့ Chrome browser ကို “C” key အဖြစ် သတ်မှတ် မယ်ဆိုရင် Ctrl + Alt + C key အဖြစ် shortcut သတ်မှတ် ပေးပါလိမ့်မယ်။



တကယ်လို့ ကိုယ်အသုံးပြုချင်တဲ့ ဆော့ဖ်ဝဲဟာ desktop မှာ icon အနေနဲ့ မရှိဘူးဆိုရင် Win + R key ကို နှိပ်ပြီး Run box ကိုဖွင့်လိုက်ပါ။ ပြီးရင် shell:Apps Folder ဆိုတဲ့ command ကို ရိုက်ထည့်ရပါမယ်။


ဒါဆိုရင် Windows 10 မှာ ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတွေ ရဲ့ icon ကို တွေ့ရပါလိမ့်မယ်။ အဆိုပါ နေရာကနေ icon ကိုရှာပြီး right-click နှိပ်ပါ။ ပြီးရင် Create shortcut ဆိုတာကို ရွေးပါ။


ဒါဆိုရင် desktop မှာ အဆိုပါ shortcut ကို တွေ့ရပါလိမ့်မယ်။ ပြီးမှ shortcut ကို right-click နှိပ်ပြီး properties ကို ရွေးချယ်ကာ shortcut key မှာ shortcut key သတ်မှတ်နိုင်ပြီ ဖြစ်ပါတယ်။



Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

5/19/2017

♪ " Windows 10 ကွန်ပျူတာတွေကို Wannacry ဗိုင်းရပ်စ်မဝင်ရောက်နိုင် " ♫

Image may contain: screen

ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကွန်ပျူတာတွေကိုဝင်ရောက်နှောက်ယှက်နေတဲ့ Wannacryဒါမှမဟုတ် WannaCrypt ဗိုင်းရပ်စ်တွေက Windows 10 ကွန်ပျူတာတွေကိုတော့ မသက်ရောက်နိုင်ဘူးလို့ မိုက်ကရိုဆော့ ကုမ္ပဏီဘက်ကအတည်ပြုပြောကြားလိုက်ပါတယ်။

ထောင်ပေါင်းများစွာသော ကွန်ပျူတာတွေကိုတိုက်ခိုက်ခဲ့တဲ့ WannaCryနဲ့ WannaCryptအမည်ရ Ransomware ဗိုင်းရပ်စ်တွေရဲ့ တိုက်ခိုက်မှုက အရှိန်လျော့သွားပြီဖြစ်ပေမယ့် လုံးဝရပ်တန့်သွားတာတော့ မဟုတ်သေးပါဘူး။


ကာကွယ်ခြင်းကကုသခြင်းထက် ပိုထိရောက်နိုင်တာကြောင့် မိုက်ကရိုဆော့ကုမ္ပဏီအနေနဲ့ ကွန်ပျူတာတွေ ရဲ့ လုံခြုံရေးဆိုင်ရာဆော့ဝဲတွေကို update လုပ်ထားကြဖို့လည်း နှိုးဆော်ထားပါသေးတယ်။
မိုက်ကရိုဆော့ ကုမ္ပဏီဘက်ကနေအတည်ပြုပြောကြားလာတဲ့ Windows ဆော့ဝဲတစ်ချို့က virus တွေရဲ့ ဒဏ်ကိုခံနိုင်ရည်ရှိတယ်လို့ သိရပြီးဒီ windows တွေကတော့ Windows 10 ၊ Windows 7 နဲ့ Windows OS version တွေပဲဖြစ်ပါတယ်။ 


ပြီးခဲ့တဲ့ မတ်လထဲမှာမိုက်ကရိုဆော့ရဲ့ security ဆော့ဝဲအသစ် မိတ်ဆက်ခဲ့ပြီး ကွန်ပျူတာတွေအနေနဲ့ Microsoft Security Bulletin MS 17-010 ကို အခုချက်ချင်းအဆင့်မြှင့်စေချင်တယ်လို့လည်း မိုက်ကရိုဆော့ တာဝန်ရှိသူတွေကဆိုထားပါတယ်။


WannaCryနဲ့ WannaCryptလို့အမည်ရတဲ့ Ransomware ဗိုင်းရပ်စ်တွေကို ဟက်ကာတွေကဖန်တီး ခဲ့တာဖြစ်ပြီး ငွေကြေးတောင်းခံလိုတဲ့ ရည်ရွယ်ချက်နဲ့ ကုမ္ပဏီ ကြီးတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

5/17/2017

♪ “ Windows 10S ” ဆိုတာ ♫


Microsoft ဟာ Windows 10 S ကို ပြသခဲ့ပြီးဖြစ်ကာ ယခင်ကတည်းက ကောလာဟလထွက်နေခဲ့တဲ့ Windows cloud OS ဖြစ်ကာ စာသင်ခန်းတွေအတွက် အဓိကထားပါတယ်။ ဒီ Cloud OS ဟာ Chrome OS နဲ့ Chrome book တွေကို ယှဉ်ပြိုင်ဖို့ ထွက်လာမယ်လို့ သတင်းထွက်နေတာ လအတော်ကြာခဲ့ပါပြီ။ ဒါကြောင့် Windows 10 S ကို မေ 2 ရက်က တရားဝင်ပြသသွားခဲ့ပြီး Windows 10 Pro သုံးနေတဲ့ ကျောင်းအားလုံးမှာ အခမဲ့ upgrade ရရှိမှာဖြစ်ပါတယ်။ Windows 10 S ဟာ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာတွေကို ပစ်မှတ်ထားပြီး လာမယ့်နှစ်စာသင်နှစ်မှာ 189 $ က စတင်တဲ့ဈေးနဲ့ laptop တွေမှာ ပါဝင်မယ်လို့ ဆိုပါတယ်။ Acer, Asus, Dell, Fujitsu, HP Samsung, Toshiba တို့နဲ့ ပူးပေါင်းထားပြီး Windows 10 S ကို ဘယ် laptop မှာမဆို သုံးစွဲနိုင်မှာဖြစ်ပါတယ်။

What is the Difference
>>>>>
Windows 10 S နဲ့ Windows 10 ရဲ့ အဓိကခြားနားချက်က Windows 10 S မှာ Windows Store က app တွေကိုပဲ install လုပ်နိုင်တာကြောင့် လုံခြုံရေးကို အထူးစိတ်ချနိုင်ပါတယ်။ App တွေဟာ soft container ထဲကသာ run မှာဖြစ်တာကြောင့် PC ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်မှုရှိမှာ မဟုတ်ပါဘူး။ Windows 10 S Laptop တွေဟာ စ၀ယ်တဲ့နေ့က စွမ်းဆောင်ရည်အတိုင်း ဆက်တိုက်စွမ်းဆောင်ပေးသွားနိုင်မယ်လို့ Microsoft က ဆိုခဲ့ပါတယ်။ ဆရာတွေအနေနဲ့လိုအပ်ပါက အခြား apps များ install လုပ်ရန် Pro mode ကို သုံးနိုင်မှာဖြစ်ပေမယ့် ကလေးတွေအတွက်တော့ ဒီအခွင့်အရေးကို ရမှာမဟုတ်ပါဘူး။ .exe file တစ်ခုကို install လုပ်ဖို့ ကြိုးစားတာနဲ့ သတိပေးမှာဖြစ်ပြီး အခြားဆင်တူတဲ့ Windows Store app ကို အကြံပြုမှာဖြစ်ပါတယ်။

Windows 10 S ဟာ Windows Store ထဲက web browser အားလုံးကို သုံးနိုင်မယ့် Microsoft Edge ကို အညွှန်းတင်ခဲ့ပြီး ကျောင်းသားတွေအတွက် အဓိကရည်ရွယ်တဲ့ features တွေ ပါဝင်ကြောင်းဆိုခဲ့ပါတယ်။ Windows 10 S သုံး device တွေဟာ ပုံမှန် Windows 10 device တွေလိုပဲ အပိုပစ္စည်းတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ဥပမာ Ohbot Arduino robot ဟာ ကလေးတွေကို VR headset နဲ့ coding သင်ကြားဖို့ ကူညီနိုင်တာမျိုးပါ။ Windows 10 S laptop တွေဟာ ဖွင့်ရာမှာအထူးမြန်ဆန်မှာဖြစ်ပြီး 15 စက္ကန့်လောက်ပဲကြာတာကြောင့် ကျောင်းသားတွေအတွက် အချိန်ကုန်ခံစရာမလိုပါဘူး။ Windows 10 S laptop တွေရဲ့ setting ကို ဗဟိုကနေထိန်းချုပ်နိုင်ပြီး အပြောင်းအလဲလုပ်ရာမှာလွယ်ကူစေပါတယ်။ ကြိုတင်စီစဉ်ထားတဲ့ Pre-configured ပုံစံကိုကွန် ပျူတာတစ်ခုစီမှာ USB stick နဲ့ စက္ကန့် 30 အတွင်း ပြောင်းလဲနိုင်ပါတယ်။ Office 365 Personal ဟာလည်း Windows Store ကို ရောက်ရှိလာတော့မယ်လို့ Microsoft က ကြေညာခဲ့ပြီး Office 365 for Education ကိုတော့ အခမဲ့ပေးထားပါတယ်။ Microsoft Education Edition ကို 1 နှစ် အခမဲ့ ရရှိမှာဖြစ်ပါတယ်။

What does the S stand for ?
>>>>>
Micrpsoft ရဲ့အဆိုအရ Windows 10 မှာပါဝင်တဲ့ S ဟာ
(၁) ရိုးရှင်းမှု
(၂) လုံခြုံမှုနဲ့
(၃) ပိုမိုသာလွန်တဲ့ စွမ်းဆောင်ရည်ကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။
Security & Performance
>>>>>
Windows 10 S မှာစွမ်းဆောင်ရည်ကောလုံခြုံရေးပါ တိုးတက်လာမယ်လို့ Microsoft က ဆိုပါတယ်။ Windows Store က app တွေပဲရတဲ့အတွက် ဒါဟာ သိပ်တော့မထူးဆန်းပါဘူး။ ဒါကြောင့် malware တွေနဲ့ မလိုအပ်တဲ့ app helper တွေကို တားဆီးနိုင်ခဲ့ပါတယ်။ Windows 10 S ရဲ့ log in time ကိုလည်း ဒါကြောင့်ပဲ လျော့ချနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအပြောင်းအလဲတွေနဲ့ Microsoft Edge ကို သုံးခဲ့တာက ဘက်ထရီသက်တမ်းကိုပါ တာရှည်ခံဖို့ အထောက်အကူဖြစ်လာခဲ့ပါတယ်။ Microsoft ဟာ Windows 10 S device တွေအတွက် ဘက်ထရီသက်တမ်းတာရှည်ခံမှုကိုလည်း အဓိကထားခဲ့ပြီး laptop ကို တစ်နေကုန်သုံးနိုင်ဖို့ ကြိုးစားအားထုတ်ခဲ့ပါတယ်။

Defult Browser & Search Settings
>>>>>
Windows Store ထဲက အခြား browser တွေကို ထောက်ပံ့ပေးမှာဖြစ်ပေမယ့် Windows 10 S သုံးသူတွေဟာ defult browser ကိုတော့ ပြောင်းလဲနိုင်စွမ်းရှိမှာမဟုတ်ပါဘူး။ ဒီတော့ Windows 10 S မှာ link တစ်ခုကို နှိပ် လိုက်ပြီဆိုတာနဲ့ Microsoft ရဲ့ Edge browser ပဲ ပွင့်လာမှာဖြစ်ပါတယ်။ ဒါဟာ Google ရဲ့ Chrome OS နဲ့ ဆင်တူပြီး သုံးစွဲသူတွေကို Chrome browser ကိုသာ သုံးခွင့်ပေးပါတယ်။ Microsoft ဟာ Microsoft Edge ကို Bing Search engine နဲ့သာ Windows 10 S မှာသုံးနိုင်ဖို့ lock down ပြုလုပ်ထားပါတယ်။ ဒါကြောင့် Google Search ကို အလွယ်တကူပြောင်းလဲသုံးနိုင်မှာမဟုတ်ဘဲ Google.com ကနေ ၀င်ရောက်သုံးစွဲရမှာဖြစ်ပါတယ်။

Look and Works Just Like Windows 10
>>>>>
Windows 10 S ဟာ Windows 10 Lite version လုံးဝမဟုတ်ဘူးဆိုတာကိုတော့ သိထားဖို့တော့လိုပါတယ်။ ဒါကြောင့် Windows 10 နဲ့ 10 S ရဲ့လုပ်ဆောင်နိုင်စွမ်းတွေဟာ အားလုံးနီးပါး တူညီပါတယ်။ Windows 10 S laptop တွေကို နွေရာသီမှာ စတင်မြင်ကြရမှာဖြစ်ပြီး ကျောင်းတွေမှာ Windows 10 Pro ကနေ Windows 10 S ကို အခမဲ့ပြောင်းလဲနိုင်ဖို့ရှိပါတယ်။

Windows 10 S can be Upgraded to Windows 10 Pro
>>>>>
Windows Store မှာမရှိတဲ့ app တွေကို သုံးဖို့လိုလာခဲ့ရင် Windows 10 Sအတွက် အပြောင်းအလဲလုပ်ခွင့်ကို Microsoft က ပေးထားခဲ့ပါတယ်။ Windows 10 S ကနေ Windows 10 Pro ဆီကို 49 $ နဲ့တင် အဆင့်မြှင့် တင်ပြောင်းလဲလို့ရပါတယ်။ ကုန်ကျစရိတ်သက်သာတဲ့ device တွေအတွက်တော့ ဒါဟာမဆိုးလှပေမယ့် premium device တွေအတွက်တော့ ဒါဟာအပိုသက်သက်ကုန်ကျမှုပါ။ Windows 10 S ပါဝင်လာမယ့် device တွေ အများကြီးမတွေ့ရသေးပေမယ့် Microsoft Surface Laptop ရှိနေပြီး Windows 10 Pro အဆင့်မြှင့်တင်ခွင့်ကို ဒီနှစ်ကုန်ထိ ခွင့်ပြုထားပါတယ်။

Isn't this Windows RT 2.0 ?
>>>>>
Windows 10 S ကို Windows RT စမ်းသပ်မှုတစ်ခုအဖြစ် နာမည်တပ်ချင်သူတွေရှိပေမယ့် Windows 10 S မှာကွဲပြားမှုတွေ အများကြီးရှိခဲ့ပါတယ်။ Microsoft ဟာ Windows 10 S ကို ပညာရေးအတွက်ရည်ရွယ်ခဲ့ပြီး tablet အတွက် ရည်ရွယ်ခဲ့ခြင်းမရှိပါဘူး။ Windows Store ထဲက desktop app အားလုံးကိုလည်း သုံး နိုင်လာပါတယ်။ လိုအပ်ခဲ့ရင်လည်း Windows 10 Pro ကို အဆင့်မြှင့်တင်နိုင်မှာဖြစ်ပြီး Windows RT သုံးသူတွေလို Windows နဲ့တူသာတူပြီး ဘာမှလုပ်မရတဲ့ ပုံစံမျိုးဖြစ်လာမှာမဟုတ်ပါဘူး။ ဈေးသက်သာတဲ့ laptop ကိုဝယ်ပြီး desktop app တွေရှာမရတာမျိုးဖြစ်ကာ သုံးစွဲသူအချို့ကိုတော့ နားလည်မှုလွဲစေနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Microsoft ဟာ ဒီတစ်ခါမှာသုံးစွဲသူတွေအတွက် ရှုပ်ထွေးမှုသိပ်မဖြစ်အောင် စီစဉ်ပေးနိုင်ခဲ့ပါ တယ်။

Why Microsoft Created Windows 10 S ?
>>>>>
Microsoft ဟာ Windows 10 S ကို ပညာရေးအတွက် ရည်ရွယ်ခဲ့တယ်ဆိုပေမယ့် ဒါဟာ သေချာတွက်ဆထားတဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပါတယ်။ Microsoft ဟာ Windows 10 ရဲ့ Universal Windows Platform ကို လုပ်ဆောင်ရာမှာ အောင်မြင်မှုများများမရဘဲ Windows Phone တွေဟာ ဈေးကွက်ထဲမှာ 1% တောင်မရှိတာ ကြောင့်လည်းပါပါတယ်။ ဒါကြောင့် Universal Windows Platform ကို developer တွေက စိတ်ဝင်စားမှုမရှိဘဲ Windows Store အောင်မြင်ဖို့အတွက် desktop app တွေကို ဒီ့ထက်ဆွဲဆောင်နိုင်ဖို့ လိုအပ်လာပါတယ်။ Developer တွေရဲ့ app တွေကို Windows Store ဆီ ခွင့်ပြုပေးခြင်းဟာ Windows ရဲ့ ecosystem ကို တိုး တက်စေသလို app ရောင်းချမှုကရတဲ့ ဝေစုရာခိုင်နှုန်းကြောင့် နှစ်စဉ်ဝင်ငွေမှာပါ တိုးတက်လာဖို့ရှိပါတယ်။ Google လို UWP မှာ မပါဝင်တဲ့ ကုမ္ပဏီကြီးတွေရဲ့ app တွေတောင် Windows Store မှာ ပါဝင်လာနိုင်ပါ တယ်။ ဒါကြောင့် Windows 10 S ဟာ Microsoft ရဲ့ စမ်းသပ်မှုတစ်ခုဖြစ်ပြီး ပိုမိုလုံခြုံတဲ့ Windows အတွေ့ အကြုံကိုပေးဖို့ ရည်ရွယ်ထားပါတယ်။ Desktop app တွေ Windows မှာ ဖြစ်ချင်တိုင်းဖြစ်နေတာကို Windows 10 S နဲ့ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာလဲ ဖြစ်ပါတယ်။

Surface Laptop
>>>>>
Microsoft ဟာ Surface ကွန်ပျူတာအသစ်တစ်ခုကို ပြသခဲ့ပြီး touchscreen tablet မဟုတ်ဘဲ Surface laptop ဟာနာမည်အတိုင်း laptop စစ်စစ်ဖြစ်တာကို တွေ့ခဲ့ရပါတယ်။ ဒါဟာ Microsoft ရဲ့ Windows 10 S ကိုသုံးတဲ့ ပထမဆုံး laptop ဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့် Surface laptop ဟာ ယခင် Surface device တွေနဲ့ Software အရကော hardware အရပါ များစွာကွာခြားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Surface Laptop ကို 999 $ ဈေးသတ်မှတ်ထားပါတယ်။ Surface Pro တွေဟာ အင်မတန်ထင်ရှားတဲ့ hybrid 2 in 1 PC တွေ ဖြစ်ကြပြီး tablet နဲ့ laptop ကြားက လူကြိုက်များတဲ့ပုံစံဖြစ်ပါတယ်။ Surface Pro ဟာ tablet ဘက် ပို အားသန်ခဲ့ပြီး Surface Book ကတော့ laptop ဘက်ကို ပိုအားသန်ခဲ့ပါတယ်။ Surface laptop ကတော့ laptop စစ်စစ်ဖြစ်လာခဲ့ပြီး 13.5" laptop 14.5 mm သာရှိကာ ပါးလွှာခဲ့ပြီး 2.76 ပေါင်သာလေးလို့ 13" MacBook Pro ထက် ပေါ့ပါးတယ်လို့ ဆိုနိုင်ပါတယ်။

အထဲမှာပါဝင်တဲ့ hardware တွေကလည်း premium အဆင့် laptop တစ်ခုမှာ ပါဝင်ဖို့ မျှော်မှန်းထားနိုင်တဲ့ hardware တွေပါပဲ။ Surface laptop မှာ Intel Core i5 CPU, RAM 4 GB နဲ့ SSD store 128 GB တို့ ပါဝင်ပါတယ်။ Core i7 , 8 GB RAM နဲ့ 256 GB storage တို့ ပါဝင်တဲ့ Surface laptop ကိုတော့ 1599 $ ဈေး သတ်မှတ်ထားပါတယ်။ 3:2 aspect ratio screen ပါဝင်ပြီး touch screen ဖြစ်ကာ laptop တွေထဲမှာ အပါး လွှာဆုံး touch module ကို သုံးထားတဲ့အပြင် Microsoft ရဲ့ Surface Pen သုံးစွဲမှုကိုလည်း ထောက်ပံ့ပေးထားပါတယ်။ ဒါပေမဲ့ screen ကို 360 ဒီဂရီလှည့်လို့မရသလို ဖြုတ်ယူသွားပြီး tablet လိုလဲ သုံးလို့မရနိုင်ပါဘူး။ Backlit keyboard ပါဝင်ကာ 1.5 mm travel ရှိပါတယ်။ အရောင် 4 မျိုးရွေးချယ်နိုင်ပြီး platinum, gold, burgundy နဲ့ cobalt blue တို့ဖြစ်ပါတယ်။ Laptop စပီကာတွေဟာ အပေါ်ဘက်ကိုလှည့်ထားပါတယ်။ Surface Dial နဲ့ တွဲဖက်သုံးနိုင်ပေမယ့် off-screen interaction သီးသန့်အတွက်ပဲဖြစ်ပါတယ်။ USB 3.0 port နဲ့ Mini Display Port တို့ ပါဝင်ပေမယ့် USB Type-C ပါဝင်ခြင်းမရှိခဲ့ပါဘူး။ ဒါအစား Surface Connect port ကို ထည့်သွင်းပေးထားကာ $ 200 တန် Surface Dock နဲ့ တွဲဖက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Microsoft ဟာ 14.5 နာရီ ဘက်ထရီ သက်တမ်းထိ ဗီဒီယိုကြည့်နိုင်မယ်လို့ အာမခံပေးထားပါတယ်။

Premium Price For Limited OS
>>>>>
Windows 10 ဟာ ကျောင်းသားတွေနဲ့ ရိုးရိုးရှင်းရှင်းနဲ့ လုံခြုံတဲ့ Laptop ကြိုက်သူတွေအတွက် ရည်ရွယ်ခဲ့ပြီး အနီးစပ်ဆုံးနှိုင်းယှဉ်ရရင် Google Chromebook Pixel နဲ့ ဆင်တူတယ်လို့ ဆိုချင်ဆိုနိုင်ပါတယ်။ ရုတ်တရက် ကြည့်ရင် Surface Laptop Windows 10 နဲ့ ပိုပြီးဆွဲဆောင်မှုရှိနိုင်ပေမယ့် လိုအပ်ခဲ့ရင် အဆင့်မြှင့်တင်နိုင်မယ် လို့ Microsoft က ဆိုပါတယ်။ 2017 နှစ်ကုန်ထိ အခမဲ့ပြောင်းလဲနိုင်ပြီး နောက်ပိုင်းမှာတော့ 49 $ ပေးရမှာ ဖြစ်ပါတယ်။ Pro ဟာ သုံးစွဲပုံအတူတူပဲဖြစ်ပြီး နှစ်သက်ရာ Software ကို download ရယူနိုင်တာ တစ်ခုပဲ ထူးခြားပါလိမ့်မယ်။ HP, Dell-Acer အပြင် အခြားကွန်ပျူတာထုတ်လုပ်သူများစွာက Windows 10 S system တွေ ထုတ်လုပ်သွားဖို့ရှိနေပြီး Touchscreen (သို့) hybrid ဒီဇိုင်းတွေနဲ့ ဒေါ်လာ 200-300 အောက်ဈေးတွေနဲ့ ကျောင်းသားတွေအတွက် ထွက်လာပါလိမ့်မယ်။ Surface Laptop ကို ကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး US မှာ ဇွန် 15 ရက်မှ စတင်ရောင်းချမှာဖြစ်ပြီး UK နဲ့ သြစတြေးလျကို သြဂုတ်လ 15 ရက်မှ ရောက်ရှိပါလိမ့်မယ်။

Surface Laptop Tech Specs
>>>>>
Dimensions
>>>>>
12.13" x 8.79" x .57"
(308.1 mm x 223.27 mm x 14.48 mm)
Display
>>>>>
Screen : 13.5" PixelSenseTM
Resolution : 2256 x 1504 (201 PPI)
Aspect ratio : 3:23.4 million pixels
Surface Pen*enabled
Memory
>>>>>
4GB, 8GB, or 16GB RAM
Processor 7th Generation Intel ® CoreTM i5 or i7
Security
>>>>>
TPM chipEnterprise-grade protection with
Windows Hello face sign-in
Software
>>>>>
Windows 10 S2 Prefer to run non-Store app?
Easily switch to Windows 10 Pro for free until
Dec 31, 2017
Sensors
>>>>>
Ambient light sensor
Storage3
>>>>>
Solid state drive (SSD)
Options: 128GB, 256GB , or 512GB
What's in the box
>>>>>
Surface LaptopPower SupplyQuick
Weight
>>>>>
2.76 lbs (1,252 grams)
Battery Life
>>>>>
Up to 14.5 hours of video playback4
Graphics
>>>>>
Intel® HD 620 (i5)
Intel® IrisTM Plus Graphics 640 (i7)
Connections
>>>>>
USB 3.0 Headset jack Mini
DisplayPortSurface
ConnectTM Compatible with Surface
Dial off-screen interaction*
Camera, video and audio
>>>>>
Windows Hello face sign-in camera 720 p HD
camera (front-facing) Stereo microphones
Omnisonic speakers with Dolby® AudioTM
Premium 3.5 mm headphone jack
Wireless
>>>>>
Wi-Fi : 802.11ac Wi-Fi wireless
Networking : IEEE 802.11 a/b/g/n compatible
Bluetooth : Bluetooth 4.0 LE
Exterior
>>>>>
Casing : Aluminum
Colors : Burgundy, Platinum, Cobalt Blue, Graphite
Warranty
>>>>>



1-Year limited hardware warranty
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

5/11/2017

♪ Windows 10 မှ Microsoft OneDrive ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများ ♫

https://i0.wp.com/digitaltimes.com.mm/wp-content/uploads/2017/05/onedrive-800x450.jpg?fit=800%2C450&ssl=1

Microsoft က သူ့ရဲ့ Cloud Storage ၀န်ဆောင်မှု ဖြစ်တဲ့ OneDrive ကို Windows 10 မှာ ထည့်သွင်းပေးထားပါတယ်။ သင့် ကွန်ပြူတာမှ ဖိုင်များကို OneDrive မှာ သိမ်းထားနိုင်ပြီး သင့်ရဲ့ အခြား Devices များကနေ ရယူ အသုံးပြုနိုင်ပါတယ်။ OneDrive ကို အခမဲ့ အသုံးပြုရင် 5GB သိမ်းဆည်းနိုင်ပါတယ်။ ဒီ Tutorial မှာ OneDrive ကို ဆရာတစ်ဆူလို သုံးနိုင်မယ့် နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။

၁။ OneDrive မှာ သိမ်းမယ့် ဖိုဒါများကို ရွေးချယ်ပါ။
ပထမဆုံးအနေနဲ့ OneDrive မှာ သိမ်းမယ့် သင့် ပီစီမှ ဖိုဒါများကို ရွေးချယ်ပေးရမှာပါ။ သင့်ပီစီမှာ OneDrive ဖိုဒါကို Microsoft က ဖန်တီးပေးထားပါတယ်။ ဥပမာအားဖြင့် C:\Users\Thu Ya\OneDrive ဖြစ်ပါတယ်။ File Explorer ကို ဖွင့်ပြီး အွန်လိုင်းမှာ သိမ်းချင်တဲ့ ဖိုင်၊ ဖိုဒါများကို OneDrive ဖိုဒါထဲ ထည့်ပါ။ သင့် ပီစီမှ OneDrive ဖိုဒါကို သင်နှစ်သက်ရာ နေရာသို့ ပြောင်းရွှေ့နိုင်ပါတယ်။

၂။ အွန်လိုင်းမှ OneDrive ကို ကြည့်ရှုနည်း။ 
 


အွန်လိုင်းမှ OneDrive မှာ သိမ်းထားတဲ့ ဖိုင်များကြည့်ရှုဖို့နဲ့ စီမံခန့်ခွဲဖို့အတွက် www.onedrive.live.com ကို သွားပါ။ သင့်ရဲ့ Username , Password ကို ရိုက်ထည့်ပြီး Login ၀င်ပါ။ ပြီးရင်တော့ ကွန်ပြူတာမှ သိမ်းထားတဲ့ ဖိုင်၊ ဖိုဒါများကို တွေ့ရမှာပါ။ ဖိုဒါတစ်ခုကို တစ်ချက်နှိပ်ရင် အဲဒီအထဲမှ ဖိုင်များကို တွေ့ရမှာပါ။ ဖိုဒါတစ်ခုအပေါ်ကို Right-Click နှိပ်ရင် Rename, Delete, Move, Copy, Share စတဲ့ အလုပ်များကို လုပ်နိုင်ပါတယ်။ ဖိုင်တစ်ခုအပေါ်ကို Right-Click နှိပ်ရင် Download, Delete, Move to , Copy to, Rename စတာတွေကို သုံးနိုင်ပါတယ်။ သင့်ပီစီမှ ဖိုင်များကို အဲဒီ Web Page အပေါ်သို့ Drag ဆွဲခြင်းဖြင့်လည်း အွန်လိုင်းမှာ သိမ်းနိုင်ပါတယ်။ Recycle Bin ထဲမှာ ဖျက်ထားတဲ့ ဖိုင်များကို တွေ့နိုင်ပါတယ်။

၃။ ပီစီမှ OneDrive App ကို အသုံးပြုနည်း။ 

 


သင့်ဖိုင်များကို OneDrive ၀က်ဆိုက်ကနေ သာမက ပီစီမှ OneDrive App ကနေလည်း စီမံခန့်ခွဲနိုင်ပါတယ်။ Start Button> Windows Store ကို နှိပ်ပါ။ Search Box မှာ OneDrive လို့ ရိုက်ပြီး အန်းတားနှိပ်ပါ။ OneDrive App ပေါ်လာရင် အင်စတောလုပ်ပါ။

အင်စတောလုပ်ပြီးရင် Start Button> All Apps ကို နှိပ်ပါ။ OneDrive App ကို ဖွင့်ပါ။ အဲဒီမှာ သင့်ရဲ့ ဖိုင်၊ ဖိုဒါများကို တွေ့ရမှာ ဖြစ်ပြီး နံပါတ် ၂ မှာ ဖော်ပြခဲ့တဲ့ အလုပ်များကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

၎။ သင့်ဖိုင်ကို Share လုပ်နည်း 
 


သင့်ဖိုင်ကို အခြားလူများအား မျှဝေဖို့ နည်းလမ်းများစွာ ရှိပါတနယ်။ အီးမေး သို့မဟုတ် လင့်ဖြင့် မျှဝေနိုင်ပါတယ်။ ဖိုင်တစ်ခုကို မျှဝေဖို့အတွက် OneDrive Website သို့မဟုတ် OneDrive App ကို ဖွင့်ပါ။ ဖိုင်အပေါ်ကို Right-Click နှိပ်ပြီး Share ကို နှိပ်ပါ။ အဲဒီနောက်မှာ Invite people , Share a link , Send files စတဲ့ အထဲမှ တစ်ခုကို ရွေးချယ်၍ မျှဝေနိုင်ပါတယ်။

၅။ အခြား ပီစီမှာ OneDrive Files များကို အသုံးပြုနည်း 
 


အခြား ပီစီများမှာလည်း OneDrive Files များကို အသုံးပြုနိုင်ပါတယ်။ Task Bar မှ အပေါ်ထောင်နေတဲ့ မျှားကို Left-Click နှိပ်ပြီး System Tray မှ OneDrive Icon အပေါ်ကို Right-Click နှိပ်ပါ။ Settings ကို နှိပ်ပြီး OneDrive Window ပေါ်လာရင် Settings Tab ထဲသွားပါ။ “ Let me use OneDrive to fetch any of my files on this PC” မှာ အမှန်ခြစ်ပေးပါ။ အိုကေကို နှိပ်ပါ။ ပြီးရင်တော့ OneDrive App မှာ သင့်အကောင့်ဖြင့် Signin ၀င်ရင် သင့်ဖိုင်များကို မြင်ရမှာပါ။

၆။ OneDrive ကို Microsoft Office နဲ့ တွဲဖက် အသုံးပြုနည်း 
 


OneDrive ဖန်ရှင်ကို Microsoft Office 2013 နဲ့ 2016 တို့မှာ ထည့်ပေးထားတဲ့ အတွက် ဥပမာအားဖြင့် Microsoft Word ကနေ OneDrive File များကို ဖွင့်နိုင်သလို Word ဖြင့် ပြုလုပ်ထားတဲ့ စာရွက်စာတမ်းကိုလည်း OneDrive မှာ တိုက်ရိုက် သိမ်းနိုင်ပါတယ်။ Word, Excel , PowerPoint တို့လို App တစ်ခုမှာ ဖိုင်တစ်ခု ဖန်တီးပါ။ File Menu ကနေ Save ကို နှိပ်ပြီး ပေါ်လာတဲ့ အထဲမှာ OneDrive ကို ရွေးပေးပါ။

OneDrive မှ ဖိုင်ကို Word ကနေ ဖွင့်ဖို့ အတွက် File Menu ကို နှိပ်ပြီး Open ကို နှိပ်ပါ။ ပေါ်လာတဲ့အထဲမှ OneDrive ကို နှိပ်ပါ။ ပြီးရင်တော့ သင်ဖွင့်ချင်တဲ့ ဖိုင်ကို ရွေးချယ်ပါ။

၇။ အွန်လိုင်းမှာ သိမ်းထားပေမယ့် သင့် ပီစီမှာ OneDrive Folder များကို ဖယ်ရှားနည်း
 


သင့်ပီစီမှာ နေရာလွတ်နည်းပါးသွားတဲ့ အခါမှာ OneDrive Folder များကို အွန်လိုင်းမှာ သိမ်းထားပြီး ပီစီကနေ ဖယ်ရှားနိုင်ပါတယ်။ System Tray မှ OneDrive Icon အပေါ်ကို Right-Click နှိပ်ပါ။ Settings ကို နှိပ်ပြီး ပေါ်လာတဲ့ ၀င်းဒိုးမှာ Account Tab ထဲသွားပါ။ “ Choose folders “ ကို တစ်ချက်နှိပ်ပြီး သင့်ပီစီကနေ ဖယ်ရှားချင်တဲ့ ဖိုဒါများကို Uncheck လုပ်ပါ။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...