10/26/2015

♪ Oppo က စွမ်းဆောင်ရည်သင့် R7s ကို ကြေညာ ♫


Oppo က ဒီဇိုင်းလှပသော R7s ကို မိတ်ဆက်လိုက်ပါသည်။ R7 Series များကဲ့သို့ပင် R7s တွင် သတ္တုကိုယ်ထည် တပ်ဆင်ထားပါသည်။ R7s တွင် Qualcomm Snapdragon 615 Processor, 4GB RAM, 5.5” AMOLED 2.5D Display , 32GB Internal Storage , microSD Card Slot , 13MP Rear Camera , 8MP Front Camera , 3070mAh Battery တပ်ဆင်ထားပါသည်။

Android 5.1 Lollipop ထည့်သွင်းထားပြီး မိနစ် ၅၀ အတွင်းတွင် ၀ မှ ၉၀ ရာခိုင်နှုန်း အားဖြည့်ပေးနိုင်သော Flash Charging နည်းပညာပါရှိပါသည်။ ငါးမိနစ်အားသွင်းလျှင် နှစ်နာရီ ဖုန်းပြောနိုင်ပါသည်။ ကင်မရာအပိုင်းတွင် လျှင်မြန်စွာ ဖွင့်နိုင်၊ Focus ပြုလုပ်နိုင်၊ တည်ငြိမ်စေရန် စွမ်းဆောင်နိုင်သော Flash Shot နည်းပညာပါရှိပါသည်။ သူတို့၏ Phase Detection Autofocus သည် SLR Camera များနှင့် ညီမျှသည်ဟု ပြောပါသည်။ ၀.၁ စက္ကန့်အတွင်းတွင် Focus ပြုလုပ်နိုင်ပါသည်။

နိုဝင်ဘာလတွင် Singapore, Australia, Taiwan, Vietnam, Indonesia, Malaysia , Thailand နှင့် ဒီဇင်ဘာလတွင် USA, Europe တို့တွင် ရောင်းချမည် ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com