-RAT ရဲ့ အရှည်ကတော့ Remote Access Trojan ဒါမှမဟုတ် Remote Administration Tool ပါ။ သူက အဓိက ကတော့ အင်တာနက်ကနေတစ်ဆင့် ပျံနှံ့တာပါ။ ဘယ်လောက်ထိတောင် ကြောက်ဖို့ကောင်းလဲဆိုရင် RAT ကိုသုံးပြီးတော့ မိမိရဲ့ ကွန်ပျူတာကို လုံးဝ ထိန်းချုပ်လို့ရသွားနိုင်ပါတယ်။ ကွန်ပျူတာတစ်လုံးရဲ့ လုပ်ဆောင်နိုင်တဲ့အရာအားလုံးကို အဝေးကနေ ထိန်းချုပ်ပြီးတော့ လုပ်ဆောင်လို့ရပါတယ်။ ဥပမာအားဖြင့် keylogger တွေ install လုပ်လို့ရမယ်။ တစ်ခြား virus တွေ၊ malware တွေကို ပို့မယ်။နောက်ဆုံး system ကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်လို့တောင် ရပါတယ်။
RAT ဆိုတာ ဘာလဲ။
အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပါပဲ။ သူက Hacker တွေက တစ်ခြားလူတစ်ယောက်ရဲ့ ကွန်ပျူတာကို အဝေးကနေ ထိန်းချုပ်ဖို့ အသုံးပြုတဲ့ ဆော့စ်ဝဲတစ်မျိုးပါ။ တစ်ခါတစ်လေ photo ပုံစံမျိုးနဲ့လာမယ်။ တစ်ခါတစ်လေ video ဖိုင်လေးနဲ့လာမယ်။ တစ်ခါတစ်လေကျတော့လည်း ကိုယ်တောင် မသိလိုက်ဘဲ စက်ထဲရောက်နေတတ်ပါတယ်။ အခုဆိုရင် antivirus က မသိတဲ့ RAT တောင် ရှိနေပါပြီ။
RAT က ဘာတွေလုပ်နိုင်လဲ။
အပေါ်မှာလည်း ပြောခဲ့ပါတယ်။ ကွန်ပျူတာတစ်လုံးက လုပ်ဆောင်နိုင်တဲ့အရာအားလုံးကို Hacker က ထိန်းချုပ်လို့ရနိုင်ပါတယ်။ ဘာတွေလုပ်နိုင်လဲဆိုတော့
-virus တွေ ထည့်မယ်။
-keylogger တွေသွင်းမယ်။
-webcam တွေဖွင့်မယ်။ သီချင်းတွေဖွင့်မယ်။ ဗွီဒီယိုဖိုင်တွေဖွင့်မယ်။
-ကိုယ့်ရဲ့ screen ကို ကြည့်မယ်။
-နောက်ဆုံး ကိုယ့်စက်ကိုသုံးပြီးတော့ website တွေကိုတောင် တိုက်နိုင်ပါတယ်။
Good RAT
ဘယ်အရာမဆို ကောင်းတဲ့နေရာမှာ အသုံးချရင် ကောင်းတာပါပဲ။ RAT ကိုလည်း ကောင်းတဲ့နေရာမှာ သုံးလို့ရပါတယ်။ ဥပမာအနေနဲ့ဆိုရင် TeamViewer ဆိုတဲ့ ဆော့စ်ဝဲကို တော်တော်များများ သိကြမှာပါ။ သူက တစ်ဖက်လူက ခွင့်ပြုမယ်ဆိုရင် ဖိုင်တွေရှဲလို့ရမယ်။ တစ်ဖက်က စက်ရဲ့ screen ကိုကြည့်လို့ရမယ်။software တွေ သွင်းပေးလို့ရပါမယ်။
လက်ရှိအသုံးများနေတဲ့ RAT တွေကတော့ -
-ProRAT
-CyberGate RAT
-DarkComet RAT တို့ပဲ ဖြစ်ပါတယ်။
RAT ကို ဘယ်လို ကာကွယ်ရမလဲဆိုတော့ တစ်နည်းပဲရှိပါတယ်။
internet ကနေ ဒေါင်းလုဒ်ဆွဲတဲ့အခါမှာ ကိုယ်ဆွဲတဲ့ဖိုင်ဟုတ်မဟုတ် သေချာမှ ဆွဲပါ။ ပြီးတော့ source ကိုလေ့လာပါ။ ကိုယ်မသိတဲ့လူက မေးလ်ကနေဖြစ်ဖြစ် chat box ကနေဖြစ်ဖြစ် လင့်ခ်တစ်ခုခု ပို့လိုက်ရင် လုံးဝ ကလစ်မနှိပ်ဖို့ပါပဲ။
အားလုံးပဲ Hacker ရန်က ကာကွယ်နိုင်ပြီးတော့ နည်းပညာကို အများကောင်းကျိုးအတွက် အသုံးပြုနိုင်ပါစေဗျာ။
References: http://www.coolhackingtrick.com/2012/11/what-is-rat-remote-access-trojan.html
Posted By Hein Mynn
Read More ...