Showing posts with label OPPO ROOT. Show all posts
Showing posts with label OPPO ROOT. Show all posts

10/11/2015

OPPO R7 Lite, R7 Plus များကို Root လုပ်နည်း ကွန်ပျူတာမလို

OPPO R7 Lite, R7 Plus များကို Root လုပ်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

တကယ်တော့ဒီOPPO R7 Lite, R7 Plus များကို ကွန်ပျူတာမလိုပဲ
ဖုန်းမှာတင် Apk လေးဖြင့် Root အလွယ်တကူလုပ်နိုင်ပါတယ်။

OppoTools_V1.6.3_150728.apk

OR

OppoTools_V1.6.3_150728.apk


How to Root 
===========
၁။ ဒေါင်းလော့ရာလတဲ့ Apk ကိုဖုန်းမှာ Install ပြုလုပ်ပါ
ပြီးရင် Apk ကိုဖွင့်လိုက်ပါ။ Root ဆိုတာကိုနှိပ်ပါ။


၂။ အောက်မှာပုံအတိုင်းမြင်နေရရင်တော့ One Key Root ဆိုတာကို
ထပ်နှိပ်ပေးလိုက်ပါ၊ ပြီးရင်ခနလေးစောင့်နေလိုက်ပါ။
ဖုန်းက Rooting Process ပြီးသွားတဲ့အခါ Reboot ကျသွားပါလိမ့်မယ်။

၃။  Reboot ကျပြီးလို့ပြန်တက်လာတဲ့အခါမှာတေ့
မိမိဖုန်းမှာ Root Access ရရှိကြောင်း SuperSu ကိုမြင်ရပါလိမ့်မယ်။



How to Unroot 
============
တကယ်လို့ Root လုပ်ထားတာကိုပြန်ဖျက်ချင်တယ်ဆိုရင်တော့
Apk ကိုပြန်ဖွင့်လိုက်ပါ၊ ပြီးရင် Un Root ဆိုတာလေးကိုနှိပ်ပေးလိုက်ရုံပါပဲ
ပြီးရင် Reboot ချပေးလိုက်ပါ၊ ပြန်တက်လာရင်တော့ Root Access မရှိတော့ပါ။


အားလုံးကိုကျေးဇူးတင်ပါတယ်

အဆင်ပြေပါစေ
Ref.Zunite

အဆင်ပြေပါစေ..




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

7/06/2014

Oppo R 829 .. Version 4.2.2 ကို အလွယ်ဆုံး Root ပြီးမြန်မာ ဖေါင့်ထည့်ကြမယ်


အားလုံး မင်္ဂလာပါနော်..သည်နေ့တော့ ကျွန်တော် လက်တွေ့စမ်းသတ်ထားတဲ့ နည်းလမ်းလေး နဲ့ သတင်းကောင်းလေးတစ်ခုပါးလိုက်ပါရစေ.... သည်နည်းလးမ်လေးကတော့  ခုမိုဘိုင်းလောကမှာ ၀င်ရောက်လာတဲ့ OPPO ဖုန်းအကြောင်းဆိုပါတော့  ကျွန်တော် သည်နေ့ OPPO R829-Version 4.2.2 ကို root ဖေါက်ပြီးမြန်မာစာ ထည့်ကြည့်တာ အတော်လေး လွယ်ကူပြီး အဆင်ပြေနေတာ တွေ့ရလို့ ၀မ်းသာအားရ နဲ့ ခုလို ပို့စ်တခု ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်..  တကယ့်ကို လွယ်လွယ်လေးပါ... နည်းကတော့ ကျွန်တော် ဟိုနေ့ကတင်လိုက်တဲ့ ကျွန်တော့်ရဲ့ S4 Version 4.3 ကို Root တဲ့နည်းနဲ့ တူတူဖြစ်နေလို့ပါဘဲ..ကဲ ဒါဆို ဘာခက်မလဲနော်... တချို့ ကတော့ တခြားသော Root Tool တွေနဲ့ အဆင်ပြေကြသလို နည်းလမ်းမတူညီကြပါဘူး  ကျွန်တော် ကတော့ စမ်းသတ်ခြင်သူဆိုတော့ ကောက်ကလိတာ ရလိုက်တာ အမြတ်ဆိုပါတော့ အားလုံးအတွက်လည်း နည်းလမ်းတခု တိုးစေတာပေါ့နော်...

အသေးစိတ်ကို အောက်မှာ ရှင်းပြထားပါတယ်...

ကဲ ပထမဆုံး    ဆော့ဝဲလ်လေးကို ဒေါင်းလိုက်ကြရအောင်နော်...
ဒေါင်းပြီးတာနဲ့ ရလာတဲ့ apk လေးကို မိမိတို့ ဖုန်းမှာ ထည့် ပြီး install လုပ်ပေးလိုက်ပါနော်....
ဒါဆို စမယ်ဗျာ....အင်စတော ရလာတဲ့  apk လေး မှန်ပြင်ပေါ်မှာ တွေ့နေပါမယ်  အဲတာကို ကလစ်ဖွင့်လိုက်ပါ..... သည်နေရာမှာ ကျွန်တော် ပုံမယူလိုက်ရလို့  တရုတ်စာ နဲ့  ဇယားတခုတက်လာမယ်... ဘာဘဲ တက်လာလာပေါ့...
ဘယ်ဖက်ကစာသားက  Cancel ဆိုတာကိုပြောတာပါ...သည်တော့  ညာဘက်က တရုတ် စာကို ကလစ်ပေးလိုက်ပါ..နော်....နောက်အဆင့်တွေကို ပုံတွေနဲ့ ရှင်းပါမယ်..
အဆင့် ( ၁ )
အပေါ်က ပုံတိုင်း ဖြစ်လာမယ် ဒါဆို Root ဆိုတာလေးကို ကလစ်ပြီး လုပ်လိုက်ပါနော်... သူ့ဘာသာ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်.. ခဏမျှ စောင့်ပေးလိုက်ပါ....
မိမိဖုန်း အတွက် Root Accept ရပြီဆိုတာနဲ့ အပေါ်ကလို အမှန်ခြစ်လေး ပြလာမှာ ဖြစ်ပါတယ်..ဒါဆို အောင်ပြီ ဗျာ...နောက်ထပ် လုပ်ဆောင်စရာတွေ ရှိပါတယ်.. ဆက်လုပ်ကြမယ်နော်....
အဆင့် ( ၂ )
ဖုန်း မှာ လိုအပ်တဲ့  apk တွေ ထည့်ပေးလိုက်ပါနော်..လိုအပ်တာတွေကတော့
( ၁ )  MMSD Smart Zawgyi ကိုဒေါင်းပြီးထည့်ထားရပါမယ်။
( ၂ ) Root Chacker  ကို Root အောင် မအေင် စစ်ဆေးဖို့ ထည့်ထားရပါမယ်။ Playstore မှာဝင်ဒေါင်းလိုက်ပါ....
 အိုကေ ဒါဆို မြန်မာစာအတွက် လုံလောက်မှာပါ... နောက် မိမိလိုအပ်တာတွေတော့ ကြိုက်သလို ထည့်နိုင်ပါတယ်...
အပေါ်ကဒေါင်းထားတဲ့ apk  တွေကို ဖုန်းမှာ install လုပ်ပေးလိုက်ပါနော်... ပြီးတာနဲ့ ဖုန်း မှန်ပြင်ပေါ်ကနေ ဖွင့်လိုက်ပါ  ဥပမာ  Root ကို စစ်ဆေးမယ် ဆိုပါတော့ Rootchacker apk ကိုဖွင့်လိုက်ပါ
အဲမှာ ပြသနာ အနည်းငယ် ပေါ်တတ်ပါတယ်... ဘာကြောင့်လည်းဆိုတော့  Root Apk ကနေ သူ့ကို အသိမှတ်မပြု ရသေးလို့ဘဲ ထင်ပါတယ်...
အောက်ကပုံကို ကြည့်လိုက်ပါ...
Root Apk ကနေ ကြက်ခြေခတ်အနီ ပြပေးထားတဲ့အတွက်  စစ်ဆေးလိုက်တဲ့အခါ Root မရှိသေးပါဘူးဆိုတာ ပြောလာမှာ ဖြစ်ပါတယ်  ဒါက Root မအောင်တာ မဟုတ်ပါဘူး အဲအတွက် ကြက်ခြေခတ်အနီကို အမှန်ခြစ် အစိမ်းလေး ဖြစ်ဖို့ လုပ်ရပါမယ်... နည်းလမ်းကတော့...အောက်မှာဆက်ကြည့်ပါ...
အဆင့် ( ၃ )  
မိမိတို့ Root စစ်တာတွေ Fontchanger တွေ အလုပ်မလုပ်ဘူး ဆိုရင် သည်လိုလေး လုပ်ပေးလိုက်ပါနော်... 
မိမိတို့ ဖုန်း Root ရပြီးတာနဲ့ မှန်ပြင်ပေါ်မှာ အဲလို apk လေး နှစ်ခု ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်..
R ဆိုတဲ့စာနဲ့ APK လေးကို ဖွင့်ပေးလိုက်ပါ... ဒါဆို အဲထဲမှာ စောစောက အင်စတော လုပ်ထားတဲ့
MMSD  နဲ့ Rootchacker တို့ကို တွေ့ရမှာ ဖြစ်ပါတယ်... တွေ့တာနဲ့ ကြက်ခြေနီလေး တွေပြနေမယ် အဲတာကို  ဘေးက အမှန်ခြစ်အစိမ်းလေး ကို ကလစ်ပြီး အသိမှတ် အတည်ပြု ပေးလိုက်ပါနော်... အောက်မှာ ပုံကြည့်လိုက်ပါ။
အပေါ်ကလိုဘဲ  ကြက်ခြေနီပြနေသော apk တိုင်းကို ဘေးက အစိမ်းရောင် အမှန်ခြစ်လေးကို ကလစ်ပေးလိုက်ပါနော်.... ဒါဆို အဆင်ပြေပါပြီ...
 အဆင့် ( ၄ ) 
 ဖုန်း apk  ကိုပြန်သွားလိုက်ပါ... Rootchecker ကို စစ်လိုက်ကြမယ်နော်.... Rootchacker ဆိုတာလေးကို ကလစ်ဖွင့်လိုက်ပါ...နော်
အပေါ်မှာ ပြထားသလို Verify  Root ဆိုတာလေးကို ကလစ်ပြီး ခဏစောင့်လိုက်ပါ  သူက စစ်ဆေးနေပါလိမ့်မယ်နော်.... အိုကေပြီးတာနဲ့ မိမိတို့ဖုန်းမှာ Root Accept ရရှိတယ်ဆိုရင် သည်လိုလေးပြပါတယ်..အောက်မှာ ပါ
အိုကေ  အဆင်ပြေပါပြီနော်.. မိမိတို့ ဖုန်းလေးမှာ ကွန်ပျူတာမလိုဘဲ  Root ဖေါက်ခြင်းမှ အောင်မြင်ခဲ့ပါပြီ... ကျွန်တော် လက်တွေ့ s4 နဲ့ oppo r829  ကိုစမ်းသတ်ထားပါတယ်  ကျန်တာတွေတော့ ဆက်လက် စမ်းသတ် ပေးပါ့မယ်  မိတ်ဆွေတို့လည်း  စမ်းသတ် ကြည့်ကြပါနော်  ရလာတဲ့ ဖုန်းတွေကို စာပို့ အသိပေးကြပါ...ဒါမှ လက်ဆင့်ကမ်း မျှဝေနိုင်မယ်လေ.... လူတိုင်း ကွန်ပျူတာ မရှိတော့ သည်နည်းလေးနဲ့ တော်တော် များများအဆင်ပြေမယ်ဆို ၀မ်းသာစရာပေါ့.....
 မြန်မာစာဖေါင့် ချိန်းဖို့ MMSD Smart Zawgyi ကိုလည်း အပေါ်ကနည်းအတိုင်း အမှန်ခြစ်လေး ဖြစ်ဖို့
ပြုပြင်ပေးပြီးမှ ဖေါင့် ချိန်းပေးလိုက်ပါနော်.... အိုကေ
အစစအရာရာ အဆင်ပြေအောင်မြင်ကြပါစေ..........
မိမိတို့ဖုန်းမှာ မြန်မာစာ သည်လောက်နဲ့ မမှန်ကန်သေးပါက  အောက်က apk ကို ဒေါင်းလိုက်ပါ မှန်တယ်ဆိုရင်တော့ မလိုအပ်ပါဘူး
သည်ကောင်လေး အသုံးပြုနည်းကတော့ အောက်မှာ ကြည့်လိုက်ပါ ဒေါင်းလို့ရတဲ့   APK လေးကို ဖုန်းမှာ အင်စတောလုပ် ဖွင့်လိုက်ပါနော်..

 အပေါ်မှာေ တွ့ရသလို GOT IT ဆိုတာကိုကလစ်ပေးလိုက်ပါနောက်
 အပေါ်ပုံတိုင်း I AGREE ဆိုတာကလစ်ပေးလိုက်ပါ နောက်

အပေါ်မှာ ပြထားသလို ကလစ်ပြီးဆက်သွားလိုက်ပါနော်

ဒါဆို အဆင်ပြေမှာပါနော်...
လိုအပ်ရင် ဆောင်ထားဖို့ လက်ဆောင်လေးတွေ
ဟူးးးးးမောထာ တော်ပြီေိေိ လိုခြင်တဲ့ apk  တွေကို cb0x ကနေ တောင်းဆိုခဲ့နိုင်ပါတယ်
<<< တာဝန်မလေးပါက တချက်လောက်ကလစ်ပေးခဲ့စေလို >>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ
Read More ...