10/20/2015

♪ အစိုးရက သုံးစွဲသူ၏ profile ကို နစ်နာအောင် ပြုလုပ်လျှင် Facebook မှ သတိပေးသွားမည် ♫


သုံးစွဲသူ၏ account များကို နစ်နာအောင်ပြုလုပ်ရန် အစိုးရနှင့် အစိုးရနှင့်ဆက်နွယ်သူများက ပစ်မှတ်ထားလုပ်ဆောင်နေခြင်းကို တွေ့ရှိပါက သုံးစွဲသူများကို သတိပေးသွားမည် ဖြစ်ကြောင်း Facebook မှထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ဟာ အန္တရာယ်ကျရောက်နေတယ်လို့ ယုံကြည်ရတဲ့ account တွေအတွက် လုံခြုံရေးအစီအမံတွေ လုပ်ဆောင်သွားမှာပါ။ ဒါ့အပြင် တိုက်ခိုက်မှုတစ်ခုဟာ အစိုးရနဲ့ ဆက်နွယ်သူတွေ ဖြစ်နိုင်တယ်ဆိုတဲ့ သံသယရှိလာရင်လည်း သုံးစွဲသူကို သတိပေးချက် ထုတ်ပြန်ပေးမှာပါ။ အခုလို ဘာကြောင့်လုပ်ရလဲဆိုတော့ ဒီလိုတိုက်ခိုက်မှုတွေဟာ အခြားတိုက်ခိုက်မှုတွေထက် အဆင့်မြင့်ပြီး အန္တရာယ်ကြီးပါတယ်။ သုံးစွဲသူတွေအနေနဲ့ အွန်လိုင်း account များအားလုံး လုံခြုံဖို့ လိုအပ်တဲ့ အရာတွေ လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်” ဟု Facebook ၏ အကြီးအကဲ လုံခြုံရေးအရာရှိ အဲလက်စ်စတာမို့စ်က blog post ၌ ရေးသားခဲ့သည်။

အကယ်၍ အစိုးရမှ သုံးစွဲသူ၏ Facebook account အတွင်းသို့ ကျူးကျော်ဝင်ရောက်သည့် သက်သေတွေ့ရှိပါက Facebook အနေဖြင့် သတိပေးချက်ဖြင့် ဖော်ပြပေးသွားမည် ဖြစ်သည်။


Facebook အနေဖြင့် သုံးစွဲသူ၏ account မည်သည့်အတွက်ကြောင့် အစိုးရပစ်မှတ်ဖြစ်ရခြင်းကိုမူ ရှင်းလင်းသွားမည် မဟုတ်ကြောင်း စတာမို့စ်က ရေးသားခဲ့သည်။ ထို့အပြင် အဆိုပါ သတိပေးချက်သည် Facebook တစ်ခုလုံး အန္တရာယ်ကျရောက်နေခြင်းကို မဆိုလိုကြောင်း သိရသည်။

အထက်ပါကဲ့သို့ သတိပေးချက်မြင်တွေ့ရပါက သုံးစွဲသူသည် Facebook ရှိ Login Approvals အောက်ဘက်ရှိ authentication ၂ ခုကို လုပ်ဆောင်ရမည် ဖြစ်သည်။ ထိုသို့ဖြစ်ပေါ်လာလျှင် သုံးစွဲသူများသည် malware များ တိုက်ခိုက်ခံရရာတွင် ပြုလုပ်ရသကဲ့သို့ ကွန်ပျူတာစနစ်ကို ပြန်လည် တည်ဆောက်ခြင်း သို့မဟုတ် အစားထိုးသင့်ကြောင်း စတာမို့စ်က အကြံပေးခဲ့သည်။

Ref: Mashable
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com