10/23/2015

♪ BlackBerry Priv သို့ အပြည့်စုံဆုံး Android စမတ်ဖုန်း ♫


BlackBerry ကုမ္ပဏီကမကြာခင်ကြေငြာဖွယ်ရှိပြီး ယခု pre order စတင်လက်ခံနေပြီဖြစ်တဲ့ သူတို့ရဲ့ ပထမဆုံး Android စမတ်ဖုန်း Priv ကို $ 749 နဲ့စတင်ဈေးဖွင့်ပြီးအမှာစာတွေလက်ခံတော့မှာဖြစ်ပါတယ်။ ကိုယ်ပိုင် Operation System နဲ့ရပ်တည်ခဲ့ပြီး လုံခြုံရေး အပိုင်းမှာနာမည်ကြီးခဲ့တဲ့ BlackBerry အတွက်ယိုင်နဲ့နေတဲ့အခြေအနေတစ်ခုကိုပြန်လည်တည့်မတ်စေဖို့အပြောင်းအလဲအကြီးဆုံးတစ်ခုအနေနဲ့ ကမ္ဘာ့လူသုံးအများဆုံး OS Android ကိုသုံးပြီးစမတ်ဖုန်းထုတ်လုပ်မှာဖြစ်ပါတယ်။


ကုမ္ပဏီရဲ့နာမည်ကျော်လုံခြုံရေးစနစ်နဲ့ Android စနစ်တို့ကိုရောမွှေပြီး ထွက်လာမှာဖြစ်ပြီး Google Application တွေအားလုံးပါဝင်လာမည့်အပြင် BBM ခေါ် Blackberry Messenger Service လည်းပါဝင်မှာပါ။ BBM ဟာ Internet Connection အနည်းဆုံးအနေအထားမှာတောင် SMS နဲ့ဓာတ်ပုံတွေကိုအသုံးပြုနိုင်တယ်လို့နာမည်ကြီးပြီးအခြား OS တွေမှာလည်းအသုံးပြုနိုင်ပြီဖြစ်ပါတယ်။Priv ရဲ့ မျက်နှာပြင်အကျယ်ဟာ 5.43" ဖြစ်ပြီး Curved Display ဖြစ်သည်။ 2560×1440 (540 ppi ) resolution အရည်အသွေးရှိပြီး မျက်နှာပြင်ကို Corning Gorilla Glass 4 ဖုံးအုပ်ထားသည်။ LG G4 မှာအသုံးပြုသည့် Qualcomm Snapdragon 808 Hexa-core 64 bit ဖြင့်တည်ဆောက်ထားပြီး RAM 3GB ဖြင့်မောင်းနှင်ထားသည်။


Internal Memory 32GB ဖြစ်ပြီး MicroSD Card Slot ဖြင့် 200 GB ထိထပ်မံတိုးမြှင့် အသုံးပြုနိုင်သည်။ ဂျာမဏီနိုင်ငံမှ Schneider-Kreuznach မှ lens ကိုအသုံးပြုထားသည့် 18 MP ပင်မကင်မရာ ၊2MP Secondary တို့နဲ့ဖွဲ့စည်းထားတဲ့ကင်မရာပိုင်းဟာ အကောင်းဆုံးရုပ်ပုံတွေရရှိစေမှာဖြစ်ပါတယ်။ Slide အမျိုးအစား ဖြစ်ပြီး လူကြီးပိုင်းများအသုံးပြုရလွယ်ကူအောင်Physical Keyboard ကိုထည့်သွင်းပေးထားပြီး sms များများရိုက်သူတွေအတွက်လည်းအဆင်ပြေစေပါတယ်။ Android 5.1 နဲ့စတင်ပွဲထွက်လာမှာဖြစ်ပြီး 3410 mAh ဘက်ထရီတပ်ဆင်ထားသည်။

Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com