Showing posts with label mobile နည်းပညာ. Show all posts
Showing posts with label mobile နည်းပညာ. Show all posts

11/29/2016

ပြည်တွင်းတွင် UPI ကတ်အသုံးပြုသူ တစ်သိန်းခွဲနီးပါးရှိ



မန်မာနိုင်ငံတွင် UPI ကတ်အသုံးပြုသူ တစ်သိန်းခွဲ နီးပါးအထိရှိလာကြောင်း သိရသည်။
“ဈေးကွက်ထဲမှာ UPI ကတ်အသုံးပြုတဲ့သူ တစ်သိန်းခွဲနီးပါးအထိ ရှိလာပါတယ်၊ ဒါဟာ ပြည်တွင်းမှာ အသုံးပြုတဲ့ နိုင်ငံတကာ ကတ်အနေနဲ့ အများဆုံးဖြစ်ပါတယ်” ဟု UPI ၏ Business Development Manager ဖြစ်သူ ဦးအောင်နန္ဒကျော်ကပြောသည်။ UnionPay ကတ်များကို AGD Bank, AYA Bank, CB Bank, KBZ Bank နှင့် MOB Bank တို့မှ လက်ခံအသုံးပြုလျက် ရှိကြောင်း၊ နိုင်ငံတစ်ဝှမ်းရှိ ၈၀ ရာခိုင်နှုန်းကျော်သော ဒေသတွင်း လက်လီအရောင်းဆိုင်များ၊ စားသောက်ဆိုင်နှင့် အဖျော်ယမကာဆိုင်များနှင့် ATM စက်များအားလုံး နီးပါးတွင် အသုံးပြုနိုင်ကြောင်း ဆိုသည်။

သီဟထိုက်








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...