Showing posts with label Window Phone. Show all posts
Showing posts with label Window Phone. Show all posts

11/01/2014

PhotoMath ဖြင့် သင်္ချာညီမျှခြင်းများကို ဖြေရှင်းခြင်း

 
 
PhotoMath ဟုခေါ်သည့် app သည် ကလေးငယ်များ၏ သင်္ချာအိမ်စာများကို ကူညီဖြေရှင်းပေးသည့် မိဘများ အတွက် အလွန်အသုံးတည့်စေမည့် app တစ်ခု ဖြစ်သည်။ Developer ကမူ ၎င်းကို ကမ္ဘာ့ ပထမဦးဆုံး ကင်မရာ ဂဏန်းတွက်ချက်စက်ဟု ခေါ်ဆိုထားသည်။ PhotoMath သည် သင်္ချာညီမျှခြင်း တစ်ခုကို ကင်မရာဖြင့် ဖမ်းယူရုံဖြင့် အဖြေကို ချက်ချင်း တွက်ချက်ပေးနိုင်သည်။ ထို့အပြင် သင်္ချာညီမျှခြင်းများကို မည်ကဲ့သို့ အဖြေရှာမည် ဆိုသည်နှင့် ပတ်သက်၍ လမ်းညွှန်ချက်များကို တစ်ဆင့်ချင်းစီ ဖော်ပြပေးနိုင်သည်။ အသုံးပြုပုံက အောက်ပါအတိုင်း ဖြစ်သည်။

အဆင့် (၁)

သင်္ချာညီမျှခြင်းကို ကင်မရာ ဖရိန်၏ အတွင်းတွင်ထားပြီး scan လုပ်ပါ။ ဖရိန်၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်ကို drag လုပ်ကာ ချိန်ညှိနိုင်သည်။

အဆင့် (၂)

အဖြေကို screen ပေါ်တွင် အနီရောင်ဖြင့် တွေ့မြင်ရမည်။

အဆင့် (၃)

Steps ခလုတ်ကိုနှိပ်ပြီး အဖြေ တွက်ချက်ပုံကို ကြည့်နိုင်သည်။ တွက်ချက်ပုံ အဆင့် တစ်ဆင့်ချင်းစီကို ကြည့်ရှုရာတွင် arrow ခလုတ်များဖြင့် ကြည့်နိုင်သလို swipe up / swipde down ဖြင့်လည်း ကြည့်နိုင်သည်။

Screen အောက်ခြေတွင် History, Light, Steps, Help ဟူသည့် ခလုတ် လေးခု ပါဝင်သည်။ History ခလုတ်သည် လက်ရှိ scan လုပ်ထားသည်များကို ဖော်ပြပေးသည်။ Light ခလုတ်သည် အလင်းရောင် မရှိသည့် နေရာတွင် အိမ်စာလုပ်သူများတွက် ဖုန်း၏ LED ကို ဖွင့်ပေးနိုင်သည်။ Steps ခလုတ်က နောက်ဆုံး scan လုပ်ထားသည့် သင်္ချာညီမျှခြင်း မည်သို့ တွက်ချက်သည်ကို ပြသပေးသည်။ Help ခလုတ်မှာ PhotoMath အသုံးပြုပုံ အကျဉ်းချုပ်ကို ဖော်ပြပေးသည်။

PhotoMath ကို iOS နှင့် Windows Phone တွင် အခမဲ့သုံးနိုင်သည်။ Android version ကိုမူ ၂၀၁၅ ခုနှစ် အစောပိုင်းမှသာ ဖြန့်ချိမည် ဖြစ်သည်။

iOS ==> https://itunes.apple.com/us/app/photomath/id919087726
Windows Phone ==> http://www.windowsphone.com/en-us/store/app/photomath/1f25d5bd-9e38-43f2-a507-a8bccc36f2e6
 
www.thantoeaung.net
 
ref: Internet Journal
 
အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

12/10/2013

How to install Game and Apps from SD card in Windows phone !! (44Mb)

တောင်းဆိုထားတဲ့သူငယ်ချင်းတွေအတွက် Windows phone SD card ထဲကနေ Game တွေကို Install
လုပ်တဲ့နည်းကိုတင်ပြပေးလိုက်ပါတယ်။ကျွန်တော်တို့ ဒေါင်းလော့စ်ဆွဲလို့ရလာတဲ့ Windows phone
Apps + Game တွေကို SD ကဒ်ထဲမှာထည့်ပြီးဘယ်လိုလုပ်ရတယ်။ ပြီးတော့ဘယ်လိုဒေါင်းရတယ်ဆိုတာ
ကို Movie ဖိုင်လေးနဲ့ရှင်းပြထားပါတယ်။ဒေါင်းလော့စ်ဆွဲနိုင်တဲ့ Windows phone App+Game ၀က်ဆိုဒ်
ကိုလဲတိုက်ရိုက်လင့်ပေးထားပါတယ်။နမူနာအဖြစ်နဲ့ Temple Run ဂိမ်းလေးကိုလည်းထည့်သွင်းပေးထား
ပါတယ်။ဒေါင်းလော့စ်ဖိုင်ထဲမှာအကုန်လုံး စုစည်းတင်ပြပေးထားပါတယ်။သိချင်ရင်တော့အောက်မှာ
ဒေါင်းပြီး Offine ကနေအေးအေးဆေးဆေးကြည့်ရှု့နိုင်ပါတယ်။



ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 


သူငယ်ချင်းတွေကိုလည်းထပ်ပြီး ရှယ်လိုက်ကြပါ...............

http://dl-1.one2up.com/onetwo/content/2013/12/10/b5ddee7c7b1c839aac6246e764c3ec1a.rar

http://www.solidfiles.com/d/c15828718d/

http://www47.zippyshare.com/v/48740804/file.html 


နည်းပညာမြို့တော်

 




ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download

Read More ...

12/05/2013

Nokia Lumina (Windows Phone) မှာ မြန်မာဖောင့် ထည့်ချင်တဲ့သူငယ်ချင်းတွေ ဒီနည်းကို စမ်းကြည့်ပါ။

အွန်လိုင်းမှာ သူငယ်ချင်းတော်တော်များက Nokia Lumina (Windows Phone) တွေ မြန်မာဖောင့် ထည့်ချင်တယ်။ ထည့်နည်းတွေ မေးနေကြတာ များလို့ ဆိုဒ်တွေမှာ နည်းလိုက်ရှာရင်း အလင်းသစ်   ဆိုဒ်မှာ ဒီနည်းလေးတွေ့လို့ မူရင်းအတိုင်း ပြန်ရှယ်လာခဲ့တာပါ။ တစ်ခုရှိတာက ဒီနည်းကို ကျနော်ကိုယ် တိုင် စမ်းသပ် ဖို့က Nokia Lumina ကိုင်မထားလို့ မစမ်းရသေးပါဘူး။

ကိုယ်တိုင်ပဲ စမ်းသပ်ကြည့်လိုက်ကြပါ။ တခု သိထားရမှာက နည်းလမ်းတွေကိုရှာဖွေရ တာဟာ အိပ်ရေး ပျက်ခံ၊ အပင်ပန်းခံပြီးရှာရတာမို့ တစ်ခုခုအဆင်မပြေ ခဲ့ရင် အပြစ်မဆိုကြဖို့ ကြိုတင်ပြီး သတိပေး ချင်ပါတယ်။ မူရင်းပို့စ်ပိုင်ရှင် ကိုယ်တိုင်စမ်းသပ်ဖော်ပြထားတဲ့နည်း၊ သူအသုံးပြုခဲ့တဲ့ Device တွေနဲ့ ဆိုရင်တော့ အဆင်ပြေမှာပါ။ 

အခြား Device တွေကိုလည်း ကျွန်တော်အနေနဲ့ မစမ်း သပ်နိုင် လို့ နားလည်ပေးစေချင် ပါတယ်။ အောက်က ပို့စ်တွေဟာ မူရင်းပို့စ်ပိုင်ရှင်ရဲ့ စာသားအတိုင်းပဲ ကော်ပီပြီး ပြန်လည်မျှဝေပေး လိုက်တာပါ။ တခုခု အဆင်မပြေလို့ မေးချင်တယ်ဆိုရင် ပိုစ်ရေးသားသူ ပိုင်ရှင် aung575@gmail.com ကို အက်ပြီး မေးမြန်းနိုင်ပါတယ်။
************************************************************************
အီးမေးလ်ကရော ဖုန်ဆက်ပြီးပါ ကျွန်တော့်ဆီကိုမေးထားတဲ့ မေးခွန်းလေးတခုပါ။ အခုလဲ Cbox မှာ ညီ တယောက်ကမေးလာပြန်ပြီ။ အရင်ကတော့ "မြန်မာ နည်းပညာ ဘလော့တွေမှာ ရှာဖတ် ကြည့်ပါ " လို့ အလွယ်ဖြေခဲ့ပေမဲ့ နေ့စဉ်ဆက်တိုက်မေးလာကြလို့ ကျွန်တော် ဒီပို့စ်လေးကို ရေး လိုက်တာပါ။

ဒီမေးခွန်းအမေးမခံရစဉ် ကောင်လေးတယောက်ကို Nokia Lumina 720 မှာ မြန်မာဖေါင့်ထည့် ပေးခဲ့ ဖူး ပါတယ်။ အဲဒီတုံးကလဲ Microsoft Windows Phone Store မှာ (၁)နာရီနီးပါးမွှေနှောက်ပြီး မှ ထည့်ပေးလိုက်နိုင်တာပါ။

Nokia Lumina 720 မှာ မြန်မာဖေါင့်ထည့်တာ အဆင်ပြေလို့ ကျန်တဲ့ Windows ဖုန်းတွေမှာလဲ
(အထူးသဖြင့် Nokia Lumina Series ) အဆင်ပြေမယ် ယုံကြည်လို့ ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ။
ကဲ..နဲနဲလေရှည်သွားပြီ..မြန်မာဖေါင့်ထည့်ကြည့်ရအောင်...

အဆင့်(၁) Install လုပ်ခြင်း

(1) မြန်မာဖေါင်ထည့်ရန် မိမိသုံးတဲ့ Nokia Lumina (Windows Phone) မှာ အင်တာနက်ဖွင့်ထားပါ။
(2) ဖုန်းဖြင့်အောက်ကလင့်အတိုင်း ဝင်ပြီး ZG Text ကို ဖုန်းမှာအင်စတောလုပ်ပါ။
             ZG TexT    Link
(3) ပြီးရင် ဖုန်းကို Reboot လုပ်ပါ။ဖုန်းပြန်ပွင့်လာရင် မြန်မာဖေါင့်ကို မြင်ရပါပြီ။
(4) Windows Phone ဖြစ်တဲ့အတွက် Keyboard သီးသန့် အင်စတောလုပ်ဘို့ မလိုပါ။
     (Microsoft/Windows Phone/Store/App မှာလဲ မြန်မာကီးဘုတ်မရှိပါ။ZG Text တခုထဲသာ
      Supported လုပ်ထားပေးပါတယ်။)

အဆင့်(၂) Copy and Paste လုပ်ခြင်း

(1) မိမိ မြန်မာလို အသုံးပြုချင်တဲ့ App(Phone Memory>>Data>>Application>>)မှာ ZG Text
     ကို copy and paste လုပ်ပါ။(ဥပမာ Facebook/Meessenger/Gtalk...စသဖြင့်)
     ဒါဆိုရင် Nokia Lumina ဖုန်းမှာ မြန်မာလိုဖတ်လို့ရပြီဖြစ်သလို မြန်မာလိုလဲ ရိုက်လို့ ရပါပြီ။  
     အဆင်ပြေ..ပျော်ရွှင်ကြပါစေဗျာ...။

 အားလုံးအဆင်ပြေပါစေ.......။

ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download

Read More ...

11/18/2013

Symbian OS သုံး Nokia Touch Screen ဖုန်းတွေအတွက် မြန်မာကီးဘုတ်နဲ့မြန်မာဖောင့်ပါ (3Mb)




Nokia touch ဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်သောမြန်မာကီးဘုတ်ရောပါတဲ့ SymbianMyanmar v3.0 ကိုတင်ပေးလိုက်ပါတယ် ။ ယင်းဆော့ဖ်ဝဲသည် မြန်မာစာ အသုံးများကို ဖုန်းစနစ်များ အတွင်းတွင် ပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်ပြီး SMS ပို့ခြင်း အင်တာနက်ကြည့်ရှုခြင်း သီချင်း နားထောင်ခြင်းတို့နှင့် အခြား office application များတွင်ပါ မြန်မာစာကို အသုံးပြုနိုင်မည်ဖြစ်သည်..။ ယင်းမြန်မာစာ စနစ်တွင် အသုံးပြုထားသော font အမျိုးအစားများမှာ ဇော်ဂျိ နှင့် မြစေတီ font များကို သုံးစွဲထားခြင်းဖြစ်ပြီး ယင်းဖောင့်များ ထည့်သွင်းထားသော ဖုန်းများသို့ SMS ပို့ရာတွင်လည်း တဖက်မှ SymbianMyanmar ဆော့ဖ်ဝဲ မရှိရင်တောင်မှ ယင်းစာများကို မြင်ရနိုင်မည်ဖြစ်သည်..။SymbianMyanmar v3.0 ကိုထည့်သွင်းလိုပါက series 60v5 ဖုန်းများဖြစ်သော Nokia 5800, N97, 5530, X6 အခြား Symmbian OS သုံး Nokia touchScreen ဖုန်းများတွင် ထည့်သွင်းနိုင်မည်ဖြစ်သည်..။

လုပ်ဆောင်နိုင်တဲ့ features တွေအနေနဲ့
1. Contacts – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
2. Message – မြန်မာစာသားဖြင့် ပေးပို့နိုင်ခြင်း။
3. Web Broswer – မြန်မာစာသားဖြင့် ရှာဖွေနိုင်ခြင်း။
4. Key Number – မြန်မာအက္ခရာအဖြစ် ပြောင်းလဲခြင်း။
5. Contact Bar – မြန်မာစာသားများ ရေးသားနိုင်ခြင်း။
6. Website – ဇော်ဂျီဖောင့်အား မြင်နိုင်ခြင်း။
7. File Name – ဇော်ဂျီဖောင့်အား အသုံးပြုနိုင်ခြင်းနှင့် အခြားသော အသုံးဝင်မှုများ။
(အထူးသတိပြုရမှာက – ဒီ application ကိုမသွင်းခင်မှာ ဖုန်းထဲမှာ မြန်မာစာပေါ်အောင်လုပ်ထားတဲ့ application တွေ ၊ font တွေကိုအရင်ဖြုတ်ထားဖို့ပါပဲ ။ error တက်နိုင်ပါတယ်) အောက်မှာ application ကိုရယူနိုင်ပါတယ်။
(application ကိုသွင်းပြီးရင် ဖုန်းကို restart ချပါ)
SymbianMyanmar ကိုဖုန်းထဲမှာမသွင်းခင် အောက်မှာပြောထားတဲ့ နည်းနဲ့ အရင်လုပ်ပါ ။နို့မို့ဆိုရင် SymbianMyanmar ကိုသွင်းရာမှာ error တက်ပါလိမ့်မယ်။

ယနေ့မှစပြီးကျွန်တော်ဆိုဒ်ကိုလာလည်တဲ့ User တွေအတွက်ဒေါင်းလော့စ်ဆွဲရာတွင်အခက်အခဲမရှိအောင်
မည်သည့် Skip မှကြားခံထားခြင်းမရှိပါ။ ဆော့စ်ဝဲများကို တိုက်ရိုက်ဒေါင်းနိုင်ပါတယ်ခင်ဗျာ။
 သို့ပါသောကြောင့်ပြန်လည်ကျေးဇူးတင်တယ်ဆိုရင်တော့
 ကြော်ငြာများကို တစ်ကြိမ်လောက်သာ ကလစ်ခဲ့ပါခင်ဗျာ။

ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင် ဒီမှာ Like နှိပ်ပါ 

မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

Credit:MyanmarmobileApp


http://dl-13.one2up.com/onetwo/content/2013/11/18/a512d2167197d385042fd61203472346.zip

http://www.solidfiles.com/d/44be994c0d/

http://www33.zippyshare.com/v/96898707/file.html 


နည်းပညာမြို့တော်






ဘေးမှာရှိတဲ့ ကြော်ငြာတစ်ခုကို တစ်ရက်ကို တစ်ချက်လေးနှိပ်ပေးရုံနဲ့ ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်ဗျာ။
ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။


 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။




Read More ...