10/23/2015

♪ Storage မကုန်ဆုံးမည့် Android Phone ကို ရောင်းပြီ ♫


Nextbit က Cloud Storage ကို အဓိက မှီခိုထားသော Robin Android Phone ကို ကြိုတင်မှာယူခွင့် ပြုလိုက်ပြီဖြစ်ပြီး Storage နည်းပါးလာခြင်းကြောင့် ဖိုင်များကို ဖျက်ရသော ဒုက္ခကို ရှောင်လွှဲနိုင်မည်ဟု ကတိပေးထားပါသည်။

Robin ကို ထုတ်လုပ်ရောင်းချရန် Kickstarter Website တွင် ဒေါ်လာ ၂၉၉ ဖြင့် ရောင်းချခြင်းဖြင့် ရန်ပုံငွေ ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ဒေါ်လာ ၃၉၉ ဖြင့် ကြိုတင်မှာယူနိုင်ပြီ ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ပို့ဆောင်ပေးမည် ဖြစ်သည်။ Kickstarter တွင် ရောင်းချခြင်းဖြင့် ဒေါ်လာ ၁၄ သန်း ရန်ပုံငွေ ရရှိခဲ့ပြီး လက်ရှိအချိန်တွင် ကြိုတင်မှာယူမှုမှ ရရှိသော ၀င်ငွေမှာ ဒေါ်လာ တစ်သိန်း ဖြစ်ပါသည်။

Robin တွင် Android ကို ဆန်းသစ်ထားသော ဗားရှင်းကို ထည့်သွင်းထားပါသည်။ 32GB Internal Storage အပြင် Nextbit ၏ Cloud တွင် 100GB Storage အခမဲ့ ရရှိမည် ဖြစ်သည်။ ထူးခြားသော စွမ်းဆောင်ချက်မှာ Internal Storage မှ အသုံးပြုမှုနည်းပါးသော ဖိုင်များကို Cloud Storage သို့ အလိုအလျှောက် ပြောင်းရွှေ့ပေးခြင်း ဖြစ်ပါသည်။ Cloud အခြေပြု နည်းစနစ်ဖြင့် စတင်မည် ဖြစ်သော်လည်း နောက်ပိုင်းတွင် ၀န်ဆောင်မှုများကို ထပ်မံဖြည့်တင်းပေးမည် ဖြစ်သည်။


Credit to ==> Myanmar Digital Life Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com