Android ဖုန်းအများစုမှာပါဝင်တဲ့ USB အပေါက်တွေဟာ သာမန် 
Micro USB အမျိုးအစားတွေကိုသာ အသုံးပြုထားတာဖြစ်ပါတယ်။ အဆိုပါ USB port 
များဟာ အားသွင်းခြင်း နှင့် ကွန်ပျူတာဖြင့် ချိတ်ဆက်ကာ ဖုန်းအတွင်းရှိ 
အချက်အလက်များ ကူးယူ ပြောင်းလဲရန်တို့အတွက်သာ အသုံးပြုနိုင်ကြပါတယ်။
ဒီလို Micro USB ရဲ့ လုပ်ဆောင်ချက်နဲ့  ရင်းနှီးပြီးသားဖြစ်နေတဲ့ Android
 အသုံးပြုသူတို့ဟာ နောက်ပိုင်း ထုတ်လုပ်လာတဲ့ ဖုန်းတွေမှာ ပါဝင်တဲ့ 
USB Type C အမျိုးအစားရဲ့လုပ်ဆောင်ချက်တွေကို  သတိမမူမိပဲ ရှိနေခဲ့ပါတယ်။
 အခုနောက်ပိုင်းမှာ ထုတ်လုပ်လာတဲ့ Android  ဖုန်းတွေဟာ 
ဘက်ထရီအားသွင်းရာမှာ လျင်မြန်စေရန်နဲ့ ဖုန်းအတွင်းရှိ အချက်အလက်များ 
ကူးညီရာတွင် လျင်မြန်စေဖို့အတွက် USB Type C ဆိုသည့် အမျိုးအစားအသစ်ကို 
အသုံးပြုလာကြပါတယ်။
လက်ရှိအချိန်ထိ USB Type-C အမျိုးအစားကို အသုံးပြုထားသည့် 
Android Smart phone အမျိုးအစားများမှာ အနည်းငယ်သာ ရှိပါသေးတယ်။ USB Type-C
 အမျိုးအစားကို အသုံးပြုထားတဲ့ ဖုန်းအမျိုးအစားတွေကတော့ Huawei Nexus 6P
 ၊ Google Nexus 5X နဲ့ Android OnePlus စတဲ့ 
ဖုန်းအမျိုးအစားတွေသာရှိပါသေးတယ်။ အဆိုပါ ဖုန်းအမျိုးတွေထဲကမှ USB 
Type-C ကို အသုံးပြုထားတဲ့ Huawei Nexus 6P နဲ့ Google Nexus 5X တို့ရဲ့
 အားသာ ချက်ကတော့ ဖုန်းရဲ့ ဘက်ထရီ အားကုန်ခါနီးအချိန်မှာ USB Type-C 
အသုံးပြုထားတဲ့ Nexus 6P နဲ့ Nexus 5X တို့ကို  USB
 Cable နှင့် ချိတ်ဆက်ကာ အားသွင်းနိုင်ခြင်း ၊ ဖုန်းအတွင်းရှိ 
အချက်အလက်များ ကူးယူခြင်းများပြုလုပ်နိုင်ပါတယ်။ အားသွင်းရာမှာတော့ 
အနည်းငယ် နှေးကွေးမှု ရှိသော်လည်း အရေးတစ်ကြီးလိုအပ်သူများအတွက်တော့ 
အဆင်ပြေစေပါလိမ့်မယ်။
ဘာပဲပြောပြောပါ အရင်က Android ဖုန်းတွေမှာ ပါဝင်တဲ့ USB 
port ဆိုတာ Adaptor ရှိမှ အားသွင်းလို့ရနိုင်ကြောင်း ၊ ကွန်ပျူတာရှိမှ 
Data ကူးယူနိုင်ကြောင်းတွေသာ သိရှိနေထားကြတဲ့ Android 
အသုံးပြုသူတို့အတွက်တော့ USB Type-C ဟာ Nexus 6P နဲ့ Nexus 5X 
တို့မှာတော့ ပိုမိုအသုံးဝင်လာခဲ့ပါတယ်။
Ref : Android Community
Aung Ko Htet (MMA)
#aungkohtet_mma