Showing posts with label Gmail. Show all posts
Showing posts with label Gmail. Show all posts

6/04/2017

♪ Google machine learning နည်းပညာက Gmail spam နဲ့ phishing message များကို ၉၉.၉ရာခိုင်နှုန်း ကာကွယ်တားဆီးပေး ♫


Google ရဲ့ machine learning နည်းပညာဟာ spam နဲ့ phishing message တွေကို ၉၉.၉ ရာခိုင်နှုန်း တိကျမှုနှုန်းနဲ့ ကာကွယ်ပေးနိုင်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။ Google ရဲ့ပြောကြားချက်အရဆိုရင်တော့ spam message တစ်ထောင်မှာ တစ်စောင်သာ သက်ဆိုင်ရာ လူဆီသို့ ရောက်ရှိတဲ့ သဘောပင်ဖြစ်ပါတယ်။ Google ရဲ့အချက်အလက်တွေအရ message ၅၀ရာခိုင်နှုန်းမှ ၇၀ရာခိုင်နှုန်းဟာ spam တွေဖြစ်တယ်လို့ သိရပါတယ်။ Machine learning နည်းပညာဟာ လင့်တွေကနေ အန္တရာယ်ရှိ URL တွေကို သိနိုင်ဖို့ Google Safe Browsing tool ထည့်သွင်းထားပါတယ်။

Google ရဲ့ machine learning မှာ phishing-detection စွမ်းဆောင်ရည် တိုးတက်စေဖို့ စနစ်တစ်ခုတည်ဆောက်ထားပါတယ်။ ဒီစနစ်မှာ phishing ကိုအသေးစိတ်လေ့လာဆန်းစစ်မှု ပြုလုပ်မှာဖြစ်ပါ တယ်။ဒါကြောင့် တချို Gmail message တွေဝင်ရောက်မှု အနည်းငယ်နှောင့်နှေးစေနို င်ပါတယ်။ Phishing တိုက်ခိုက်မှုတွေကို စုစည်းစစ်ဆေးတဲ့အခါမှာ အလွယ်တကူနဲ့ဖော်ထုတ်နိုင်ပါတယ်။ Google ကသံသယရှိတဲ့ message တွေကို နှောင့်နှောင်းအောင် ပြုလုပ်ပြီး အချိန်နဲ့အမျှဝင်ရောက်လာတဲ့ message တွေကို အသေးစိတ်စစ်ဆေးသွားမှာပါ။

ဒီနည်းပညာကိုလည်း အချိန်နှင့်တစ်ပြေးညီ update ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီစနစ်ဟာ message တွေရဲ့ ၀.၀၅ ရာခိုင်နှုန်းခန့်သာ စစ်ဆေးနိုင်ပါသေးတယ်လို့ သိရပါတယ်။


-စိုးထက်



Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

9/22/2016

♪ Gmail update တွင် ဒီဇိုင်းပိုင်း ပြောင်းလဲထား ♫


Google သည် မကြာမီတွင် Gmail update တွင် responsive ဒီဇိုင်းထောက်ပံ့မှု ပါဝင်လာမည် ဖြစ်ကြောင်း ထုတ်ပြန်သွားခဲ့သည်။

Gmail သည် မေးလ်များတွင် ဖြစ်တတ်သော စာသားများ ဖတ်ရခက်ခြင်း သို့မဟုတ် tap ပြုလုပ်ရန်  သေးငယ်ခြင်းစသည့် ပြဿနာများအတွက် responsive ဒီဇိုင်းကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ Gmail သည် အီးမေးလ်များကို မျက်နှာပြင် အရွယ်အမျိုးမျိုးနှင့် ကိုက်ညီစေရန် စာမျက်နှာဖွဲ့စည်းပုံကို ပြောင်းလဲပေးနိုင်သည်။ ထို့ကြောင့် မိုဘိုင်း ထုတ်ကုန်များပေါ်တွင် စာသား၊ ခလုတ်များနှင့် လင့်ခ်များကို ဖတ်ရှုခြင်းနှင့် tap ပြုလုပ်ရာတွင် ပိုမိုလွယ်ကူလာမည် ဖြစ်သည်။

Desktop သုံးစွဲသူဆိုပါက မိုဘိုင်း မျက်နှာပြင်အရွယ် အမျိုးမျိုးနှင့် ကိုက်ညီရန် ဒီဇိုင်းပိုင်းကို ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်ထားကြောင် ပိုမိုသိသာ ထင်ရှားသည်။


Credit to ==> Internet Journal

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

6/06/2016

♪ “Email တွေလုံခြုံစေချင်ရင်” ♫


ခေတ်တွေပြောင်းလာလို့IM တွေခေတ်စားလာတယ်။Viber, Line, Whats App, BeeTalkစတဲ့application တွေကနေဓာတ်ပုံတွေ၊ဗီဒီယိုတွေစာတွေကို အလွယ်ဆုံးနည်းတွေသုံးပြီးတိုက်ရိုက်ပို့လို့ရလာတာမှန်ပါတယ်။ဒါပေမယ့် အီးမေးကိုစွန့်လွှတ်နိုင်ဖို့မလွယ်သေးပါဘူး။အင်မတန်ရှည်လျားတဲ့စာတွေ ရေးနိုင်တာ၊Attachment တွေ တွဲနိုင်တာ၊ဖိုင်format ပေါင်းစုံလက်ခံတာ တွေကအီးမေးရဲ့အားသာချက်တွေဖြစ်ပါတယ်။အလုပ်ကြီး အကိုင်ကြီး လုပ်မယ်ဆိုရင်တည်တည်ခန့်ခန့်ရှိတဲ့အီးမေးတွေပို့နေရဦးမှာပါပဲ။ ပြည်တွင်း ပြည်ပကုမ္ပဏီကြီးတွေအလုပ် ဌာနတွေနဲ့ချိတ်ဆက်ရင်အီးမေးကနေပဲ ချိတ်ဆက်ရပါတယ်။အဲဒီနေရာတွေနဲ့ချိတ်ဆက်တဲ့အီးမေးလိပ်စာပဲရှိတယ်။ Viberလိပ်စာမရှိပါဘူး။နောက်တော့မပြောတတ်ပါဘူး။အင်တာနက်တို့၊ အီးမေးတို့သုံးတဲ့အခါWebsite တွေကိုအရင်ကလိုhttp နဲ့မသွားဘဲhttps နဲ့အများစုသွားတာကိုတွေ့ရပါမယ်။လုံခြုံမှုပိုကောင်းအောင်လို့ပါ။အီးမေးလို့ ပြောရင်ကျွန်တော်တို့ဆီမှာတော့ အများစုကGmail ပဲ။Yahoo Mail တို့၊Hot Mail တို့ကသူတို့ဆီမှာခေတ်စားပေမယ့်ကျွန်တော်တို့ဆီကနေလုပ်ဖို့ မလွယ် ပါဘူး။ဒါကြောင့်Gmail အကြောင်းပဲဦးစားပေးပြီးပြောပါမယ်။Google ဟာ သူ့Gmail သုံးသူတွေလုံခြုံမှုတွေရှိစေဖို့encryption သုံးပါတယ်။စာတွေ တစ်နေရာကတစ်နေရာပို့တဲ့အခါစာတွေကိုသိုလှောင်သိမ်းဆည်းထားတဲ့အခါကိုစပ်စုမစပ်စုတို့ကြားဖြတ် မကြည့်နိုင်အောင်အကာအကွယ်ပေးတာဖြစ်ပါ တယ်။
ဒီလောက်လုံခြုံမှုရှိအောင်လုပ်ပေးထားတာတောင်မှတခြားသောလုံခြုံမှုမရှိတဲ့အီးမေးစနစ်သုံးစွဲသူ တစ်ယောက်ယောက်နဲ့စာပေးစာယူတွေလုပ်တဲ့အခါကိုယ်ရေးလုံခြုံမှုထိပါးနိုင်ခြေရှိနေပါသေးတယ်။ အဲဒီလိုအခြေအနေမျိုးမှာ လုံခြုံမှုကိုအပိုထပ်ဆောင်းပေးနိုင်ဖို့အတွက်Google ကfeature အသစ်တစ်ခု ကိုတီထွင်ဖန်တီးခဲ့ပါတယ်။အဲဒါကတော့ကိုယ်နဲ့ဆက်သွယ်တဲ့တခြားတစ်ဖက်ကလူဟာTLS (Total Layer Security) မသုံးဘူးဆိုရင်ကြိုတင်သတိပေးတဲ့ စနစ်ပါ။TLS စနစ်မသုံးတဲ့ဖက်ကနေလာတဲ့အီးမေးရှိရင်၊ဒါမှမဟုတ် ကိုယ့်ဆီ ကနေTLS မသုံးတဲ့ဖက်ကိုအီးမေးပို့မယ်ဆိုရင်အဲဒီmessage ရဲ့ဘေးမှာ အနီရောင်သော့ခလောက်ပုံလေးကိုတွေ့ရပါမယ်။ဆိုလိုချင်တာကအဲဒီ အီးမေးကိုကြားဖြတ်အဖတ်ခံရနိုင်တယ်ဆိုတဲ့သဘောပါ။ဒီထက်တစ်ဆင့် မြှင့်ပြီး လုံခြုံရေးအခြေအနေကိုသတိပေးဖို့Google ကဆောင်ရွက်ထားတာ ကလည်းချီးကျူးစရာပါ။ဘယ်သူဘယ်ဝါမှန်းခွဲခြားလို့မရနိုင်တဲ့နေရာကနေ စာတစ်စောင်ရောက်လာမယ်ဆိုရင်Sender Profile Photo ဒါမှမဟုတ် Avatorနေရာဘေးမှာမေးခွန်းလက္ခဏာလေးလာပြပါမယ်။အဲဒီလိုမေးခွန်း လက္ခဏာအပြခံရတဲ့အီးမေးအားလုံးဟာအန္တရာယ်ရှိတယ်လို့မဆိုနိုင်ပေမယ့် ဒီလိုစာမျိုးကိုစာပြန်တဲ့အခါဒါမှမဟုတ်စာထဲကLink တစ်ခုခုကိုနှိပ်တဲ့အခါ သတိကြီးကြီးထားဖို့လုပ်ပေးထားတာပါလို့Google ကပြောပါတယ်။ အီးမေး များကိုပိုမိုလုံခြုံအောင်လုပ်ခြင်းဆိုတဲ့ဆောင်းပါးကိုအကျယ်တ၀င့်ဖတ်ချင်ရင် (gmailblog.blogspot.co.uk) မှာဖတ်နိုင်ပါတယ်။အီးမေးလုံခြုံမှုအတွက် နောက်ထပ်လုပ်နိုင်တာကPGP (Pretty Good Privacy) သုံးပြီးEncryption လုပ်တာဖြစ်ပါတယ်။အဲဒီအခမဲ့Windows tools ကိုGpg4 win လို့ခေါ်ပြီး (www.gpg4win.org) ကနေရနိုင်ပါတယ်။အီးမေးကိုဖတ်ခွင့်ရှိမယ့် သက်ဆိုင်သူကလွဲပြီးကျန်တဲ့လူတွေဖတ်ခွင့်မရအောင်တားဆီးပေးမယ့် စနစ်ဖြစ်ပါတယ်။
ဒီtool ကdigital key နှစ်ခုကိုဖန်တီးပေးပါတယ်။တစ်ခုကPrivate Key ဖြစ်ပြီး နောက်တစ်ခုကPublic key ဖြစ်ပါတယ်။Private Key ကကိုယ်နဲ့မကွာထား ရမှာဖြစ်ပြီးPublic Key ကိုတော့Share လုပ်နိုင်ပါတယ်။Public Key ကို အီးမေးကတစ်ဆင့်attach တွဲပြီးပို့နိုင်တယ်။ကိုယ်နဲ့သိတဲ့လူဆီလူမှုကွန်ရက် ကတစ်ဆင့်post တင်ပေးနိုင်တယ်။တခြားပို့ပြီးလုံခြုံတဲ့လမ်းကြောင်း တစ်ခု ခုကနေလည်းပို့နိုင်ပါတယ်။ကိုယ်နဲ့ဆက်သွယ်တဲ့လူဟာpublic key ကိုသုံးပြီး encrypt လုပ်နိုင်ပါမယ်။ဟိုဖက်ကလာတဲ့စာကိုကိုယ်ကprivate key သုံးပြီး decrypt ပြန်လုပ်နိုင်ပါတယ်။စာတင်encrypt လုပ်နိုင်တာမဟုတ်ဘဲ ဆက်သွယ်မှုလမ်းကြောင်းကိုလည်းencrypt လုပ်နိုင်တယ်။ဒီလိုကိစ္စ အတွက် Tails (tail.boum.org)ကိုသုံးနိုင်ပါတယ်။သူ့ကိုAmnesoac Incognito Live System လို့လည်းခေါ်တယ်။သူကlive linux OS ဖြစ်ပြီးဘယ်PCမဆိုboot တက်နိုင်ပါတယ်။boot တက်လာပြီးOS အလုပ်လုပ်နေပြီဆိုရင်သူ့ထဲကနေပြီး ဖိုင်တွေကိုencrypt လုပ်နိုင်တယ်။အီးမေးတွေ၊IM Chat တွေကိုလည်း encrypt လုပ်နိုင်ပါတယ်။အဲဒီOS ကိုset up လုပ်ရတာလွယ်ပါတယ်။ သူ့ အတွက်ညွှန်ကြားချက်အပြည့်အစုံကိုအပေါ်မှာပြောခဲ့တဲ့website မှာရယူနိုင် ပါတယ်။OS ကိုမကြာသေးခင်ကအဆင့်မြှင့်ထားပြီးသူ့ရဲ့စွမ်းဆောင်နိုင်ချက် တွေသုံးပုံသုံးနည်းတွေပိုလာပါတယ်။ အီးမေးတွေကိုအဝေးပို့တဲ့အခါစာအနေနဲ့မပို့ဘဲEncrypt attachment အနေနဲ့လည်းပို့နိုင်ပါတယ်။အီးမေးအတွက် အလုံခြုံဆုံးနည်းကစာကိုdocument တစ်ခုအနေနဲ့ရေး... (ဥပမာWord.doc လိုဟာမျိုး)... ပြီးရင်အဲဒီdocument ကိုencrypt လုပ်...ပြီးရင်အဲဒီdocument ကိုအန္တရာယ်မရှိတဲ့အီးမေးစနစ်တစ်ခုခုမှာattachment လုပ်ပြီးတွဲထည့်လွှတ် လိုက်...ဒါဆိုအန္တရာယ်ကင်းပြီ။ပြောတော့အလွယ်သား။လက်တွေ့မှာဒီလို လုပ်ဖို့အခမဲ့ရတဲ့tool နည်းနည်းပဲရှိပါတယ်။7-Zip(www.7-zip.org) ဟာအခမဲ့ရနိုင်တဲ့tool တစ်ခု ဖြစ်ပါတယ်။အကောင်းဆုံးtool ကVeracrypt (veracrypt.code plex.com) ဖြစ်ပါတယ်။အဲဒီApplication ကိုWindows, Linux, OSX တွေမှာသုံးလို့ရပါတယ်။ကိုယ့်ရဲ့ဖိုင်တွေကိုencrypt လုပ်ရာမှာ အံ့သြစရာကောင်းလောက်အောင်လွယ်ပါတယ်။Veracryptဟာအရင်က နာမည်ကြီးခဲ့တဲ့TrueCryptရဲ့မျိုးဆက်သစ်ဖြစ်ပါတယ်။
အီးမေးတွေရဲ့လုံခြုံရေးကိုစဉ်းစားရာမှာယာယီအီးမေးလိပ်စာတစ်ခုကိုသုံးတဲ့နည်းလမ်းလည်းပါပါတယ်။ တခြားကလာတဲ့အီးမေးတွေကိုကိုယ်ပုံမှန်သုံးနေကျemail account ထဲမလာစေချင်ရင်ယာယီအီးမေးလိပ်စာတစ်ခုကို Mailinator (www.mailinator.comကနေယူပြီးသုံးနိုင်ပါတယ်။ မဆိုင်တဲ့ လူတွေ သူတို့နဲ့ မဆိုင်တဲ့အီးမေးတွေအလွယ်တကူယူပြီးမဖတ်ရအောင် ကာကွယ်နိုင်ပါလိမ့်မယ်။Maili-natorနဲ့ချိတ်ထားတဲ့domain တွေရာချီပြီးရှိပါ တယ်။ အခမဲ့ဝန်ဆောင်မှုကိုယူပြီးသုံးတယ်ဆိုရင်ကြိုက်တဲ့domain တစ်ခု ခုကိုယူပြီးသုံးနိုင်ပါတယ်။ဒါထက်ပိုပြီးလုပ်ချင်ရင်ကိုယ့်ဘာသာဖန်တီးတဲ့ Prefix တစ်ခုထည့်ပြီးလိပ်စာအတုတစ်ခုကိုတောင်တစ်ဖက်လူ သံသယ မ၀င်စေဘဲဖန်တီးနိုင်ပါတယ်။ကိုယ့်ဆီဝင်လာတဲ့အီးမေးတွေကိုအဲဒီsite ပေါ်ကနေစစ်နိုင်ပါတယ်။ကိုယ်က ပို့ပို့၊ကိုယ့်ဆီဝင်ဝင်အဲဒီအီးမေးတွေကိုနည်းနည်းကြာတာနဲ့ဖျက်ပစ်လိုက်ပါတယ်။လုံခြုံရေးပိုပြီးကောင်းစေ ဖို့ ဖြစ်ပါတယ်။
Webmailအနေနဲ့ပို့တဲ့အီးမေးတွေကိုPGP နဲ့encrypt လုပ်တာကလုံခြုံတယ် လို့ ရှေ့မှာပြောခဲ့ပါတယ်။ဒါပေမယ့်သူကသုံးစမရှိရင်နည်းနည်းခက်ပါတယ်။ သူ့ထက်လွယ်တာသုံးချင်ရင်Mailvelope (www.mailvelope.com) ကို သုံးနိုင် ပါတယ်။အခမဲ့သုံးနိုင်တဲ့open source tool တစ်ခုဖြစ်ပါတယ်။Webmail တွေဖြစ်တဲ့Gmail, Yahoo Mail, Out Look.com တွေနဲ့တွဲဖက်ပြီးအဆင်ပြေ ပြေသုံးနိုင်ပါတယ်။Chrome နဲ့Firefox browser တွေရဲ့Extension အနေနဲ့ လည်းရနိုင်ပါတယ်။

နောင်စိုး(ထားဝယ်)
Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com

Read More ...

5/07/2016

♪ ကိုယ့် Gmail အကောင့် password ကို တခြားလူသိသွားရင်တောင်၊ ယူမသုံးနိုင်စေဖို့ 2-step verification ဘယ်လိုခံမလဲ ♫


မကြာသေးခင်က ထွက်လာတဲ့သတင်းတစ်ပုဒ်မှာ၊ ရုရှားဟက်ကာတစ်ယောက်ဟာ Gmail အပါအ၀င် အီးမေးလ်အကောင့်ပေါင်း ၂၇၃ သန်းလောက်ကို ခိုးယူသွားတယ်လို့ သိရပါတယ်။ ဒီထဲမှာ ကိုယ့် Gmail လည်း မပါနေနိုင်ဘူးလို့ ပြောလို့မရဘူးနော်။
ကိုယ့် Gmail အကောင့်ဆိုတာ အီးမေးလ်တစ်ခုတည်းအတွက်သုံးတာမဟုတ်ဘဲ၊ Google ရဲ့ တခြားဝန်ဆောင်မှုတွေဖြစ်တဲ့ Google Play Games ၊ Play Store ၊ Google Earth စတာတွေအပြင်၊ Facebook အကောင့်ဖွင့်တာတွေပါ သုံးထားတာဖြစ်တာကြောင့် အကောင့်တစ်ခုပါသွားရင် တော်တော်ဒုက္ခရောက်ရမှာပါ။ ဒါပေမယ့် သိပ်မပူပါနဲ့၊ Google ဟာ ဒီလိုအန္တရာယ်မျိုးတွေအတွက် Gmail မှာ 2-step verification ပေးထားပါတယ်။
2-step verification ဆိုတာ လွယ်လွယ်ပြောရရင်၊ ကိုယ်က ဒီအကောင့်ကို တကယ်သုံးသူဖြစ်ကြောင်း၊ သက်သေအထောက်အထား ၂ ခါ ပြရတာပါ။ ပထမအထောက်အထားက ကိုယ့်အကောင့် password ဖြစ်ပြီး၊ ဒုတိယအထောက်အထားကတော့ ကိုယ့်ဖုန်းဆီ Google က လှမ်းပို့ပေးတဲ့ကုဒ်ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်၊ မသမာသူတစ်ယောက်က ကိုယ့် Gmail password ရသွားရင်တောင်၊ ၀င်လို့ရမှာမဟုတ်ဘဲ၊ ပိုင်ရှင်ဖုန်းထဲ ၀င်လာတဲ့ကုဒ်တစ်ခု ထပ်လိုမှာပါ။

ဒါဆို ဒီလို အကောင့်ပိုမိုလုံခြုံမှုရှိတဲ့ two-steps verifaction ဘယ်လိုခံမလဲ။

  • ပထမဦးဆုံး၊ ဘရောက်ဆာထဲဝင်ပြီး၊ g.co/2sv ဆိုတာကို address bar မှာ ရိုက်ထည့်လိုက်ပါ။
auth-1
  • ကိုယ့် gmail အကောင့်နဲ့ password ကို ရိုက်ပြီး၊ Sign In ၀င်ပါ
  • Get Started ဆိုတာကို ရွေးလိုက်ပါ။
1
  • Gmail password နောက်တစ်ကြိမ် ပြန်ရိုက်ပေးပါ။
  • အခုဆိုရင် 2-step verification စာမျက်နှာထဲရောက်သွားပါပြီ။ ကိုယ့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပေးပါ။
  • အောက်မှာ Google က ပို့ပေးတဲ့ကုဒ်ကို ဖုန်းထဲ SMS နဲ့ ယူမလား၊ ဖုန်း call နဲ့ ယူမလား ရွေးပေးလိုက်ပါ။ SMS နဲ့က ပိုအချိန်မြန်ပြီး၊ ပိုလွယ်ပါတယ်။ ပြီးရင် TRY IT ကို နှိပ်လိုက်ပါ။
auth-6
  • ဒီအဆင့်တွေပြီးရင်၊ သင့်ဖုန်းထဲကို Google ကနေ ကုဒ်တစ်ခု ပို့ပေးပါလိမ့်မယ်။ အဆိုပါ ကုဒ်ကို ရိုက်ထည့်ပြီး Confirm အတည်ပြုပေးပါ။
  • နောက်တစ်ဆင့်မှာ Turn On ဆိုတာကို ကလစ်ထပ်နှိပ်လိုက်ပါ။
  • ဒါဆိုရင် သင့် Gmail အကောင့်မှာ လုံခြုံရေး ၂ ဆင့် အုပ်ပြီးသွားပါပြီ။ အခုကစပြီး သင့် Gmail ကို ၀င်မယ်ဆိုရင် password အပြင်၊ Google က ဖုန်းထဲပို့ပေးတဲ့ ကုဒ်ကိုပါ ထည့်ရိုက်ရပါမယ်။
  • ယခုစာမျက်နှာမှာတော့ အကယ်၍ သင်အခုဖုန်းနံပါတ်ပေးထားတဲ့ဖုန်းပျောက်သွားရင်၊ တခြားဖုန်းတစ်လုံးနဲ့ ကုဒ်ယူနိုင်ဖို့ လုပ်ထားနိုင်ပါတယ်။ Backup phone ဆိုတဲ့အောက်က၊ ADD PHONE ဆိုတာကို နှိပ်ပြီး၊ ကိုယ့်မိဘ၊ဆွေမျိုးတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို ပေးထားနိုင်ပါတယ်။
2
ဒီလို ဖုန်းကနေ SMS မယူချင်ဘူးဆိုရင်၊ Android ဖုန်းထဲကနေလည်း Google Authenticator အက်ပလီကေးရှင်းရှိရုံနဲ့ လုပ်နိုင်ပါတယ်။
  • ပထမဦးဆုံး ကွန်ပြူတာကနေ ဒီလင့်ခ်ကို ကလစ်လိုက်ပါ။
  • အောက်နားက Switch to App ဆိုတာကို နှိပ်လိုက်ပါ။
  • ပြီးရင် Android ကို ရွေးပေးပါ။
auth-9
  • Continue ကို ထပ်နှိပ်လိုက်ရင်၊ ကွန်ပြူတာမှာ ဘားကုဒ်တစ်ခု ပေါ်လာပါလိမ့်မယ်။ မပိတ်ဘဲ ဒီတိုင်း ထားထားပါ။
  • ကိုယ့် Android ဖုန်းထဲကနေ Play Store ကို သွားပြီး၊ Google Authenticator အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ဆွဲပါ။
auth-12
  • ဖုန်းထဲမှာ Install လုပ်ပြီးရင်၊ app ကို ဖွင့်လိုက်ပါ။
  • App ထဲကနေ Begin Setup ဆိုတာကို နှိပ်လိုက်ပါ။
  • ပြီးရင် Scan a barcode ဆိုတာကို ရွေးပေးပါ။
  • ကင်မရာပွင့်လာရင်၊ ကိုယ့်ကွန်ပြူတာစခရင်ပေါ်က ဘားကုဒ်ကို စကင်ဖတ်လိုက်ပါ။
  • ဖုန်း app ထဲမှာ ကုဒ်တစ်ခုပေါ်လာပါလိမ့်မယ်။
  • အခုကစပြီး၊ သင့် Gmail ကို ၀င်ချင်တဲ့အခါ၊ password ရိုက်ပြီးရင် ဖုန်းက SMS ပို့တာ စောင့်စရာမလိုတော့ဘဲ၊ ဖုန်းထဲက Google Authenticator အက်ပလီကေးရှင်းထဲဝင်ပြီး ကုဒ်ယူနိုင်ပါတယ်။ ဒီကုဒ်ဟာ စက္ကန့် ၃၀ တခါပြောင်းနေတာဖြစ်လို့၊ အလွတ်ကျက်ထားစရာ မလိုပါဘူး။ နောက်တစ်ခါ ၀င်လိုက်ရင် ကုဒ်တစ်ခုပြောင်းသွားမှာပါ။
အထက်ပါ နည်းလမ်းတွေအတိုင်း သင့် Gmail အကောင့်ကို 2-step verification ခံပြီး၊ လုံခြုံမှု ပိုမြှင့်တင်နိုင်ပါတယ်။

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com
Read More ...

12/04/2015

♪ သင်သည် Gmail Account တစ်ခုကို Hacking လုပ်ဖို့ လွယ်ပါ့မလား ? Gmail Hacking is 100% Work or Not ? ♫


Gmail passwords are 100% safe or not?
 
 
Gmail နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ယုံတမ်းပုံပြင်တွေကော...တကယ့် အဖြစ်အပျက်တွေကောအမျိုးမျိုး မှန်သမျှကျွန်တော် ကြားဘူးပါတယ်....။Gmail နဲ့ ပတ်သက်ပြီတော့ ဘယ်လိုလုံခြုံအောင်ကာကွယ်ရမလဲ ဘယ်လိုများ Attacking လုပ်ရမလဲတွေကော အမျိုးမျိုးပါပဲ........။
 

Gmail နဲ့ ပတ်သက်ပြီတော့ ဘယ်လိုလုံခြုံအောင်ကာကွယ်ရမလဲ ဆိုတဲ့ ပို့စ်တွေကိုအများကြီးဖတ်ဘူးပါတယ်...
 

သူတို့သိသလောက်ရေးထားပေမယ့်လိုအပ်ချက်တွေအများကြီးရှိသလို တစ်ချို့ ပိုစ့်တွေလဲ တော်တော်ပြည့်စုံပါတယ်.......။ဒါပေမယ့် သင့် Gmail Password ကကော 100% လုံခြုံရဲ့လား လုံခြုံအောင်ဘာတွေကိုလုပ်ဆောင်ရမလဲ.........။Hacker တွေကသင့် Gmail password ကို ဘယ်လို တိုက်ခိုက်တတ်သလဲ ........ဒါတွေကိုကော သင်လေ့လာဘူးပါလား........။
 
 
 Gmail Hacking is 100% work or not?
 
 
သင်သည် Gmail Account တစ်ခုကို hacking လုပ်ဖို့ လွယ်ပါ့မလား......Gamil account name တစ်ခုရ
ရုံနဲ့ အဲဒီ Gmail ကိုတိုက်ခိုက်လို့ရမလား.....လို့တွေးဘူးပါသလား။ တခြား နည်းတွေ phishing စတဲ့ နည်း တွေကကော အသုံးဝင်ပါသလား.......။
 
ကျွန်တော်ကတော့ကျွန်တော့် အတွေ့ အကြုံအရ online ပေါ်မှာ gmail hacking tutorial တွေကော gmail hacking tools တွေကောအများကြီးတွေ့ဘူးပါတယ်...။တစ်ချို့ဟာတွေအဆင်ပြေသလိုလိမ်ညာမှုတွေအများကြီးကြုံ ဘူးခဲ့ပါတယ်.........။တချို့ tool တွေဆိုရင် account နာမည်သိရုံနဲ့ တိုက်ခိုက်နိုင်တယ်လို့ ရေးသားထားကြ ပါတယ်.....။အဲဒါတွေကော တကယ်ဖြစ်နိုင်ပါသလားး........။

 
Theory:

Gmail သည် 100% လုံခြုံသော online base mail ဆားဗစ်ဖြစ်ပါသည်။...ဟုတ်တယ်လေဒါလောက်မှ မလုံခြုံဘူးဆို google နာမည်ပျက်ရုံ ရှိမှာပေါ့။ဒါဆိုရင်ကော ဘာလို့ Gmail.Gtalk အကောင့်တွေ Hack ခံရသလဲ မေးကြပါလိမ့်မယ်........။ခိုးခံရတယ် ဆိုတာ သင်တို့ရဲ့ Low level အတွေ့အကြုံ၊ အသိညဏ် ၊
အတွေးအခေါ် တို့ဖြစ်ကြပါတယ်.....။ 
 
 
တစ်ခါတစ် internet ဆိုင်တွေမှဆိုရင် ဇော်ဂျီ ဖောင့်နဲ့ password ရိုက်နေပြီး အကောင့်ခိုးခံရတယ်လို့ ထထအော်တာခဏတိုင်းကြုံ ဘူးပါတယ်.....။အဲ လက်စသပ်ပြောရရင် တော့ Gmail အကောင့်သည် ၁၀၀% လုံခြုံပါသည် ၁၀၀%လည်း Hacking လုပ်နိုင် ပါသည်......သင်အသုံးအကျရင်ပေါ့.....။
 
 
သင်နည်းနည်းအတွေ့ကြုံနည်းတယ်ဆိုရင် အောက်ကဆောင်းပါတွေ ကိုဆက်လက်ဖတ်ရှုနိုင်ပါသည်.....။Gmail အကောင့်ပါသွားသူများလဲ အတွေအကြုံ ကောင်းတွေရရန် ဆက်ဖတ်နိုင်ပါသည်.......။Gmail အကောင့်ပါသွားသူများ ဒီပိုစ့်ကို အဆုံးထိဖတ်ပြီး သင်တို့ဘယ်လောက် မှာခဲ့ကြသလဲ ဆိုတာ သင့်တို့ကိုသင်တို့ ပြန်သုံးသပ်နိုင်ပါသည်........။
 

========================================================
 

Methods of Gmail hacking
 
 
========================================================
 

Password Crack;
 
ဒီ Method အတိုက်ခံရသူများ သည်...password ရွေချယ်မှုညံ့သောကြောင့်ဖြစ်ပါသည်.....။ဒီ Method တွင်အောက်ပါ အတိုင်းခွဲခြားလေ့လာနိုင်ပါသည်......။
 

======================================================== 
 
 
 
(1) Dictionary Attack
 

 
ရှင်းပါတယ် password တွေကို Dictionary အတိုင်းတိုက်စစ်တာပါ။ Dictionaryထဲမှပါတဲ့ စကားစုတွေကို
သင်အသုံးပြုမယ်ဆိုရင် သင်သည် တကယ့်အညံ့ဆုံး password ရွေးချယ်မှုဖြစ်ပါတယ်..ဥပမာ "vampire"
တို့လိုစကာလုံးမျိုးကိုအသုံးပြုသူတွေဆိုပါတော့..။တအားကိုညံ့လွန်းပါတယ်....။ခဏလေးနဲ့ passwords cracking လုပ်နိုင်ကြပါတယ်..........။
 

=========================================================
 

(2) Number Crack




 
ဒီနည်းက ကန့်သက်ချက်ရှိပါတယ်..။ဥပမာ သင့်သားကောင်ရဲ့ account password က နံပါတ်တွေနဲ့သာပေးထားရင်တော့ .သင့်အတွက်ရွှေပါပဲ......။account password တွေက နံပါတ်တွေဖြစ် ပြီး 4 လုံးကနေ 8 လုံးအတွင်းဖြစ်ပါက အရမ်းကိုလွယ်ကူသော password ဖြစ်ပါတယ်....။
အရမ်းလဲအားနည်းပါတယ်.........။ဒါကြောင့် password တွေကို နံပါတ်တွေကြီးမထားသင့်ပါဘူး.....။အရမ်း အရမ်းကို အားနည်းပါတယ်.......။

========================================================

 
Brute-force cracking
 

 
 
Password cracking method ထဲမှာလူသုံးအများဆုံးနဲ့ ကျွန်တော်စိတ်မရှည်ဆုံးဖြစ်ပါတယ်....။
 
အကောင်း ဆုံးပေမယ့် ဒီနည်းက password တွေကို တစ်ကြောင်းခြင်း တိုက်စစ်တာဖြစ်လို့ အချိန်ပေးရသလို dictionary words တွေနဲ့ Number တွေပေါင်းထားတဲ့ password တွေကို အသာလေး cracking လုပ် နိုင် ပါတယ်.....။
 
 ဥပမာ vampire2006 လိုဟာမျိုးပေါ့...။ဒီ Method လိုအပ်သလဲလိုရင် Word list တွေနဲ့ brute-force cracking tool လိုအပ်ပါတယ်.....။ဒီနေရာမှာ Word list ဆိုတာကိုရှင်းပြမှရ မှာပါ......။
 

*Word list*
 
 
Word list ဆိုတာ ကျွန်တော်တို့ password ကိုတစ်ကြောင်းခြင်းတိုက် စစ်ဖို့ စာလုံးတွေကိုစုစောင်းထားတဲ့ ဖိုင်လေးပါ....။ .txt ဖိုင်လေးဖြစ်ပါတယ်......။ကျွန်တော့်ဆီမှာ 1.5million word list တွေရှိပါတယ်...။အဲဒါ ကို ဒီမှာသွားဖတ်နိုင်ပါတယ်.......။
 
 

======================================================= 
 
 
brute-force cracking နဲ့ပတ်သက်ပြီသိချင်သေးတယ်ဆိုရင်လဲ ဒီမှာ သွားဖတ်နိုင်သေးပါတယ်...။ tool တွေကောရှိပါတယ်.....လိုချင်ယူသွားနိုင်ပါတယ်.......။
 
 

======================================================= 
 
ဘယ်လိုကာကွယ်ရမလဲ
 
 
အားကောင်းသော password ဖြစ်ရန် မှတ်ရခတ်လောက်အောင်.....အရှည်ကြီးလဲမလိုပါ...အနည်းဆုံး 8 လုံးထားသင့်ပါတယ်......။upper case တွေ၊ စာလုံးအကြီးတွေ ၊ နံပါတ်တွေ သာမန်စကာလုံးတွေကို ရော
ညှပ်သုံးပါ.......။ဥပမာ Mm@ttAck3& ဆိုတဲ့ပုံစံမျိုးပေါ့ ......။ဒီလိုမျိုးဆိုရင် ဘယ် Brute Force attack မှ မတိုက်နိုင်ပါဘူး......တိုက်လဲ အိုသေတော့မှရပါလိမ့်မယ်.......။ဟုတ်တယ်လေ တစ်လုံးချင်း တစ်ကြောင်း ချင်းတိုက်စစ် တာပဲ ဒါမျိုးစကားစုဆိုတာ အတော်ရှား ပါတယ်....။wrod list ကို ဘီလီယံ ချီပြီးတော့ရှိမှ အဆင်ပြေပါလိမ့်မယ်....။ပိုပြီလုံချင်ရင် password ကိုတစ်ပတ်တစ်ခါမပြောင်းနိုင်တောင်မှ တစ်လတစ်ခါ ပြောင်းသုံးသင့်ပါတယ်........။
 
သင့် password ကဘယ်လောက်လုံချုံသလဲဆိုတာ..ဆိုက်လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်။အောက်ကလင့်ကိုသွားလိုက်ပါ။
 

 
အလကား၊အခမဲ့အသုံးပြုခွင့်ပေးထားတာပါ။
အောက်မှာကျွန်တော်စမ်းသပ်ထားတာပါ။ 100% ရအောင်လုပ်ပါ။သူကဘာတွေလိုအပ်သလဲဆိုတာပါ
ဝေဖန်ပေးပါလိမ့်မယ်။
 


 
 
For Attacker : အားနည်းတဲ့ password ဆိုရင် 80% လောက် Attack ပြုလုပ်နိုင်ပါတယ်။
For User : အားနည်းတဲ့ password ဆိုရင် သေခြာပေါက် crack ခံရမှဖြစ်ပါတယ်.....။
 နောက် Method တစ်ခုပြောင်းကြည့်ရအောင်....။
 

========================================================
 
Phishing Method
 
 

 
 
Phishing ဆိုတာ web စာမျက်နှာအတုဖြစ်ပါတယ်...Gmail စာမျက်နှာဆိုရင် လဲ တကယ့် Gmail စာမျက် နှာနဲ့ ပုံစံတူဖြစ်ပြီး.....ကိုယ်က Gmail အစစ်ထင်ကာဝင်ရောက်လိုက်သူတွေအတွက် user name တွေ password တွေ ကို attacker ရဲ့ hosting base ကိုရောက်ရှိသွားတာပါ...။
 
 
များသောအာဖြင့်
Phishing မှာ ဖိုင်သုံးဖိုင်ပါဝင်ပြီး ပုံစံတူ စာမျက်နှာအတုဖိုင် (html ဖိုင်)၊ ပြီးရင် user name တွေ password တွေလက်ခံဖို့ (txt) ဖိုင်တစ်ခု၊ အဲဒီလို user name တွေ password တွေ (txt) ဖိုင်ထဲေ၇ာက် ဖို့လို့ ညွန်ကြားမယ့်....web base programing ဖိုင်ဖြစ်တဲ့ (php) ဖိုင်တစ်ခု အားလုံးပေါင်း (၃)ခုပါဝင်ပါတယ်။ကျွန်တော်တစ်ခါက ကိုယ့်နိုင်ငံ က social network ဆိုဒ် တစ်ခုမှာ Phishing အကြောင်းရေးဘူးပါတယ်..။ ဘယ်လိုအပြောခံရသလဲ ဆိုရင် phishing ဆိုတာကလေးကလား နည်းတစ်ခုပဲတဲ့ .....ပြောချက်ကရင်နင့် စရာပါ....။
 
 
ကျွန်တော်လဲ စောက်မြင်ကတ်ကတ် နဲ့ php source ကိုချပြပြီပေါ့ သူ့ကို ကလေးကလားဆိုရင် ဒါလေးကို ရှင်းပြပေးပါလားလို့ ပြောတော့ အဲဒီငနာက အတီးအတ ဖြစ်သွားတယ်......။ဟုတ်တယ်လေ သူတို့သိတဲ့ phishing ဆိုတာဖိုင်တွေကို ဒေါင်လုပ်ချ ပြီး
ရင် Hosting ပေါ်တင်ပြီသုံးကြမယ်ပေါ့....ဒါပါပဲ...ဘယ်လိုလုပ်ဆောင်သလဲလိုဆိုသိတဲ့သူရှားပါတယ်.....။
Phishing က ကလေးကလားဆိုရင် Paypal စာမျက်နှာလေးကိုပဲတူအောင်လုပ်ကြည့်။phising ဆိုတာ ကလေးကလားဆိုပြီး တချို့ ကပြောချင်ကြတယ်.. အမှန်တကယ် သူလည်းသူ့ ပညာနဲ့ သူပါပဲ ... တချို့ ဆို gmail, facebook တင်မကဘူးး ... paypal, visa, libertyreserve စတဲ့ online money transfer နဲ့ ပတ်သက်နေတဲ့ ဆိုကဒ်အတုတွေတောင် လုပ်ကြပါတယ်.. 
 
 
တချို့ ကလည်အးလွယ်ပြောတယ်.. phising ဆိုတာလွယ်ပါတယ်တဲ့ index page မှာ source code ကို ဖွင့် link ပေးတဲ့နေရာမှာ နေရာလွဲပြီးတော့ ကိုယ့် hosting မှာ .txt ဖိုင်တခုနဲ့ သိမ်းလို့ ရရင်ပြီးရောပေါ့တဲ့ ... ကဲ .. အခု ... libertyreserve ဆိုက်ဒ်ကို လုပ်ကြည့်ပါ အဲ့လိုရရင် တစ်သန်းကြေးတောင် လောင်းလိုက်ချင်သေး ( နီကိုရဲ စတိုင်  ) liberty reserve မှာဆို ကိုယ့်အကောင့်ထဲရောက်ဖို့  pincode ပါဖြည့်ရပါတယ် ... login page ပြီး၇င် pincode page ရောက်သွားပါရောလား .. ဒါတောင် သူတို့ က keylogger ရန်ကို ကာကွယ်တဲ့ အနေနဲ့  pincode ကို OSK ( on screen keyboard ) လိုမျိုး click ထောက်ပြီးဖြည့်ခိုငိးတာပါ... 
 
 
ကဲ ခင်ဗျား လွယ်ပါတယ်လို့ ပြောတဲ့ phising အခုဘယ်လိုလုပ်မလဲ............။ကမ္ဘာပေါ်မှာ Bank အကောင့်တွေ တခြား online shopping ကောင့်တွေအများဆုံးအခိုးခံရတာ ဒီ Phishing နည်း ခုက္ခပေးတာပါပဲ.....။
ကျွန်တော်ရေးသာထားတဲ့ Phishing နဲ့ပတ်သက်တဲ့ပိုစ်တွေကို ဖတ်ချင်သေးရင်ဒီလင့်လေးက သွားဖတ်လိုက်ပါ........။
 
 

========================================================
 
ဘယ်လိုကာကွယ်ရမလဲ
 
Gmail phishing page ကို online ပေါ်မှာနဲ့ local network area မှာကော အသုံးပြုကြပါတယ်....။
local network area or internet cafe တွေမှာဆိုရင် Browser(ဥပမာ mozilla firefox) တွေရဲ့Home
page မှာ Gmail phishing page ကိုတင်ထားခဲ့ကြပါတယ်....။online ပေါ်မှာကတော့ social Engineering ကို အသုံးပြုရတာဖြစ်ပြီး .ဥပမာသင့်မေးထဲကို " မင်းအကောင့်ကိုငါဟက်ပြီးပြီ မယုံရင် ပြန် ကြည့်ဆိုပြီး "သူ့ Gmail phishing page ကိုလင့်ပေးတာမျိုးပေါ့...။တစ်ခါတစ်ရံ နာမည်ကြီးတဲ့ "social network ဆိုက်တွေမှာ gmail ကနေ ဆက်သွယ် ချင်ရင်" ဆိုပြီးတော့သူ့ Gmail phishing pageကို လင့် ပေးထားတတ်ကြပါတယ်....။
 

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါပဲလုပ်လုပ် Gmail phishing page address က ဘယ်လိုမှ http://mail.google.com မဖြစ်နိုင်ပါဘူး ။ mail.google.comဆိုတဲ့ Domain Name ဘယ်လိုမှ အတုလုပ် လို့ မရပါ......။ဆင်တူတာတွေတော့လုပ်လိုရပါတယ်....။ဥပမာ  mialgoogle.co တို့ဘာတို့ပေါ့...။
 
တစ်ခါ
တစ်လေ ဗရုတ်သုတ်ခ domain တွေတောင်ရှိသေးတယ်..../ ဥပမာ ။     ။jellket.36nnet.com ဆိုတာမျိုး တွေပေါ့.......။တစ်ခါတစ်လေ google url shorter ကိုသုံးပြီး လင့်ကို ပုံပြောင်းထားတတ်ကြပါ
တယ်........။
 

ဘယ်လိုပဲဖြစ်ဖြစ် Gmail သုံးမယ်ဆိုရင် address ဘားကို အရင်ကြည့်ပါ.....။ Gmail address မဟုတ်ရင်
မ၀င်ပါနဲ့.....။ သေချာအောင် Gmail သုံးမယ်ဆိုရင် mail.google.com ဆိုပြီးကိုယ်တိုင် ရိုက်ပြီး အသုံးပြု ပါ.....။သူများပေးသောလင့်များ...ကိုယ်ထိုင်သောစက်မှာအော်တို ပေါ်လာသော Gmail page များကိုသေချာ address bar ကိုသေခြာ ကြည့်ရှုလေ့လာပြီမှာသုံးပါ...။
 

========================================================
 

For Attacker : မိမိ  Phishing Page ကို မိမိသားကောင်အနေနှင့်သေခြာပေါက် အသုံးပြုခဲ့လျှင် 100% အကျိုးပြုပါသည်...။အာနည်းချက်မှာ URL ကိုကြည့်ရုံနဲ့ အရမ်းသိသာပါသည်......။
For User :  internet အသုံးပြုတဲ့ အခါမှာ Gmail မှာမဟုတ်ပါဘူး ../ မိမိ အသုံးပြုသောဆိုက်မှန် သမျှကို
ဆိုက် Address အမြဲ တမ်းစစ်ပါ.....။ဒါလေးမှ စစ်ဖိုမေ့နေလျှင် အကောင့်ပါသွားတာသင့်ပြစ် 100% ပါဝင်ပါသည်......။ဒီ Method ကိုကာကွယ်ရန် အနည်းငယ်မျှသော အတွေ့အကြုံ သာလိုပါသည်...။
နောက်တစ်ခုဆက်သွားရအောင်....
 

========================================================

Using Tools
 
========================================================
(1) Keylogger
 
Keylogger ဆိုတာဟာ Keyboard မှရိုက်သော password များ...စကာလုံးများ မှတ်သာပေးသော tool ဖြစ်ပါသည်...။တစ်ချို့ ဆိုလျှင် မိမိဝင်ကြည့်သော web page များအပြင် မိမိ အသုံးပြုနေစဉ် screen shots ပါရိုက်ပေးထားတတ်ပါသည်...။နောက်ပြီး တစ်ချို့ဆိုလျှင်.....မိနစ် အပိုင်းအခြားအလိုက် Attacker တွေဆီကို report ပြန်ပေးတတ်ကြပါသေးသည်......။
 

========================================================
 

ဘယ်လိုကာကွယ်မလဲ
 
Deepfreeze လိုဆော့ဝဲမျိုးကို အသုံးပြုပါ....။အသုံးပြုပြီ စက်ပိတ်လိုက်လျှင် keylogger မှမှတ်ထားသမျှ ပျောက်ကုန်မည်.....။နောက်ပြီး window os တွင်ပါဝင်သော screen keyboard ကိုသုံးပါ..။manual keyboard  မဟုတ်သောကြောင့် မိမိ password များကိုမှတ်သာနိုင်မည်မဟုတ်ပါ...။
screen keyboard အသုံးပြုရန်  start>>Accessories>>Accessibility>>On-screen keyboard လို့
သွားပြီးအသုံးပြုပါ.....။ Intetnet cafe များတွင် ပိုပြီးသတိထားပါ......။
 

========================================================
 

(2)မိမိအမှားများ
 
တစ်ခါတစ်လေမိမိ အမှာများကြောင့် password များကျန်နေခဲ့တတ်ကြပါသည်..။တစ်ချို့ကလည်းသေချာ ကျန်အောင်လုပ်ထားတတ်ကြပါသည်.....။ထိုကဲ့သိုကျန်နေခဲ့လျှင် ...... password အမဲလုံးလေးများကို password viewer များအသုံးပြုပြီးတော့ စကာလုံးများ အဖြစ် ဖေါ်ယူကြည့်ရှုနိုင်ပါတယ်.......။အောက်က
လင့်ကနေ အသေးစိတ်ဆက်လက်ဖတ်ရှုနိုင်ပါသည်.........။
 

========================================================


ဘယ်လိုကာကွယ်မလဲ
 
Gtalk ပဲသုံးသုံး Gmail ကိုပဲ သုံးသုံး remember password ဆိုတာလေးကို အမှန်ချစ်ဖြုတ်ပါ....။
internet cafe တွေမှာဆိုရင် deepfreeze ရှိမှသုံးပါ အသုံးပြုပြီး စက်ကိုပြန်ပိတ်ခဲ့ပါ....။Browser ကိုသုံးပြီး
ရင် Tools>>Clear Recent History>>Time range to clear ကို Everthing ပြောင်းပြီး အမှန်ချစ် အကုန်ထည့်ပြီး clear now ကိုကလစ်ပြီး သင့်၏ခြေရာလက်ရာတွေကိုအကုန်ရှင်းခဲ့ပါ.......။
 

========================================================
မှတ်ချက်။        ။တခြား hacking tools တွေအများကြီးရှိပါတယ်....။အချိန်မရလိုဒီလောက်ပါပဲ..။ဒါဆိုရင်ကို
တော်တော်လုံလောက်ပါတယ်........။ 
 
 
========================================================
For Attacker :Keylogger လို Tools တွေသုံးပြီးလုပ် တာဆိုတာခပ်ညံ့ညံ့Attacker တွေလုပ် တာဖြစ်ပါတယ်...။အားမပေးချင်ပါဘူး....။သားကောင်းရဲ့ စက်မှာ Deepfreeze လိုဆော့ဝဲကောင်းတွေတင်
ထားရင်ဘာမှာလုပ်မရပါ.....။
For user : အတွေ့ အကြုံ အပြင် ဗဟုသုတ အနည်းငယ်လိုသလို စာများများဖတ်ဖို့လိုပါတယ်.....။
နောက်ဆုံးကိုဆက်ကြည့်လိုက်ရအောင်.....။ 
 
 
========================================================
 
Social Enginnering



 
အယုံသွင်းတာပါ.....။computer အတွေ့အကြုံ အခေါ်အဝေါ် အနည်းငယ်မျှသိရုံမျှဖြင့် လူတစ်ယောက်ကို အယုံသွင်းပြီ လိမ်လည်လှည့်စားခြင်းဖြစ်ပါတယ်.....။လူဆိုတာ အင်မတန်ကို အသိခေါက်ခက် အ၀င်နက်ပါ တယ်.....။ဥပမာဝါသနာတူ ။အကြိုက်တူတဲ့ပုံစံမျိုးနဲ့ အေ၇ာ ၀င်ပြီး နှိက် သွားကြတာပါ...။
 
လူဆိုတာ အယုံ လွယ်ဆုံး သတ္တ၀ါမဟုတ်လား........။Social Enginnering ကကျယ်ပြန့်ပါတယ် ကျွန်တော်ပြောသလောက်
မက အများကြီးအသုံးပြုနိုင်ပါတယ်......။
 
 
ကျွန်တော်တစ်ခါကြုံဘူးပါတယ်......။ ဈေးဝယ်တဲ့ ဆိုက်တစ်ခုထဲ ကျွန်တော်သွားတယ်ဗျာ(မမှတ်မိတော့်ပါဘူး)...အဲဒီမှာ ၀င်ကြည့်သူလူဦးရေ 10000 ပြည့်လိုဆိုပြီးဒေါ်လာ 10000 သင်ဆုရတယ်ဆိုပြီးပေါ်လာတာ......လူကိုဖလန်းဖလန်းထသွားတာပဲ.....။နောက်ပြီး paypal ဆိုက်ကိုညွန်ထားတယ်...။သင့် paypal အကောင့်ထဲကို လွဲပေးမယ်ပေါ့.။ကျွန်တော်ကအဲဒီအချိန်တုန်းက online စသုံးတတ်ခါစ ဈေးဝယ်တဲ့ ဆိုက်ထဲဝင်တာဆိုတာလဲ မိုဘိုင်းတွေ လိုက်ရှာကြည့်တာ.......။
 
 
လားလား paypal ဆိုက်အတုကိုညွန်းထားတာဗျ.....။တော်သေးတာပေါ့ ကျွန်တော်ကဒီနိုင်ငံကဆိုတော့ paypal နှင့် ဘာမှ ဆိုင်ဘူးရယ်......အဲဒါကြောင့် ဟီး.....။လူ့လောဘကိုအသုံးချပြီး အယုံသွင်းသွားတာလေ......။
ဘယ်လိုကာကွယ်ရမလဲဆိုတာကတော့ သင့် password ကိုသင်ကိုယ်တိုင်အသုံးပြုပါ....။ဘယ်သူ့ကိုမှ ပေး
မသုံးပါနဲ့.....။
 
  online ပေါ်မှာ ဘာမှမယုံပဲ သေခြာ ညဏ်သုံးတာအကောင်းသုံးပါပဲ လိုပြောရင်းးးးးးးး
ကျွန်တော်ဆက်မရေးနိုင်တော့လို့ တော်ပြီလို့ပဲပြောချင်ပါတယ်.......။
ဒီစာကိုဖတ်တဲ့သူတိုင်း နုံ၊အ ခြင်းမှာကင်းနိုင်ကြပါစေလို့..........။

 

Ref - shwekoyantaw
 
 


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...

7/24/2015

♪ Google Inbox က သင့်ကိုယ်သင် အီးမေးပေးပို့မှုကို သိရှိလျှင် Reminder ပြုလုပ်ရန် အကြံပေးနိုင် ♫

4

အင်တာနက်တွင် ဆောင်းပါးတစ်ခုကို နောက်မှ ဖတ်ရန် သိမ်းဆည်းနိုင်သည့် နည်းလမ်းတစ်ခုက မိမိထံသို့ မိမိကိုယ်တိုင် အီးမေး ပေးပို့ခြင်း ဖြစ်ပါသည်။ ထို့အပြင် လုပ်ရန်ရှိသော အလုပ်များ၊ ဖိုင်များနှင့် အခြား မှတ်သားစရာများကို သိမ်းဆည်းရန် မိမိထံသို့ မိမိကိုယ်တိုင် အီးမေးပေးပို့နိုင်ပါသည်။

Google ၏ Email App တစ်ခုဖြစ်သော Inbox တွင် Reminder ပြုလုပ်နိုင်သော စွမ်းဆောင်ချက် ပါရှိသည့်အတွက် Gmail ထက်ပိုကောင်းသော အားသာချက်တစ်ခု ဖြစ်ပါသည်။ Inbox ကို အသုံးပြုလျှင် မှတ်သားစရာများကို မိမိထံ မိမိ အီးမေးပို့ရန် မလိုဘဲ Reminder ပြုလုပ်နိုင်ပါသည်။

Inbox က မိမိထံသို့ မိမိကိုယ်တိုင် ပေးပို့သော အီးမေးများကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး Reminder ပြုလုပ်ရန် အကြံပေးမည် ဖြစ်သည်။

Credit to ==> Myanmar DigitalLife Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com
Read More ...

7/08/2015

♪ Hack ပြီး 2 Step ခံသွားတဲ့ G-mail ကို ပြန်လိုက်နည်း.♫



 Wow…. Wow…. Wo…. ခေါင်းစဉ်က နည်းနည်းကြီးသွားပြီထင်တယ်
ဖြစ်ပုံက ဒီလိုဗျ…. အသိတစ်ယောက်ရဲ့ COC Mail တစ်ခု th9 ကို max
လောက်ဖြစ်နေတာကို ရုတ်တရက်ကြီး Hack ခံလိုက်ရတယ်ဆိုလို့အကြောင်း
ကြားတာနဲ့ ပါသွားချိန် ၁ နာရီအတွင်းမှာ ပြန်လိုက်ကြည့်တယ်။ ပုံမှန်ရိုးရိုး
Mail ကို Recovery ဆွဲတဲ့ Methods နဲ့ပေါ့… အဲ့မှာ ကံဆိုးတာက Hacked
သွားတဲ့လူက ထို Mail ကို သူ့ရဲ့ ဖုန်းနဲ့ 2 Step ခံသွားလိုက်တယ်လေ…
ဒီတော့က ကျွန်တော်တို့ Mail ကို Recovery ဆွဲတဲ့ နည်းလမ်းမှာ 2 Step
ခံထားတယ်ဆိုရင် ပုံမှန်အားဖြင့်တော့မလွယ်ကူပါဘူး။ ဘာလို့လည်း ဆို
တော့ G-mail ရဲ့ Security Team ကလည်း အရင်လိုမဟုတ်တော့ပဲတနေ့
တခြား User Security ကို အလေးနည်းနည်းပေးလာတာကိုတွေ့ရပါတယ်။
ကျွန်တော်မှတ်မိသလောက်ကတော့ G-mail ရဲ့ Feature တွေ Themes
တွေပြောင်းလာပြီးကတည်းကပေါ့။ ဒီအကောင့်အတွက်ကံကောင်းတာတစ်ခု
လို့ဆိုရမလား Hack သွားတဲ့ သူရဲ့ ပေါ့ဆမှုတစ်ကွက်လွတ်သွားတဲ့ အပေါက်
တစ်ပေါက်ကျန်ခဲ့ပါတယ်။ အဲ့တာကတော့ ထိုပါသွားတဲ့ မေးလ်ပိုင်ရှင်ရဲ့
မလေးရှားနိုင်ငံမှာ ကိုင်တဲ့ ဖုန်းနံပါတ် SIM တစ်ခုက မြန်မာပြည်မှာ ရှိနေလို့
ဖြစ်ပါတယ်။ ဘယ်လို ပြန်ယူသလည်းဆိုတာကို ဆက်လက်ရှင်းပြပါ့မယ်။
ထုံးစံအတိုင်းအရင်ဆုံး ကျွန်တော်တို့ G-mail login Page ကိုသွားပြီး
ပါသွားတဲ့ Mail နဲ့ Old Password ကို ရိုက်ထည့်လိုက်ပါမယ်။


ထိုအခါမှာ Password မှားတယ်လို့ပြောမှာဖြစ်ပါတယ်။ ဘာလို့လည်း
ဆိုတော့ အကောင့်ကပါသွားပြီး Password ပြောင်းခံလိုက်ရပြီလေ။ဒီ
တော့ ကျွန်တော်တို့က Forgot Password? ကိုနှိပ်လိုက်ပါမယ်။ဒါဆို
ရင်တော့ အောက်ပါပုံအတိုင်း


ပေါ်လာတဲ့အခါမှာ သင့်ရဲ့ သုံးနေကျ Password (Old Password)
ကိုရိုက်ထည့်လိုက်ရပါမယ်။ ဒီနေရာမှ အရေးကြီးပါတယ်။ သင့်အကောင့်
ကို Recovery ပြန်ဆွဲဖို့အတွက် G-mail Security Team ရဲ့ Information
လိုအပ်ချက်ထဲမှာ အရေးကြီးတဲ့ တစ်ချက်ဖြစ်ပါတယ်။ ဒီတော့ကျွန်တော်တို့
က Continue ကို နှိပ်လိုက်ပါမယ်။ထိုအခါအောက်ပါပုံအတိုင်းပေါ်လာမှာ
ဖြစ်ပါတယ်။


ဒီနေရာမှာ ကျွန်တော်တို့က အကောင့်မပါသွားခင်တုန်းက မိမိရဲ့ အကောင့်ကို
2 Step မခံထားခဲ့ပါဘူး။ ယူသွားတဲ့ လူက ခံသွားတာဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်
တို့က Info ကို အတိအကျသေချာထည့်ပါမယ်။ ဒါကြောင့် မပါခင်က 2 Step မခံထားဘူး
ဆိုပြီး ရွေးချယ်ပြီး Continue ကို နှိပ်လိုက်ပါမယ်။


ဒါဆိုရင် အထက်ပါပုံအတိုင်း ပေါ်လာတဲ့အခါမှာ ကျွန်တော်တို့ကပါသွားတဲ့ Mail
ကို ပြန်လိုက်ဖို့အတွက် ဆက်သွယ်ရန် E-mail နေရမှာ မိမိ ပြန်လိုက်မယ့် Mail
ကို ထည့်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က ကျွန်တော့မေးလ်တစ်ခုဖြစ်တဲ့
Mr.zarnithannwynn@gmail.com ဆိုတာကိုရိုက်ထည့်လိုက်ပါတယ်။ နောက်
တစ်ခုကတော့ မိမိ အကောင့်ကို ပြန်လိုက်ဖို့အတွက် လက်ခံခံထားတဲ့ ဖုန်းကို
ဖြုတ်ဖို့နဲ့ မိမိကိုဆက်သွယ်ဖို့အတွက် ဖုန်းနံပါတ် ၂လုံးကို ထည့်လိုက်မှာဖြစ်
ပါတယ်။ ပြီးသွား၇င်တော့ Continue ကိုနှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့အောက်
ပါပုံအတိုင်း


ပေါ်လာပြီဆိုရင် ကျွန်တော်တို့က မိမိအကောင့်ကို နောက်ဆုံး ၀င်သွားတဲ့
နေ့၊ လ၊ ခုနှစ်ကို အတိအကျထည့်ပါမယ်။ ဒီနောက် မိမိအကောင့်ကို ဘယ်
လ ၊ ဘယ်နှစ်က ဖွင့်ခဲ့တာလည်း ဆိုတာကိုလည်း ခန့်မှန်း အနီးစပ်ဆုံးဖြစ်
အောင်ထည့်ပါမယ်။ ပြီးသွားရင်တော့ Continue ကို နှိပ်လိုက်ပါမယ်။ပြီးသွားရင်
တော့


အောက်ပါပုံအတိုင်းပေါ်လာရင် ကျွန်တော်တို့ ယခင်က တော်တော်များများလက်
လျော့သွားကြတဲ့နေရာပါ။ ဒီနေရာမှာ တစ်ခု ကျွန်တော် အထူးသတိပေးချင်ပါတယ်။
ဒီနည်းလမ်းက Security အရ Recovery ပြန်ဆွဲတာဖြစ်တဲ့အတွက်ကြောင့်မိမိတို့ရဲ့
နူးညံ့သိမ်မွေ့တဲ့ စိတ်ထားကလေးတွေကို လမ်းကြောင်းပြောင်းသွားပြီး မကောင်းတဲ့
ဘက်ကို မရောက်သွားမိစေဖို့ပါပဲ။ အထူးသဖြင့် တကယ်အခက်အခဲရှိတဲ့ လူတွေကို
ကူညီပေးဖို့ တိုက်တွန်းချင်ပါတယ်။ လမ်းကြောင်းမမှားကြဖို့ အထူး သတိပေးပါတယ်။
ကဲဆက်သွားမယ်။ အောက်မှာ အနီရောင်လိုင်းတားထားတဲ့ နေရာကို နှိပ်လိုက်ပါမယ်။
ဒါဆိုရင်တော့


I Don’t Known My Password နဲ့ မိမိ ပါသွားတဲ့အကောင့်ကိုရိုက်ထည့်လိုက်ပါမယ်။
ဒီနေရာမှာ အပေါ်ကလုပ်ဆောင်ချက်တွေအတိုင်းပြန်လုပ်ရမှာဖြစ်ပါတယ်။ စာမရေး
တော့ပဲ ပုံလေးတွေအစဉ်လိုက်ပြသွားပါ့မယ်။


ဒီ့နောက်တော့ ကျွန်တော်တို့က လက်မလျှော့ပါနဲ့ မိမိ အကောင့်ထဲကို တစ်ချက်လောက်
ပြန်စစ်ကြည့်လိုက်ပါဦး။ ဒီနေရာမှာ လက်ရှိ G-mail ရဲ့ Weak Point လေးတစ်ခုပါပဲ……


ခုနက ဆွဲလိုက်တဲ့အကောင့်ကို Reset Link ပြန်ချပေးလိုက်ပါတယ်။ဒီကနေပဲ
တစ်ဆင့်ရှေ့ဆက်ပီးလုပ်သွားပါမယ်။ ဒီနေရာမှာ ကျွန်တော်က Privacy တွေ
ပါနေလို့ ပုံတွေမချပြတော့ပါဘူး ခိုးသွားတဲ့သူရဲ့ Info တွေတော့ပြောပေးပါ့မယ်။
ထိုသူက လက်ရှိအကောင့်ရဲ့ Recovery Mail ကို သူ့ရဲ့ mrbrillianto@yahoo.com
ဆိုတဲ့မေးလ်နဲ့ ပြောင်းသွားပြီး သူ့ဖုန်းနံပါတ် +6282257801076 ဆိုတဲ့ ဖုန်းတွေနဲ့
ပြောင်းလဲသွားတာဖြစ်ပါတယ်။ ဒီနေရာမှာ အကောင့်ပိုင်ရှင်ကံကောင်းတာက သူ့ရဲ
မလေးနိုင်ငံမှာသုံးတဲ့ဖုန်းတစ်လုံး ကျန်ခဲ့တာဖြစ်ပါတယ်။ ထိုနံပါတ် +60 13 XXXXXX
ဆိုတဲ့ နံပါတ်ကို ပြန်ထည့်ပီး Confirm Code ကို ပြန်ယူတာဖြစ်ပါတယ်။ Confirm Code
ကို ပြန်ယူတဲ့အခါမှာလည်း မိမိက နိုင်ငံခြားက ဖုန်းကို မြန်ာမပြည်ထဲမှာ သုံလို့မရဘူးလို့
အများက သိထားတာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချက်ကသတိမထားမိတာက မိမိဖုန်း
မှာ Dual SIM ဆိုရင် နှစ်သက်ရာ SIM Slot တစ်ခုခုမှာထည့်ပြီး မြန်မာပြည်ရဲ့ ဖုန်းမှ
အင်တာနက်ကိုဖွင့် Mobile Setting မှာ Roaming Services ကိုဖွင့်ပေးထားရင်
ထို နိုင်ငံခြားကဒ်က SMS လာဖို့အတွက် အလုပ်လုပ်ပါတယ် ။ ဒီလိုနဲ့ပဲ ခုနက
မလေးက ဖုန်းနံပါတ်ကို Confirm Code လာတော့ အလွယ်တကူပင်ပြန်လည်
ရယူပြီးတော့မိမိ အကောင့်ကို ပြန်လည်သိမ်းဆည်းနိုင်ပါတယ်။ ဒီတော့မှ ကျွ်နတော်
တို့က မိမိအကောင့်ကို ဘယ်သူ၊ ဘယ်နေရာကနေ ၊ ဘာ Devices သုံးသွားလည်း
ဆိုတာကို ဆက်လက်ကြည့်လိုက်ပါတယ်။ဒီလိုကြည့်ဖို့က မိမိ Mail ရဲ့အောက်ဆုံး
ထောင့်နားမှာရှိသော Details ဆိုတာကိုနှိပ်လိုက်ပြီး ကြည့်တာဖြစ်ပါတယ်။ ဒီအခါမှာ


အထက်ပါပုံအတိုင်း မိမိ အကောင့်ကို ဘယ်အချိန် ဘယ်နေရာကနေ ဘယ် IP
သုံးပီးဝင်သွားသလည်း ဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ IP သိပြီဆိုတော့မှ
ကျွန်တော်တို့က ထို IP အရ Location ကဘယ်နားကဆိုတာကို ခန့်မှန်းသိ
နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ထို 139.228.88.79 ဆိုတဲ့ IP ကိုကူးယူပြီးတော့
www.whatismyipaddress.com မှာ IP Lookback နဲ့ ကြည့်လိုက်ပါမယ်။
ဒါဆိုရင် သူ့ရဲ့ Location ကို


 
အထက်ပါပုံအတိုင်း ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီနေရာမှာ ထိုသူက IP ကို
Hide ထားတယ်ဆိုရင်တော့ ချွင်းချက်ပေါ့ဗျာ……နောက်ပြီး ဒီအကောင့်ကို
hack သွားတဲ့သူကလည်း ပါသွားတဲ့လူထံကို "မင်းအကောင့်ပြန်လိုချင်ရင် 
USD 50 ပေးရင်ပြန်ရမယ်" ဆိုပြီး ပြောလာတာဖြစ်ပါတယ်။ဒါကြောင့် ပါပြီး
ပြီးချင်း မိမိ ရဲ့ Information အတိအကျကို တတ်သိနားလည်တဲ့လူထံ အကူညီ
တောင်းပြီး ပြန်လည်ရယူနိုင်ပါတယ်။.......ကဲ ဒီလောက်ဆို အဆင်ပြေ
မယ်ထင်တယ်။ ကျွန်တော် ထပ်ပီး အသေးစိတ်ရေးလိုက်ရင် စာဖတ်သူအချို့
မှာ ကောင်းသော အမြင်ကို ရနိုငသလို အချို့မှာလည်း မကောင်းသော အမြင်
ကိုရသွားမှာပါ။ စိုးရိမ်တာက အချို့နေရာလေးတွေ Hide ထားခဲ့ပါတယ်။
ဘာလို့လည်းဆိုတော့ လမ်းမှားကိုရောက်သွားမှာစိုးလို့ပါ။ ထို Hide ထားတာ
လေးတွေကို သိလိုပါက ကျွန်တော့ရဲ့ Official account ဖြစ်တဲ့
www.facebook.com/CZarni.86 မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
မရှင်းလင်းမှုများအတွက်လည်း အချိန်မရွေးမေးမြန်းနိုင်ပါတယ်။
 
လေးစားစွာဖြင့်
Cristiano Zarni@ဦးဇာနည်


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com
Read More ...