Showing posts with label Security. Show all posts
Showing posts with label Security. Show all posts

11/11/2017

♪ မိမိရဲ့ Personal Data တွေ Hack ခံရခြင်းမှ တားဆီးပေးနိုင်မယ့် - UnHackMe v9.40 Build 640 + Portable + Crack ♫

http://crackkeys.org/wp-content/uploads/2017/03/UnHackMe-8-Registration-Code.png

Software နာမည်နဲ့တင်သေလောက်တယ်ဗျာ UnHackMe တဲ့။ သူရဲ့လုပ်ဆောင်ချက်တွေကတော့ Software အကူအညီနဲ့ Attack လုပ်တဲ့ Hacker တွေရဲ့ရန်ကနေကာကွယ်ပေးနိုင်တယ် လို့ ခြုံငုံပြီးပြော ရင် ပိုမှန်ပါတယ်။ အထူးသဖြင့် အင်တာနက်ကွန်နရှင်ရှိတဲ့စက်တွေနဲ့ Network ချိတ်ဆက်ထားတဲ့ စက်တွေမှာ ရှိထားသင့်ပါတယ်။ မိမိရဲ့ စက်ထဲမှာ Install လုပ်ထားရုံနဲ့ မိမိမှာရှိတဲ့ Personal Data တွေ User Name နဲ့ Password တွေ အခိုးမခံရအောင် ကာကွယ်ပေးနိုင်ပါတယ်။ 100% ကာကွယ်ပေးနိုင် တယ်လို့တော့ အာမမခံရဲဘူးဗျ။ ဘာလို့လည်းဆိုတော့ Hacker တွေကလည်း အတော်လေးကိုအစွမ်း ထက်ပါတယ်။ ဒါပေမယ့် Hacker တွေရဲ့ ရန်ကနေအတားအဆီးတစ်ခုတော့ ဖြစ်စေမှာပါ။ အမြဲတမ်း သုံးနိုင်အောင် Full Version အဖြစ် Crack File ကိုပါထည့်ပေးထားပါတယ် ဗျာ။ Windows 8/7/Vista/XP (32-bit/64-bit) စတဲ့ OS တွေမှာအသုံးပြု နိုင်မှာဖြစ်ပါတယ်ဗျာ။ အသေးစိတ်ကိုတော့ အောက်မှာ ဆက်လက်လေ့လာနိုင်ပါ တယ်ဗျာ။


UnHackMe 9.40 Build 640 + Portable + Crack , UnHackMe is specially designed to detect and remove Rootkits but also removes other forms of malware from Worms to Trojans and so on. A rootkit is a program that a hacker uses to mask intrusion and obtain administrator-level access to a computer or computer network. The intruder installs a rootkit on a computer using a user action, by exploiting a known vulnerability or cracking a password. The rootkit installs a backdoor giving the hacker full control of the computer. It hides their files, registry keys, process names, and network connections from your eyes. Your antivirus can not detect such programs because they use compression and encryption of its files so that’s where UnHackMe comes into play as it allows you to detect and remove them.
The rootkit installs a backdoor giving the hacker a full control of the computer. It hides their files, registry keys, and process names, and network connections from your eyes. Your antivirus could not detect such programs because they use compression and encryption of its files. The sample software is Hacker Defender rootkit. UnHackMe allows you to detect and remove Rootkits. UnHackMe tested for removal all modern rootkits: Rustock, Haxdoor, Hacktool, Elite Keylogger etc.
Features:
  • UnHackMe Pro includes special designed tools for detecting deep hidden rootkits.
  • UnHackMe Pro is unique for each user and it is invisible for a rootkit.
  • You can open UnHackMe Pro from CD-ROM or from a flash drive.
  • You can use UnHackMe Pro license for checking and removing rootkits from user computers.
  • No need to install UnHackMe on a user computer.
  • No need to purchase additional licenses.
  • Easy in use. No comments!
Screenshots:









 




https://www.solidfiles.com/v/RjQ3YYxwWnQv8



Read More ...

10/20/2017

♪ မမြင်စေချင်တဲ့ဓါတ်ပုံတွေဗီဒီယိုတွေကိုဖွက်ထားပေးမယ့် - Gallery Vault Hide Video Photo v2.9.10 Apk (Dec-27) ♫ Gallery Vault Hide Video Photo PRO v3.1.15 Apk (19-Oct) ♫

Cover art

လျှို့ဝှက်ချက်တွေများတဲ့ သူငယ်ချင်းများအတွက် Gallery Vault-Hide Video&Photo PRO ဆိုတဲ့ Application လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ သူ့ရဲ့လုပ်ဆောင်ချက်ကတော့ Gallery ထဲမှာရှိတဲ့ Photo တွေ Video တွေကို သူများတွေမမြင်နိုင်အောင် ဖွက်ထားပေးနိုင်ပါတယ်။ အချို့ဘော်ဒါတွေရှိတက် ပါတယ်။ 18+ Video တွေကို ဖုန်းထဲမှာ Save ထားတက်ကြတယ်။ ဒါမျိုးဆိုရင်လည်း အခု Application နဲ့ အဆင်ပြေတာပေါ့ဗျာ။ ကိုယ့်ရဲ့ကောင်မလေးနဲ့ရိုက်ထားတဲ့ပုံတွေ ကိုလည်း သူများတွေမမြင်စေချင်ရင် လည်း အခု Application လေးနဲ့ဖွက်ထားနိုင်ပါတယ်ဗျာ။ ဒီလောက်ဆိုရင်တော့ ဘယ်လိုနေရာမျိုးတွေမှာ သုံးနိုင်လည်းဆိုတာသဘောပေါက်လောက်ပြီလို့ထင်ပါတယ်ဗျာ။ Password အနေနဲ့ကတော့ Pattern Lock , Pin Lock အစရှိသဖြင့်မိမိသဘောကျသလိုထားနိုင်ပါတယ်။ Android OS 2.3 နှင့်အထက်ဖုန်းများ မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။






GalleryVault can hide its app icon and keep your privacy absolutely safe. You can import your private images and videos in this secure vault, and nobody knows the existence of it.
What's more, GalleryVault has the beautiful design, it provides you the smooth and amazing media browse experience.

Highlight features:
• Hide photos, hide videos and hide any other types of files
• The hidden files are all encrypted
• Support hiding icon, and no one knows the existence of Gallery Vault except you.
• Support hiding files in SD card and moving your encrypted files to SD card to save your device storage, including Android 4.4(KitKat), 5.0(Lollipop), 6.0(Marshmallow) and 7.0(Nougat)+.
• Integrated with Private Web Browser and support downloading all images and videos in web page with just one tap
• The beautiful, smooth and elegant user experience
• No storage limitation to hide photo and hide video
• Shake your phone to close Gallery Vault in a hurry
• Support hiding and playing GIF images
• Support Break-in Alerts and know who is trying to break-in
• Support Fake Passcode and show fake content when you input fake passcode
• Support Fingerprint (Only support samsung device with fingerprint scanner)

With GalleryVault, your privacy is well protected.

This app uses the Device Administrator permission. It is for SD card users to prevent data loss by uninstall. GalleryVault will NEVER make any change to your device.




   Gallery Vault - Hide Pictures And Videos- screenshot          Gallery Vault - Hide Pictures And Videos- screenshot   

   Gallery Vault - Hide Pictures And Videos- screenshot          Gallery Vault - Hide Pictures And Videos- screenshot   

   Gallery Vault - Hide Pictures And Videos- screenshot          Gallery Vault - Hide Pictures And Videos- screenshot








https://www.solidfiles.com/v/6PG635rqqmern




www.pyaephyo.com
 
 
 
Read More ...

9/25/2017

♪ Malware တိုက်ခိုက်မှုကြောင့် ထိခိုက်နိုင်မှုအမြင့်မားဆုံး အာရှပစိဖိတ်နိုင်ငံများတွင် မြန်မာကနံပါတ် ၄ နေရာရှိ ♫


Malware တိုက်ခိုက်မှုကြောင့် ထိခိုက်နိုင်မှု အမြင့်မားဆုံး အာရှပစိဖိတ်နိုင်ငံတွေထဲမှာ မြန်မာက နံပါတ် ၄ နေရာရှိတယ်လို့ Microsoft က တစ်နှစ် နှစ်ကြိမ်ထုတ်ပြန်တဲ့ SIR အစီရင်ခံစာအရ သိရပါတယ်။

နံပါတ် ၁ နေရာမှာ ဘင်္ဂလားဒေ့ရှ်၊ နံပါတ် ၂ နေရာမှာ ကမ္ဘောဒီးယား၊ နံပါတ် ၃ နေရာမှ အင်ဒိုနီးရှားနဲ့ နံပါတ် ၄ နေရာမှာ မြန်မာရှိနေပါတယ်။ အဲဒီနောက်မှာတော့ ဗီယက်နမ်၊ နီပေါ၊ ထိုင်း၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ မလေးရှား၊ ကိုရီးယား၊ စင်ကာပူနဲ့ နယူးဇီလန်တို့က အစဉ်လိုက်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ် ပထမ လေးလပတ်အတွင်း မြန်မာနိုင်ငံမှာ Malware နဲ့ တွေ့ကြုံမှုနှုန်းဟာ ပျမ်းမျှ ၂၃.၈% ရှိကြောင်း တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီပျမ်းမျှနှုန်းဟာ နိုင်ငံတကာမှာ တွေ့ကြုံရမှု ပျမ်းမျှနှုန်း ၉ % ထက် နှစ်ဆမက ပိုများနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။


တစ်ဖက်မှာလည်း စင်ကာပူနဲ့ နယူးဇီလန်တို့လို အာရှပစိဖိတ်မှာ နည်းပညာဖွံ့ဖြိုးမှု မြင့်မားတဲ့ နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှနှုန်းထက် ပိုကောင်းမွန်အောင် လုပ်ဆောင်ထားနိုင်ကြတယ်လို့ဆိုထားပါတယ်။ Ransomware ဟာ ၂၀၁၇ ခုနှစ်အတွင်း နာမည်ဆိုးနဲ့ အကျော်ကြားဆုံးသော Malware အမျိုးအစားတစ်ခု ဖြစ်ပြီး Ransomware တိုက်ခိုက်မှု အများစုမှာ ဥရောပမှာ အချိုးမညီ စုစည်းလျက်ရှိတယ်လို့သိရပါတယ်။ အာရှပစိဖိတ် ဒေသရှိ နိုင်ငံအများအပြားမှာတော့ ကြီးမားတဲ့ထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။

ဒါပေမဲ့ ကိုရီးယားနိုင်ငံက ချွင်းချက်တစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ ransomware တိုက်ခိုက်ခံရမှု ဒုတိယအမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်သူတွေအနေနဲ့ ပစ်မှတ်ထားတိုက်ခိုက်ရမယ့် ဒေသတွေကို ရွေးချယ်ရာမှာ နိုင်ငံရဲ့ GDP၊ ကွန်ပျူတာ အသုံးပြုမှုတွေရဲ့ ပျမ်းမျှအသက်အရွယ်နဲ့ အသုံးပြုနိုင်တဲ့ ငွေပေးချေမှုနည်းလမ်းတွေ အစရှိတဲ့ အချက်အများအပြားကို ထည့်သွင်း စဉ်းစားတတ်ကြ တယ်လို့ သိရပါတယ်။



-ထွန်းထွန်း

Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

9/16/2017

♪ “နည်းပညာဆိုင်ရာတိုက်ခိုက်ခြင်းနှင့်ကာကွယ်ခြင်း” ♫

No automatic alt text available.

ချစ်ကြည်ရင်းနှီးခြင်းနှင့်ငြိမ်းချမ်းခြင်းဟာ ကောင်းမွန်သောအပေါင်း လက္ခဏာဖြစ်သော်လည်းကမ္ဘာပေါ်ရှိ အချို့သောနိုင်ငံများ၊အချို့သော လူမျိုးများဟာအမုန်းတရားများ၊ရန်လိုတိုက်ခိုက်မှုများဖြင့်သာ နေ့စဉ်ဘ၀ ကို လျှောက်လှမ်းနေကြပါတယ်။ ရှေးယခင်နှစ်များကတော့ရန်စ ကျူးကျော်ခြင်း၊တိုက်ခိုက်ဖျက်ဆီးခြင်းဟာနိုင်ငံ တစ်ခုအတွင်းသို့လက်နက်အင်အား၊လူအင်အားတို့ဖြင့်ကျူးကျော်ဝင်ရောက်ခြင်းဖြစ်ပေမယ့်အခုအခါမှာတော့သံရေးတမန်ရေးနည်းများ၊အဆင့်မြင့်နည်းပညာများဖြင့်ရန်စခြင်းများကိုလုပ်ဆောင်နေကြပါတယ်။ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ဟာ သံတမန်များနှင်ထုတ်ခြင်း၊သံရုံးများကန့်သတ်ပိတ်ပင်ခြင်း၊ သံရုံးဝန်ထမ်းဦးရေလျှော့ပေါ့ထားရှိခြင်းစသည်တို့ကိုအပြန်အလှန်ပြုလုပ်၍နိုင်ငံအချင်း ချင်း ဆက်ဆံရေးတင်းမာအောင် ပြုလုပ်ကြသလိုအချို့ကတော့နှစ်နိုင်ငံ ကြားဆက်သွယ်မှုများ၊ကုန်သွယ်မှုများကိုပိတ်ပင်ခြင်းဆောင်ရွက်ကြပါ တယ်။သက်ဆိုင်ရာနိုင်ငံအသီးသီး ဟာနည်းပညာစနစ်များနှင့်လည်း လွတ်ကင်း၍မရတာကြောင့်နည်းပညာစနစ်များဖြင့်တိုက်ခိုက်ခြင်းကို လည်းကြုံတွေ့ကြရပါတယ်။သတင်းများလျင်မြန်စွာပျံ့နှံ့မှုကိုလုပ်ဆောင် ပေးနိုင်သောစနစ်ကတော့မျက်မှောက်ခေတ်တွင်လူသုံးများနေသော လူမှုကွန်ရက်စနစ်များဖြစ်ပါတယ်။အဆိုပါလူမှုကွန်ရက်စနစ်များကို လူကောင်းရောလူဆိုးပါအသုံးပြုနေ ကြခြင်းကြောင့်အချို့သောအချက် အလက်များဟာမှန်ကန်တိကျမှုမရှိ ပါဘူး။ထိုသို့မှန်ကန်တိကျမှုမရှိသော သတင်းအချက်အလက်များကိုကိုးကားခြင်း၊ ဖြန့်ဝေခြင်းတို့မှတစ်ဆင့် မလိုလားအပ်သော ကောလာဟလများ၊အမုန်းတရားများ၊ဆန့်ကျင် ကန့်ကွက်မှုများပိုမိုဖြစ်ပွားကြရပါတယ်။ထို့ကြောင့်မှန်ကန်သော အချက်အလက်များပျံ့နှံ့စေရေးအတွက်သက်ဆိုင်သည့်နိုင်ငံများ၊အဖွဲ့ အစည်းများကလုပ်ဆောင်နေသလိုပင်မလူမှုကွန်ရက်စနစ်များမှ စောင့်ကြည့်လေ့လာသောဌာနများ၊အင်အားကြီးသောသတင်းဌာနများ ကလည်းပူးပေါင်းပါဝင်လုပ်ဆောင်ရန်လိုအပ်လှပါတယ်။

လူမှုကွန်ရက်စနစ်များမှနေ၍တိုက်ခိုက်ခြင်းများရှိသလိုသက်ဆိုင်ရာနိုင်ငံများရဲ့နည်းပညာစနစ်များကို နှေးကွေးပျက်စီးစေရန်တိုက်ခိုက်ခြင်း များလည်းရှိပါတယ်။အချို့ဟက်ကာများဟာနိုင်ငံတစ်ခုကိုရည်ရွယ် သတ်မှတ်၍တိုက်ခိုက်ခြင်းမဟုတ်ဘဲသူတို့၏စွမ်းရည်ကိုပြသလိုသည့် အနေဖြင့်သာကြုံကြိုက်သောနိုင်ငံများ ရဲ့လုပ်ငန်းခွင်များ၊website များကို တိုက်ခိုက်မှုလုပ်ဆောင်ကြပါတယ်။အချို့သောဟက်ကာများကတော့ ရည်ရွယ်ချက်ရှိရှိဖြင့်နိုင်ငံတစ်ခုတည်းရဲ့website များကိုတိုက်ခိုက်မှု လုပ်ဆောင်ကြပါတယ်။ထိုအခါတိုက်ခိုက်ခံရသောနိုင်ငံဘက်မှဟက်ကာများကလည်းအဆိုပါနိုင်ငံကို ပြန်လည်တိုက်ခိုက်မှုလုပ်ဆောင်ကြ ပါတယ်။ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်း၊စတင်တိုက်ခိုက်ခြင်းများဟာနှစ်ဦး နှစ်ဖက်စလုံးအတွက်ထိခိုက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေပါတယ်။၂၀၁၇ခုနှစ်နှစ် လယ်ပိုင်းတွင် ဖြစ်ပွားခဲ့သောWannaCry Ransomware Virus တိုက်ခိုက်မှုဟာတစ်ကမ္ဘာလုံးအတွက်အံ့သြထိတ်လန့်စရာဖြစ်ခဲ့ပြီး အချို့သောလုပ်ငန်းခွင်များဟာဆုံးရှုံးမှုကြီးမားခဲ့ကြပါတယ်။စီးပွားရေး လုပ်ငန်းခွင်များအတွက်သာမကကျန်းမာရေးဆိုင်ရာကုသစောင့်ရှောက်မှုများအတွက်လည်းအထိအခိုက်ရှိခဲ့ ပါတယ်။ဗြိတိန်ရှိအမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာနသို့လည်းအဆိုပါ Ransomware Virus ဟာဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

ငွေရေးကြေးရေးနှင့်ပတ်သက်သောလုပ်ငန်းခွင်များကိုတိုက်ခိုက်ခြင်း ထက်ကျန်းမာရေးဆိုင်ရာဌာနများကို တိုက်ခိုက်ခြင်းဟာပိုက်ဆံသာမက ကုသမှုအပိုင်းနှင့်လူတစ်ယောက်၏အချက်အလက်များပါဆုံးရှုံးကြရပါ တယ်။အချို့သောလူနာများဟာသူတို့၏ ရောဂါလက္ခဏာအချက် အလက်များ ကိုလူသိမခံလိုကြပါဘူး။ထို့ကြောင့်သက်ဆိုင်ရာဆရာဝန်များ၊ ဆေးရုံများဟာအချက်အလက်များကို သေချာထိန်းသိမ်းထားကြရပါတယ်။ ထိုကဲ့သို့virus တိုက်ခိုက်ခံရမှုများဟာသက်ဆိုင်ရာဆေးရုံရဲ့ယုံကြည်မှုကို သာမကလူနာတစ်ယောက်ရဲ့စိတ်အခြေအနေကိုလည်းထိခိုက်ပျက်စီးစေပါတယ်။

ဆိုက်ဘာလုံခြုံရေးတိုက်ခိုက်ခံရဆုံးသော နေရာတစ်ခုကတော့ဘဏ်များ ဖြစ်ပါတယ်။ဘဏ်များဟာ ငွေစက္ကူများနဲ့သာမကဒစ်ဂျစ်တယ်ပိုက်ဆံ များနှင့် ပါလည်ပတ်နေသောကြောင့်ဟက်ကာများ အတွက်မျက်စိကျစရာ နေရာတစ်ခုဖြစ်ပါတယ်။ဒစ်ဂျစ်တယ်နဲ့လှုပ်ရှားလည်ပတ်နေသော ဘဏ်လုပ်ငန်းခွင်များတွင်ဘဏ်ရဲ့ပိုက်ဆံသာမကသုံးစွဲသူများရဲ့ပိုက်ဆံများပါဟက်ကာများ၏လက်အတွင်းသို့သက်ဆင်းကြရပါတယ်။ပြီးခဲ့ သည့်သြဂုတ်လကုန်တွင်ထွက်ရှိခဲ့သောMicrosoft ၏ဆိုက်ဘာလုံခြုံရေး အစီရင်ခံစာအသစ်အရအရှေ့တောင်အာရှကဲ့သို့သောဖွံ့ဖြိုးတိုးတက်ဆဲ ဈေးကွက်များတွင်Malware များနှင့်ကြုံတွေ့ရမှုနှုန်းဟာကမ္ဘာ့အမြင့်ဆုံး ဖြစ်နေပါတယ်။Software များမှတိုက်ခိုက်မှုကိုခုခံနိုင်စွမ်းအနိမ့်ဆုံးနိုင်ငံ များထဲတွင် မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့်ဗီယက်နမ် တို့ပါဝင်ကာMalware တိုက်ခိုက်မှုကြောင့်ထိခိုက်နိုင်မှုအမြင့်မားဆုံး အာရှပစိဖိတ်နိုင်ငံများကတော့အထက်ဖော်ပြပါ၅နိုင်ငံအပြင်နီပေါ၊ထိုင်း၊ ဖိလစ်ပိုင်၊သီရိလင်္ကာ၊မလေးရှား၊ကိုရီးယား၊စင်ကာပူနှင့်နယူးဇီလန်နိုင်ငံတို့ပါဝင်ပါတယ်။ကိုရီးယားနိုင်ငံဟာကမ္ဘာတစ်ဝန်းတွင်Ransomware တိုက်ခိုက်ခံရမှုဒုတိယအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ပြီးခဲ့သည့်စက်တင်ဘာလ ဆန်းပိုင်းကလည်း မြန်မာနိုင်ငံရှိwebsite အချို့Defacement Attack ပြုလုပ်ခြင်းခံခဲ့ရပါတယ်။ထိုသို့ပြုလုပ် ခံရခြင်းမှနေ၍ပုံမှန်အခြေအနေသို့ ပြန်လည်ရရှိအောင်လုပ်ဆောင်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် စောင့်ကြည့်ကာကွယ်မှုများဆက်လက်ဆောင်ရွက်ရန်လိုအပ်လှပါတယ်။

လေဆိပ်ဌာနများတွင်ဆိုက်ဘာတိုက်ခိုက်မှုကြုံတွေ့ရပါကအခက်အခဲများကိုအချိန်နှင့်အမျှကြုံတွေ့ခံစား ရနိုင်ပါတယ်။မိနစ်ပိုင်းအတွင်း လေယာဉ် ပေါင်းများစွာပျံသန်းဆင်းသက်နေသောနိုင်ငံတကာလေဆိပ်များတွင်ဆိုက်ဘာတိုက်ခိုက်မှုကြုံရသည့်အခါ လေဆိပ်လုပ်ငန်းခွင်ဟာလည်ပတ်ခြင်း မပြုနိုင်တော့ဘဲရပ်ဆိုင်းသွားရကာထိုသို့ရပ်ဆိုင်းရခြင်းဟာအချိန်ကြာ သည်နှင့်အမျှခရီးသည်ရာပေါင်းများစွာအတွက်စောင့်စားခြင်းဒုက္ခကိုခံစားရစေပါတယ်။ယူကရိန်းနိုင်ငံရှိKIEV Airport ဟာပြီးခဲ့သည့်ဇွန်လက ဆိုက်ဘာ တိုက်ခိုက်မှုခံစားရပြီး လေယာဉ်ပျံသန်းမှုများ နှောင့်နှေး ကြန့်ကြာစေခဲ့ပါတယ်။“ပုံမှန်မဟုတ်သောအခြေအနေများဖြစ်ပျက်တဲ့ အခါမှာ လေကြောင်းခရီးစဉ်များဟာကြန့်ကြာရစမြဲပါ”ဟု ဒါရိုက်တာ ဖြစ်သူYevhen Dykhne ကသူရဲ့Facebook မှာ ရေးသားထားခဲ့ပါတယ်။

ဆိုက်ဘာတိုက်ခိုက်မှုကိုမခံရစေရန်အတွက်ကြိုတင်ကာကွယ်ခြင်းဟာ အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။Log In ၀င်ရောက်မှုများနှင့် Password များကိုဖမ်းယူထားနိုင်သော၊ကိုယ်ရေး အချက်အလက်များကို ၀င်ရောက်ကြည့်ရှုနိုင်သောအများသုံးWifi များဖြင့်အလုပ်လုပ်ခြင်းကို တတ်နိုင်သလောက် ရှောင်ကြဉ်ရပါမယ်။အချို့သောသူများဟာ အရေးကြီး လုပ်စရာ မရှိသော်လည်းWifi ရရှိသောနေရာများတွင်အင်တာနက်စနစ် များကို ၀င်ရောက်ကြည့်ရှုအသုံးပြုလေ့ရှိကြပါတယ်။အထူးသဖြင့် ဘူတာနှင့် လေဆိပ်များတွင်အသုံးပြုတတ်ကြပြီးထိုသို့အသုံးပြုခြင်းဟာ ဟက်ကာများ၏တိုက်ခိုက်မှုကိုကြုံတွေ့ရဖို့ရာခိုင်နှုန်းများပါတယ်။အချို့ သောသူများကတော့မိမိတို့၏ဖုန်းဘေ သက်သာစေရန်အတွက်အင်တာနက်လိုင်းအခမဲ့ရရှိသော နေရာများတွင်မိမိလိုချင်သည်များကိုအားပါးတရ Download ဆွဲခြင်းပြုလုပ်ကြပါတယ်။ထိုအခါမိမိတို့ရဲ့Device များကို ထိခိုက်ပျက်စီးစေနိုင်သည့်Virus များလည်းပါရှိလာနိုင်ပါတယ်။ရိုးရှင်း သော Password များကိုထားရှိခြင်းဟာလည်းမိမိတို့ရဲ့အကောင့်များကို အခြားသူများအလွယ်တကူရရှိသွားနိုင်ခြင်းကြောင့်အထူးသတိပြုသင့် ကြောင်းကျွမ်းကျင်သူများကမှတ်ချက်ပြုထားကြပါတယ်။လုံခြုံရေးဆိုင်ရာ မူဝါဒများ၊စနစ်များကိုအခါအားလျော်စွာအဆင့်မြှင့်တင်ထားရန်လိုအပ်ပြီးလူမှုကွန်ရက်ဆိုင်ရာလုံခြုံရေးစနစ်များကိုလည်းဗဟုသုတအနေဖြင့်သိရှိထားရန်လိုအပ်ပါတယ်။အချို့သောအချက်အလက်များဟာCloud မှာ သိမ်းဆည်းထားပါကလုံခြုံစေနိုင်သော် လည်းCloud မှအချက်အလက် များကိုဖောက်ထွင်းရယူနေသောဟက်ကာများလည်းရှိနေပါတယ်။“ဒစ်ဂျစ် တယ်စနစ်သို့ ပြောင်းလဲနေတဲ့ခေတ်ကြီးထဲမှာCloud စနစ်ဟာစိုးမိုး ပျံ့နှံ့မှုပိုများလာခဲ့ပြီးကျွန်တော်တို့ဟာမဆုံးနိုင်တဲ့ အခွင့်အလမ်းတွေကို လိုက်လံရှာဖွေနိုင်ဖို့အတွက်နည်းပညာ စွမ်းအားတွေရရှိနေပြီ ဖြစ်ပါ တယ်”ဟုMicrosoft Asia Pacific, Japan & Australia မှAssociate General Counsel ဖြစ်သူAntony Cookက ပြောပါတယ်။

နည်းပညာနဲ့တိုက်ခိုက်မှုဟာသက်ဆိုင်ရာနိုင်ငံရဲ့မူဝါဒများ၊သတ်မှတ်စံနှုန်းများကိုထိခိုက်ခြင်း တစ်မျိုးလည်းဖြစ်ပါတယ်။ ခေတ်ကာလ ပြောင်းလဲ လာမှုကြောင့်နိုင်ငံနှင့်လူမျိုးကိုချစ်သောသူများကိုလူမှု ကွန်ရက် များတွင် တွေ့မြင်လာရသလိုနိုင်ငံနှင့်လူမျိုးကိုနစ်မွန်းစေသည့်လူများလည်းလူမှု ကွန်ရက်ပေါ်မှာ မြင်တွေ့နိုင်ပါတယ်။ မြေပြင်တိုက်ခိုက်မှုထက် နည်းပညာနှင့်တိုက်ခိုက်ခြင်းကိုလည်းသက်ဆိုင်ရာနိုင်ငံများ ဟာခုခံ ကာကွယ်တန်ပြန်တိုက်ခိုက်နေကြရပါတယ်။

ငြိမ်းချမ်းတိုး

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

9/11/2017

♪ “မိုဘိုင်းဘဏ်စနစ်နှင့် လုံခြုံရေး” ♫

Image may contain: text

မြန်မာနိုင်ငံတွင် လူတော်တော်များများသည် ဘဏ်စနစ်ကို မသုံးစွဲကြပါ။ မြန်မာ့လူဦးရေ၏ ၁၀% ကျော်သာ ဘဏ်စနစ်ကို သုံးစွဲကြသည်ဟုဆို သည်။ သို့သော် မိုဘိုင်းဖုန်းစနစ်ဖွံ့ဖြိုးလာမှုကြောင့် မိုဘိုင်း ဖုန်းမှ တစ်ဆင့် ငွေပေးချေသောစနစ်က နေ့စဉ်နှင့်အမျှ တိုးတက်လာနေသည်။ ဘဏ်ကိုအသုံးပြုရန် စိတ်မ၀င် စားသူများပင်လျှင် မိုဘိုင်းငွေပေးချေမှု စနစ်ထဲသို့ ၀င်ရောက်လာကြပါသည်။ ဘဏ်စနစ်သုံးစွဲသူများကလည်း ဘဏ်ပိတ်ချိန်တွင် လွယ်လင့်တကူ ငွေကြေးထုတ်ယူသုံးစွဲနိုင်ရန် ATM ကတ်များကို ကိုင်ဆောင်လာကြ ပါသည်။ ATM ကတ်များသည် မိုဘိုင်း စနစ်ကို တစ်နည်းတစ်ဖုံ အားပေးသော နည်းပညာဖြစ်ပါသည်။

ခြုံ၍ဆိုရလျှင် မိုဘိုင်းဘဏ်စနစ်သည် လမ်းပေါ်တွင် အမြဲတမ်းပြေးလွှား လှုပ်ရှား၍ လုပ်ကိုင် စားသောက်ရသူတို့၏ နေ့စဉ်လူနေမှုဘ၀တွင် ပါဝင်ပတ်သက်လာသည်မှာ သေချာသည်။ မိုဘိုင်းဘဏ်စနစ်နှင့် ချိတ်ဆက်အလုပ်လုပ်ရာတွင် ပါဝင်သောအချို့ငွေကြေးပမာဏမှာ အတော်ပင်များ၏။ ထို့ကြောင့် အွန်လိုင်း ရာဇ၀တ်ကောင်များက ဘဏ်စနစ်ထဲဝင်၍ မသမာမှုများပြုလုပ်ရန် မျက်စိကျပါ၏။ မိုဘိုင်းဘဏ် စနစ်သုံးသူ၏ လမ်းကြောင်းထဲသို့ ၀င်ရောက်ရန် အလွယ်ကူဆုံး လမ်းကြောင်းကား Malware များမှတစ်ဆင့်ဖြစ်ပါ၏။ Malware များကို မိုဘိုင်းဖုန်းသုံးစွဲသူက သံသယဖြင့် အမြဲတစေစစ်ဆေးနေမည်ဟုဆိုလျှင် permission အလွန်အကျွံတောင်းသော Mobile app မှတစ်ဆင့်လည်း ၀င်ရောက်လေ့ရှိပါ၏။

အွန်လိုင်းလုံခြုံရေးအဖွဲ့အစည်းများ၏ အစီရင်ခံစာတစ်ရပ်အရဆိုလျှင် အွန်လိုင်းရာဇာဝတ်ကောင် တို့သည် malware များ ဖြန့်ဝေရန်အတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုနှင့် အလွန်ဆင်တူသော app များကိုပင် အသုံးပြုကြသည်ဟု သိရပါသည်။ ယင်းအယောင်ဆောင် app များမှတစ်ဆင့် အရေးကြီး data များကို နှိုက်ယူပြီး ရာဇ၀တ်မှုကျူးလွန်ကြ ခြင်းဖြစ်ပါသည်။ အဆိုပါအဖွဲ့အစည်းများ၏ အစီရင်ခံစာ၌ ကမ္ဘာပေါ်တွင် သုံးနေသော app ပေါင်း သုံးသိန်းခွဲ၏ ၁၁% ဖြစ်သည့် app ပေါင်း လေးသောင်းခန့်သည် ဘဏ်လုပ်ငန်း ၀န်ဆောင်မှုနှင့်ပတ်သက်သည်ဟု ဖော်ပြထားပါသည်။ ယင်း app များကို ကမ္ဘာ့ထိပ်တန်း app store ကိုးဆယ်ခန့်တွင် အလွယ်တကူရနိုင်ပြီး app ထဲတွင် malware သို့မဟုတ် သံသယဖြစ်ဖွယ်ကောင်းသော binary code များ ပါဝင်လျက်ရှိပါသည်။

လုံခြုံရေးအစီရင်ခံစာအရ အဆိုပါဘဏ် app ပေါင်း လေးသောင်း၏လုံခြုံ စိတ်ချရမှုကို စစ်ဆေးရာတွင် app ပေါင်း ၂၁၀၇၆ တွင် adware ပါဝင် လျက်ရှိသည်ကိုလည်းကောင်း၊ app ပေါင်း ၂၀၀၀၀ တွင် Trojan malware ပါဝင်လျက်ရှိသည်ကိုလည်းကောင်း၊ app ပေါင်း ၃၈၂၃ တွင် spyware ပါဝင်လျက်ရှိသည် ကိုလည်းကောင်း၊ app ပေါင်း ၂၀၉ တွင် data ခိုးယူသော code များ ပါဝင်လျက်ရှိသည်ကိုလည်းကောင်း၊ app ပေါင်း ၁၇၈ တွင် malicious Java Script များ ပါဝင်လျက်ရှိသည်ကို လည်းကောင်း တွေ့ရသည်ဟုဆိုပါသည်။ အများပြည်သူနှင့် စီးပွားရေး လုပ်ငန်းအများစုက သူတို့၏ ငွေရေးကြေးရေးကိစ္စများအတွက် အွန်လိုင်း ဘဏ်နှင့် အွန်လိုင်းငွေပေးချေမှုစနစ်တို့ကို တိုးတက်အသုံးပြုလာသည်နှင့် အမျှ မိုဘိုင်းဘဏ်စနစ်ထဲဝင်၍ မွှေနှောက်ဒုက္ခ ပေးမှုများ ပိုမိုများပြား လာမည်ဟုလည်း ခန့်မှန်းကြပါသည်။ မိုဘိုင်းဘဏ်စနစ်သာမကဘဲ အွန်လိုင်းဝန်ဆောင်မှုများဖြစ်သည့် web performance, optimization analystics, personalization စသည့်နေရာတို့တွင်လည်း code injection ဟုခေါ်သည့် ရှုပ်ထွေးသည့် နည်းပညာကိုသုံး၍လည်းကောင်း၊ DDOS ဟုခေါ်သည့် လုပ်ရိုးလုပ်စဉ်နည်းပညာကို သုံး၍လည်းကောင်း တိုက်ခိုက်လာနိုင်သည်ဟု မှန်းဆကြပါသည်။

ထိုသို့တိုးတက်လာမည့် တိုက်ခိုက်မှုနည်းပညာများကို မည်သို့ကာကွယ်ကြ မည်နည်း။ နည်းပညာ တစ်မျိုးတည်းကို သုံး၍ ရေရှည်မကာကွယ်နိုင်သည် ကား သေချာသည်။ အကောင်းဆုံးကာကွယ်နည်းမှာ နည်းပညာတစ်မျိုးကို လုံခြုံရေးအလွှာတစ်ခုအဖြစ်ထားပြီး လုံခြုံရေးအလွှာပေါင်းများစွာဖြင့် ကာကွယ်ခြင်း ဖြစ်သည်။ ပထမဆုံးအသုံးပြုသင့်သည့် လုံခြုံရေးအလွှာမှာ မိမိအသုံးပြုမည့် app အား stealth mode ဖြင့် ၀င်ရောက်အသုံးပြုခြင်း ဖြစ်သည်။ Stealth Mode ဆိုသည်မှာ app ၏ အလုပ်လုပ်ပုံကို ပြင်ပမှ အလွယ်တကူ မြင်တွေ့ခွင့်မရစေရန် ကိုယ်ယောင်ဖျောက်ခြင်းဖြစ်သည်။ ထို့ကြောင့် အွန်လိုင်းရာဇ၀တ်ကောင်များအနေဖြင့် app workflow ကို နားလည်ရန် ခက်ခဲသွားစေပါသည်။

Stealth Mode အသုံးပြုခြင်းနည်းပညာမှာ အနည်းငယ်ခက်ခဲရှုပ်ထွေး သည်။ ပရိုဂရမ်ရေးသားခြင်း အတတ်ကို ကျွမ်းကျင်လိမ္မာဖို့လိုပါသည်။ Reverse engineering resistance လုပ်နည်းလုပ်ဟန်ကို လုပ်တတ်ဖို့ လိုပါသည်။ Reverse engineering ဆိုသည်မှာ ပရိုဂရမ်ရေးသူက machine code အသွင်သို့ပြောင်း ထားသော program code များကို ပြန်ဖော်ပြီး မိမိအလိုရှိသလို ပြန်လည်စီရင်ရသော အတတ်ပညာဖြစ် သည်။ ယင်းအတတ်ပညာကိုသုံး၍ မူရင်း data တို့အား ကြုံရာကျပန်း character များဖြင့် ဖုံးအုပ်ခြင်း (obfucation) ပြုရပါသည်။ Stealth mode သည် အလွန်ကောင်းမွန်သည်ဟု ဆိုသော်လည်း ယင်းကို စမတ်ဖုန်း emulator များမှတစ်ဆင့်ဝင်၍ အသုံးပြုခွင့်မရစေရန် လုံခြုံရေးအထူးကြပ်မတ်ထားဖို့ လိုပါသည်။ မိမိဖုန်းအား အခြားလူများ အလွယ်တကူဝင်ရောက်အသုံးပြုခွင့်မရစေရန် finger print လုံခြုံရေး စနစ်အသုံးပြုခြင်းမျိုးဖြစ်ပါသည်။

Android ကဲ့သို့သော open source OS များကို အွန်လိုင်းရာဇ၀တ် ကောင်များက ဖောက်ထွင်းရန် အလွန်လွယ်ကူသည်။ ထို့ကြောင့် ကိုယ်ပိုင် security libraries ထားသင့်သည်။ ယင်းကိစ္စအတွက် နည်းပညာ ကျွမ်းကျင်သူ၏ အကူအညီလိုပါသည်။ ကိုယ်ပိုင် security စနစ်ရှိခြင်း အားဖြင့် standard OS တစ်ခုတွင် တွေ့ရလေ့ရှိသော ယိုပေါက်များအား ပြင်ပလူများအလွယ်တကူ ရှာဖွေဖော်ထုတ်ခွင့်မရစေရန် ယိုပေါက် များအား ပြင်ပလူများအလွယ်တကူ ရှာဖွေဖော်ထုတ်ခွင့်မရစေရန် အကာအကွယ်ပေးပါသည်။ ဒုတိယအသုံးပြု သင့်သည့် လုံခြုံရေးနည်း ပညာတစ်ရပ်မှာ data protection ဖြစ်သည်။ အဘယ်ကြောင့် data protection လိုအပ်ပါသနည်း။ Android နှင့် iOS mobile software Developer Kits (SDK) များကို အပြည့်အ၀ယုံကြည် ကိုးစား၍မရသော ကြောင့်ဖြစ်ပါသည်။ ယင်း SDK တို့က မိမိ၏ app data များကို ကာကွယ် စောင့်ရှောက် ခြင်းမပြုနိုင်ပါ။ ထို့ကြောင့် အထက်တွင် ဖော်ပြခဲ့သော data obfuscation နည်းပညာကိုသုံးထားသည့် အခြားသော secure storage များကို သုံးသင့်ပါသည်။ အသုံးပြုမှုအတွက် ငွေကြေးကုန်ကျ မှုရှိနိုင်ပါသည်။ လုံခြုံစိတ်ချရသော ပြင်ပ storage နေရာမရနိုင်ပါက security library တစ်ခုဖန်တီးပြီး ယင်းထဲတွင် sensitive data များထား ရှိသင့်ပါသည်။ Security Library ဆို၍ ခဲရာခဲဆစ် မဟုတ်ပါ။ Storage Space တစ်ခုအား encryption keys သုံး၍ ကာကွယ်ထားခြင်းမျိုးဖြစ်ပါ သည်။

တတိယမြောက်သုံးသင့်သည့် လုံခြုံရေးနည်းလမ်းမှာ လုံခြုံစိတ်ချရသော communication channel များကို သုံးခြင်းဖြစ်သည်။ ငွေရေးကြေးရေး များများစားစား အသုံးပြုရသော မိုဘိုင်းဘဏ်စနစ်ဖြစ်လျှင် certificate pinning စနစ်ဖြင့် ဆက်သွယ်ရေးလမ်းကြောင်းများကို လုံခြုံရေးယူသင့်ပါ သည်။ ယင်းစနစ်သည် မိမိ၏ data များအား လွှဲပြောင်းပေးပို့ရန်အတွက် လုံခြုံစိတ်ချရသော source တစ်ခုဖြစ်သည့် server certificate ကို အသုံးပြုခြင်းဖြစ်သည်။ ယင်း certificate ကို copy ယူကာ app နှင့် တွဲထားနိုင်သည်။ ထိုသို့တွဲထားခြင်းဖြင့် အနာဂတ်ကာလတွင် ပိုမို လုံခြုံသော authentication စနစ်ကို အသုံးပြုနိုင်ပါမည်။



ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

9/08/2017

♪ Phishing အီးမေးလ်ကို ဘယ်လို ကာကွယ်မလဲ ♫


ဆိုက်ဘာလုံခြုံရေးကို ခြိမ်းခြောက်မှုတွေက ပုံစံမျိုးစုံ၊ အတိုင်းအတာမျိုးစုံနဲ့လာပါတယ်။ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီး လူတော်တော်များများက ဗိုင်းရပ်စ်အပြင် trojan, keylogger နဲ့ ransomware စတဲ့ အခေါ်အဝေါ်တွေကို ကြားဖူးမှာပါ။ အဲဒီ လုံခြုံရေးခြိမ်းခြောက်မှုတွေကို phishing တိုက်ခိုက်တဲ့အခါ အသုံးပြုနိုင်ပါတယ်။

Phishing ဆိုတဲ့ဝေါဟာရကို အမျိုးမျိုးအသုံးပြုနေကြပြီး ဟက်ကာတွေက bait လို့ခေါ်ပါတယ်။ Bait ဆိုတာက တရားဝင်ဖိုင် ဒါမှမဟုတ် လင့်ခ်ပုံစံနဲ့ ပစ်မှတ်ထားခံရသူတွေဆီက အချက်အလက်တွေ ရအောင် တိုက်ခိုက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အဲဒီ bait က အီးမေးလ်ကတစ်ဆင့် ပျံ့နှံ့အောင် ပြုလုပ်တာကြောင့် လုံခြုံရေး software နဲ့ ခြေရာခံဖို့ ခက်ခဲပါတယ်။ ဒါဟာ အလွန်အန္တရာယ်ကြီးမားတဲ့ တိုက်ခိုက်မှုတစ်မျိုးဖြစ်ပါတယ်။

Phishing တိုက်ခိုက်မှုဆိုတာ
လွန်ခဲ့တဲ့နှစ်နှစ်က လုပ်ငန်းတစ်ခုဟာ ransomware နဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။ တိုက်ခိုက်ခံရတဲ့ အချက်အလက်တွေအားလုံးဟာ encrypt ပြုလုပ်ခံခဲ့ရပါတယ်။ တိုက်ခိုက်သူ ဟက်ကာတွေက အဲဒီအချက်အလက်တွေ အတွက် ပြန်ရွေးငွေ ဒေါ်လာ ၇၀၀ တောင်းဆိုခဲ့ပါတယ်။
အဲဒီလုပ်ငန်းက ငှားရမ်းထားတဲ့ လုံခြုံရေးကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်အရ ပိုင်ရှင်တွေထဲက တစ်ဦးက “ကိုယ်ရေးအကျဉ်း” လို့မှတ်ချက်ပြုထားတဲ့ အီးမေးလ် attachment ကိုဖွင့်ခဲ့ပါတယ်။ အဲဒီ attachment က အန္တရာယ်ရှိတဲ့ အရာတစ်ခု ဖြစ်နေပါတယ်။

Phishing ဟာ ဖုန်းကိုတောင် lock ပြုလုပ်နိုင်ပြီး ကိုယ်ရေးအချက်အလက်တွေ ခိုးယူနိုင်ပါတယ်။ လုံခြုံရေး software တွေတောင်မှ phishing ကို ကာကွယ်မပေးနိုင်တဲ့အတွက် အရမ်းကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။

အီးမေးလ်အတုတွေကို ဘယ်လိုသိနိုင်သလဲ
အောက်မှာဖော်ပြထားတဲ့ အီးမေးလ်မှာ PayPal ပုံစံအတိုင်း အတုလုပ်ထားတဲ့ လက္ခဏာရပ်တွေ ပါဝင်ပါတယ်။

(၁) အီးမေးလ်မှာ ပါဝင်တဲ့ “To” နေရာမှာ ကွက်လပ်ဖြစ်နေတဲ့အတွက် PayPal ကလာတာ မဟုတ်တဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။
(၂) Phishing တိုက်ခိုက်မှု အခြားလက္ခဏာတွေက စာအရေးအသားနဲ့ စာလုံးပေါင်းတွေ မှားတာပါ။ ကုမ္ပဏီကြီးတွေက အီးမေးလ်ပေးပို့ဖို့ ကျွမ်းကျင်အဆင့်ရှိ စာရေးသားသူတွေကို ငှားထားပါတယ်။
(၃) အီးမေးလ်မှာ လက်ခံရရှိသူအမည် မပါဝင်ပါဘူး။
(၄) အီးမေးလ်အတုမှန်းသိနိုင်တဲ့ နောက်ထပ်တစ်ချက်က ဥပမာဆိုရရင် သင့်မှာ PayPay account မရှိဘဲ PayPal ပုံစံမျိုးနဲ့ message ပေးပို့ခံရတာပါ။ ဒါဟာ အလွန်ကြောက်စရာကောင်းတဲ့ နည်းဗျူဟာ ဖြစ်ပါတယ်။ သင့်ကို click နှိပ်ဖို့ ဖိတ်ခေါ်နေတာပါ။
ဥပမာပြထားတဲ့ phishing ကတော့ သိပ်သပ်ရပ်မှု မရှိပါဘူး။ ဒါပေမဲ့လည်း အခုထက်ပိုပြီး သပ်ရပ်တဲ့ အီးမေးလ်တွေ ရှိနေပါတယ်ဒ ဒါကြောင့် သုံးစွဲသူတွေအတွက် အခုလို အီးမေးလ်တွေကို သတိထားပြီး စစ်ဆေးသင့်ပါတယ်။

Phishing ပြုလုပ်တာကို ဘယ်လိုရှောင်လွှဲနိုင်မလဲ
စေ့စေ့စပ်စပ် ကြည့်ပါ
Phishing အီးမေးလ်တွေက သုံးစွဲသူကိုသတိပေးတဲ့ပုံစံနဲ့ ဝင်လာတတ်လေ့ရှိပါတယ်။ ပြီးတော့ တစ်ခုခုကို ပြင်ဆင်ဖို့ click နှိပ်ခိုင်းပါလိမ့်မယ်။ အဲလိုအရာတွေဝင်လာရင် click မနှိပ်ပါနဲ့။ အီးမေးလ်ပေးပို့တဲ့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ကို သွားပြီး စစ်ဆေးကြည့်ရှုသင့်ပါတယ်။ တကယ်လို့ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာတဲ့အခါ password ကို ပြောင်းလိုက်ပါ။

စာအရေးအသားနဲ့ စာလုံးပေါင်းသတ်ပုံကို စစ်ဆေးပါ
ရှည်လျားတဲ့ စာတော်တော်များများမှာ စာလုံးပေါင်းမှားတာနဲ့ စာအရေးအသား မမှန်တာတွေရှိတယ်ဆိုရင် အဲဒီ အီးမေးလ်ကို ဂရုတစိုက်စစ်ဆေးသင့်ပါတယ်။ ကုမ္ပဏီကြီးတွေကပေးပို့တဲ့ အီးမေးလ်တွေက စာအရေးအသား ပြည့်စုံဖို့ ကျွမ်းကျင်သူတွေ ငှားရမ်းထားလေ့ရှိပါတယ်။

Browser ကို အဆင့်မြှင့်တင်ပါ
McAfee SiteAdvisor နဲ့ Web of Trush တွေက အခမဲ့ browser add-on တွေဖြစ်ပါတယ်။ သုံးစွဲသူရောက်နေတဲ့ ဝက်ဘ်ဆိုက်တွေမှာ အန္တရာယ်ရှိတဲ့လှုပ်ရှားမှုတွေကို တွေ့တာနဲ့ သတိပေးသွားမှာပါ။

စမတ်ဖုန်းကို သုံးပါ
ဖုန်းနဲ့ အီးမေးလ်စစ်တဲ့အခါမှာ phishing တိုက်ခိုက်မှု ကြိုးစားလာတာတွေကို တွေ့ဖို့ ခက်ခဲပါတယ်။ ဖုန်းမျက်နှာပြင် သေးငယ်တဲ့ အတွက် မြင်သာတဲ့ တချို့အရာတွေကို တွေ့ဖို့ ခဲယဉ်းသွားပါပြီ။ ဒါပေမဲ့ ဖုန်း browser နဲ့ operating system အများအပြားက အန္တရာယ်ရှိ ဝက်ဘ်ဆိုက်နဲ့ download တွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်တာကြောင့် သံသယဖြစ်ဖွယ်ကောင်းတဲ့ link တွေကို တွေ့ရှိတဲ့အခါ သတိပေးမှုတွေ ပြုလုပ်ပေးပါလိမ့မယ်။ ဒါပေမဲ့လည်း Android သုံးစွဲသူတွေကတော့ အန္တရာယ်ရှိတဲ့တိုက်ခိုက်မှုတွေကို သတိထားသင့်ပါတယ်။

ယုတ္တိရှိ၊ မရှိ စဉ်းစားပါ
သင်ကိုယ်တိုင် စာရင်းပေးမသွင်းထားတဲ့ အီးမေးလ်လိပ်စာကို သုံးပြီး ဘဏ်က ဆက်သွယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သုံးစွဲသူအနေနဲ့ click မနှိပ်ခင် အရာရာကို သေချာစဉ်းစားသင့်ပါတယ်။ သုံးနေတဲ့ account အတွင်းမှာ sign in လုပ်တဲ့အချိန်ကလွဲပြီး password ဒါမှမဟုတ် ဘဏ္ဍာရေးအချက်အလက်တွေ မပေးသင့်ပါဘူး။
 
 
စိုးထက်
Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/19/2017

♪ သင့် ကိုယ်ပိုင် ကွန်ပြူတာကို လုံခြုံစေမယ့် နည်းလမ်း (၆) ခု ♫


အင်တာနက်မှာ ကွန်ပြူတာများ Hack ခံရတဲ့ သတင်းများဟာ မကြာခဏ တွေ့နေရပါတယ်။ အနောက်နိုင်ငံများမှာ အစိုးရ အာဏာပိုင်များကတောင် သင့်ရဲ့ ကွန်ပြူတာကို သင် မသိဘဲ ထောက်လှမ်းနေကြပါတယ်။ အဲဒီအတွက် သင့်ကွန်ပြူတာကို လုံခြုံစေတဲ့ နည်းလမ်းများကို အသုံးပြုသင့်ပါတယ်။

၁။ ဆော့ဖ်ဝဲကို အမြဲ Update လုပ်ပါ။

သင့်ရဲ့ Operating System နဲ့ Programs များကို အမြဲ Update လုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် Browser , Email Client , Antivirus Programs များကို Update လုပ်ပေးခြင်းဖြင့် လုံခြုံရေးကို တိုးမြှင့်နိုင်ပါတယ်။ Update များမှာ လုံခြုံရေး ဟာကွက်များကို ဖာထေးပေးထားပါတယ်။ ဖြစ်နိုင်ရင် Auto Update ကို သတ်မှတ်ထားသင့်ပါတယ်။

၂။ Antivirus Program ကို သုံးပါ။

သင့် ကွန်ပြူတာမှာ မဖြစ်မနေ ထည့်သွင်းထားသင့်တာက Antivirus Program ဖြစ်ပါတယ်။ Windows 10 မှာ ထည့်သွင်းထားတဲ့ Windows Defender Software ဟာ စမ်းသပ်မှုများအရ အားနည်းချက်များ ရှိနေပါတယ်။ အဲဒီအတွက် Bitdefender , AVG, Kaspersky , Norton , Avast တို့လို နာမည်ကြီး Antivirus များကို သုံးသင့်ပါတယ်။ Virus Definition များကိုလည်း အမြဲ Update လုပ်ပေးပါ။

၃။ VPN Software ကို သုံးပါ။
VPN(Virtual Private Network) Software ဟာ အင်တာနက်မှာ သင့်ကို ခြေရာဖျောက်ပေးထားနိုင်ပြီး သင့်ရဲ့ ဒေတာများကို Encrypt လုပ်ထားတဲ့အတွက် လုံခြုံစေပါတယ်။ အစိုးရများ၊ ဟက်ကာများက အင်တာနက်မှာ သင့်ကို ခြေရာခံလို့ မရအောင် သူက ကာကွယ်ပေးနိုင်သလို သင့်ရဲ့ ဒေတာများကို ကြားဖြတ် ခိုးယူလို့ မရအောင်လည်း သူက စွမ်းဆောင်ပေးပါတယ်။

၎။ သင့် ကိုယ်ပိုင် User Account ကို ဖန်တီးပါ။

သင့်မှာ ကိုယ်ပိုင် ကွန်ပြူတာ ရှိရင်တောင် သင့် ကွန်ပြူတာကို သင့် ကိုယ်ပိုင် User Account ဖြင့် အသုံးပြုသင့်ပါတယ်။ သင့် အကောင့်ကို Password ဖြင့် ကာကွယ်ထားပါ။ အဲဒါမှသာ အခြား လူတစ်ယောက်က သင့် ကွန်ပြူတာကို အသုံးပြုလို့ မရမှာ ဖြစ်ပါတယ်။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင် အလိုလို Log Out ဖြစ်အောင်လည်း သတ်မှတ်ထားသင့်ပါတယ်။ ၀င်းဒိုးမှာ Account Settings အောက်မှ Sign-in Options မှာ သတ်မှတ်ရမှာပါ။

၅။ Click နှိပ်ရာမှာ သတိထားပါ။

သင့် ကွန်ပြူတာကို အလုံခြုံဆုံး ကာကွယ်ထားရင်တောင် သင် Permission ပေးလိုက်ရင် Malware များက သင့် ကွန်ပြူတာကို ဖျက်ဆီးနိုင်ပါတယ်။ အဲဒီလို မဖြစ်အောင် Web Links, Email Attachment , Social Media Message များကို သတိကြီးစွာဖြင့် Click လုပ်ပါ။

၆။ အွန်လိုင်း အကောင့်များကို ကာကွယ်ပါ။

သင့် Facebook အကောင့်နဲ့ Sign Up လုပ်ထားတဲ့ အွန်လိုင်း အကောင့်များကနေ ဟက်ကာများက သင့်ရဲ့ Facebook အကောင့်ကို ခိုးယူနိုင်ပါတယ်။ အဲဒီအတွက် သင့် Facebook အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ Apps များ ၊ ၀န်ဆောင်မှုများကို ဖယ်ရှားပါ။ သင့်ရဲ့ အွန်လိုင်း အကောင့်များကို 2 Step Verification လို့ခေါ်တဲ့ လုံခြုံရေး နှစ်ထပ်ဖြင့် ကာကွယ်ပါ။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/15/2017

♪ “အကောင်းဆုံး Password Managers” ♫

No automatic alt text available.

လက်ဗွေရာလုံခြုံရေးစနစ်၊ မြင်လွှာလုံခြုံရေးစနစ် စသော အဆင့်မြင့် လုံခြုံရေး စနစ်များပေါ်နေပြီဖြစ်ရာ Password များ သုံးစရာမလိုတော့ဟု ထင်ကောင်းထင်သူတွေရှိနိုင်သည်။ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကို အသုံးပြုရသော အဆိုပါ Biometric လုံခြုံရေးစနစ်တို့မှာ အသုံးပြုသော ခန္ဓာကိုယ်အစိတ်အပိုင်းတွင် ချို့ယွင်းချက်တစ်ခုခုရှိသည်နှင့်တစ်ပြိုင်နက် အဓိပ္ပာယ်ဖော်မှုလွဲမှားနိုင်သည်။ ထိုသို့လွှဲမှားခဲ့လျှင် မိမိအသုံးပြုသော device မှာ သုံးစားမရသည့်ဘဝသို့ရောက်သွားနိုင်သည်။ ထို့ကြောင့် Password များကို ယနေ့ထိပစ်ပယ်၍မရနိုင်သေးခြင်းဖြစ်သည်။ Password က တစ်ခုနှစ်ခုဆိုလျှင် ကိစ္စမရှိ။ တစ်ခုထက်ပိုလာလျှင် ယင်းတို့ကို စီမံခန့်ခွဲမည့် Password Manager များလိုလာပါမည်။ လောလောဆယ်တွင် အသုံးပြုနိုင်မည့် အကောင်းဆုံး Password Manager တို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

<Last Pass>

အကောင်းဆုံးအဆင့်တွင်ရှိနေသော Password Manager ဖြစ်သည်။ www.lastpass.com မှ download ဆွဲချပြီး အသုံးပြုနိုင်သည်။ အခြေခံ အဆင့်အတွက် အခမဲ့အသုံးပြုနိုင်ပြီး စွမ်းဆောင်မှုအပြည့်အစုံ ပါဝင်သော premium version မှာ လစဉ်ကြေး (တစ်ဒေါ်လာ)ပေးပြီး အသုံးပြုရ မည်ဖြစ်သည်။ အသုံးပြုသူများလွယ်ကူစေရန် interface ပိုင်းကို အသေ အချာ စဉ်းစားတွေးခေါ်၍ ရေးဆွဲထားပြီး ယင်းတွင်ပါဝင်သော tool များမှာလည်း အခမဲ့ version ဖြစ်စေကာမူ အခြေခံလိုအပ်ချက်များ အတွက် ကောင်းစွာလုံလောက်သည်ကိုတွေ့ရပါသည်။ Browser တွင် အသုံးပြုသော password များကို import လုပ်ခြင်းမှ သည် လုံခြုံစိတ်ချ ရသော password တစ်ခုဖန်တီးပေးခြင်းအထိ စွမ်းဆောင်နိုင်သည်။ အခြားသော password manager များထက် အားသာချက်မှာ password တို့ကို အွန်လိုင်းတွင်သိမ်းဆည်းနိုင်ခြင်းဖြစ်သည်။ ယင်း password တို့ကို PC၊ ဖုန်း၊ တက်ဘလက်များနှင့် အခမဲ့ Sync လုပ်ယူနိုင်ပါသည်။

Last Pass သည် မည်သည့် device မှ password ကိုမဆို ရယူ သုံးစွဲခွင့်ပြု ပါသည်။ ယင်းဝန်ဆောင်မှုကိုလည်း အခမဲ့ ရယူခံစားခွင့်ရှိ သည်။ Last Pass ကို သုံးစွဲမည်ဆိုလျှင် Last Pass Account တစ်ခု ကိုရယူရန်လိုသည်။ ယင်းနောက်တွင် password အားလုံးကို စုခြုံ သိမ်းဆည်းပေးမည့် master password တစ်ခုဖန်တီးပေးရပါမည်။ Last Pass ကို ကွန်ပျူတာတွင် သုံးနိုင်သော Program တစ်ခုအဖြစ် install လုပ်၍ရသလို Chrome (သို့) Firefox Extension အဖြစ်လည်း အသုံးပြုနိုင်သည်။ မိမိ၏ password vault ဆီသို့သွားမည်ဆိုလျှင် www.snipca.com/24793 မှတစ်ဆင့် ဝင်ရပါမည်။ ယင်းနေရာမှနေ၍ မိမိ၏ အီးမေးလိပ်စာနှင့် password ကို ထည့်သွင်းပေးနိုင်သည်။

ထို့ပြင် Android အတွက် app ကို www.snipca.com/24794 မှ လည်းကောင်း iOS အတွက် app ကို www.snipa. com/24795 မှလည်းကောင်း ရယူအသုံးပြုနိုင်သည်။ ယင်း app မှတစ်ဆင့် ဖုန်းနှင့်တက်ဘလက်တို့၏ Password တို့ကို edit လုပ်နိုင်သည်။ Last Pass ၏ အားသာချက်ကိုကြည့်လျှင် ပထမဆုံးအနေဖြင့် Sync လုပ်နိုင်စွမ်းကိုတွေ့ရပါမည်။ ဒုတိယ အနေဖြင့် Chrome, Firefox နှင့်အခြား browser တို့တွင်အသုံးပြုထားသော password တို့ကို အခက်အခဲ အနည်းငယ်မျှဖြင့် import လုပ်ယူနိုင်ခြင်းကိုတွေ့ရပါမည်။ Password Generator သည် အသုံးပြုရလွယ်ပြီး Flexible ဖြစ်သည်ကိုတွေ့ရပါသည်။ Gnerate Secure Password နေရာတွင် ကလစ်နှိပ်ပြီး အသုံးပြုရုံသာဖြစ်ပါသည်။ အွန်လိုင်း Form များကို အလိုအလျောက် ဖြည့်ပေးနိုင်သည့် form fill tool မှာလည်း နှစ်သက် ဖို့ကောင်းပါသည်။ Program မှာ အသုံးပြု၍ အဆင်ပြေပြီး Extension အပိုင်းတွင် အဆင်မပြေမှု အချို့ရှိပါသည်။

<DashLane>

www.dashlane.com မှနေ၍ download ဆွဲချပြီး အသုံးပြုနိုင်ပါသည်။ Basic Version ကို အခမဲ့အသုံးပြုနိုင်ပြီး Premium Version ကို တစ်လလျှင် ၃.၃၃ ဒေါ်လာဖြင့် အသုံးပြုနိုင်ပါသည်။ ဒုတိယအကောင်းဆုံး program ဖြစ်သော်လည်း စွမ်းဆောင်ရည်မှာ Last Pass နှင့်မနီးယိုးစွဲ လိုက်ပါသည်။ ဤ program ထဲတွင် password charger ပါသည်။ လက်ရှိ password များ၏ လုံခြုံမှုအဆင့်ကို အကဲဖြတ်သုံးနိုင်သော Security dashboard လည်းပါသည်။ အွန်လိုင်း form များကို လုံခြုံစွာဖြည့်ပေးနိုင်သော form filling tool လည်းပါသည်။ ထို့ပြင် မှတ်စုများကို encryption လုပ်နိုင်စွမ်းလည်းရှိသည်။ Last pass လုပ်သမျှအရာအားလုံးနီးပါးကိုလုပ်နိုင်သည်ဟုဆိုရပါမည်။

Set up process တွင် Chrome, Firefox နှင့် IE browser တို့မှ password များအား import လုပ်ယူခြင်း ပါဝင်သည်။ File> import password မှတစ်ဆင့် ကလစ်နှိပ်ပြီး ဆောင်ရွက်ရုံသာဖြစ်သည်။ Browser မှ password များသာမက အခြား သော password manager တို့မှ password များကိုလည်း improt လုပ်ယူနိုင်သည်။ Dashlane ကို browser များတွင် Extension အဖြစ် ချိတ်ဆက်ယူခြင်းမှာလည်း အလွန်ရိုးရှင်းလွယ်ကူသည်။ Security dashboard မှာ အထင်ကြီး စရာကောင်း သည့် အရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ Dashlane home screen ၏ ဝဲဘက်ကော်လံတွင် ရှိသော Security dashboard ကို ကလစ်နှိပ်ပြီး အသုံးပြုနိုင်သည်။ ယင်း dashboard က လက်ရှိ password ၏ လုံခြုံမှုအဆင့်ကို အကဲဖြတ်ပေး မည့်အပြင် လုံခြုံမှုအဆင့် တိုးတက်လာအောင် မည်သို့ပြုလုပ်နိုင်မည်ကိုလည်း အကြံပေးပါမည်။ အသုံးပြုသော password တစ်ခုချင်းစီအတွက် score များကို main screen ၏ အောက်ခြေညာဘက်တွင် ကြည့်နိုင်ပါသည်။

DashLane ၏ အားကောင်းချက်ကိုကြည့်လျှင် ယင်း၏ Password Changer သည် အကြိမ်တိုင်းတွင် မှန်မှန်ကန်ကန် အလုပ်လုပ်ပေးနိုင် ကြောင်း တွေ့ရပါသည်။ သို့သော် ကန့်သတ်ချက်များလည်း ရှိပါသည်။ ယင်း password changer က Facebook နှင့် Amazon တို့၏ password များကို ပြောင်းလဲမပေးနိုင်ပါ။ လက်တွေ့တွင် ယင်း password changer သည် account ၆ မျိုး၏ password များကိုသာ ပြောင်းလဲပေးနိုင်ကြောင်းတွေ့ရပါသည်။ DashLane သည် Android နှင့် iOS device များအတွက် app များကိုလည်း ထုတ်လုပ်ပါသည်။ သို့သော် premium version ကို မသုံးလျှင် ယင်း app တို့သည် PC နှင့် Sync မလုပ်နိုင်ပါ။ ယင်းအားနည်းချက်ကြောင့်ပင်လျှင် dashLane သည် ဒုတိယအဆင့်နှင့် ကျေနပ်ခဲ့ရခြင်းဖြစ်ပါသည်။

<Sticky Password>

www.stickypassword.com မှ download ချ၍ အသုံးပြုနိုင်သည်။ Basic Version ကို အခမဲ့အသုံးပြုနိုင်ပြီး premium version မှာ လစဉ်ကြေး ၂၆ ဒေါ်လာဖြစ်ပါသည်။ အသုံးပြုရသည်မှာ အလွန်လွယ်ကူသော်လည်း Last Pass နှင့် dashLane တို့ကဲ့သို့ ပြည့်စုံသော စွမ်းဆောင်ရည်မပါဝင်ပါ။ Premium Version အသုံးပြုမှ PC၊ ဖုန်းနှင့် တက်ဘလက်တို့အား Sticky Password ၏ Secure Cloud မှတစ်ဆင့် Sync လုပ်နိုင်သော အားနည်းချက်လည်း ရှိပါသည်။ Password များကို import လုပ်ယူခြင်း နှင့် browser extension installation တို့မှာမူ ရှင်းလင်း လွယ်ကူသော instruction တို့ကြောင့် လွယ်ကူစွာလုပ် ဆောင်နိုင်ပါသည်။ Program ကိုမသုံးဘဲ ဆယ်မိနစ်ထားလျှင် Lock ကျသွားခြင်းမှာ နှစ်သက်ဖို့ကောင်း ပါသည်။ ယင်းက Password များကို ပိုမိုလုံခြုံစေပါသည်။

အင်တာနက်ကိုအသုံးပြုပြီး password များကို သိမ်းဆည်းခွင့်ပြုသည့် အပြင် ယင်းတို့ကို PC အတွင်း သိမ်းဆည်းနိုင် စေမည့် Option လည်း ပေးထားပါသည်။ ယင်းကိုသုံးမည်ဆိုလျှင် Sticky password ၏ main menu သို့ဝင်ပြီး အောက်ခြေ ဝဲဖက်ထောင့်တွင်ရှိသော Sync တွင် ကလစ်နှိပ်ရပါမည်။ ပြီးလျှင် Sync-local ကိုရွေးရုံဖြင့် password များကို ကွန်ပျူတာ အတွင်း၌ လွယ်ကူစွာသိမ်းဆည်းနိုင်ပါမည်။ password တစ်ခု ၏ လုံခြုံမှုအဆင့်ကိုအကဲဖြတ်မပေးနိုင်ခြင်းနှင့် auto change tool မပါခြင်းတို့မှာ ဤ program ၏ အားနည်းချက်ဖြစ်ပါသည်။



ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

7/13/2017

♪ Facecook အကောင့် လုံခြုံဖို့အတွက် ဖတ်သင့်တဲ့ "Facebook ကို Hack မခံရအောင်" စာအုပ် ♫


Facebook ဆိုတာ လူမှုကွန်ယက်တစ်ခုဖြစ်သလို၊ ပိုင်ရှင်၏ ဒိုင်ယာရီ နေ့စဉ်မှတ်တမ်းတစ်ခုပါ။ ဒါကို မသမာသူတစ်ဦးက ဟက်ပြီး အလွဲသုံးခြင်းဖြင့်၊ ကာယကံရှင်ဟာ အမုန်းခံရခြင်း၊ အရှက်ရခြင်း၊ တစ်ခါတစ်ရံ ဥပဒေနှင့်ညိစွန်းဖြေရှင်းရခြင်း စသည်တို့ ကြုံတွေ့ရနိုင်ပါသည်။ ယင်းသို့ မလိုလားအပ်သည်များမှ ၉၉% ရာခိုင်နှုန်း ကာကွယ်နိုင်ရန် ကိုဇာနည် ကစေနာဖြင့် ကူညီလမ်းပြထားပါသည်။














<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

7/08/2017

♪ သင့်ရဲ့ အွန်လိုင်း အကောင့်များကို လုံခြုံရေး နှစ်ထပ်ဖြင့် ကာကွယ်နည်း ♫


သင့်ရဲ့ အွန်လိုင်း အကောင့်များဟာ ဟက်ခံရနိုင်ခြေများတဲ့အတွက် လုံခြုံရေး နှစ်ထပ်ဖြင့် ကာကွယ်ထား သင့်ပါတယ်။ အဲဒီ နည်းစနစ်ကို Two-Factor Authentication , Two-Step Verification or 2FA လို့လည်း ခေါ်ကြပါတယ်။ ဒီနည်းစနစ်က သင့် ဖုန်းကို ဒုတိယ Password အဖြစ် အသုံးပြုတာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ရဲ့ မူလ Password ကို အခြားလူများက သိသွားသည့်တိုင် သူတို့မှာ သင့်ဖုန်း မရှိတဲ့အတွက် သင့်အကောင့်ကို ၀င်လို့ မရတော့ပါဘူး။

ဒီနည်းစနစ်ကို အသုံးပြုရင် သင့်အကောင့်များကို Login ၀င်တဲ့ အခါမှာ သာမာန်အတိုင်း Username , Password ထည့်ပေးရမှာပါ။ အဲဒီနောက်မှာ သင့်ဖုန်းထံ ဒုတိယ Password ကို ပေးပို့ပေးမှာ ဖြစ်ပြီး အဲဒီ Password ကို ထည့်ပေးမှသာ Login ၀င်နိုင်မှာပါ။
Apple

Apple က User အကောင့်များကို လုံခြုံရေး နှစ်ထပ်ဖြင့် ကာကွယ်နိုင်အောင် ပံ့ပိုးပေးထားပါတယ်။ iOS 9 ၊ Mac OS X El Capitan နဲ့ သူ့အထက်မှာ ဒီနည်းစနစ်ကို Setup လုပ်နိုင်ပါတယ်။

iOS
iOS Version အပေါ် မူတည်ပြီး ပြုလုပ်နည်း အနည်းငယ်ကွာခြားပါတယ်။ iOS 10.3 နဲ့ နောက်ပိုင်းမှာ Settings> [Your Name] > Password & Security ထဲမှာ သင့် Apple ID ကို 2FA နဲ့ ကာကွယ်နိုင်ပါတယ်။ iOS 10.2 နဲ့ အရှေ့ပိုင်း ဗားရှင်းများမှာ iCloud> Apple ID> Password & Security ထဲမှာ ပြုလုပ်ရမှာပါ။

Mac OS
စကရင်ရဲ့ ဘယ်ဘက် အပေါ်ထိပ်မှ Apple Icon ကို နှိပ်ပါ။ System Preferences > iCloud > Account Details ထဲသွားပါ။ Security ထဲမှာ 2FA ကို Enable လုပ်ပါ။

Facebook


Settings> Security ထဲသွားပါ။ 2FA ကို Enable လုပ်ပါ။ သင် Login ၀င်တိုင်း သင့်ဖုန်းထံ ကုဒ် ပေးပို့ဖို့အတွက် သင့်ဖုန်းကို မှတ်ပုံတင်ပေးရမှာပါ။ အဲဒီမှာ USB , NFC , Recovery Code များဖြင့် Login ၀င်နိုင်အောင် သတ်မှတ်နိုင်ပြီး အဲဒီ နည်းလမ်းများဟာ မိုဘိုင်းဆက်သွယ်မှု မရချိန်မှာ အသုံးဝင်ပါတယ်။

Google


Gmail, YouTube, Google Maps အပါအ၀င် Google အကောင့်ကို 2FA ခံချင်ရင် ဒီလင့်ကို နှိပ်ပါ။ သင့် အကောင့်ကို Login ၀င်ပါ။ အဲဒီနောက်မှာ ကုဒ်များ ပေးပို့ဖို့အတွက် သင့်ဖုန်းကို မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ မိုဘိုင်း ဆက်သွယ်မှု မရချိန်မှာ Login ၀င်နိုင်အောင် Backup codes များကို သတ်မှတ်ထားပါ။ Backup code ၁၀ ခုကို ဖန်တီးထားနိုင်ပြီး တစ်ခုကို တစ်ခါသာ သုံးနိုင်ပါတယ်။

Microsoft
သင့်ရဲ့ Microsoft အကောင့်ကို Login ၀င်ပါ။ Security Settings ထဲသွားပြီး 2FA ကို Enable လုပ်ပါ။ အပေါ်ကလိုပဲ သင့်ဖုန်းကို မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်။ မိုဘိုင်း ကွန်ရက် မရချိန်မှာ သုံးဖို့ App passwords များကို ဖန်တီးထားပါ။ App password တစ်ခုကို တစ်ကြိမ်သာ သုံးနိုင်ပါတယ်။

Dropbox


သင့်ရဲ့ Dropbox အကောင့်ကို Login ၀င်ပါ။ Settings> Security ထဲသွားပြီး Two-Step Verification ကို Enable လုပ်ပါ။ သင့်ဖုန်းကို မှတ်ပုံတင်ပေးပါ။

Authenticator Apps

ခရီးသွားတဲ့ အခါ ၊ မိုဘိုင်း ဆက်သွယ်မှု မရတဲ့ အခါများမှာ သင့်ဖုန်းကနေ ဒုတိယ Password or Code ကို မရရှိနိုင်ပါဘူး။ အဲဒီ အခြေအနေမှာ အပေါ်မှာ ဖော်ပြထားတဲ့ Recovery code, Backup codes, App passwords များကို သုံးနိုင်သလို နောက်ထပ် ရွေးချယ်စရာ တစ်ခုက Authenticator Apps များ ဖြစ်ပါတယ်။ အဲဒီ App များက မိုဘိုင်းဆက်သွယ်မှု မလိုအပ်ဘဲ သင့် ဖုန်းမှာ ဒုတိယ Password များကို ဖန်တီးပေးနိုင်ပါတယ်။ Android အတွက် Google Authenticator , Authy နဲ့ iOS အတွက် HDE OTP ကို သုံးနိုင်ပါတယ်။ Facebook Mobile App များမှာတော့ Code Generator ပါရှိပြီးသား ဖြစ်ပါတယ်။




Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...