10/01/2015

♪ Sony Xperia M5 ရဲ့အားသာချက် အားနည်းချက် နည်းပညာနှင့်အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော CPU, GPU နှင့် မှတ်ဉာဏ် ထောက်ပံ့နိုင်မှု အပိုင်းတို့တွင် ကောင်းမွန်သော ဖုန်းဖြစ်သည်။ ကင်မရာ ပိုင်းတွင်လည်း Mega Pixel မြင့်မားသော ကင်မရာကို အသုံးပြုထားသောကြောင့် ဓာတ်ပုံအတွက်လည်း ကောင်းမွန်သည့်အပြင် ရေစိုခံ၊ အကြမ်းခံ ဖုန်းအမျိုးအစား ဖြစ်သည့်အတွက် နေရာမရွေး အသုံးပြုနိုင်မည်ဖြစ်ပြီး ပါဝါသုံးစွဲမှု အတွက်လည်း ကောင်းမွန်သော Power Saving စနစ်ပါဝင်သည်။

အားနည်းချက်
ပြည်တွင်းတွင် အသုံးပြုရန်အတွက် မြန်မာစာတစ်ပါတည်း မပါဝင်သောကြောင့် ထပ်မံထည့်သွင်း အသုံးပြုရမည်ဖြစ်ပြီး ဖုန်းလုပ်ဆောင်ချက်များ များပြားပါက ဖုန်းနွေးလာမှု မြန်မည်ဖြစ်သည်။

ဒီဇီုင်း
လှပသေသပ်သော ပုံစံဒီဇိုင်းမျိုး ဖွဲ့စည်းထားပြီး လေးထောင့်ဆန်သော ပုံစံမျိုးရှိသည်။ ဖုန်းကိုယ်ထည် တစ်ခုလုံးအား ပလတ်စတစ် ကိုယ်ထည်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားပြီး ရေစိုခံဖုန်းအမျိုးအစား ဖြစ်သည့်အတွက် Sim Card Slot များအား ရာဘာအစို့ဖြင့် ဖုံးအုပ်ထားမည် ဖြစ်သည်။ နောက်ဘက်ကာဗာမှာ ဖြုတ်တပ်ပြုလုပ်၍မရသော ကာဗာအသေဖြစ်ပြီး နောက်ကာဗာအား အကြမ်းခံနိုင်ကာ ပြောင်လတ်တောက်ပသော Gorilla Glass ဖြင့် ဖုံးအုပ်ထားသောကြောင့် လှပပြောင်လက်သော ပုံစံမျိုးဖြစ်သည်။ ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၄.၅ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၂ စင်တီမီတာနှင့် ထုထည် ၀.၇၆ စင်တီမီတာဖြစ်ပြီး အလေးချိန်မှာ ၁၄၂.၅ ဂရမ်ရှိသည်။ ကိုင်တွယ်အသုံးပြုချိန်တွင် ပေါ့ပါးခြင်းနှင့် ပါးလွှာမှုကို ခံစားနိုင်မည်ဖြစ်သည်။

မြင်ကွင်း
ရှေ့မျက်နှာပြင်မှာ IPS LCD Screen ဖြစ်ပြီး 1080 x 1920 pixels (~441 ppi pixel density) ထိ ရရှိနိုင်မည်ဖြစ်သည်။

နည်းပညာ
ကင်မရာ နည်းပညာပိုင်းတွင် စုံလင်သောဓာတ်ပုံ Effect များကို အသုံးပြုနိုင်ရန် ထည့်သွင်းပေးထားပြီး ကင်မရာတွင် အသုံးပြုရမည့် စနစ်များကို အသုံးလိုအပ်ချိန်မှ ဝင်ရောက်ရှာဖွေရယူ အသုံးပြုနိုင်သော ပုံစံမျိုးပြုလုပ် ပေးထားသည်။ Superior Auto စနစ်၊ Manual စနစ်၊ AR effect အစရှိသော စနစ်များပါဝင်သည့်အပြင် မိမိရိုက်သော ဓာတ်ပုံများကို အွန်လိုင်းဖြင့် ချိတ်ဆက်ပြီး လူမှုကွန်ရက် စာမျက်နှာများပေါ်သို့ တိုက်ရိုက် Sharing ပြုလုပ်နိုင်မည့် Social Live စနစ်မှာလည်း အသုံးပြုသူများ ထိတွေ့ရမည့် နည်းပညာများ ဖြစ်သည်။ Selfie စနစ်တွင် စိတ်ကြိုက်မျက်နှာ ပုံစံများကိုပေါင်းစပ် ထည့်သွင်းနိုင်မယ့် AR Mask စနစ်၊ Sound Photo စနစ်၊ 4K Video စနစ်အပြင် အခြားကင်မရာ အသုံးပြုနည်းပညာများ စုံစုံလင်လင် ပါဝင်မည်ဖြစ်သည်။ ပါဝါအသုံးပြုခြင်းအတွက် Power Saving စနစ်တွင် Stamana Mode အပြင် Ultra Stamana Mode ပါဝင်လာခြင်းကြောင့် ပါဝါအသုံးပြုခြင်းအတွက် စိတ်ကြိုက်ထိန်းချုပ် အသုံးပြုနိုင်မည် ဖြစ်သည်။

အသေးစိတ်ဖော်ပြချက်
GSM 2G/ 3G ကွန်ရက်များတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး Sim Card နှစ်ကတ် တစ်ပြိုင်တည်း အသုံးပြုနိုင်သော Dual Sim ဖုန်းအမျိုးအစား ဖြစ်သည်။ Octa-core 2.0 GHz Cortex-A53 CPU ကိုအသုံးပြုထားပြီး ဂရပ်ဖစ်စနစ်အတွက် PowerVR G6200 GPU နှင့် Mediatek MT6795 Helio X10 Chipset တို့ကို အသုံးပြုထားသည်။ Internal Memory 16GB နှင့် RAM 3GB ပါဝင်မည်ဖြစ်ပြီး Micro SD Card 200GB ထိထပ်တိုး အသုံးပြုနိုင်သည်။ 21.2 Mega Pixel နောက်ဘက်ကင်မရာနှင့် 13 Mega Pixel ရှေ့ကင်မရာတို့ ပါဝင်မည်ဖြစ်သည်။ Android OS Version 5.0 ကို အသုံးပြုထားပြီး ဘက်ထရီမှာ Li-Ion 2600 mAh ဘက်ထရီဖြစ်သည်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက M5 သည် ကင်မရာပိုင်းတွင် မြင့်မားကောင်းမွန်သော ဖုန်းအမျိုးအစား ဖြစ်သည့်အပြင် မှတ်ဉာဏ်ပိုင်းတွင်လည်း ဖုန်းတွင်ပါဝင်သော မှတ်ဉာဏ်မှာ ပုံမှန်စမတ်ဖုန်းများတွင် ပါဝင်သော မှတ်ဉာဏ်မျိုး ဖြစ်သော်လည်း ထပ်မံထောက်ပံ့နိုင်မှု မှတ်ဉာဏ်ပမာဏမှာ မြင့်မားသောဖုန်းဖြစ်သည်။ CPU, GPU အစရှိသော Hardware ပိုင်းများမှာလည်း မြင့်မားသော ဖုန်းဖြစ်ပြီး ကိုင်တွယ်အသုံးပြုရာတွင်လည်း လက်နှင့်အံဝင်ခွင်ကျ ရှိစေသည်။ နောက်ဘက်ကာဗာအား ပြောင်လက်သော ပုံစံမျိုးပြုလုပ် ထားသောကြောင့် လှပသော်လည်း လက်ရာထင်ရန် လွယ်ကူနေမည်ဖြစ်ပြီး မြန်မာစာတစ်ပါတည်း မပါဝင်သောကြောင့် ထပ်မံထည့်သွင်း အသုံးပြုရမည် ဖြစ်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com