 Samsung က IFA 2015 တွင် အရိပ်အမြွက်ပြောကြားခဲ့သော အရွယ်ကြီး 
တက်ဘလက်ကို မိတ်ဆက်လိုက်ပါသည်။ Samsung Galaxy View ဟု အမည်ပေးထားပြီး ၁၈.၎
 လက်မ TFT LCD Display တပ်ဆင်ထားပါသည်။ 1080p Resolution ရှိပြီး 
တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၁၂၃ ဖြစ်ပါသည်။
Credit to ==> Myanmar Digital Life Journal
 သယ်ဆောင်ရလွယ်ကူစေရန် လက်ကိုင်ပါရှိပြီး အနောက်ဘက်တွင် နှစ်မျိုးသုံး 
Stand ပါရှိပါသည်။ 5700mAh Battery က ရှစ်နာရီကြာ ဗီဒီယိုများ 
ကြည့်ရှုနိုင်သည်ဟု Samsung ကပြောပါသည်။ ရုပ်ရှင်များ ကြည့်ရှုရန် 
အရည်အသွေးမြင့်မားသော 4W Stereo Speaker နှစ်လုံး တပ်ဆင်ထားပါသည်။
Galaxy View တွင် 1.6GHz Octa-Core CPU, 2GB RAM, Samsung Exynos 7580 Chipset , 32 or 64GB Internal Storage , microSD Card Slot တို့ပါရှိပါသည်။ မျက်နှာပြင်၏ အထက်တွင် 2.1MP Camera ပါရှိပြီး Video Chat ပြုလုပ်နိုင်ပါသည်။ ဆက်သွယ်မှုအပိုင်းတွင် Bluetooth 4.1 BLE, Wi-Fi 802.11 ac တို့ပါရှိပြီး LTE Model တွင် Nano-SIM Slot တစ်ခုပါရှိပါသည်။
Android 5.1 Lollipop ကို Media UX Skin နှင့် တွဲဖက်ထားပါသည်။ Samsung က ဈေးနှုန်းနှင့် ရောင်းချမည့် နေ့ရက်ကို မကြေညာသေးဘဲ အမေရိကန်မှ အွန်လိုင်းအရောင်းဆိုင် Adorama က ဖော်ပြထားချက်အရ ဒေါ်လာ ၅၉၉ တန်ကြေးရှိပါသည်။

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။ 
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။