Showing posts with label နည်းလမ်းများ. Show all posts
Showing posts with label နည်းလမ်းများ. Show all posts

10/29/2017

♪ iPad ပေါ်မှာ iOS 11 ကိုအကောင်းဆုံးသုံးနိုင်မယ့် နည်းလမ်းများ ♫


လက်ရှိအချိန်မှာ IOS 11 ကို iPhone ပေါ်မှာသုံးစွဲမှု အတွေ့အကြုံကိုတော့ ရရှိနေလောက်ပါပြီ။ iPad ပေါ်မှာသုံးမယ်ဆိုရင်တော့ ဘယ်လိုလုပ်ဆောင်ချက်တွေက အကောင်းဆုံးဖြစ်နေမှာလဲဆိုတာ သိရဲ့လား။ အခုကျွန်တော်တို့က iOS ကို iPad ပေါ်မှာသုံးစွဲနိုင်မယ့် နည်းလမ်းလေးတွေကို ပြသပေးလိုက်ပါတယ်။

Dock ကိုယူဆောင်ခြင်း
iOS 11 ကို iPad ပေါ်မှာသုံးစွဲလိုက်ပြီဆိုတာနဲ့ User တွေအများဆုံးအသုံးပြုမယ့် လုပ်ဆောင်ချက်တစ်ခုမှာ ဖြစ်လာမှာ မလွဲပါဘဲ။ Dock ကိုရရှိဖို့အတွက် မျက်နှာပြင်အောက်ခြေအစွန်းကနေ အပေါ်ဘက်ကိုအမြန်ဆွဲယူလိုက်တာနဲ့ သုံးစွဲနိုင်ပါ။ အရမ်းကြီးဆွဲယူစရာမလိုပါဘူး။

Dock အတွင်းသို့ Apps များထည့်ခြင်း
Dock အတွင်းသို့ App ထည့်သွင်းရတာဟာ အရမ်းကိုလွယ်ကူလှပါတယ်။ App Icon အပေါ်မှာအကြာကြီးဖိနှိပ် ထားပြီးတော့ ရှိနေတဲ့နေရာကတော့ Dock ထဲကိုဆွဲယူထည့်သွင်းနိုင်ပါလိမ့်မယ်။ Dock ထဲမှာ App ပေါင်း 13 ခုအထိထည့်ထားနိုင်ပါတယ်။

Dock မှ Recent Apps အားဖယ်ထုတ်ခြင်း

ပုံမှန်အားဖြင့် သုံးခဲ့ထားပြီးသား App တွေကို Dock ထဲမှာရှင်းထုတ်ဖို့လုပ်ရတာဟာ အရမ်းသေးတယ်လို့ခံစားရနိုင်ပါတယ်။ ဒါကြောင့် Dock နဲ့ခွဲခြားထားလိုက်တာဟာ ပိုအဆင်ပြေပါလိမ့်မယ်။ ဒီလုပ်ဆောင်ချက်ကို ပြင်ဆင်ဖို့အတွက် Settings > General > Multitasking & Dock ထဲမှာရှိတဲ့ “Recent Apps” Toggle ကို Off ပြုလုပ်လိုက်ပါ။

စာရွက်များအား စကင်ပြုလုပ်ခြင်း
iOS 11 ကြောင့် iPad ပေါ်မှာစကင်ပြုလုပ်ရတာဟာ လွယ်ကူသွားပါပြီ။ ဒီလုပ်ဆောင်ချက်ကိုသုံးဖို့အတွက် ပထမဆုံး Note App ကိုဖွင့်လိုက်ပါ။ “+” အိုင်ကွန်ပေါ်ကိုဖိလိုက်ပါ။ “Scan Documents” ကိုရွေးလိုက်တာနဲ့ စာရွက်ကိုရိုက်ကူးလိုက်ပြီး ပုံအဖြစ်ပြုလုပ်ပေးပါလိမ့်မယ်။ သင့် iPad ကနေရိုက်ကူးပြီးတာနဲ့ ပြင်ဆင်နိုင်စွမ်း လည်းရှိပါတယ်။ သင့်အနေနဲ့စာရွက်တွေကို အလိုအလျောက်(သို့) ကိုယ်တိုင်ပြန်လည်ရှာဖွေနိုင်အောင် ပြလုပ် နိုင်ပါလိမ့်မယ်။

ဖိုင်နဲ့ဓာတ်ပုံများ ကို Drag/ Drop ပြုလုပ်ခြင်း
iPad ပေါ်တွင် iOS ကို 11 အတွက်အကောင်းဆုံး Features အသစ်တစ်ခုမှာအီးမေးလ်များ သို့မဟုတ်မက်ဆေ့ခ်ျ သို့ဖိုင်တွေနဲ့ပုံရိပ်တွေကို Drag သို့ Drop လုပ်နိုင်စွမ်းပဲဖြစ်ပါတယ်။ သင့်အနေ့နဲ့ မေးလ်မှာ သတင်းစကားလေးတွေရေးသားနေစဉ်အတွင်းမှာ ဖိုင်အသစ်တွေ၊ဓာတ်ပုံအသစ်တွေကို ဆွဲယူထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ သင်ရေးသားနေတဲ့အချိန်အတွင်းမှာ လွယ်ကူရိုးရှင်းစွာ ဖိုင်တွေကိုရှာဖွေထည့်သွင်းနိုင်မှာပါ။

Notes တွင် Text/Urls များကော်ပီကူးခြင်း
ဖိုင်(သို့)ပုံတွေကို ကူးယူတတ်တဲ့သူတွေအတွက် လုပ်ဆောင်ချက်ကောင်းတခုပါ။ Safari ကနေ URL နဲ့စာသားတွေကို သင့်မှတ်စုထဲကိုကူးယူနိုင်မှာဖြစ်ပါတယ်။ သင့်ကူးယူလိုတဲ့ စာသား(သို့)လင့်ပေါ်မှာ ဖိနှိပ်ထားပြီးတော့ လိုအပ်သလောက်ကို ဖြတ်ပြီးကူးယူနိုင်ပါတယ်။

လက်အမူအရာဖွင့်လှစ်ခြင်း
အရင် iOS ဗားရှင်းတွေမှာလိုပဲ Home Screen ကိုသွားဖို့အတွက် လက်လေး(သို)ငါးချောင်းအမူအရာကို ပြုလုပ်ထားနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ App တွေအကြား ကူးပြောင်းမှုကိုလည်း မြန်ဆန်နိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေကိုသုံးစွဲဖို့အတွက် Settings > General > Multitasking & Dock ကိုဝင်ပြီးနောက် “Gestures” Toggle ကို On ပြုလုပ်လိုက်ပါ။

Third Party ဝန်ဆောင်မှုများ ထပ်တိုးထည့်ခြင်း
ဒါဟာအတော်လေးရိုးရှင်းတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ သင့် iPad ထဲကို Cloud Storage App များကိုထည့်သွင်းပါ။ Dropbox ၊ Google Drive ၊ Onedrive တို့ကိုစမ်းသပ်သုံးစွဲကြည့်ပါ။ သုံးခုစလုံးအ လုပ်လုပ်တယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ နောက်တဆင့်အနေနဲ့ သင့်ရဲ့ Files App ရဲ့ဘယ်ဘက်ထိပ်နားမှာရှိတဲ့ Browse နေရာကိုဝင်လိုက်ပါ။ “Locations” ဆိုတဲ့နေရာကနေ သင့်အနေနဲ့ Third Party App တခုကိုရွေးချယ်လိုက်ပါ။ အသုံးပြုလိုတဲ့ ဘယ်လိုဝန်ဆောင်မှုကို မဆိုသုံးနိုင်ပါလိမ့်မယ်။



Credit to ==> DigitalTimes.com.mm



www.pyaephyo.com
 
 
 
Read More ...

10/15/2017

♪ စမတ်ဖုန်းနဲ့ကွန်ပျုတာကို အကောင်းဆုံးအသုံးချနိုင်မယ့် နည်းလမ်း ၄ ချက် ♫


နည်းပညာတိုးတက်မှုရဲ့နောက်မှာတော့ လူသားတွေဟာသူ့တို့ပတ်ဝန်းကျင်မှာရှိတဲ့ အီလက်ထရောစနစ် ပစည်းတွေကိုမှန်ကန်စွာအသုံးချလာကြပါတယ်။ မိုဘိုင်းဖုန်း၊ပီစီတွေသာမကဘဲသူတို့တွေမှာထည့်သွင်း သုံးစွဲရတဲ့ app,software တွေကသေချာသာသုံးသတ်မယ်ဆိုရင်နေ့စဉ်ဘ၀တဲ့မှန်ကန်တဲ့ရွေးချယ်မှုတွေကို ဖြစ်စေပါလိမ့်မယ်။ အောက်မှာဖော်ပြပေးထားတဲ့လုပ်ငန်းဆောင်တာတွေကတော့ သင့်ဖုန်း၊ပီစီ၊ app တွေကို ပေါင်းစပ်အသုံးချနိုင်မယ့်နည်းလမ်းတွေပဲဖြစ်ပါတယ်။

၁။ သင့်ပီစီကိုအရင်အချိန်သို့ Restore လုပ်ခြင်း


သင်ဟာ Driver အသစ်တစ်ခုကိုအင်စတောလုပ်ပြီးပီစီဟာ ပြဿနာများစွာ ဖြစ်ပေါ်တယ်ဆိုပါစို့။ ဒီအချိန်မှာ System Restore က အသုံးဝင်ပါတယ်။ Windows 8.1 မှာ Settings Menu ကိုဖွင့်ဖို့ စကရင်ရဲ့ ညာဘက်အပေါ်ထောင့်ထိပ်သို့ Cursor ကိုရွှေ့ပါ။ Control Panel ကို နှိပ်ပြီး Search Box မှာ Recovery ကိုရိုက်ပါ။ Restore Process ကိုစတင်ဖို့ Open System Restore ကို နှိပ်ပါ။ သင့်ရဲ့ System ဟာအလိုအလျှောက် Restore Points ကိုဖန်တီးမှာပါ။ သင့် ပီစီမှာ ပြဿနာမဖြစ်မီ Restore Point များဖန်တီးထားသင့်ပြီး ပြဿနာဖြစ်ရင် အဲဒီ Restore Point များကိုအသုံးပြုပြီး System Restore ပြုလုပ်ခြင်းဖြင့် ပြဿနာမဖြစ်မီကအခြေအနေကို ပြန်လည် ရရှိနိုင်ပါတယ်။

၂။ ၀င်းဒိုးမှာ God Mode ကိုအသုံးပြုခြင်း


Windows 7 လိုအဟောင်းကိုအသုံးပြုသည်ဖြစ်စေ၊ Windows 10 လိုအသစ်ကိုအသုံးပြု သည်ဖြစ်စေများပြားလှတဲ့ Settings တွေကိုလိုက်ရှာရတာအချိန်ကုန်ပါတယ်။ သီးခြား Program နဲ့ ဖိုဒါများရဲ့ Settings ကိုဖြစ်စေ၊ Control Panel ကို ဖြစ်စေရှောင်လွှဲချင်ရင် Windows Settings အားလုံးကိုအသုံးပြုနိုင်မယ့် God Mode ဖိုဒါကိုဖန်တီးနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ သင်နှစ်သက်တဲ့ နေရာမှာဖိုဒါတစ်ခုတည်ဆောက်ပါ။ ( Desktopမှာတည်ဆောက်ဖို့ အကြံပြုပါတယ်။ ) အဲဒီနောက် GodMode.{ED7BA470-8E54-465E-825C-99712043E01C}လို့ ဖိုဒါကိုအမည်ပြောင်းပါ။ ဖိုဒါကိုဖွင့်လိုက်တာနဲ့ Search Functions တွေသုံးစရာမလို၊ ၀က်ဆိုက်များမှာ အဖြေရှာစရာမလိုဘဲ Settings အားလုံးကိုအသုံးပြုနိုင်ပါတယ်။ 

၃။Android Apps များကို Lock လုပ်ပါ


စမတ်ဖုန်းများမှာကိုယ်ရေးကိုယ်တာကိစ္စများကိုမှတ်သားကြသလို Google , Facebook အကောင့်များမှာ အမြဲတမ်း Signin ၀င်ရောက်ထားကြပါတယ်။ အချို့ကလည်း Dropbox, LinkedIn နဲ့ အခြား ၀န်ဆောင်မှုများကို အသုံးပြုကြပါတယ်။ ဒီလိုအသုံးပြုခြင်းဟာအဆင်ပြေပေမယ့် သင့် စမတ်ဖုန်းရဲ့ Lock Screen ကိုကျော်ဖြတ်နိုင်တဲ့ မည်သူမဆိုသင့်ရဲ့ ဒေတာများကိုတွေ့မြင်နိုင်မှာပါ။ 

ဒါပေမယ့်လည်းသင့်ရဲ့ ဒေတာများကိုကာကွယ်ထားနိုင်ပြီးသင့်ရဲ့ စမတ်ဖုန်းအသုံးပြုမှုကိုကန့်သတ် ထားနိုင်တဲ့ အဆင်ပြေတဲ့ နည်းလမ်းရှိပါတယ်။ အခမဲ့ AppLock App ဟာ SMS, Contacts, Gmail, Facebook, Gallery, Google Play နဲ့ အခြား Apps တို့ကို Password နဲ့ ကာကွယ်ထားနိုင်ပါတယ်။ AppLockကို Enable လုပ်ထားရင် သင့်ရဲ့ စမတ်ဖုန်းကိုသူငယ်ချင်းများ၊ မိသားစုဝင်များထံ စိတ်ချလက်ချပေးထားနိုင်ပါပြီ။ သူတို့ကသင့်ရဲ့ ဒေတာတွေကိုမတွေ့မြင်နိုင်ပါဘူး။

၎။ သင့်ရဲ့ စမတ်ဖုန်းမှ Data Usage ကိုတိုင်းတာပါ


သင့်ဖုန်းမှာအသုံးပြုတဲ့ ဒေတာပမာဏကိုစောင့်ကြည့်တိုင်းတာဖို့ဆိုတာအရေးကြီးပါတယ်။ အရိုးရှင်းဆုံး နည်းကတော့ စမတ်ဖုန်း Settings ထဲမှာရှိတဲ့ Data Usage Option ကိုအသုံးပြုတာဖြစ်ပါတယ်။ သူကတစ်လ အတွင်းမှာအသုံးပြုတဲ့ ဒေတာပမာဏနဲ့ ဒေတာကိုအများဆုံးအသုံးပြုတဲ့ Apps များကိုဖော်ပြပေးပါတယ်။ 

ဒေတာတိုင်းတာခြင်းထက်ပိုတဲ့ အလုပ်များကိုလုပ်ပေးနိုင်တဲ့ Onavo Extend လို့ခေါ်တဲ့ Third-Party App ကိုလည်းအသုံးပြုနိုင်ပါတယ်။ သူကသူ့ရဲ့ Cloud Server များမှာဒေတာချုံ့တဲ့ နည်းပညာကိုအသုံးပြုပြီးသင့်ရဲ့ ဒေတာပမာဏကိုလျှော့ချပေးနိုင်ပါတယ်။ သူ့ရဲ့ Developer များရဲ့ အဆိုအရOnavo Extend ဟာဒေတာများကို ၈၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒီ App ဟာ နိုင်ငံရပ်ခြားကိုမကြာခဏသွားရောက် သူများနဲ့ Roaming Charges များကိုလျှော့ချချင်သူများအတွက် အသုံးဝင်ပါတယ်။




Credit to ==> Digital Times











www.pyaephyo.com
 
 
 
Read More ...

♪ iPhone အဟောင်းများမှာ iOS 11 ကို လျှင်မြန်အောင် ပြုလုပ်နည်း ♫


iOS 11 တင်လိုက်လို့ iPhone အဟောင်းများ လေးလံသွားတဲ့ ပြဿနာကို ကမ္ဘာအ၀န်းမှ Users များစွာ ကြုံတွေ့နေရပါတယ်။ သင်လည်း ဒီပြဿနာကို ရင်ဆိုင်နေရတယ်ဆိုရင်တော့ ဒီနည်းလမ်းများအတိုင်း ဖြေရှင်းပါ။

၁။ နေရာလွတ်များ ရှာဖွေပါ။
iPhone မှာ Storage နည်းပါးလာတာက ဖုန်းကို လေးလံစေပါတယ်။ အဲဒီအတွက် အသုံးမပြုတဲ့ Apps များကို ဖယ်ရှားခြင်း၊ ဓါတ်ပုံနဲ့ ဗီဒီယိုများကို Cloud သို့မဟုတ် ကွန်ပြူတာထဲသို့ ကူးပြောင်းခြင်းများကို ပြုလုပ်သင့်ပါတယ်။ iOS 11 မှာ နေရာလွတ်များရှာဖွေနိုင်မယ့် စွမ်းဆောင်ချက်အသစ်များကို ထည့်ပေးထားပါတယ်။ Settings > General > Storage & iCloud Usage ထဲသွားပြီး Storage ကဏ္ဍအောက်မှ Manage Storage ထဲသွားပါ။ အဲဒီမှာ သင် သုံးထားတဲ့ Storage နဲ့ လွတ်နေတဲ့ Storage များကို ရောင်စုံကားချပ်ဖြင့် ပြသထားပါတယ်။ သူ့ရဲ့ အောက်မှာ Offload Unused Apps ၊ iCloud Photo Library ကို Enable လုပ်ခြင်း၊ Auto Delete Old Conversations ( တစ်နှစ်ထက်ကျော်တဲ့ Texts နဲ့ Attachments များ) နဲ့ အရွယ်အစားကြီးမားတဲ့ Attachments များကို လေ့လာလို့ရတဲ့ Review Large Attachments တို့ကို အသုံးပြုနိုင်ပါတယ်။

၂။ HEIF ကို သုံးပါ။
iOS 11 မှာ ဓါတ်ပုံနဲ့ ဗီဒီယိုဖိုင်များကို အရွယ်အစား ချုံ့ပေးတဲ့ ဖိုင်ဖော်မက်အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဓါတ်ပုံများအတွက် HEIF နဲ့ ဗီဒီယိုများအတွက် HEVC တို့ ဖြစ်ပါတယ်။ Settings> Camera> Formats ထဲသွားပြီး HEIF နဲ့ HEVC တို့ကို သုံးဖို့ High Efficiency ကို ရွေးပေးပါ။
မှတ်ချက်။ ။ A10 Fusion Chip ပါတဲ့ iPhone 7, iPhone 7 Plus, 10.5-inch iPad Pro, second-generation 12.9-inch iPad Pro တို့မှာသာ ဒီစွမ်းဆောင်ချက်ကို သုံးနိုင်မှာပါ။
၃။ Apps များကို Update လုပ်ပါ။
iOS 11 မှာ Apps အဟောင်းများဟာ ကောင်းစွာ အလုပ်မလုပ်ပါဘူး။ အဲဒီအတွက် iOS 11 ကို အဆင့်မြှင့်ပြီးတာနဲ့ Apps များကို Update ပြုလုပ်ပါ။ App Store App ကို ဖွင့်ပြီး Updates ထဲမှာ လုပ်ဆောင်နိုင်ပါတယ်။

၎။ Automatic Update မလုပ်ပါနဲ့။
iOS မှာ နောက်ကွယ်တွင် Apps များကို အလိုအလျှောက် Update လုပ်ပေးပါတယ်။ ဒါဟာ ကောင်းမွန်ပေမယ့် ဘက်ထရီနဲ့ CPU ကို စားသုံးပါတယ်။ အဲဒီအတွက် ဒီစွမ်းဆောင်ချက်ကို ပိတ်ထားပါ။ Settings> iTunes & App Store ထဲသွားပြီး Automatic Downloads ကဏ္ဍအောက်မှ Updates ကို ပိတ်ပါ။ Music, Apps, Books & Audiobooks များကိုပါ ပိတ်ထားရင် သင် iTunes Store, App Store, iBooks Store တို့မှာ ၀ယ်ယူမှုများပြုလုပ်တဲ့အခါမှာ အခြား Device များမှာ Sync လုပ်မှာ မဟုတ်တော့ပါဘူး။
၅။ Background App Refresh ကို ပိတ်ပါ။
Facebook, Twitter, Email တို့လို Apps များဟာ နောက်ကွယ်မှာ Content အသစ်များကို အလိုအလျှောက် Update လုပ်ပေးကြပါတယ်။ အဲဒါက ကောင်းမွန်ပေမယ့် သင့်ဖုန်းကို လေးလံစေပါတယ်။ Settings> General> Background App Refresh ထဲမှာ သူ့ကို ပိတ်နိုင်ပါတယ်။ အကုန်လုံးကို မပိတ်ဘဲ သင်နှစ်သက်တဲ့ Apps များကိုလည်း ရွေးချယ် ပိတ်နိုင်ပါတယ်။

၆။ Transparency နဲ့ Motion Effects များကို လျှော့ချပါ။
Apps များ ဖွင့်ခြင်း၊ ပိတ်ခြင်းနဲ့ ဖုန်းကို လှုပ်ခါခြင်းများမှာ မျက်စိပသာဒ ဖြစ်စေဖို့ iOS မှာ Effects များ ထည့်သွင်းပေးထားပါတယ်။ အဲဒီ Effects များကလည်း ဖုန်းကို လေးလံစေပါတယ်။ Settings> General> Accessibility ထဲမှ Reduce Motion ကို On ပေးပါ။ Auto-Play Message Effects မှာ Off ပေးပါ။
Accessibility Screen ထဲ ပြန်သွားပြီး Reduce Transparency ကို On ပေးပါ။ ဒါဆိုရင် Transparency နဲ့ Blur Effects များကို လျှော့ချပေးမှာ ဖြစ်ပါတယ်။

၇။ Location Service ကို ချိန်ညှိပါ။
Location Service က ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ ဘက်ထရီကို ကျဆင်းစေပါတယ်။ iOS 11 မှာတော့ သင့်ဖုန်းရဲ့ GPS ကို သုံးမယ့် Apps များကို ကန့်သတ်နိုင်လာပါတယ်။ Apps များဟာ သင်သူတို့ကို သုံးနေတဲ့ အချိန်မှာသာ Location Services ကို သုံးနိုင်အောင် ပြုလုပ်ထားနိုင်ပါတယ်။ Settings> Privacy> Location Services ထဲသွားပြီး Apps များအတွက် While Using ကို ရွေးပေးပါ။

၈။ ဖုန်းကို Reboot လုပ်ပါ။
အပေါ်က နည်းလမ်းများက သင့်ဖုန်းရဲ့ပြဿနာကို မဖြေရှင်းပေးနိုင်ဘူးဆိုရင် Reboot လုပ်ပါ။ သင့်ဖုန်းကို ရက်သတ္တပတ်ပေါင်းများစွာ မပိတ်ဘဲ သုံးနေရင်တော့ သူ့ကိုလည်း အနားပေးသင့်ပါတယ်။ Reboot လုပ်ခြင်းက ပြဿနာများကို ဖြေရှင်းပေးတတ်ပါတယ်။



Credit to ==> Digital Times











www.pyaephyo.com
 
 
 
Read More ...

♪ Bloatware တွေကိုဘယ်လို Disable လုပ်မလဲ ♫


Samsung ဖုန်းအချို့မှာ Bloatware လို့ခေါ်တဲ့ Built-in app များစွာပါဝင်လာပါ တယ်။ အဲဒီလို Built-in app တွေ ကို Disable လုပ်မယ်ဆိုရင်တော့ ဖုန်းမှာ Root လုပ်ထားမှသာ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ ခုဖော်ပြပေးမယ့်နည်းကတော့ ဖုန်းကို Root လုပ်စရာမလိုဘဲ Third party app သုံးပြီး Bloatware တွေကို Disable နိုင် မှာဖြစ်ပါတယ်။

ကန်ဒေါ်လာ ၁.၄၉ ပေးရတဲ့ Package Disabler Pro app ကို သုံးပြီး error ကင်းကင်းနဲ့ Bloat-ware တွေကို ခလုတ်တစ်ချက်နှိပ် Disable လုပ်နိုင်မှာဖြစ်ပါတယ်။ Bloatware တွေကို ရှင်းလင်းပြီး ဖုန်းရဲ့ RAM အသုံးပြုမှုလျော့ချ နိုင်မှာဖြစ်ပါတယ်။

အရင်ဆုံး Bloatware Remover ဖိုင်ကို Download ပြု လုပ်ရမှာဖြစ်ပါတယ်။ အဲဒီ အတွက် Bloatware တွေကို အလိုအလျောက် disables လုပ်ပေးတဲ့ Package Disabler Pro ရဲ့ XML ဖိုင်ကို Download လုပ်ဖို့ လိုအပ်မှာပါ။ အောက်ဖော် ပြပါ လင့်ခ်ကနေ Bloatware-remover.xml ဖိုင်ကို Download လုပ်ပါ။

http://www.mediafire.com/file/pdi5o6eq1wfbsj4/bloatware-remover.xml
နောက်ထပ်လိုအပ်တဲ့ policedeveloper က ဖန်တီးထားတဲ့ Package Disabler Pro app ကို ဖုန်းထဲကို Install လုပ်ရမှာဖြစ်ပါတယ်။ ဒီ App ကို PlayStore ကနေ Download ပြုလုပ်နိုင်မှာဖြစ်သလို အောက်ကလင့်ခ်ကနေ ရယူနိုင်ပါတယ်။

https://play.google.com/store/apps/details?id=com.ospolice.packagedisablerpro
ပြီးရင်တော့ Package Disabler Pro အတွက် add-on app ဖြစ်တဲ့ PDP Engine Plugin app ကို install ပြုလုပ် ရမှာဖြစ်ပါတယ်။ ဖော်ပြပါလင့်က်နေရယူနိုင် ပါတယ်။

https://play.google.com/store/apps/details?id=com.mlsplit.samsungservice



ခုလိုအပ်တဲ့ App တွေ၊ ဖိုင် တွေ ဖုန်းမှာထည့်သွင်းပြီးပြီဆိုရင် တော့ Bloatware တွေကို Disable လုပ်နိုင်ပြီဖြစ်ပါတယ်။ Package Disabler Pro ကိုဖွင့်ပြီးရင်တော့ ညာဘက် အပေါ် ထောင့်နားက menu icon ကို ထပ်နှိပ်ပါ။ ပြီးရင်တော့ Import from xml ဆိုတာကိုရွေးပေးလိုက်ပါ။



အဲဒါဆိုရင်တော့ အောက်ကပုံအတိုင်း ပေါ်လာမှာဖြစ်ပြီး Select ခလုတ်ကို နှိပ်ပါ။ ပြီး ရင်တော့ Download လုပ်ထားတဲ့ xml ဖိုင်ကို ရွေးဖို့အတွက် Download ဖိုင်ကို နှိပ်ဖွင့်လိုက်ပါ။ ပြီးရင်တော့ bloatware-remover.xml ဖိုင်ကို ရွေးပေးရ မှာဖြစ်ပါတယ်။



XML ဖိုင်ကို ရွေးပြီးရင်တော့ Import ခလုတ်ကို နှိပ်ပါ။ အဲဒါဆို ရင်တော့ Disable – 122 packages ဆိုတဲ့ စာသားပေါ်လာ မှာဖြစ်ပြီး OK နှိပ်လိုက်ပါ။ ဒါဆို ရင်တော့ အလိုအလျောက် bloat-ware app ၁၂ဝ ကျော်ကို Disable လုပ်ပေးလိုက်မှာ ဖြစ်ပါတယ်။



ပြီးရင်တော့ App ကို ပိတ်ပြီး ဖုန်းကို Rreset လုပ်လိုက်ပါ။ များပြားလှတဲ့ S8 ရဲ့ Bloatware တွေကို Disable လုပ်လိုက်ပြီ ဖြစ်တဲ့အတွက် ဖုန်းရဲ့ RAM အသုံးပြုမှုကို လျော့ချနိုင်ပြီး ဖုန်းစွမ်းဆောင်ရည်ပိုင်း ပိုမိုတိုးမြှင့်လာစေမှာပဲ ဖြစ်ပါတယ်။




-ကိုသက်
Credit to ==> Internet Journal











www.pyaephyo.com
 
 
 
Read More ...

♪ Ubuntu OS ပေါ်မှာ GScan2PDF ကို ဘယ်လို ထည့်သွင်းမလဲ ♫


GScan2PDF ဆိုတဲ့ ဆော့ဖ်ဝဲကတော့ Linux platform မှာ PDF တွေကို ဖန်တီးဖို့အတွက်နဲ့ DjVus file တွေကို ဖန်တီးတဲ့အခါမှာ အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲကို Ubuntu OS 16.04 နဲ့ 17.04 တို့မှာ ထည့်သွင်း သုံးစွဲချင်သူတွေ အနေနဲ့ ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်းသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

GScan2PDF ကို Ubuntu OS မှာ ထည့်သွင်းမယ်ဆိုရင် အဆိုပါနည်းလမ်းအတိုင်း ထည့်သွင်းနိုင်ပါတယ်။ ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ် ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

GScan2PDFကိုUbuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ ထည့်သွင်းရမယ့် command တွေကတော့ –
sudo add-apt-repository ppa:jeffreyratcliffe/ppa
sudo apt-get update
sudo apt-get install gscan2pdf
ဆိုတဲ့ command တွေကို ထည့်သွင်းရပါမယ်။ အဆိုပါ command တွေကို ထည့်သွင်း ပြီးပြီဆိုရင် သက်ဆိုင်ရာ packageတွေကို download လုပ်ယူမှာဖြစ်တဲ့အတွက် ခေတ္တစောင့်ဆိုင်း ပေးရပါမယ်။ ပြီးရင် အဆိုပါ ဖိုင် တွေကို တစ်ခါတည်း ထည့်သွင်း ပေးသွားမှာ ဖြစ်ပါတယ်။

တကယ်လို့ အဆိုပါ ဆော့ဖ် ဝဲကို အသုံးမပြုလိုတော့ဘူးဆိုရင် sudo apt-get remove –autoremove gscan2pdf ဆိုတဲ့ ဆော့ဖ်ဝဲကို အသုံးပြုပြီး ဖယ်ရှားရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။




-သီဟ
Credit to ==> Internet Journal











www.pyaephyo.com
 
 
 
Read More ...

♪ ဖုန်းကင်မရာရဲ့ Manual စနစ်ကိုအသုံးပြုတော့မယ်ဆိုရင် ♫


ဖုန်းရဲ့ Manual စနစ်ကိုသုံးပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ လိုအပ်တဲ့ ကင်မရာ Settings တွေအားလုံးကို ဓာတ်ပုံရိုက်မယ့်သူက ချိန်ညှိပြီး ရိုက်ကူးရ တာဖြစ်ပါတယ်။ ဒါကြောင့်စမတ်ဖုန်းရဲ့ Manual စနစ်နဲ့ဓာတ်ပုံရိုက်မယ့်သူတွေအတွက် သိထားသင့်တဲ့အခြေခံအချက် အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ဖုန်းကင်မရာမှာ Maunaul စနစ်မပါတဲ့ သူတွေအနေနဲ့လည်း Manual စနစ်ကို အသုံးပြုချင်တဲ့အခါမှာ Manual App တွေကိုထည့်ပြီး အသုံးပြုကြတာမျိုးရှိပါတယ်။ App မှာပဲဖြစ်ဖြစ်၊ ဖုန်းကင်မရာ Default ပါလာတဲ့ Manual စနစ်မှာပဲဖြစ်ဖြစ် အသုံးပြုပုံစံတွေကတော့ တူတူပါ ပဲ။
 
 
ဖုန်းကင်မရာမှာ Auto ကင်မရာစနစ်ပါလျက်နဲ့ ဘာကြောင့် Manual စနစ် ကိုအသုံးပြုရသလဲလို့ မေးစရာလည်းရှိပါတယ်။ Manual စနစ်ကို ဘာကြောင့် သုံးကြသလဲဆိုတော့ Auto ကင်မရာစနစ်ဟာ နေရာတိုင်း အချိန်တိုင်းအတွက် ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ထုတ်မပေးနိုင်ပါဘူး။ ဒါ့အပြင် Light Painting နဲ့ Light Trail လိုဓာတ်ပုံတွေ၊ Slow Shutter ဓာတ်ပုံဖန်တီးမှုတွေအတွက်လည်း Auto စနစ်ကအသုံးပြုဖို့အဆင်မပြေ နိုင်ပါဘူး။ ဒါကြောင့် အလင်းအားနည်းတဲ့ အချိန်မျိုးတွေ၊ ညပိုင်းဓာတ်ပုံ ကောင်းကောင်းတွေ၊ Slow Shutter ဓာတ်ပုံတွေကို ဖန်တီးချင်တယ်ဆို ရင်တော့ Manual ကင်မရာစနစ်ကို အသုံးပြုရမှာပါပဲ။
 
 
Manual ကင်မရာစနစ်ကို အသုံးပြုတော့မယ်ဆိုရင် အဓိကသိထား သင့်ထားသင့်တာကတော့ Exposure triangle လို့ ခေါ်တဲ့ Exposure တြွိဂံကို အခြေခံအားဖြင့် သိထားရမှာဖြစ်ပါတယ်။
 
 
Exposure triangle ထဲမှာတော့ Aperture, Shttur Speed နဲ့ ISO စနစ်သုံးခုပါဝင်ပါတယ်။ ဒီစနစ်သုံးခုကို မျှတကောင်းမွန်အောင် ချိန်ညှိ ပြီးရိုက်နိုင်မှ ကောင်းမွန်တဲ့ ဓာတ်ပုံတစ်ပုံကို ရရှိနိုင်ပါလိမ့်မယ်။
 
Aperture
Aperture ကတော့ Size of lens opening ခေါ်ပြီး လို့ယေဘုယျအားဖြင့်ဆိုရင်တော့ ဓာတ်ပုံရိုက်တဲ့အချိန်မှာ ကင်မရာထဲ ကိုဖြတ်ပြီး ဝင်လာမယ့် အလင်းဝင်ပေါက်လို့ ခေါ်ပါတယ်။ ဓာတ်ပုံတစ် ပုံအတွက် အလင်းအရောင်အရမ်းများနေတဲ့အချိန်မျိုးမှာ Manual စနစ် နဲ့ ရိုက်မယ်ဆိုရင်အလင်းဝင်ပေါက်ကို တက်နိုင်သမျှ ကျဉ်းကျဉ်းထားပြီး ရိုက်ရမှာဖြစ်ပြီးတော့၊ အလင်းအားနည်းတဲ့ နေအချိန်တွေမှာဆိုရင်တော့ အလင်းဝင်ပေါက်ကို ကျယ်ကျယ်ချဲ့ထားပြီး အလင်းဝင်ရောက်လာနိုင်မှု များအောင်လုပ်ပြီး ရိုက်ရမှာဖြစ်ပါတယ်။ Aperture ကိုတော့ f/ သင်္ကေ တနဲ့ ဖော်ပြလေ့ရှိပြီး f/ ရဲ့နောက်က ကိန်းကဏန်းက မြင့်လာလေ Aperture က ကျဉ်းလေဖြစ်ပြီး f/ ရဲ့နောက်က ကိန်းဂဏန်းက နည်းလာ လေ Aperture က ကျယ်လေ ဖြစ်ပါတယ်။ ဥပမာ f/1.4 နဲ့ f/22 ဆိုရင် 1.4 က Aperture ကျယ်ထားတာဖြစ်ပြီး အလင်းဝင်နှုန်းများမှာဖြစ်ပါ တယ်။ 22 ဆိုရင်တော့ Aperture ကျဉ်းထားတာဖြစ်ပြီး အလင်းဝင် ရောက်နိုင်မှု နှုန်း နည်းမှာဖြစ်ပါတယ်။ ဒါပေမဲ့ စမတ်ဖုန်းတွေမှာတော့ အချို့ဖုန်းတွေမှာ Aperture ကို Exposure လို့ပဲတွဲဖက်ဖော်ပြထားပြီး တော့ (+) နဲ့ (-) သင်္ကေတတွေနဲ့ ပြထားတာမျိုးလည်း ရှိပါတယ်။ စမတ်ဖုန်းကင်မရာတွေရဲ့ Specification တွေကိုပြတဲ့အခါမှာ f/1.9, f/2.2, f/2.0 အစရှိသဖြင့် ဖော်ပြကြပါတယ်။ ဒါလိုဖော်ပြတာဟာ ဖုန်းရဲ့ကင်မရာက Aperture ဘယ်လောက်အထိ အသုံးပြုလို့ ရနိုင်မယ် ဆိုတာကိုဖော်ပြထားတာဖြစ်ပါတယ်။ Professionla ကင်မရာတွေမှာ အသုံးပြုတဲ့ Lens တွေမှာဆိုရင်လည်း ဒီလိုပဲ Aperture ကိုဖော်ပြပါ တယ်။
 
 
Shutter Speed
Shutter Speed ဆိုတာကတော့ ကင်မရာမှာပါဝင်တဲ့ Shutter ရဲ့ ဖွင့်နိုင် ပိတ်နိုင်မှု နှုန်းကိုပြတာဖြစ်ပါတယ်။ Shutter speed ဟာ Slow Shutter ဓာတ်ပုံတွေကိုရိုက်တဲ့အချိန်၊ Light Trail နဲ့ Light Painting လိုဓာတ်ပုံတွေကို ရိုက်မယ့်အချိန်တွေမှာ အဓိကနေရာကနေ ချိန်ညှိအ သုံးပြုရတဲ့ စနစ်ဖြစ်ပါတယ်။ ဒါ့အပြင် ပြင်ပအလင်းရောင်၊ အခန်းတွင်း အလင်းရောင်အခြေအနေပေါ်မှာမူတည်ပြီးတော့လည်း Shutter Speed ကိုကစားနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ကိုယ်ရိုက်မယ့် Subject က လှုပ်ရှားနေတဲ့အချိန်၊ ဒါမှမဟုတ် အလျင်အမြန်ရိုက်ဖို့လိုတဲ့ ဓာတ်ပုံမျိုးတွေ၊ ဖုန်းကို Tripod ပေါ်မှာမတင်ပဲ လက်နဲ့ပဲ ကိုင်ပြီးရိုက်မယ့် အချိန်မျိုးတွေမှာဆိုရင် Shutter speed ကိုတင်ထားဖို့ ဂရုစိုက်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ Shutter speed နိမ့်နေတဲ့အချိန်မှာ Tripod မရှိ ရင် ပုံတွေက ဝေဝါးပြီး ပုံရိပ်နှစ်ထပ်တွေ ဖြစ်နေနိုင်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံရိုက်မယ့် မိမိက ရွှေ့နေတဲ့အရာတစ်ခုပေါ်မှာဖြစ်စေ၊ Subject က လှုပ်ရှားနေရင်ဖြစ်စေ Shutter Speed ကို အမြန်နှုန်းကို မြင့်မြင့်တင် ပြီး ရိုက်ကူးရမှာဖြစ်ပါတယ်။ Shutter Speed ကိုတော့ စက္ကန့်နဲ့တွက်ချက် ဖော်ပြပါတယ်။ မိုဘိုင်းဖုန်းတွေမှာဆိုရင်တော့ 1s, 2s, 3s အစရှိသဖြင့် ဖော်ပြလေ့ရှိပါတယ်။ DSLR ကင်မရာတွေမှာဆိုရင် တော့ 1/500, 1/15 အစရှိသဖြင့် ဖော်ပြပါတယ်။
 
 
ISO
ISO ကတော့ Light Sensitivity လို့ သတ်မှတ်ကြပါတယ်။ ကင်မရာကနေ အလင်းကိုသိရှိနိုင်မှု နှုန်းလို့ ခေါ်ပါတယ်။ ကင်မရာကနေ ပြင်ပအလင်းရောင်ကို သိရှိနိုင်မှု နှုန်းကို ကိန်းဂဏန်း နဲ့ဖော်ပြပါတယ်။ ISO ကိုအချို့ဖုန်းတွေမှာ အနိမ့်ဆုံး 30 လောက်ကနေစပြီးအသုံးပြုနိုင် ပြီး အမြင့်ဆုံး 6400 လောက်ထိ အသုံးပြုနိုင်ကြတာမျိုးလည်းရှိပါ တယ်။ ISO ကလည်း ဓာတ်ပုံကောင်းတစ်ပုံရရှိနိုင်ဖို့အတွက် အရေးပါ တဲ့အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေပါတယ်။ အလင်းရောင်ရှိတဲ့ အချိန် တွေမှာဖြစ်စေ၊ အလင်းရောင်အားနည်းနေတဲ့အချိန်တွေမှာဖြစ် စေ ISO အမြင့်ကြီးနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေဟာ Noise တွေများနေ တက်ပါတယ်။ ဒါကြောင့် Manual စနစ်နဲ့ ဓာတ်ပုံရိုက်မယ်ဆိုရင် ISO ကိုလည်းဂရုစိုက်ရပါလိမ့်မယ်။ Manual စနစ်နဲ့ ဓာတ်ပုံရိုက်မယ့်သူတွေ အတွက်တော့ ပုံမှန်အနေနဲ့ဆိုရင် ISO 100 ကို Recommend ပေးကြ ပါတယ်။ အလင်းရောင်ရှိတဲ့အချိန်တွေမှာ Manual စနစ်နဲ့ ဓာတ်ပုံရိုက် မယ်ဆိုရင် ISO ကို 100 လောက်ထားပြီးရိုက်သင့်ပါတယ်။ ညပိုင်းမှောင် နေတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်မယ်ဆိုရင်လည်း ISO ကို အနိမ့်ဆုံး 100 လောက်ကနေစပြီးရိုက်သင့်ပါတယ်။ ဒါပေမဲ့အလင်း ရောင်အား နည်းနေတဲ့အချိန်မှာ မိမိဓာတ်ပုံရိုက်နေတဲ့ဖုန်းရဲ့ Shutter Speed နဲ့ Aperture အသုံးပြုနိုင်မှုပေါ်မှာမူတည်ပြီး ISO ကိုတိုးမြှင့် ရိုက် နိုင်သလို Tripod အသုံးပြုနိုင်ခြင်း အသုံးမပြုနိုင်ခြင်းတွေပေါ်မှာမူ တည်ပြီးတော့လည်း ISO ကို လိုအပ်သလို မြှင့်တင်ရိုက်ကူးနိုင်ပါတယ်။ သိထားရမယ့်အချက်တစ်ခုကတော့ ISO မြင့်လာလေ ပုံမှာ Noise တွေ များလာလေ၊ ပုံက ဖွာလာလေ ဖြစ်မယ်ဆိုတာကို သိထားရပါမယ်။
 
 
အခုဖော်ပြခဲ့တဲ့ Exposure Triangle ကိုပိုင်ပိုင်နိုင်နိုင်အသုံးပြုနိုင်မယ်ဆိုရင်တော့ စမတ်ဖုန်းရဲ့ Manual စနစ်နဲ့ ဓာတ်ပုံရိုက်သည်ဖြစ်စေ DSLR ကင်မရာနဲ့ ရိုက်သည်ဖြစ်စေ အဆင်ပြေနိုင်ပါလိမ့်မယ်။
 
Manual စနစ်နဲ့ဓာတ်ပုံရိုက်တဲ့အချိန်မှာ နောက်ထပ်သိထားသင့်တဲ့ အချက်တစ်ချက်လည်း ရှိပါသေးတယ်။ အဲဒါကတော့ Wihte Balance ပါ။ အချို့စမတ်ဖုန်းတွေရဲ့ Manual စနစ်မှာ White Balance ကိုလည်း ထည့်သွင်းပေးထားကြပါတယ်။ Manual Camera App ကိုအသုံးပြု တယ်ဆိုရင်လည်း App တွေရဲ့ Manual စနစ်မှာ White Balance ပါဝင် တက်ပါတယ်။ White Balance ဟာ ဓာတ်ပုံတစ်ပုံရဲ့ အရောင်အသွေး ကိုပြောင်းလဲပေးနိုင်ပါတယ်။ ဥပမာ မီးအနီရောင်တွေရှိတဲ့ နေရာမှာဓာတ်ပုံရိုက် တဲ့အချိန်မှာ ပုံက ပြာနှမ်းနှမ်းပုံထွက်လာတယ်ဆိုရင်ဒါဟာ White Balance မှားယွင်းအသုံးပြုထားတဲ့အတွက်ကြောင့်ဖြစ် ပါတယ်။ ဒါကြောင့် White Balance ကိုလည်း မိမိဓာတ်ပုံရိုက်မယ့် နေရာဒေသ ပါတ်ဝန်းကျင်ရဲ့ အရောင်ပေါ်မှာ မူတည်ပြီး ပြောင်းလဲရိုက် ကူးသင့်ပါတယ်။
 




Credit to ==> Internet Journal











www.pyaephyo.com
 
 
 
Read More ...

♪ BitLocker Encryption ကို Windows မှာ Setup ပြုလုပ်ခြင်း ♫


BitLocker ဆိုတာကတော့ Windows မှာ ယခင်ကတည်းက ပါဝင်လာတဲ့ feature တစ်ခုဖြစ်ပါတယ်။ BitLocker ဟာ PC မှာတပ်ဆင်ထားတဲ့ device တွေသာမက Flash drive တွေကိုလည်း အခြားသုံးတွေအလွယ်တကူနဲ့ ဝင်ရောက်သုံးစွဲတာတွေ မပြုလုပ်နိုင်အောင် encrypt လုပ်ပြီး ကာကွယ်ပေး နိုင်တဲ့ feature တစ်ခုလည်းဖြစ်ပါတယ်။

BitLocker ကို အသုံးပြုဖို့အတွက် Windows 7 ဆိုရင် Ultimate version ဖြစ်ဖို့လိုအပ်မှာဖြစ်ပြီး Windows 8 နဲ့ Windows 10 တို့အတွက်ဆိုရင် Professional ဒါမှမဟုတ် Enterprise edition တို့ဖြစ်ဖို့လိုအပ်မှာဖြစ်ပါတယ်။

BitLocker Encryption ကို setup လုပ်ဖို့အတွက် File Explorer ကိုဖွင့်ပါ။ ပြီးရင် encrypt လုပ်မယ့် device ကို ရွေးချယ်ပြီး right-click နှိပ်ပါ။



ပြီးရင် Use a password to unlock the drive ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ပြီး password တွေကိုထည့် သွင်းပေးရပါမယ်။ Password တွေထည့်ပြီးရင် Next ကို နှိပ်ပါ။



နောက်တစ်ဆင့်ကတော့ password မေ့သွားခဲ့ရင် recovery key နဲ့ ပြန် recovery လုပ်နိုင်ဖို့အတွက် Microsoft account နဲ့ ချိတ်ဆက်ထားနိုင်သလို recovery key ကိုလည်း print နဲ့ ထုတ်ထားနိုင်မှာဖြစ်ပါတယ်။ တစ်ခုခုကိုရွေးချယ်ပြီးရင် Next button ကို နှိပ်ပါ။



ဒီအဆင့်ကတော့ Disk ကို encrypt လုပ်မှာဖြစ်တဲ့အတွက် Encrypt used disk space only ဆိုတာကိုရွေးချယ်ပါ။



ပြီးသွားပြီဆိုရင် New encryption mode ဆိုတာကို ရွေးချယ်ပြီး Next ကို နှိပ်ရမှာဖြစ်ပါတယ်။



နောက်ဆုံးအဆင့်ကတော့ Start encrypting ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး device ကို encrypt လုပ်တာကို စောင့်ရပါမယ်။ ဒီလုပ်ငန်းစဉ်ကိုလုပ်ဖို့အတွက်အချိန်ကြာမြင့်နိုင်ပါတယ်။
လုပ်ငန်းစဉ်ပြီးဆုံးသွားပြီဆိုရင် Close button ကို နှိပ်ရပါမယ်။



Flash drive ကို encrypt လုပ်ထားတယ်ဆိုရင် eject လုပ်ပြီးမှ ပြန်သုံးရမှာဖြစ်ပါတယ်။ Partition တွေကို encrypt လုပ်ထားတာဆိုရင်တော့ ကွန်ပျူတာကို reboot လုပ်မှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။



တကယ်လို့ BitLocker ကို မသုံးချင်တော့ဘူးဆိုရင် အဆိုပါ drive ကို right-click နှိပ်ပြီး Manage BitLocker ဆိုတာကိုရွေးပါ။ ပြီးရင် Turn off BitLocker ကို နှိပ်ပြီး ပိတ်ထားနိုင်မှာဖြစ်ပါတယ်။





Credit to ==> Internet Journal












www.pyaephyo.com
 
 
 
Read More ...

10/05/2017

♪ iPhone အဟောင်းများမှာ iOS 11 ကို လျှင်မြန်အောင် ပြုလုပ်နည်း ♫


iOS 11 တင်လိုက်လို့ iPhone အဟောင်းများ လေးလံသွားတဲ့ ပြဿနာကို ကမ္ဘာအ၀န်းမှ Users များစွာ ကြုံတွေ့နေရပါတယ်။ သင်လည်း ဒီပြဿနာကို ရင်ဆိုင်နေရတယ်ဆိုရင်တော့ ဒီနည်းလမ်းများအတိုင်း ဖြေရှင်းပါ။

၁။ နေရာလွတ်များ ရှာဖွေပါ။
iPhone မှာ Storage နည်းပါးလာတာက ဖုန်းကို လေးလံစေပါတယ်။ အဲဒီအတွက် အသုံးမပြုတဲ့ Apps များကို ဖယ်ရှားခြင်း၊ ဓါတ်ပုံနဲ့ ဗီဒီယိုများကို Cloud သို့မဟုတ် ကွန်ပြူတာထဲသို့ ကူးပြောင်းခြင်းများကို ပြုလုပ်သင့်ပါတယ်။ iOS 11 မှာ နေရာလွတ်များရှာဖွေနိုင်မယ့် စွမ်းဆောင်ချက်အသစ်များကို ထည့်ပေးထားပါတယ်။ Settings > General > Storage & iCloud Usage ထဲသွားပြီး Storage ကဏ္ဍအောက်မှ Manage Storage ထဲသွားပါ။ အဲဒီမှာ သင် သုံးထားတဲ့ Storage နဲ့ လွတ်နေတဲ့ Storage များကို ရောင်စုံကားချပ်ဖြင့် ပြသထားပါတယ်။ သူ့ရဲ့ အောက်မှာ Offload Unused Apps ၊ iCloud Photo Library ကို Enable လုပ်ခြင်း၊ Auto Delete Old Conversations ( တစ်နှစ်ထက်ကျော်တဲ့ Texts နဲ့ Attachments များ) နဲ့ အရွယ်အစားကြီးမားတဲ့ Attachments များကို လေ့လာလို့ရတဲ့ Review Large Attachments တို့ကို အသုံးပြုနိုင်ပါတယ်။

၂။ HEIF ကို သုံးပါ။
iOS 11 မှာ ဓါတ်ပုံနဲ့ ဗီဒီယိုဖိုင်များကို အရွယ်အစား ချုံ့ပေးတဲ့ ဖိုင်ဖော်မက်အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ ဓါတ်ပုံများအတွက် HEIF နဲ့ ဗီဒီယိုများအတွက် HEVC တို့ ဖြစ်ပါတယ်။ Settings> Camera> Formats ထဲသွားပြီး HEIF နဲ့ HEVC တို့ကို သုံးဖို့ High Efficiency ကို ရွေးပေးပါ။
မှတ်ချက်။ ။ A10 Fusion Chip ပါတဲ့ iPhone 7, iPhone 7 Plus, 10.5-inch iPad Pro, second-generation 12.9-inch iPad Pro တို့မှာသာ ဒီစွမ်းဆောင်ချက်ကို သုံးနိုင်မှာပါ။
၃။ Apps များကို Update လုပ်ပါ။
iOS 11 မှာ Apps အဟောင်းများဟာ ကောင်းစွာ အလုပ်မလုပ်ပါဘူး။ အဲဒီအတွက် iOS 11 ကို အဆင့်မြှင့်ပြီးတာနဲ့ Apps များကို Update ပြုလုပ်ပါ။ App Store App ကို ဖွင့်ပြီး Updates ထဲမှာ လုပ်ဆောင်နိုင်ပါတယ်။

၎။ Automatic Update မလုပ်ပါနဲ့။
iOS မှာ နောက်ကွယ်တွင် Apps များကို အလိုအလျှောက် Update လုပ်ပေးပါတယ်။ ဒါဟာ ကောင်းမွန်ပေမယ့် ဘက်ထရီနဲ့ CPU ကို စားသုံးပါတယ်။ အဲဒီအတွက် ဒီစွမ်းဆောင်ချက်ကို ပိတ်ထားပါ။ Settings> iTunes & App Store ထဲသွားပြီး Automatic Downloads ကဏ္ဍအောက်မှ Updates ကို ပိတ်ပါ။ Music, Apps, Books & Audiobooks များကိုပါ ပိတ်ထားရင် သင် iTunes Store, App Store, iBooks Store တို့မှာ ၀ယ်ယူမှုများပြုလုပ်တဲ့အခါမှာ အခြား Device များမှာ Sync လုပ်မှာ မဟုတ်တော့ပါဘူး။
၅။ Background App Refresh ကို ပိတ်ပါ။
Facebook, Twitter, Email တို့လို Apps များဟာ နောက်ကွယ်မှာ Content အသစ်များကို အလိုအလျှောက် Update လုပ်ပေးကြပါတယ်။ အဲဒါက ကောင်းမွန်ပေမယ့် သင့်ဖုန်းကို လေးလံစေပါတယ်။ Settings> General> Background App Refresh ထဲမှာ သူ့ကို ပိတ်နိုင်ပါတယ်။ အကုန်လုံးကို မပိတ်ဘဲ သင်နှစ်သက်တဲ့ Apps များကိုလည်း ရွေးချယ် ပိတ်နိုင်ပါတယ်။

၆။ Transparency နဲ့ Motion Effects များကို လျှော့ချပါ။
Apps များ ဖွင့်ခြင်း၊ ပိတ်ခြင်းနဲ့ ဖုန်းကို လှုပ်ခါခြင်းများမှာ မျက်စိပသာဒ ဖြစ်စေဖို့ iOS မှာ Effects များ ထည့်သွင်းပေးထားပါတယ်။ အဲဒီ Effects များကလည်း ဖုန်းကို လေးလံစေပါတယ်။ Settings> General> Accessibility ထဲမှ Reduce Motion ကို On ပေးပါ။ Auto-Play Message Effects မှာ Off ပေးပါ။
Accessibility Screen ထဲ ပြန်သွားပြီး Reduce Transparency ကို On ပေးပါ။ ဒါဆိုရင် Transparency နဲ့ Blur Effects များကို လျှော့ချပေးမှာ ဖြစ်ပါတယ်။

၇။ Location Service ကို ချိန်ညှိပါ။
Location Service က ဖုန်းရဲ့ စွမ်းဆောင်ရည်နဲ့ ဘက်ထရီကို ကျဆင်းစေပါတယ်။ iOS 11 မှာတော့ သင့်ဖုန်းရဲ့ GPS ကို သုံးမယ့် Apps များကို ကန့်သတ်နိုင်လာပါတယ်။ Apps များဟာ သင်သူတို့ကို သုံးနေတဲ့ အချိန်မှာသာ Location Services ကို သုံးနိုင်အောင် ပြုလုပ်ထားနိုင်ပါတယ်။ Settings> Privacy> Location Services ထဲသွားပြီး Apps များအတွက် While Using ကို ရွေးပေးပါ။

၈။ ဖုန်းကို Reboot လုပ်ပါ။
အပေါ်က နည်းလမ်းများက သင့်ဖုန်းရဲ့ပြဿနာကို မဖြေရှင်းပေးနိုင်ဘူးဆိုရင် Reboot လုပ်ပါ။ သင့်ဖုန်းကို ရက်သတ္တပတ်ပေါင်းများစွာ မပိတ်ဘဲ သုံးနေရင်တော့ သူ့ကိုလည်း အနားပေးသင့်ပါတယ်။ Reboot လုပ်ခြင်းက ပြဿနာများကို ဖြေရှင်းပေးတတ်ပါတယ်။



Credit to ==> DigitalTimes.com.mm




www.pyaephyo.com
 
 
 
Read More ...

10/03/2017

♪ “ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ ” ♫

Image may contain: one or more people, phone and text

မေး - အစ်ကိုရေ ဖုန်းလေးတစ်လုံးက နားကြပ်ထိုးထားပြီး နားကြပ်ပုံမပေါ်တဲ့ ပြဿနာဖြစ်နေလို့။
ဖြေ - ဟုတ်ကဲ့။ အစ်ကိုရေ အပေါင်းဗို့ (1.8V) ပျောက်နေလို့ပါ။ အဲ့ဒါ (1.8V) ရတဲ့ တစ်နေရာကနေ နားကြပ် ပေါက်ရဲ့ အပေါင်းငုတ်ကို Jumper ကျော်ပေးလိုက်ရင် အဆင်ပြေသွားလိမ့်မယ်။ အဲ့ဒါက နားကြပ်ထိုးထားပြီး ပါဝါဖွင့်ထားမှ (1.8V) ကို တိုင်းလို့ရမှာပါ။ ဒီအတိုင်းသွားတိုင်းရင်တော့ ဘာမှမသိနိုင်ပါဘူး။ အဆင်ပြေပါစေ အစ်ကိုရေ။

မေး - အစ်ကိုရေ ကျွန်တော့် Phone က Battery လဲလိုက်တာလိုင်း မတက်တော့ဘဲ Searching SIM Card ပဲ ပြတော့တယ်။ ဘာဖြစ်တာ လဲအစ်ကို။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ Phone က Time and Date မှားသွားလို့ပါ။ Time and Date ကို ပြန်ချိန်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

မေး - ကျွန်တော့် Vivo ဖုန်းက Custom Recovery သွင်းမရဘူးဖြစ်နေတယ်။ Bootloader Lock ပါခင်ဗျာ။ Unlock လုပ်နိုင်မယ့် နည်းလမ်းလေးပြောပြပါ။
ဖြေ - Vivo တွေက နောက်ပိုင်းမှာ Bootloader Lock တွေပါလာတယ်။ Unlock လုပ်ဖို့ ADB Folder ထဲကနေ CMD ခေါ်ပါ။ ဖုန်းကို Fastboot ၀င်ပြီး PC မှာချိတ်ပါ။ ပြီးရင် Fastboot BBK Unlock - Vivo လို့ ရိုက်ပေးပါ။ (Vivo Driver ကတော့ Install လုပ်ထားရပါမယ်။ BST ရှိရင်တော့ BST မှာ Model ရွေး BL Unlock နှိပ်ရင်လည်း ရပါတယ်။ ဖုန်းကတော့ Fastboot ပါပဲခင်ဗျာ။

မေး - Apple ဖုန်းရဲ့နောက်ဆုံးထွက် iPhone X ရဲ့တန်ဖိုးနှင့် စတင်ရောင်းချမည့်ရက်စွဲလေးကို သိချင်ပါတယ် အစ်ကိုတို့ရေ ...။
ဖြေ - iPhone X ရဲ့တန်ဖိုးက 64GB အတွက် 999 ဒေါ်လာဖြစ်ပါတယ်။ 256GB အတွက်က 1,149 ဒေါ်လာ ဖြစ်ပါတယ်။ ကြိုတင်မှာယူမှုတွေကို အောက်တိုဘာလ 27 ရက်မှာ စတင်လက်ခံမှာဖြစ်ပြီး နိုဝင်ဘာလ 3 ရက် မှာ တင်ပို့ရောင်းချမယ်လို့ သိရပါတယ်။

မေး - iPhone X မှာ Home ခလုတ်ဖယ်ရှားလိုက်ပြီဆိုတာ ဟုတ်ပါသလား အစ်ကိုတို့ရေ ...။
ဖြေ - iPhne X မှာ Home ခလုတ်ဖယ်ရှားလိုက်ပြီဆိုတာဟုတ်ပါတယ်။ Apple က ပထမဆုံးအကြိမ်အဖြစ် Home ခလုတ်ကိုဖယ်ရှားခဲ့ပြီး ဖုန်းရဲ့အောက်ခြေကနေ အပေါ်ဘက်ကို Swipe လုပ်တာနဲ့ အစားထိုးခဲ့ပါတယ်။ ဒါ့အပြင် ခလုတ်နဲ့အတူ Touch ID Fingerprint Sensor ကိုလည်း Apple က ဖယ်ရှားခဲ့ပြီး Face ID လို့ခေါ်တဲ့ နည်းလမ်းသစ်ကို အသုံးပြုခဲ့ပါတယ်။ အဲ့ဒီနည်းလမ်းဟာ ဖုန်းကိုကြည့်လိုက်ရုံနဲ့ Unlock လုပ်ပေးမှာဖြစ်ပါတယ်။ Face ID ဟာ ဖုန်းရဲ့ထိပ်ဘက်ပိုင်းမှာတပ်ဆင် ထားတဲ့ နည်းပညာကို အခြေခံထားတာဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာမှာ IR စနစ်တစ်ခုကို ပေါင်းစပ်ထည့်သွင်းထားပြီး Flood Illuminutor က အလင်းထုတ် လွှတ်ပေးမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

မေး - Xiaomi Mi3 ကို Root ဘယ်လိုဖောက်ရမလဲ။
ဖြေ - Xiaomi ဖုန်းတွေမှာ Root ဖောက်ဖို့အတွက်ဆိုရင် နည်းတွေက ၃ ၊ ၄ မျိုးလောက်ရှိပါတယ်။ ဒီအထဲက လွယ်ကူတဲ့နည်းတွေကို ပြောရမယ်ဆိုရင် Application နဲ့ Root နည်းနဲ့ Zip နဲ့ Root နည်းပါ။ Model အနိမ့် တွေအတွက် Cara apk ကို Install လုပ်ပြီး One Click နဲ့ Root ရုံပါပဲ။ ဒါပေမဲ့ Mi3 လိုဖုန်းမျိုးအတွက် Cara Root က အဆင်မပြေတော့ပါဘူး။ ဒါကြောင့် Google မှာ Xiaomi Common Root ကို Download ယူပြီး ဖုန်းရဲ့ Internal Memory ထဲထည့် Zip ရဲ့နာမည်ကို Update.zip လို့နာမည်ပေးပြီး Updater > or More > Install Zip ကိုရွေးပြီး Root လိုက်ရင် အဆင်ပြေပါပြီ။

မေး - Redmi Note တွေရဲ့အတွေ့အကြုံလေးပါ။ Software လိုလို Hardware လိုလို ဖြစ်နေတဲ့ နည်းလမ်း ပြဿနာလေးပါ။ အတွေ့အကြုံရအောင်ပါ။
ဖြေ - Redmi Note ဖြစ်တဲ့ပုံစံကတော့ ခရီးသွားရင်း ဘက်ထရီအားကုန်သွားတော့ Power Supply အသေး လေးနဲ့ချိတ်လိုက်တော့ ဖုန်းကပါဝါဖွင့်လိုက်၊ ပိတ်လိုက်ဖြစ်သွားသည်။ Firmware ပြန်တင်ရင် Fastboot File Download ဆွဲပြီးတင်ပါ။ (www.en.miui.com)

မေး - Zapya က ချိတ်လို့ရပြီး ဘယ်ကိုမှပို့လို့မရတာ ဘယ်လိုဖြေရှင်းလို့ရပါသလဲ။
ဖြေ - ဖြေရှင်းဖို့နည်းလမ်းရှိပါတယ်။ Security Application ကိုရှာပါ။ Data Usage ထဲက Restric Data Usage ထဲက Zapya ကို Data ကော WLAN မှာပါ အမှန်ခြစ်ပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








www.pyaephyo.com
 
 
 
Read More ...

10/01/2017

♪ Android ဖုန်းမှာ PSP ဂိမ်းတွေ ဘယ်လိုကစားမလဲ ♫


PPSSPP ဆိုတဲ့ PSP emulators Third party app ကိုသုံးပြီး Android ဖုန်းတွေမှာ PSP ဂိမ်းတွေကို ထည့်သွင်း ကစား နိုင်ပါတယ်။ PSP ဂိမ်းတွေကို ဖုန်းမှာ ထည့်ကစားမယ်ဆိုရင်တော့ ကိုယ့်ဖုန်းက မော်ဒယ်မြင့် Highend ဒါမှမဟုတ် Processor နဲ့ မြင့်မားမှုရှိဖို့ လိုအပ်မှာပါ။ ဘာလို့လဲဆိုတော့ ဖုန်းကစွမ်းဆောင် ရည်ပိုင်းနိမ့်နေရင်တော့ ဂိမ်းဖိုင်တွေ ကောင်းကောင်းမပွင့်တာမျိုး၊ ကစားရင်းနှေးပြီး ထစ်နေတာမျိုး၊ ဖိုင်ကဖွင့်မရတာမျိုး၊ ပွင့်ပြီးချက်ချင်း ရပ်သွားတာမျိုးတွေ ကြုံ တွေ့နိုင်ပါတယ်။

ခုဖုန်းထဲကို PlayStore ကနေ ပြီးတော့ PPSSPP App ဖိုင်ကို ဖုန်းထဲကို Download လုပ်ပါ။



PSP ဂိမ်း firmware တွေကို ISO ဖိုင် အနေနဲ့ ဖန်တီးထားတဲ့ CSO format ဂိမ်းဖိုင်တွေကို ကွန်ပျူတာကနေအွန်လိုင်း Torrents ဆိုက်တွေမှာ အလွယ်တကူ အခမဲ့ Download လုပ်နိုင်ပါတယ်။ ကွန်ပျူတာထဲကနေမှ တစ်ဆင့်ဖုန်းထဲကို ထည့်သွင်းပြီး ကစားနိုင်ပါတယ်။ PSP ဂိမ်းဖိုင်တွေကို ရယူတဲ့အခါမှာတော့ ဖိုင်တွေက တရားဝင် ဘယ်လိုလုပ်လဲ ဆိုတာကို ဖတ်ရှုပြီး ရယူသင့်ပါ တယ်။ အဲလိုမှမဟုတ်ရင် ဖိုင်က ဖွင့်မရတာမျိုးတွေ၊ ဆော့လို့မရ တာမျိုးတွေဖြစ်နိုင်ပါတယ်။ PSP ဂိမ်း Crack ဖိုင်တွေများစွာ ရှိတဲ့အတွက် Crack လုပ်ပြီးသား custom firmware တွေကိုရယူကစားတာ အကောင်းဆုံးဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ဆော့ဖ်ဝဲစီဒီရောင်းတဲ့ဆိုင်တွေမှာ လည်း ISO ဖိုင်တွေကို မေးဝယ် နိုင်ပါတယ်။
ဂိမ်းဖိုင်တွေရလာရင်တော့ ဖုန်းထဲက ဂိမ်းဆိုတဲ့ ဖိုင်ထဲကို ထည့်ပေးရပါမယ်။ အရင်ဆုံး ဖုန်း ကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ ပြီးရင်တော့ ဖုန်းရဲ့ Internal Storage ဖြစ်တဲ့ Phone ဆိုတာ ကို ရွေးလိုက်ပါ။ Phone Storage ထဲရောက်သွားရင်တော့ Game ဖိုင်ကို ရှာပြီးဖွင့်ပါ။


ဖွင့်ပြီးရင်တော့ ကွန်ပျူတာ ထဲက ဂိမ်းကို ခုနက ဖွင့်ထားတဲ့ Game ဖိုင်ထဲကို Copy – Paste လုပ်ပါ။


ပြီးသွားရင်တော့ ဖုန်းထဲမှာ Install လုပ်ထားတဲ့ PPSSPP ဆိုတဲ့ App icon ကို တစ်ချက်နှိပ်လိုက်ပါ။


App ပွင့်လာရင်တော့ Games အပိုင်းက PSP ဆိုတာ ကို ရွေးပေးပါ။


အဲဒါဆိုရင်တော့ ခုနက Copy – Paste လုပ်ထားတဲ့ ဂိမ်း ဖိုင်ကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီဖိုင်ကို တစ်ချက်နှိပ်ကာ ဂိမ်းကို စတင်ကစားနိုင်ပြီ ဖြစ်ပါတယ်။


ဂိမ်း Loading ကတော့ ကိုယ့် ဖုန်းရဲ့ စွမ်းဆောင်ရည်ပေါ်မူတည် ပြီး ကြာပါလိမ့်မယ်။ ဂိမ်းတက် လာရင်တော့ Onscreen ခလုတ် ကိုသုံးပြီး ကစားနိုင်မှာဖြစ်ပါ တယ်။ ကိုယ်ရဲ့ အွန်လိုင်းကရယူ ထားတဲ့ ဂိမ်းက PPSSPP ကနေ မထောက်ပံ့ပေး နိုင်တဲ့ ဂိမ်းဖြစ်ရင်တော့ ဖုန်းက ဂိမ်းဖိုင် Load လုပ်ပေးမှာမဟုတ် သလို ဖုန်းက စွမ်းဆောင်ရည်ပိုင်း နိမ့်လို့ ဂိမ်းကို မနိုင်ရင်လည်း Load လုပ်ပေးမှာမဟုတ်ပါဘူး။



-ရဲထွဋ်ဝင်း
Credit to ==> Internet Journal





www.pyaephyo.com
 
 
 
Read More ...