Showing posts with label iPhone Apps. Show all posts
Showing posts with label iPhone Apps. Show all posts

8/11/2017

♪ Apple ရဲ့ Apps များထက် ပိုကောင်းတဲ့ iPhone Apps များ ♫


iPhone မှာ နဂိုပါတဲ့ Apple Apps များဟာ ကောင်းမွန်ပေမယ့် Apple App Store မှာ သူတို့ထက် စွမ်းရည်မြင့်မားတဲ့ Apps များစွာ ရှိပါတယ်။ အဲဒီ Third-Party Apps များက သင့်ရဲ့ အလုပ်ကိစ္စများ ပြီးမြောက်ဖို့၊ ဓါတ်ပုံများကို စီမံခန့်ခွဲဖို့နဲ့ အခြား ကဏ္ဍများမှာပါ Apple Apps များထက် ပိုမို အစွမ်းထက်ကြပါတယ်။

Google Calendar
Apple Calendar လိုပဲ Google Calendar က Google, Facebook, iCloud တို့မှ ဒေတာများကို ပြသပေးနိုင်ပါတယ်။ ဒါပေမယ့် Google Calendar က Apple Calendar ထက် သတင်းအချက်အလက်များကို ပိုမို အသုံးဝင်တဲ့ နည်းလမ်းဖြင့် ပြသပေးပါတယ်။ Google Calendar မှာ စကရင်ရဲ့ အထက်တစ်ဝက်တွင် တစ်လလုံးကို ပြသထားပြီး အောက်ပိုင်းတစ်ဝက်မှာ လာမယ့် Event များကို ပြသထားပါတယ်။ နောက်လာမယ့် Event များကို ကြည့်ဖို့ အောက်ဘက်ကို Scroll လုပ်နိုင်ပါတယ်။ စကရင်ရဲ့ ညာဘက်ထိပ်ကို နှိပ်ပြီး လက်ရှိနေ့ကို သွားနိုင်ပါတယ်။

Evernote
Apple ရဲ့ iOS အတွက် Notes App ဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းမှာ ပိုမို ကောင်းမွန်လာပါတယ်။ ဒါပေမယ့် Evernote ဟာ အမျိုးအစား မတူညီတဲ့ မှတ်စုများကို ဖန်တီးပြီး iOS သာမက Android Device များ အကြားမှာ မှတ်စုများကို စီမံခန့်ခွဲနိုင်တဲ့အတွက် ပိုမို အသုံးဝင်ပါတယ်။ Evernote မှာ စာသား၊ ဓါတ်ပုံ၊ အသံမှတ်စုများကို မှတ်သားနိုင်ပါတယ်။ မှတ်စုများအတွက် Reminder များ သတ်မှတ်နိုင်ပါတယ်။ Tag များဖြင့် မှတ်စုများကို သိမ်းထားနိုင်ပါတယ်။ သူ့ရဲ့ စွမ်းရည်မြင့် Search Engine က ဓါတ်ပုံများထဲမှ စာသားများကိုတောင် ရှာပေးနိုင်ပါတယ်။

Google Maps
Apple Maps ဟာ မကြာခင်က ပိုမို အဆင့်မြင့်လာပေမယ့် Google Maps လောက် မကောင်းပါဘူး။ Google Maps က တိကျခြင်း၊ အသေးစိတ်ကျခြင်း၊ အသုံးပြုရလွယ်ကူခြင်းနဲ့ တည်နေရာ ညွှန်ပြခြင်းများမှာ Apple Maps ထက် ပိုမို ကောင်းမွန်ပါတယ်။ လမ်းလျှောက်ခြင်း၊ ကားမောင်းခြင်း၊ စက်ဘီးစီးခြင်း၊ ဘတ်စ်ကားစီးခြင်း၊ ရထားစီးခြင်း၊ ကားငှားခြင်း စတဲ့ အခြေအနေအမျိုးမျိုးအတွက် သူက သင့်တော်ပါတယ်။ ယာဉ်ကြော ပိတ်ဆို့မှုများကို တွက်ချက်ပေးတဲ့ စွမ်းရည်တောင် ပါပါတယ်။

Mercury Browser
iPhone အတွက် ထုတ်လုပ်ထားတဲ့ Mercury Browser ဟာ Safari , Chrome တို့ကိုတောင် ယှဉ်နိုင်ပါတယ်။ သူဟာ အလွန် လျှင်မြန်ပြီး ဒတ်စတော့ ဘရောက်စာများရဲ့ စွမ်းဆောင်ချက်များတောင် ပါပါတယ်။ သင့်ရဲ့ Firefox , Chrome မှ Bookmarks များကို သူနဲ့ Sync လုပ်နိုင်ပါတယ်။ Tab ၁၀ ခုကို တစ်ပြိုင်နက် ဖွင့်ထားနိုင်ပါတယ်။ Full-Screen Mode ဖြင့် ၀က်ဆိုက်များကို ကြည့်ခြင်း၊ စကရင်ရှော့ ရိုက်ခြင်းများ ပြုလုပ်နိုင်ပါတယ်။ LastPass, Google Translate, Ad Block တို့လို Extensions များကို သူ့မှာ သုံးနိုင်ပါတယ်။

Microsoft Word
Apple Pages မှာ အသုံးဝင်တဲ့ Tools များစွာ ရှိပါတယ်။ ဒါပေမယ့် အရွယ်သေး iPhone Screen မှာ စာဖတ်ရတာ မလွယ်ကူပါဘူး။ Microsoft Word မှာ စာဖတ်ရ အဆင်ပြေစေတဲ့ Modes များပါပါတယ်။ စာရေးခြင်းနဲ့ စာရွက်စာတမ်းများမှာ စာသား၊ ဓါတ်ပုံနဲ့ ညီမျှခြင်းများကို ဖောက်မက် ချရတာ လွယ်ကူပါတယ်။ iOS အပြင် Android Devices များနဲ့ပါ စာရွက်စာတမ်းများကို Sync လုပ်နိုင်ပါတယ်။

PowerPoint
Apple Keynote မှာ Transition Animations နဲ့ Formatting Options များစွာပါတဲ့ Slideshow Creator နဲ့ Editor ပါပါတယ်။ ဒါပေမယ့် သူဟာ Microsoft PowerPoint လောက် အစွမ်းမထက်ပါဘူး။ PowerPoint က Device များအကြားမှာ Slideshow များကို Sync လုပ်ပေးနိုင်ပါတယ်။ Presentations များအတွက် မှတ်စုများကိုလည်း ထည့်သွင်းနိုင်ပါတယ်။ Presentation မှာ အချိန်နဲ့တစ်ပြေးညီ ပုံဆွဲခြင်းများ ပြုလုပ်နိုင်ပါတယ်။





Credit to ==> DigitalTimes.com.mm




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

5/08/2017

♪ iPhone အတွက် မရှိမဖြစ်ထည့်ထားသင့်တဲ့ Camera App (၇)မျိုး ♫


ကိုယ့်ရဲ့ ဖုန်းဟာ အမြင့်ပိုင်းစမတ်ဖုန်း အမျိုးအစား မဟုတ်ဘဲ တော်သင့်ရုံ အနေအထားလောက် အဆင့်ရှိတဲ့ ဖုန်းတစ်လုံး ဖြစ်နေမယ်ဆိုရင် ပါဝင်တဲ့ Function တွေမှာ အခြားအမြင့်ပိုင်း ဖုန်းတွေလောက် ပြီးပြည့်စုံနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အချို့နေရာတွေမှာ ပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေ မပေးနိုင်တာကြောင့် Third party application တွေ ထည့်သွင်းပြီး အကူအညီထပ်မံ ရယူကြရပါတယ်။ အခုဖော်ပြမယ့် အကြောင်းအရာကတော့ ကင်မရာရိုက်ကူးတဲ့အခါမှာ အမြင့်ပိုင်း ဖုန်းတွေလောက် camera စနစ်အစုံအလင် မပါဝင်ရင် ဘယ်လိုမျိုး App တွေ ထည့်သွင်းပြီး ရိုက်ကူးသင့်တယ်ဆိုတာကို သိရအောင်ဖော်ပြ ပေးလိုက်ပါတယ်။ အခုဖော်ပြပေးလိုက်တဲ့ App တွေဟာ iPhone နဲ့ ကင်မရာရိုက်တဲ့သူတွေ အသုံးတည့်နိုင်လောက်မယ့် Camera app (၇) မျိုးကို ရွေးချယ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

၇။ Instagram

Instagram ကတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာ မလိုတဲ့ App တစ်ခုပဲဖြစ်ပါတယ်။ Social media နဲ့ Camera app ကိုပေါင်းစပ်ပေးထားတဲ့ App တစ်ခုပဲဖြစ်ပါတယ်။ ဓာတ်ပုံရိုက်မယ်၊ ပြီးရင် Filter တွေထည့်ပြီး edit လုပ်မယ်။ filter တွေကိုလည်း အများအပြား ထည့်သွင်းနိုင်ပါတယ်။ ဒါ့အပြင် စတေကာတွေလည်း ဓာတ်ပုံပေါ်မှာ ထည့်ရိုက်နိုင်တဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။ ရိုက်ကူးထားသမျှ ဓာတ်ပုံတွေကို instagram ပေါ်မှာပဲ သူငယ်ချင်းတွေကို ဝေမျှနိုင်သလို Facebook ကိုလည်း တစ်ပြိုင်တည်း တင်နိုင်ပါတယ်။ အခြား manual app တွေကို လုပ်ဆောင်ချက်များများ မပါပေမယ့် iOS နဲ့ Android မှာပါသုံးနိုင်တဲ့ App ပဲဖြစ်ပါတယ်။

၆။ Proshot


Rule of third အတွက် Grid line တွေပါဝင်မယ်။ ဓာတ်ပုံရဲ့အချိုးအစားတွေ ပြုပြင်နိုင်မယ်။ RAW ဖိုင်တွေ ထုတ်နိုင်မယ်။ White balance ချိန်ညှိနိုင်မယ်။ Exposure ကိုလိုသလိုချိန်ညှိနိုင်မယ်။ Shutter speed setting တွေပါဝင်နေမယ် ဆိုရင်တော့ အဲဒီ App ကလည်း နာမည်ကြီး Proapp ပဲဖြစ်ပါတယ်။ App ထဲမှာ ပါဝင်တဲ့ စနစ်တွေ လုပ်ဆောင်ချက်တွေဟာ ဓာတ်ပုံရိုက်ဖို့ စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့အတိုင်း ဖန်တီးနိုင်ဖို့ Function များအပြား ထည့်ပေးထားတာကို တွေ့ရပါတယ်။ ဓာတ်ပုံ Theory တွေအတိုင်း ဖန်တီးရိုက်ကူးနိုင်အောင် အကူအညီကောင်းကောင်း ပေးနိုင်ပါတယ်။

Screen ပေါ်မှာတင် တစ်ချိန်တည်း ချိန်ညှိုမှုတွေ ပြုလုပ်နိုင်အောင် live histogram ကိုအထောက်အပံ့ ပေးထားပြီး ဓာတ်ပုံရိုက်ကူးမယ့် အချိန်မှာဖြစ်နေတဲ့ မှောင်နေခြင်း၊ လှုပ်ရှားနေတဲ့ ပုံရိပ်စတာတွေကို ရိုက်ကူးနိုင်ဖို့ Function တစ်ခုလည်း ထည့်ပေးထားပါတယ်။ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို EXIF Data အနေနဲ့ သိမ်းဆည်းနိုင်ပြီး မိုဘိုင်းဖုန်းတွေထဲမှာ ထည့်သွင်းထားသင့်တဲ့ App တစ်ခုပဲဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ IOS, Andriod, Windows OS ကဲ့သို့သော Platform အစုံမှာ ထည့်လို့ရတဲ့ တစ်ခုတည်းသော App ဖြစ်လို့ပါပဲ။

၅။ Camera+


Camera+ ထွက်တာ နှစ်အတော် အတန်ကြာခဲ့ပြီဆိုပေမယ့် iOS ကင်မရာ App တွေထဲမှာတော့ အကောင်းဆုံး ဖြစ်နေသေးတာ အခုအချိန်အထိပါပဲ။ Professional ဓာတ်ပုံတွေကို ရိုက်ကူးနိုင်လောက်တဲ့ အဆင့်ထိဖြစ်အောင် စနစ်တွေ ထည့်ပေးထားတဲ့ App တစ်ခုလည်းဖြစ်ပါတယ်။ ပုံစံဒီဇိုင်းကလည်း Apple ကထုတ်တဲ့ ထုတ်ကုန်တွေလို ရိုးရှင်းပြီး သုံးရလွယ်တဲ့ interface မျိုးဖြစ်အောင် ဖန်တီးပေးထားပါတယ်။
App မှာပါဝင်တဲ့ များပြားလှတဲ့ Function တွေထဲက အသုံးများမယ့် Fucntion တွေကတော့ Filter တွေထည့် ရိုက်တာ HDR စနစ်ထပ်ပေါင်းထည့်ခြင်း၊  Focus ချိန်ညှိခြင်း၊ exposure control နဲ့ ရိုက်နေတဲ့အချိန်မှာ ချိန်ညှိနိုင်တဲ့စနစ်၊ အလင်းရောင် ပိုပေးနိုင်ခြင်း နဲ့ ရိုက်ပြီးတဲ့ အချိန်မှာ ချက်ချင်းပဲပြန်ကြည့်နိုင်မယ့် Viewer စနစ်တွေ ပါဝင်တာကို တွေ့ရပါတယ်။ အခုလို manual စနစ်တွေသုံးပြီး ရိုက်ကူးလိုက်တဲ့ အချိန်မှာထွက်လာတဲ့ ဓာတ်ပုံတွေဟာ ရိုးရိုးတန်းတန်း ရိုက်လိုက်တဲ့ ပုံထွက်အများကြီး ကွာခြားသွားအောင် Camera+ က ဖန်တီးပေးနိုင်ပါတယ်။

၎။ Camera 360


Camera 360 ကတော့ သုံးစွဲသူတွေ သိပြီးသား နာမည်ကြီးတဲ့ App တစ်ခုပဲဖြစ်ပါတယ်။ ရိုက်ကူးတဲ့ အချိန်မှာ Filter တွေ အများအပြား
ထပ်ပေါင်းထည့်ပြီး ရိုက်ကူးနိုင်သလို Instagram ကိုလည်း တပြိုင်တည်း တင်နိုင်အောင် ဖန်တီးပေးထားပါတယ်။ funny sticker ပေါင်းများစွာ ပါဝင်ပြီး Crap လုပ်ရိုက်ကူးကာ လူမှုကွန်ရက်ပေါ်ကိုလည်း တင်နိုင်အောင် ဖန်တီးပေးထားပါတယ်။ ဓာတ်ပုံ မရိုက်ကူးခင်မှာပဲ ရိုက်ကူးနိုင်မယ့် ပုံစံတွေကို တစ်ပြိုင်တည်းကြည့်နိုင်မယ့်Preview function တွေ ပါဝင်ပါတယ်။

၃။ Focus


Focus App ရဲ့ အဓိက လုပ်ဆောင်ချက်က ပုံရိပ်ကိုပြတ်သားအောင် အလေးပေး လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ Viewfinder ပေါ်မှာ ပေါ်လာတဲ့ ပုံရိပ်ကို အပြတ်သားဆုံး ဖမ်းယူရရှိနိုင်အောင် လုပ်ဆောင်ပေးမယ့် App တစ်ခုပဲ ဖြစ်ပါတယ်။ နောက်ထပ် ပါဝင်တဲ့ အရည်အသွေး တချို့ကတော့ အရောင်အသွေးမျိုးစုံနဲ့ ရိုက်ကူးနိုင်ခြင်းနဲ့ Bokeh effect
လိုမျိုး background ကို ဝါးသွားအောင် ဖန်တီးပေးနိုင်မယ့် စနစ်တွေ ပါဝင်ပါတယ်။ ရိုက်ကူးပြီးတဲ့ ဓာတ်ပုံတွေကို Edit လုပ်ဖို့ ပြန်ထုတ်ပေးတဲ့အခါမှာ High resolution စနစ်တွေနဲ့ ပြန်ထုတ်ပေးနိုင်တဲ့ TIFF ဖိုင်စနစ်တွေကိုလည်း အထောက်အပံ့ ပေးထားပါတယ်။
ဒီ App ထဲမှာပါဝင်တဲ့ အခြားအသုံးဝင်တဲ့ Function တွေကတော့ ဓာတ်ပုံရိုက်တဲ့အခါ Flash ထပ်ဖြည့်နိုင်တာ။ Shutter Speed ကိုချိန်ညှိပေးနိုင်တာ။ White balance, Exposure ကို ချိန်ညှိနိုင်တာတွေနဲ့ ဓာတ်ပုံရိုက်ကူးတဲ့ တစ်ချိန်တည်းမှာပဲ အလင်းအရောင် အနေအထားကိုလည်း ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။ Apple watch နဲ့လည်း remote လုပ်ပြီး ရိုက်ကူးနိုင်ပါတယ်။

၂။ Camera FV-5


ဒီ Camera FV-5 App ကတော့ Android user တွေအတွက် သီးသန့်ထုတ်ထားတဲ့ Camera Application ဖြစ်ပါတယ်။ Manual mode နဲ့ ရိုက်ကူးဖို့အတွက် တော်တော်တန်တန်ကောင်းမွန်တဲ့ Android Application တွေထဲမှာ ရှားပါး App တစ်ခုပဲဖြစ်ပါတယ်။ App မှာပါဝင်တဲ့ Function တွေက ကိုယ့်ရဲ့ Android ဖုန်းရဲ့ ကင်မရာရဲ့ လုပ်ဆောင်ချက်တွေကို ထပ်ပေါင်းထည့်ပေးနိုင်ဖို့ Shutter Speed, ISO, White balance, Focus နဲ့ Exposure function တွေ အခြားအခြားသော လိုအပ်မယ့် Funciton တွေ စုံလင်စွာ ပါဝင်တာကိုတွေ့ ရပါတယ်။

Camera FV-5 ထဲမှာပါဝင်တဲ့ Shutter ခလုတ်ကို မနိုပ်ခင်မှာဘဲ အမျိုးမျိုးသော စနစ်တွေကို ကိုင်တွယ်လုပ်ဆောင်ရတာ လွယ်ကူရှင်းလင်းစေတာကိုတွေ့ရပါတယ်။ Rule of third ရိုက်ကူးနိုင်ဖို့အတွက် Gridline တွေ ထည့်သွင်းနိုင်သလို လိုအပ်တဲ့နေရာလေးပဲ ဖြတ်တောက် ရိုက်ကူးနိုင်ဖို့ View finder screen ပေါ်မှာ nine crap guide ပါဝင်ပါတယ်။ ရိုက်ထားသမျှ ဓာတ်ပုံတွေကို ပြန်လည်ကြည့်ရှုနိုင်ဖို့ EXIF viewer လည်းပါဝင်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာပေါ်မှာ ဓာတ်ပုံ Edit ကောင်းကောင်း လုပ်နိုင်အောင် Raw file ကိုလည်း Export လုပ်နိုင်ပါသေးတယ်။  အခမဲ ရနိုင်တဲ့ App တစ်ခုတော့ မဟုတ်ပေးမယ့် ဝယ်သုံးရင်
တန်တာကို တွေ့ရပါလိမ့်မယ်။

၁။ Manual App


Manual App ဟာ iPhone ကင်မရာ သုံးစွဲသူတွေအတွက် ပိုကောင်းတဲ့ လုပ်ဆောင်ချက်တွေ ထပ်ပေါင်းထည့် ပေးနိုင်မယ့် App တစ်ခုပဲဖြစ်ပါတယ်။ သူက DSLR တွေမှာပါဝင်တဲ့ Function တွေကို မိုဘိုင်းဖုန်းပေါ်မှာ သုံးနိုင်အောင် ဖန်တီးပေးထား ပါတယ်။ Shutter Speed, ISO, White balance, Focus နဲ့ Exposure တွေကို လိုသလို ချိန်ညှိုရိုက်ကူးနိုင်အောင် လုပ်ဆောင်ပေးပါလိမ့်မယ်။ ဓာတ်ပုံရိုက်ကူးတဲ့ အချိန်မှာ အပြိုင်တည်း Viewfinder မှာ ကိုယ်ချိန်ညှိုတဲ့ အကြောင်းအရာတွေရဲ့ Effect တွေပြောင်းလဲသွားတာကို မြင်တွေ့နေမှာ ဖြစ်ပါတယ်။ ဒါအပြင် App ကိုသုံးစွဲရတာလည်း အသုံးပြုသူ တစ်ယောက်အတွက် လွယ်ကူအောင် ဖန်တီးပေးထားပါတယ်။

Black ဒါမှမဟုတ် White ဆိုတဲ့ Themes နှစ်မျိုးကို ရွေးချယ်သုံးစွဲနိုင်သလို EXIF viewer လည်း ပါဝင်ပါတယ်။ ဓာတ်ပုံပညာမှာ အထိကကျတဲ့ Rule of third ကို ချိန်ရိုက်နိုင်ဖို့ Grid line တွေလည်း ထည့်သွင်းနိုင်ပါသေးတယ်။ ကိုယ့်ရဲ့ စိတ်ကူးထဲမှာ ပေါ်ပေါက်လာတဲ့ အရာတွေကို သီအိုရီအရ ရိုက်ကူးနိုင်ဖို့ အကောင်းဆုံး အထောက်အပံ့တွေ ကောင်းကောင်းပေးနိုင်မယ့် App တစ်ခုပဲ ဖြစ်ပါတယ်။ App က ရှင်းရှင်းလင်းလင်းနဲ့ သုံးစွဲရလွယ်ကူတာကိုလည်း တွေ့ရပါတယ်။ iOS အတွက်ပဲ သုံးစွဲနိုင်ပြီး အခကြေးငွေပေးရတဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။




Credit to ==> Internet Journal
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

5/20/2016

♪ နားကြပ်တိုင်းကို ပတ်လည်အသံပြေးစနစ်ရအောင်လုပ်ပေးမယ့် iOS app ♫


Mac OS မှာ အသံချိန်ညှိပေးတဲ့ Boom app ကို တော်တော်များများသိကြမှာပါ။ ယခုအခါ Boom for Mac app ရဲ့ iOS app ထွက်လာပြီဖြစ်ပါတယ်။

iOS အတွက်ထွက်လာတဲ့ Boom app ဟာ Mac တုန်းကလို၊ equaliser သက်သက်အနေနဲ့ မဟုတ်တော့ဘဲ၊ effect စုံလင်တဲ့ music player တစ်ခုဖြစ်လာပြီး၊ ဒီ app ထဲမှာဖွင့်ထားတဲ့သီချင်းတွေကို ဘယ်လိုနားကြပ်မျိုးမှာမဆို ပတ်လည်အသံပြေးစနစ်ထွက်အောင် လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ iOS ရဲ့ အကန့်အသတ်တွေကြောင့်၊ Boom app ထဲမှာဖွင့်တဲ့သီချင်းတွေကိုပဲ surround sound ခံစားမှုပေးစွမ်းမှာ ဖြစ်ပြီး၊ တခြား player တွေမှာဆိုရင်တော့ ရမှာမဟုတ်ပါဘူး။

NDTV ချယ်နယ်ဝန်ထမ်းတွေရဲ့ စမ်းသပ်ချက်အရ၊ Headphones အမျိုးအစားတော်တော်များများမှာ ပတ်လည်အသံပြေးစနစ်ထွက်ပြီး၊ တော်တော်မိုက်တယ်လို့ ဆိုပါတယ်။

Boom app ရဲ့ ဒီဇိုင်းကလည်း မျက်စိအေးတဲ့ အနက်ရောင်ဖြစ်ပြီး၊ ကွန်ထရိုးခလုတ်တွေ၊ effect ခလုတ်တွေ၊ ရိုးရိုးရှင်းရှင်းဖော်ပြထားတာကို တွေ့ရပါတယ်။

Boom app ကနေ သီချင်းဖွင့်လိုက်ရင်၊ Effects ဆိုတဲ့ ခလုတ်တစ်ခုကို တွေ့ရမှာဖြစ်ပြီး၊ နှိပ်လိုက်ရင်တော့ အသံချိန်ညှိဖို့နဲ့ Boom’s 3D Surround effect ကို အတိုး၊အလျော့ လုပ်ဖို့ settings ပေါ်လာမှာပါ။

boom_music_ipad

Boom app မှာ Timer လည်းပေးလို့ရတာကြောင့်၊ အိပ်ခါနီးသီချင်းနားထောင်ချင်တဲ့သူတွေအတွက် တော်တော်အဆင်ပြေပြီး၊ ဖုန်း/တက်ဘလက်ကို လှုပ်လိုက်ရုံနဲ့ သီချင်းကျော်နိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။

Boom ရဲ့ ပတ်လည်အသံပြေးစနစ်က တကယ်အလုပ်လုပ်ရဲ့လားဆိုတော့၊ မဆိုးဘူးလို့ ဖြေရမှာပါ။ ဒါပေမယ့် နားကြပ်က အရည်အသွေးပိုကောင်းလာလေ၊ ပတ်လည်အသံပြေးစနစ်က အနည်းငယ်ပိုဆိုးလာပြီး၊ Audi Technica ATH-M50x လို အရည်အသွေးမြင့်နားကြပ်နဲ့ နားထောင်တဲ့အခါ၊ သူ့ effect က အသံအရည်အသွေးကို ပိုဆိုးသွားစေတာ တွေ့ရပါတယ်။

Boom ရဲ့ နောက်ထပ်ကန့်သတ်ချက်တစ်ခုကတော့၊ Apple Music နဲ့ Spotify တို့က သီချင်းတွေလိုမျိုး DRM-protected လုပ်ထားတဲ့ ဖိုင်တွေကို effect မထည့်ပေးနိုင်ပါဘူး။ iTunes က၀ယ်ယူထားတဲ့ သီချင်းတွေလိုမျိုး DRM မရှိတဲ့ သီချင်းတွေဆိုရင်တော့ ကောင်းကောင်းသုံးနိုင်ပါတယ်။

Boom ကို iTunes မှာ အခမဲ့ဒေါင်းလုဒ်ရယူနိုင်ပြီး၊ ငါးရက် အခမဲ့စမ်းသုံးခွင့်ရှိပါတယ်။ ငါးရက်ကျော်သွားရင်တော့ သုံးဒေါ်လာလောက် ဆက်သွင်းပြီးအသုံးပြုရမှာပါ။

boom_headphones_ipad

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com
Read More ...

12/01/2014

iPhone & iPad for Microsoft Office Apps Free Download

မိမိရဲ့ iPhone & iPad တွေမှာ Microsoft Office Apps သွင်းပြီးအသုံးပြုချင်သူတွေအတွက်
တင်ပေးလိုက်ပါတယ်။တိုက်ရိုက်ဒေါင်း.ူနိုင်ပါတယ်။

Read More ...