10/23/2015

♪ ဈေးနှုန်းချိုသာပြီးစွမ်းဆောင်ရည်မြင့်မားတဲ့ - “KISS ME DG 580” ♫


ပြည်တွင်းဈေးကွက်ထဲတွင် ရောင်းချသောဖုန်းအများစုအခြေချရာ မြို့ကြီး များကတော့ ရန်ကုန်နှင့် မန္တလေးဖြစ်ပါတယ်။ အချို့သောအမှတ်တံဆိပ် များရဲ့ပင်ရင်းဟာရန်ကုန်ဖြစ်ပြီးအချို့တံဆိပ်တွေကတော့ မန္တလေးမှာ ရုံးတည်ရှိကြပါတယ်။ သုံးစွဲသူများအတွက် အဆင်ပြေစေမယ့် ဖုန်းများ ကိုစဉ်ဆက်မပြတ် ထုတ်လုပ်ရောင်းချပေးနေခြင်းကြောင့် ရွေးချယ်စရာ အမှတ်တံဆိပ်များပိုမိုများပြားလာခဲ့ပါတယ်။

ယခုအမှတ်တံဆိပ်ဟာလည်း သုံးစွဲသူများအတွက် အဆင်ပြေစေအောင် ဖန်တီးပေးထားသော စွမ်းရည် များပါရှိပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းဟာ 5.5inches ရှိခြင်း ကြောင့်ကျယ်ပြန့်သောမြင်ကွင်း ရသများကိုခံစားနိုင်ပါလိမ့်မယ်။ ပုံထွက် ကောင်းစေရန်အတွက်လည်း IPS OGS Screen တွင် 540 x 960 Pixels ပမာဏဖြင့်ဖွဲ့စည်းပေးထားပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစား ကတော့ GSM/ WCDMA ပါ။ ယခုဖုန်းရဲ့ ကောင်းမွန်သောအရည်အသွေး ထဲတွင် ကင်မရာစနစ်လည်းပါရှိပါတယ်။ ဖုန်းရဲ့ အရှေ့၊ အနောက်ကင်မရာ နှစ်မျိုးလုံးကပေးစွမ်းမယ့် စွမ်းရည်ကတော့ 8MP ဖြစ်ပါတယ်။ ဒါကြောင့် Selfieပုံများကိုရိုက်ကူးတဲ့အခါတွင်လည်းအဆင်ပြေစေ ပါလိမ့်မယ်။

88* Wide-angle Front-facing Camera ဖြစ်ပါတယ်။ ဖုန်းရဲ့ အရွယ် အစားပမာဏကတော့ 158 x 78.5 x 5.5mm ဖြစ်ပါတယ်။ ကိုင်ဆောင် သုံးစွဲမှုနှင့် သယ်ယူသွားလာဖို့အတွက် အဆင်ပြေစေမယ့် အနေအထားပါ။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAMကို1GBထည့်သွင်းပေးထားပြီးROM ကို 8GB ဖြစ်အောင်ဆောင်ရွက်ပေးထားပါတယ်။

အချက်အလက် အများအပြား သိမ်းဆည်းချင်တယ်ဆိုရင်တော့ SD Card စိုက်ပြီး မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်အသုံးပြုရပါမယ်။ အားသွင်းအသုံးပြုနိုင်မယ့် Battery အမျိုးအစား မှာ2500mAh ဖြစ်ပါတယ်။ အဖြူနဲ့အနက် နှစ်ရောင်ထဲကကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။

<Specification>
Network - GSM/WCDMA
Screen - 5.5 inches
Memory - up to 32 GB
Bluetooth - Yes
CPU - MT 6582 Quad Core
OS - Android OS,v4.4.2
Contact - 09-785688888
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal

Credit to ==> Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com