10/01/2015

♪ ဈေးနှုန်းချိုသာတဲ့ “AOTO Success V6” ♫


ဟန်းဆက်ရောင်းချသောဆိုင်များတွင် တရုတ်နိုင်ငံထုတ်ဖုန်းများ ကိုလည်း မြင်တွေ့နိုင်ပါတယ်။ ထိုသို့သော ဖုန်းတွေထဲကမှ AOTO တံဆိပ်သည်လည်း လူသုံးများတဲ့ဟန်းဆက်အမျိုးအစားဖြစ်ပါတယ်။ AOTO ဟန်းဆက်များထဲ တွင် Success Series များကိုလည်းရွေးချယ်ဝယ်ယူနိုင်ပါတယ်။ V6ကတော့ နာရီ ၇ မျိုးပြောင်းပြီးသုံးလို့ရပါတယ်။

ဟန်းဆက်တစ်လုံးဟာ လုပ်ငန်းကိစ္စ များစွာအတွက်လည်းအထောက်အပံ့ပေးပါတယ်။ အချိန်နာရီများကို အလျဉ်း သင့်သလိုပြောင်းလဲသုံးစွဲနိုင်ပြီး၊ ဟန်းဆက်ထဲမှလိုအပ်သည့် အချက်အလက် များကိုလည်း ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး print ထုတ်ယူလို့ရပါတယ်။ သုံးစွဲသူ များအတွက် အထိုက်အလျောက် အကူအညီဖြစ်စေမယ့် V6တွင် Face Unlock နှင့် Voice Unlock ခတ်လို့ရပါတယ်။ Smart Somatosensory ထဲဝင်ပြီး Sensor Short ပေးလို့ရပါတယ်။ Smart emotion လုပ်လို့ရပါတယ်။ Tab ကို နှစ်ချက်တောက်လိုက်တာနဲ့ဖုန်းပွင့်လာတဲ့ System ပါရှိပါတယ်။ Screen ပေါ်မှာအင်္ဂလိပ် အက္ခရာရေးပြီးတော့ကိုယ်လိုချင်တဲ့ Software ဆီကို သွားလို့ ရပါတယ်။ Gallery ထဲကပုံဖျက်လျှင် ကျုံ့ပြီးဖျက်လို့ရပါတယ်။ ပုံမှားဖျက်လျှင် Undo ကိုနှိပ်လို့ရပါတယ်။

အသုံးပြုနိုင်မယ့် OS အမျိုးအစားကAndroid ဖြစ်ပြီး၊ version မှာKitKatပါ။ ဖုန်းရဲ့မျက်နှာပြင် အကျယ်အ၀န်းကတော့ 4.5 inches ပါ။ ကင်မရာနှစ်မျိုး နှစ်စားတပ်ဆင်ပေးထားပြီး၊ အနောက်ဘက် ကင်မရာဟာ 5MP စွမ်းရည်ရှိကာ ရှေ့ကင်မရာငယ်ကတော့ 3MPစွမ်းရည်ဖြစ်ပါတယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် RAM က 1GB ပါရှိပြီး၊ Internal Storage တွင် 4GBထည့်သွင်း ပေးထားပါတယ်။ SD ကတ်စိုက်ပြီးတော့လည်းမှတ်ဥာဏ်ပမာဏကို ချဲ့ထွင် နိုင်ပါမယ်။ AOTO ဖုန်းများဟာအာမခံသက်တမ်း ပါရှိပါတယ်။ အရောင်ဒီဇိုင်း ဆန်းပြားသောဖုန်းများကို ကိုင်ဆောင်သုံးစွဲချင်သူများအတွက်လည်း AOTO မှလှပသောအရောင်များဖြင့် သူ၏ဟန်းဆက်များကိုထုတ်လုပ်ရောင်းချ ပေးထား ပါသေးတယ်။

<Specification>
Network - GSM/WCDMA
Screen - 4.5 inches
CPU - Dual Core 1.2GHz
OS - Android OS,v4.2.2
Memory - up to 32 GB
Bluetooth - Yes
Contact - 09-450505050
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com