Showing posts with label sony Firmware. Show all posts
Showing posts with label sony Firmware. Show all posts

10/11/2016

♪ Samsung နဲ့ Sony တို့ရဲ့ Firmware တွေကိုရယူနိုင်မဲ့ Samsony.net ♫


Samsung ဖုန်း model အားလုံးနီးပါးနဲ့ Sony ဖုန်း model အားလုံးနီးပါးရဲ့ Firmware များကိုတစ်နေရာထဲကနေ ရယူနိုင်မဲ့လင့်လေးဖြစ်ပါတယ်။ သိတဲ့သူတွေကလည်း ပေါများသလို မသိတဲ့သူတွေလည်း ရှိတာကြောင့် တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ လိုအပ်ရာ model ကိုရွေးချယ်ရယူနိုင်ပါတယ်။

oooooOOOOO Go To Samsony.net OOOOOooooo


အဆင်ပြေပါစေ။
Warmly Welcome
Ko Htoo ( MMAS )




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

8/08/2014

Sony Xperia Firmware လွယ်ယူစွာ Download ရန် Xperia Firmware Downloader

အရင်ကဆို Sony Xperia ဖုန်းအမျိုးအစားပေါင်းစုံရဲ့ Firmware တွေကို အလွယ်တကူရှာလို့ရဖို့ ၊ Download လုပ်ဖို့ဆိုတာ သိပ်မလွယ်ကူပါဘူး ။ အခုတော့ Sony Xperia စီးရီးဖုန်းတွေရဲ့ Firmware တွေကိုအလွယ်တကူ One Click အနေနဲ့ Download ရယူနိုင်ဖို့ Xperia Firmware Downloader ဆိုတာလေးထွက်ရှိလာပါတယ်။
ကိုယ့်ဖုန်းအမျိုးအစားကိုရွေး ၊ သက်ဆိုင်ရာ Region ကိုေ၇ွးပြီး Firmware နံပါတ်ကို နှိပ်လိုက်တာနဲ့ Download လုပ်မှာလားမေးပါလိမ့်မယ်။
Download ကိုနှိပ်လိုက်တာနဲ့ Firmware ဖိုင်ကိုစတင် Download လုပ်နေမှာဖြစ်ပါတယ်။ အလွန်လွယ်ကူသွားစေတာဖြစ်တာကြောင့် Sony Xperia ဖုန်းကိုင်ဆောင်သူတွေနဲ့ ဖုန်းဆားဗစ်သမားတွေဆောင်ထားသင့်တဲ့ Tool တစ်ခုပဲဖြစ်ပါတယ်။ Xperia Firmware Downloader v2.1 ကိုအောက်က link မှာရယူနိုင်ပါတယ်။
 
 (C) MMAS

အဆင်ပြေရင်အောက်ပါကြော်ငြာကိုတစ်ချက်ကလစ်ခဲ့ပါ
++++++++++++++++++++++++++++++++++++++++++++++++++++ ++++++++++++++++++++++++++++++++++++++++++++++++++++ အဆင်ပြေပါစေ ကျေးဇူးတင်ပါတယ်







<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

11/18/2013

Flashtool ကို အသုံးပြုပီး Sony Phone တွေကို Firmware ပြန်ရေးကြမယ်

Flashtool ကို အသုံးပြုပီး Sony Phone တွေကို Firmware ပြန်ရေးကြမယ်။


Flashtool ကို အသုံးပြုပီး Sony Phone တွေကို firmware ပြန်ရေးနည်း
Sony android ဖုန်းတွေ Version တင်ချင်တာပဲ ဖြစ်ဖြစ် Buildnumber အသစ်ထွက်လို့ တင်ချင်တာပဲဖြစ်ဖြစ်၊ Firmware ပျက်သွားလို့ ပြန်ရေးချင်တာပဲ ဖြစ်ဖြစ်၊ Flashtool ဆိုတဲ့ Software လေးကိုအသုံးပြုပြီး Firmware တင်လို့ရပါတယ်။ ခုပြောပြပေးမှာကတော့ မသုံးတတ်သေးတဲ့ လူတွေအတွက် အသေးစိတ် ရှင်းပြပေးမှာဖြစ်ပါတယ်။
( သုံးတတ်တဲ့လူတွေ အတွက်တော့ မပါဘူးပေါ့ )


Flashtool ကို install လုပ်ပုံအဆင့်ဆင့် ကတော့
1. သက်ဆိုင်ရာ Flashtool ကို အောက်မှာ Download ဆွဲလိုက်ပါ။
2. Download ဆွဲပြီးသွားရင် ရလာတဲ့ Flashtool ကို Install လုပ်လိုက်ပါ။ Install လုပ်ခိုင်းတဲ့ Location ကို သူ့နဂိုအတိုင်းပဲ ထားလိုက်ပါ။
3. Install လုပ်ပြီးရင် Flashtool သွင်းထားတဲ့ File Location (C:\Flashtool>drivers>flashtool-drivers.exe) ဆိုတာလေးကို Click နှိပ်ပီး Next လုပ်လိုက်ပါ။
4. Select components to Install ဆိုပြီး : ဘေးနားလေးမှာ Box တစ်ခုရှိပါမယ်။ အဲ့ထဲက ဖိုင်တွေ အကုန်လုံးကို အမှန်ခြစ်လေးတွေ လိုက်နှိပ်ပြီး Install လုပ်လိုက်ပါ။
5. Drivers တွေ Install လုပ်မလားလို့ မေးတဲ့အခါ Next ကိုပဲ နှိပ်ပေးလိုက်ပါ။ Drivers တွေကိုသွင်းမလားဆိုပီး Box လေးနဲ့ထပ်မေးလာတဲ့ အခါ Install ကိုနှိပ်ပေးလိုက်ပါ။( ခဏခဏ တတ်လာပါလိမ့်မယ်။ ခဏခဏ လည်း နှိပ်ပေးရပါလိမ့်မယ် :D ) အောက်ကပုံအတိုင်းမေးပါလိမ့်မယ်။







6. Finish (၂)ခါ မေးပြီးသွားရင်တော့ Flashtool ကော ဖုန်းတွေရဲ့ Drivers တွေကောသွင်းပီးသွားပါပီ။
Flashtool နဲ့ firmware ပြန်ရေးပုံ အဆင့်ဆင့် ကတော့
ပထမဆုံးအနေနဲ့ မိမိ Flash လုပ်ချင်တဲ့ File (___.ftf)  နဲ့ဆုံးတဲ့ ပာာလေးကို (C:\Flashtool\firmwares) ဆိုတဲ့ Folder ထဲကို အရင်ထည့်ထားရပါမယ်။ ပြီးရင်တော့အောက်က အဆင့်တွေအတိုင်းလိုက်လုပ်ပါ။
1. Flashtool ကို ဖွင့်ပြီး ဘယ်ဘက်ဒေါင့်နားလေးက မိုးကြိုး Icon လေးကိုနှိပ်လိုက်ပါ။


2. Box လေး၁ခု ပွင့်လာပြီး Flashmode ဆိုတာလေးကို ရွေးပေးပြီး OK နှိပ်ပေးလိုက်ပါ။
3. Device ဆိုတဲ့ Label အောက်က မိမိဖုန်းရဲ့ Model နံပတ်လေးကို ရွေးပေးလိုက်ပါ။ပြီးရင် ညာဘက်အောက် ထောင့်နားလေးက Flash ဆိုတာလေးကို နှိပ်လိုက်ပါ။ အောက်ကပုံအတိုင်းပါ။


4. ခဏလောက်စောင့် လိုက်ရင် မိမိ ဖုန်းကို Cable ကြိုးနဲ့ ချိတ်ခိုင်းပါလိမ့်မယ်။

Flash Tool အသစ်မှာ ဒီပုံ

အပောာင်းမှာဒီပုံ






5. ဖုန်းအမျိုးအစားပေါ်မူတည်ပြီး Flash Mode ၀င်ပုံချင်းကွာသွားပါလိမ့်မယ်။ Back key Button နှိပ်လို့ရတဲ့ ဖုန်းဆိုရင် Back key နှိပ်ပြီး Flash mode ၀င်ပါ။ (E.g- Arc S,Neo L, Neo V)
မပါရင်တော့ Volume Down ကိုနှိပ်ပြီး Cable နဲ့ ချိတ်လိုက်ပါ။
6. ခဏနေရင် လိုအပ်တဲ့ Drivers တွေသွင်းပြီး Firmware စရေးပါလိမ့်မယ်။ ၂မိနစ် ၃မိနစ်လောက်ကြာတဲ့အခါ အောက်က ပုံအတိုင်း ဖြစ်သွားပါလိမ့်မယ်။ ပြီးသွားရင်တော့ cable ကြိုးကို ဖြုတ်ပီး ပါဝါဖွင့်လိုက်ပါ။

8. ဖုန်းက Sony Logo လေးတတ်ပီး ခဏလောက်ကြာရင် နဂိုဝယ်တုန်းက အတိုင်း Setup လေးတွေ ရွေးခိုင်းရင် firmware တင်တာ အောင်မြင်သွားပါပီ။း)
http://sony-samsung.blogspot.com
Read More ...