10/23/2015

♪ iPhone 7 ၏ ဒီဇိုင်းပိုင်း အကြီးအကျယ် ပြောင်းလဲဖွယ်ရှိဟု လေ့လာဆန်းစစ်သူတစ်ဦး ခန့်မှန်း ♫


iPhone 7 တွင် iPhone 6/6S ထက် တမူထူးခြားသော ဒီဇိုင်းများ ပါဝင်လာဖွယ်ရှိကြောင်း Piper Jaffray ကုမ္ပဏီ၏ လေ့လာဆန်းစစ်သူ ဂျီနီမန်စတာက ခန့်မှန်း ပြောကြားခဲ့သည်။

၎င်းက 6S တွင် မိတ်ဆက်ခဲ့သည့် 3D Touch screen ကြောင့် iPhone 7 တွင် home ခလုတ်ကို ဖယ်ရှားဖွယ်ရှိကြောင်း ပြောဆိုခဲ့သည်။ “ပညာရှင်အများအပြား ခန့်မှန်းထားသလိုပဲ iPhone 7 ရဲ့ home ခလုတ်နေရာမှာ 3D Touch ထောက်ပံ့မှု ပါဝင်လာဖွယ်ရှိပါတယ်။ ကျန်တဲ့ နေရာလွတ်ကို အသုံးချပြီး ထုတ်ကုန်ကို သေးငယ်ပြုလုပ်နိုင်သလို screen ကို ကြီးမားအောင်လည်း ပြုလုပ်နိုင်ပါတယ်” ဟု မန်စတာက ခန့်မှန်းခဲ့ကြောင်း Barrons မှဖော်ပြခဲ့သည်။

ထို့ကြောင့် Apple သည် iPhone 7 တွင် Touch ID sensor ကို အဓိက အသုံးပြုသွားဖွယ်ရှိသည်။

“Apple အနေနဲ့ အခြားကဏ္ဍမှာ အာရုံစိုက်လာနိုင်တာက ဘက်ထရီသက်တမ်းပါ။ လွန်ခဲ့တဲ့နှစ်အနည်းငယ် က Mac တွေကြည့်ပါ။ Apple က Macbook ထုတ်ကုန်တွေရဲ့ ဘက်ထရီသက်တမ်းကို ၂ ဆနီးပါး မြှင့်တင်နိုင်ခဲ့ပါတယ်။ တိုးတက်မှုရှိလာနိုင်တဲ့ ကဏ္ဍများအနက် ဘက်ထရီသက်တမ်းက တစ်ခုဖြစ် လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အဲဒီကဏ္ဍဟာ သုံးစွဲသူတွေ စိတ်အား အထက်သန်ဆုံး ကဏ္ဍတစ်ခုပါ” ဟု မန်စတာက ဆက်လက်ပြောကြားခဲ့သည်။

iPhone 7 သည် အထူ ၆ မီလီမီတာ ရှိနိုင်ပြီး Apple ၏ အပါးလွှာဆုံး ဟန်းဆက်ဖြစ်ဖွယ်ရှိကြောင်း၊ iPhone 7 ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလနှောင်းပိုင်းမှ မိတ်ဆက်ဖွယ်ရှိကြောင်း လေ့လာဆန်းစစ်သူ တစ်ဦးဖြစ်သူ မင်ချီကူက ပြောကြားခဲ့သည်။

Ref: DailyMail
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com