Showing posts with label Virusနှင့်ပတ်သက်၍. Show all posts
Showing posts with label Virusနှင့်ပတ်သက်၍. Show all posts

6/01/2017

♪ ဟန်းဆက် ၃၆ သန်းကျော်တွင် ‘Judy’ Android malware ကူးစက်ပျံ့နှံ့နေနိုင်ကြောင်း သုတေသီများပြောကြား ♫


Google Play Store ပေါ်က Android malware scam တစ်ခုနဲ့ပတ်သက်ပြီး လုံခြုံရေးသုတေသီတွေက သတိပေးပြောကြား လိုက်ပါတယ်။ Judy လို့ခေါ်တဲ့ malware ဟာ download အရေအတွက် ၁၈ သန်းကျော်ရှိတဲ့ app တွေကိုသုံးပြီး Android ထုတ်ကုန်တွေမှာ ကူးစက်ပျံ့နှံ့နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ app တွေကို ဖုန်းပေါ်မှာ ထည့်သွင်းလိုက်တဲ့အခါ app တွေက ကြော်ငြာတွေပေါ်မှာ click အတု အများအပြားဖြစ်ပေါ်စေပြီး နောက်ကွယ်က လုပ်ဆောင်သူတွေအတွက် ဝင်ငွေတွေ ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။


“ဒီ malicious app တွေဟာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ပျံ့နှံ့နေပြီး download အရေအတွက် ၄.၅ သန်းကနေ ၁၈.၅ သန်းအကြားမှာရှိတယ်” လို့ malware ကို ရှာဖွေတွေ့ရှိခဲ့တဲ့ Check Point လုံခြုံရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။ Judy malware ဟာ auto-clicking adware တစ်ခုဖြစ်ပြီး ကိုရီးယားကုမ္ပဏီတစ်ခုက ဖန်တီးထားတဲ့ app ၄၁ ခုမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


အဲ့ဒီကုမ္ပဏီရဲ့အမည်က Kiniwini ဖြစ်ပြီး Google Play Store ပေါ်မှာတော့ ENISTUDIO Corp အနေနဲ့ ဖော်ပြထားတယ်လို့ သုတေသီတွေက ပြောကြားခဲ့ပါတယ်။ အချို့ app တွေဟာ Google Play ပေါ်မှာ နှစ်အတန်ကြာကတည်းက တည်ရှိနေတာဖြစ်ပေမယ့် မကြာသေးခင်က app အားလုံးကို update လုပ်ထားခဲ့တယ်လို့ လုံခြုံရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။


ဒီ app တွေရဲ့ download အရေအတွက်ဟာ ၄ သန်းကနေ ၁၈ သန်းအတွင်းရှိတာကြောင့် malware က သုံးစွဲသူ ၈.၅ သန်းက ၃၆.၅ သန်းအကြားမှာ ပျံ့နှံ့နေနိုင်တယ်လို့ ဆိုပါတယ်။ Judy malware နဲ့ပတ်သက်ပြီး Check Point က Google ထံ အသိပေးခဲ့ပြီးတဲ့နောက် အဲ့ဒီ app တွေကို Play Store ကနေ အလျင်အမြန်ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။


Judy malware ကူးစက်ပျံ့နှံ့ခဲ့တဲ့ app တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။


Fashion Judy: Wedding day
Fashion Judy: Waitress style
Chef Judy: Character Lunch
Chef Judy: Picnic Lunch Maker
Animal Judy: Rudolph care
Judy’s Hospital: Pediatrics
Fashion Judy: Country style
Animal Judy: Feral Cat care
Fashion Judy: Twice Style
Fashion Judy: Myth Style
Animal Judy: Fennec Fox care
Animal Judy: Dog care
Fashion Judy: Couple Style
Animal Judy: Cat care
Fashion Judy: Halloween style
Fashion Judy: EXO Style
Chef Judy: Dalgona Maker
Chef Judy: ServiceStation Food
Judy’s Spa Salon
Chef Judy: Hotdog Maker – Cook
Chef Judy: Birthday Food Maker
Fashion Judy: Snow Queen style
Animal Judy: Persian cat care
Fashion Judy: Pretty rapper
Fashion Judy: Teacher style
Animal Judy: Dragon care
Chef Judy: Halloween Cookies
Fashion Judy: Wedding Party
Animal Judy: Teddy Bear care
Fashion Judy: Bunny Girl Style
Fashion Judy: Frozen Princess
Chef Judy: Triangular Kimbap
Chef Judy: Udong Maker – Cook
Fashion Judy: Uniform style
Animal Judy: Rabbit care
Fashion Judy: Vampire style
Animal Judy: Nine-Tailed Fox
Chef Judy: Jelly Maker – Cook
Chef Judy: Chicken Maker
Animal Judy: Sea otter care
Animal Judy: Elephant care
Judy’s Happy House

 
 
-နောင်နောင်



Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

5/30/2017

♪ " Ransomware ဗိုင်းရပ်စ် မိုဘိုင်းဖုန်းတွေမှာ ပိုတွေ့လာရ " ♫

Image may contain: phone and text

တကမ္ဘာလုံးနီးပါးက ကွန်ပျူတာတွေ၊ မိုဘိုင်းဖုန်းတွေနဲ့ အင်တာနက်ချိတ်ဆက်အသုံးပြုနေတဲ့ device မှန်သမျှကို lock ချပစ်တဲ့ Ransomware ဗိုင်းရပ်စ်ရဲ့ အရှိန်က ကျမသွားသေးခင်မှာပဲ မိုဘိုင်းဖုန်းတွေမှာ ပိုတွေ့လာရတယ်လို့ ရုရှားဆိုက်ဘာ လုံခြုံရေးအဖွဲ့အစည်းက ထုတ်ပြန်လိုက်ပါတယ်။

ရုရှားနိုင်ငံ မော်စကိုအခြေစိုက် ဆိုက်ဘာလုံခြုံရေးအဖွဲ့အစည်းဖြစ်တဲ့ Kaspersky Lab မှ တာဝန်ရှိသူက " မိုဘိုင်းဖုန်းတွေမှာ Ransomware ဗိုင်းရပ်စ်ဖိုင်တွေ့ရှိမှုက ခုဆို 2 သိန်းကျော်လောက်ဖြစ်လာပြီ။ 2016 နှစ်ကုန်ခါနီးကတောင် ဗိုင်းရပ်စ်ဖိုင် 6 သောင်းဝန်းကျင်ပဲ တွေ့တာ၊ လက်ရှိက တော်တော်များလာတယ် " လို့ ပြောပါတယ်။ Kaspersky Lab ရဲ့ Senior Malware Analyst ဖြစ်သူ Roman Unuchek က " ransomware က ဖုန်းတွေဆီ ဦးတည်လာနေတယ်။ ဗိုင်းရပ်စ်ပုံစံသစ်တွေလည်း ဆက်တိုက်ထုတ်နေတယ်။ လူတွေအနေနဲ့ ကွန်ပျူတာမှမဟုတ်ဘဲ ဖုန်းတွေမှာလဲ block လုပ်ခံရနိုင်တယ်ဆိုတာ သတိထားစေချင်တယ် " လို့ ရှင်းပြပါတယ်။ 

Trojan-Ransom.AndroidOS.Fusob.h ဆိုတဲ့ မိုဘိုင်း ransomware က လက်ရှိအသုံးပြုနေတဲ့ user တွေရဲ့ မိုဘိုင်းဖုန်း 45% နီိးပါးကို ပျံ့နှံ့နေတယ်လို့ သိရပါတယ်။ အဆိုပါ Trojan ကို run လိုက်မိရင် data တွေ၊ ဖုန်းအတွင်းက GPS လမ်းညွှန်တွေနဲ့ call history တွေကို ရယူပြီး သူတို့ရဲ့ဆာဗာမှာ ကူးယူတာဖြစ်ပါတယ်။ ပြီးရင်တော့ ဒီဖုန်းကို block လုပ်လိုက်တာပါ။ Kaspersky Lab ရဲ့ ထုတ်ပြန်ချက်အရဆိုရင် နိုင်ငံပေါင်း 190 နီးပါးက URLs ပေါင်း သန်း 80 နီးပါးမှာ တိုက်ခိုက်မှုခံခဲ့ရပြီး ဒီ Malware က မိုဘိုင်း banking ချိတ်ဆက်ထားတဲ့ ဖုန်းတွေကို ဦးတည်ခိုးယူချင်နေတယ်လို့ ဖော်ပြထားပါတယ်။

Kaspersky အနေနဲ့ ဗိုင်းရပ်စ်သန်းပေါင်းများစွာ ကာကွယ်ပေးခဲ့ရပြီး robust security solutions ကိုအသုံးပြုဖို့ ဒါမှမဟုတ် ကိုယ့်မှာရှိနေတဲ့ ဗိုင်းရပ်စ်အကာအကွယ်ဆော့ဝဲကို update လုပ်ဖို့ သတိပေးထားပါတယ်။ အကောင်းဆုံးကာကွယ်နည်းကတော့ မသင်္ကာဖွယ်မေးလ်တွေ၊ ဝက်ဘ်ဆိုက် link တွေကို လုံးဝမဝင်ဘဲ ကိုယ့်ရဲ့ဒေတာတွေကို back up ယူထားပါလို့လည်း kaspersky က အကြံပြုထားပါတယ်။


သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

5/21/2017

♪ APK ဖိုင်တွေမှာ Virus ရှိ မရှိ ဘယ်လိုစစ်မလဲ ♫


Play Store ကနေ download လုပ်လို့မရတဲ့ apk ဖိုင်တွေကို အခြားနေရာကနေ download လုပ်ယူတဲ့အခါဖြစ်ဖြစ်၊ Play Store မှာ မတင်ထားတဲ့ apk ဖိုင်တွေကို ထည့်သွင်းသုံးစွဲလိုတဲ့အခါမှာပဲဖြစ်ဖြစ် apk ဖိုင်တွေမှာ virus တွေ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးပြီးမှ သုံးစွဲသင့်ပါတယ်။

APK ဖိုင်တွေကို ထည့်သွင်းသုံးစွဲခါနီးမှာ virus ရှိ မရှိ စစ်ဆေးဖို့အတွက် virus scan ဝက်ဘ်ဆိုက်တွေကို အသုံးပြုနိုင်ပါတယ်။

Metadefender
Metadefender ဆိုတဲ့ ဝက်ဘ်ဆိုက်ကတော့ malware တွေကို စစ်ဆေးပေးမယ့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါ တယ်။ Virus တွေကို scan ပြုလုပ်ပေးနိုင်တဲ့ search engine ပေါင်း ၄၀ ခန့်နဲ့ ချိတ်ဆက်ပြီး ရှာဖွေပေးနိုင်ပါ တယ်။


NVISIO APK Scan
NVISIO apk scan ကလည်း Android Package (apk) ဖိုင်တွေကို တိုက်ရိုက် upload လုပ်ပြီး virus ရှိ မရှိ ထည့်သွင်းစစ်ဆေးနိုင်မယ့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ Scan လုပ်ပြီးတဲ့ result တွေကို email ထဲကို ပို့ပေးမှာဖြစ်ပါတယ်။


Virus Total
Virus Total ဆိုတဲ့ ဝက်ဘ်ဆိုက်ကတော့ apk ဖိုင်တွေကိုသာမက အခြားဆော့ဖ်ဝဲများကိုလည်း upload လုပ်ပြီး scan လုပ်နိုင်မယ့် ဝက်ဘ်ဆိုက်ဖြစ်ပါတယ်။ ဖိုင်အရွယ်အစား 128MB အထိသာ upload လုပ်နိုင်ပြီး virus ကို scan လုပ်နိုင်မယ့် engine ပေါင်း ၅၈ ခု ခန့်နဲ့ ချိတ်ဆက်ထားပါတယ်။ Software တွေသာမက Web URL များကိုလည်း ထည့်သွင်းပြီး scan လုပ်ပေးနိုင်ပါတယ်။




Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

5/18/2017

♪ “နိုင်ငံပေါင်း ၉၉ ခုကို တိုက်ခိုက်တဲ့ Virus” ♫

Image may contain: 1 person

ပြီးခဲ့တဲ့ သောကြာနေ့မှာ Virus အမျိုးအစားတစ်ခု ဖြစ်တဲ့ Ransomware တစ်မျိုးဟာ နိုင်ငံပေါင်း ၉၉ ခုမှ ကွန်ပျူတာများကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ Virus ကြောင့်ဗြိတိန်မှ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှု ဆေးရုံများမှ ကွန်ပျူတာများစွာရဲ့ စနစ်များ ရပ်ဆိုင်းသွား ခဲ့ပြီး အရေးပေါ် လူနာများရဲ့ အသက်ကို စိုးရိမ်ခဲ့ကြရပါတယ်။ ဆေးရုံ ၀န်ထမ်းများဟာ ကွန်ပျူတာများ ပြန်လည် အလုပ်လုပ်ဖို့ အခက်အခဲ တွေ့ခဲ့ကြပါတယ်။

တိုက်ခိုက်မှုကြောင့် လူနာများ ထိခိုက်သွားတဲ့ သတင်းကိုတော့ ဖော်ပြ ထားခြင်း မရှိပေမယ့် ဗြိတိန်ရှိ ဆေးရုံများဟာ လူနာများကို ပြောင်းရွှေ့မှု များ ပြုလုပ်ခဲ့ကြရပါတယ်။ ဟက်ကာများက ကွန်ပျူတာများကို Lock လုပ်ခဲ့ပြီး ဒစ်ဂျစ်တယ် ငွေကြေးတစ်ခု ဖြစ်တဲ့ Bitcoin ကို တောင်းဆိုခဲ့ ကြပါတယ်။ ဒေါ်လာအားဖြင့် ၃၀၀ တန်ကြေး ပမာဏ ဖြစ်ပါတယ်။ တောင်းဆိုတဲ့ ငွေကြေးရမှသာ ကွန်ပျူတာများမှ သတင်းအချက်အလက် များကို ပြန်ပေးမယ်လို့ ကြေညာခဲ့ကြပါတယ်။

ဆေးရုံများက အရေးပေါ် မဟုတ်ရင် ဆေးရုံသို့ မလာဖို့ကိုလည်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဆေးရုံ ၀န်ထမ်းများဟာ တိုက်ခိုက်မှုကြောင့် လူနာ များရဲ့ မှတ်တမ်းများကို ရယူနိုင်ခြင်း မရှိခဲ့သလို ချိန်းဆိုထားမှုများကို လည်း ဖျက်သိမ်းခဲ့ကြရပါတယ်။ ရုရှား၊ ယူကရိန်းနဲ့ ထိုင်ဝမ်တို့ကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အင်္ဂလန်မှ ဆေးရုံများနဲ့ စပိန်ရှိ ဆက်သွယ်ရေး ကုမ္ပဏီ Telefonica တို့လို အဖွဲ့အစည်းကြီးများကိုတောင် ထိခိုက်စေခဲ့ပါတယ်။

ဗိုင်းရပ်စ်ရဲ့ အမည်မှာ WanaCryptor 2.0 ဖြစ်ပြီး ဘူလ်ဂေးရီးယားနဲ့ ဗီယက်နမ် အပါအ၀င် ဘာသာစကားပေါင်း ၂၈ မျိုးကိုတောင် ထောက်ပံ့ ပါတယ်။ ဖေဖော်ဝါရီလမှာ သူ့ရဲ့ ပထမဆုံး ဗားရှင်းဖြစ်တဲ့ WanaCryptOr ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

11/14/2015

virus အကြမ်းဖျဉ်းဖယ်ရှားနည်း



သင့် android ဖုန်း သို့ tablet ကထူးဆန်းစွာပြုမူနေပြီဆိုရင် ဒါမှမဟုတ် virus ၀င်နေပြီလို့သံသယရှိနေပြီဆိုရင် အောက်ပါရိုးရှင်းသောအချက်တွေအတိုင်း လိုက်လုပ်ပြီး virus တွေကိုခဏတာအားဖြင့် ဖယ်ထားနိုင်ပါတယ် …အဲတစ်ခုတော့ရှိတယ်.. ကိုယ်ကဘာ app တွေသွင်းထားမိလဲ ဘယ်ကောင်တွေကဒုက္ခပေးနေလဲ ဆိုတာတော့ သိရမှာပေါ့နော်.. အဲလိုမှမဟုတ်ဘဲ တော်ကြာလျှောက်လုပ်မိရင် ပြဿ နာ.. ဒါပေမယ့် ဒီနည်းလေးကတော်တော်လွယ်ပါတယ်..ကောင်းလဲကောင်းပါတယ် ခဏတာအားဖြင့်ပေါ့..

၁) ကိုယ့် ဖုန်း/tablet ကိုအရင်ဆုံး safe mode နဲ့ power ပြန်တက်ပါ။ safe mode ထားတာက third party app တွေ malware အပါအ၀င်ပေါ့…ဒင်းတို့တွေ run တာကိုတားဆီးထားနိုင်ပါတယ်..များသောအားဖြင့် safe mode ကို power button ဖိထားပြီး power off options ခေါ်တဲ့အခါမှာပေါ်လာတတ်ပါတယ်.. တချို့တွေမှာပါပေမယ့် တချို့တွေမှာတော့အဲလိုရှာလို့မရဘူး ..ရှာမတွေတဲ့အခါ အကုန်သိမြင်ဆရာကြီးကိုသွားမေးပါ tongue emoticon .. Google မှာ “How to put (device model or name) into safe mode” ဆိုပြီးရှာ ဥပမာ ကိုယ့်ဖုန်းက Sony Z5 ဆိုပါစို့ (လိုချင်တာပြောလိုက်တာ..တကယ်မကိုင်နိုင်သေးပါဘူး ဟီးဟီး ) “how to put sony z5 into safe mode” ဆိုပြီးရှာပေါ့ ..ပြီးရင်သူပြောတဲ့အတိုင်းလိုက်လုပ်..အကယ်လို့ ကိုယ့်ဖုန်းက safe mode ပြောင်းသွားပြီဆိုရင် ဖုန်း screen ရဲ့ဝဲဘက်ထောင့်အောက်နားလေးမှာ safe mode ဆိုပြီးပေါ်နေတတ်ပါတယ်

၂) Setting ထဲကိုဝင် Apps ထဲကိုသွား…အဲ့ထဲမှာ download tab ထဲက app list ကိုကြည့်ရှုမွှေနှောက်ပါ.. ဒုက္ခပေးနေတဲ့ malware နာမည်ကိုမသိဘူးဆိုရင် ကိုယ်မမြင်ဖူးမသွင်းဖူးတဲ့ app ကိုအဓိက ထားရှာပေါ့..

၃) ကိုယ်ရှင်းချင်တဲ့ app ကို ဖိ/နှိပ်/ထိ/ရွေး ..ဆောရီး tap လိုက်ပါ (တစ်ခါတစ်လေ နည်းပညာဝေါဟာရတွေ ဘယ်လိုပြောရမလဲမသိဘူး frown emoticon ) ..အဲ့ခါမှာ App info page ကိုရောက်သွားပါလိမ့်မယ်..ပြီးရင်တော့ uninstall လိုက်ပေါ့..အဲ..ဒါပေမယ့် တခါတလေမှာ အဲဒီ uninstall လေးကနှိပ်လို့မရပဲ မှိန်နေတတ်တယ် .. ဘာလို့လဲဆိုတော့ ဒင်းတို့ virus တွေက သူတို့ကိုယ်သူတို့အာဏာအတင်းပေးပြီး device administrator status လုပ်ထားတာကိုး.. (တဂတည်းတော်.. လူလည်..ဘာမွှမ်းလဲမတိဘူး)

၎) အဲသလိုအတင်းလုပ်ယူထားတဲ့ဟာတွေကိုဖြုတ်ချနည်းပြောပါမယ်.. App menu ကနေထွက်ပြီး settings> security> device administrators ကိုအဆင့်ဆင့်သွားပါ.. administrator status ရထားတဲ့ app စာရင်း အဲသမှာပေါ်ပြီ.. ဖြုတ်ချင်တဲ့ကောင်ရဲ့ဘေးက အမှန်ခြစ်လေးကို ဖယ်လိုက်..နောက်ကျလာတဲ့ page မှာ deactivate လုပ်ပလိုက် ..ဒါဆို အဆင့် ၃ အတိုင်းပြန်သွားပြီး ဒင်းကို ကစ်ထုတ်လိုက်လို့ရပြီ

၅) ဖယ်ချင်တဲ့ကောင်တွေရှင်းချင်တဲ့ကောင်တွေ နှင်ထုတ်ပြီးပြီဆိုရင် safe mode ကနေပြန်ထွက်ပါမယ်.. ရှည်ရှည်ဝေးဝေးလုပ်စရာမလိုပါဘူး power off/on လုပ်ပြီး restart ချလိုက်ရုံပါပဲ.. virus တွေခဏဝေးနေခိုက် မှာ back up လုပ်ချင်တဲ့ data တွေရှိရင်လုပ်ထားပေါ့.. ပြီးရင်တော့ Andriod Antivirus App လေးတင်ပြီး တခြား ရောက်ရှိလာမယ့် ဒါမှမဟုတ် ပြန်လည်ရောက်ရှိလာမယ့် virus ရန်စွယ်ကို အပြည့်အ၀ အကာအကွယ်ယူထားလိုက်ပါ.. ဥော် (သြော် နည်းစတိုင်သစ်).. ဒါနဲ့ Android တွေအတွက်ထုတ်ထားတဲ့ Avira Antivirus Pro ကိုမြန်မာနိုင်ငံမှာ မကြာမီ ဖြန့်ချီတော့မည် ဖြစ်ပါကြောင်း virus ကင်းဝေးစေဖို့ အကျိုးမျှော် နိုးဆော်အပ်ပါသည်



အဆင်ပြေပါစေ..




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...