Showing posts with label Windows နည်းပညာဆိုင်ရာ. Show all posts
Showing posts with label Windows နည်းပညာဆိုင်ရာ. Show all posts

11/19/2016

♪ " Windows 10 မှာ လိုအပ်မယ့် Shortcut တွေ " ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်) ♫


Keyboard shortcut ဆိုတာက တကယ်သုံးတတ်ရင် တစ်ချက်တည်းနဲ့ ကိုယ်လိုရာကို ရောက်တယ်။ အချိန်ကုန်သက်သာပြီး အလုပ်တွင်ပါတယ်။ Copy and paste ဆိုပါစို့။ Ctrl + C နဲ့ Ctrl + V နှစ်ချက်နဲ့တင် အလုပ်ဖြစ်တယ်ဆိုတာ သုံးဖူးသူတွေသိပါတယ်။ ဒါက သိသူများတဲ့ shortcut ပါ။ တကယ်သုံးမယ်ဆိုရင် Windows ထဲမှာ shortcut ရာချီပြီး ရှိပါတယ်။ 

Windows 10 ထဲမှာတော့ Shortcut အသစ်တွေ ပိုပြီးထည့်ပေးလာပါတယ်။ ဒါကြောင့် System ထဲ လှည့်ပတ်သွားလာရာမှာ Window တွေ အဖွင့်အပိတ်လုပ်ရာမှာ Organise လုပ်ရာမှာ desktop ကို customize လုပ်ရာမှာ အထောက်အကူ ပိုပြီးရလာပါတယ်။ ဒါကြောင့် PC ထဲမှာ လုပ်ချင်သမျှအလုပ်တွေကို မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် လုပ်နိုင်ဖို့အတွက် အကောင်းဆုံးအသုံးအတည့်ဆုံး shortcut တွေကို ခေါင်းစဉ်တွေခွဲပြီး လေ့လာကြည့်ကြပါမယ်။

Setting Menu And Apps
Windows version အသစ်တစ်ခုထွက်တိုင်း Microsoft က feature အသစ် တွေ ထပ်ထည့်ပါတယ်။ Windows 10 က နောက်ဆုံးထွက်ဆိုတော့ feature လည်း အများဆုံးပါ။ ဒါကြောင့် Windows ထဲမှာ လူကြိုက်အများဆုံး Action Centre ၊ setting app ၊ Connect panel နဲ့ Cortana စတာတွေကို shortcut တွေသုံးပြီး တိုက်ရိုက်ခေါ်တင်နိုင်ပါတယ်။ Shortcut အသစ်တွေအတွက် အများဆုံးသုံးရမှာက Window key ပါ။ ကီးဘုတ်ပေါ်မှာ သူ့ကိုရုပ်ပုံလေးအနေနဲ့ ထူးထူးခြားခြား တွေ့ရပါမယ်။ 


ပထမဆုံး Windows Key နဲ့ A ကို တွဲနှိပ်မယ်။ Action Centre ပေါ်လာမယ်။ အဲဒီကနေပြီး notification တွေကို ကြည့်နိုင်တယ်။ နောက်တစ်ခါ Windows key နဲ့ I ကိုတွဲပြီးနှိပ်မယ်။ Windows 10 မှာအသစ်ပါလာတဲ့ setting app ပွင့်လာမယ်။ Windows key နဲ့ k ကိုတွဲနှိပ်ရင် Connect panel ပွင့်လာမယ်။ PC နဲ့ တခြား device တွေ ဥပမာပြောရရင် smart TV လိုဟာမျိုးနဲ့ ကွန်ရက်ချိတ်ပြီး ဆက်သွယ်နိုင်ပါမယ်။ Windows key နဲ့ X ကို တွဲနှိပ်ရင် alternative smart menu ပေါ်လာမယ်။ ဒီ menu က သာမန်အားဖြင့်ဆိုရင် start button ပေါ်မှာ ညာကလစ်ထောက်ပြီးခေါ်မှ ရတာမျိုးပါ။ ဒီ menu ကနေ control panel နဲ့ Device Manager ဆီ အလွယ်တကူ သွားနိုင်ပါတယ်။


ဖိုင်တွေနဲ့ပတ်သက်ပြီးကြည့်ချင်ရင် Windows key နဲ့ E ကို တွဲပြီးနှိပ်ရပါမယ်။ File explorer Window ပေါ်လာမယ်။ သူ့ထဲမှာ Quick access tab က ရွေးပြီးသားဖြစ်ပါတယ်။ Windows key နဲ့ H ကို တွဲပြီးနှိပ်ရင် Share Charm ပေါ်လာပါမယ်။ သူကတော့ Windows 8 မှာတွေ့ခဲ့တဲ့ fearture ပါ။ ဒီနေရာကနေ Website ၊ Video ၊ Photo တွေကို တခြားလူဆီ အီးမေးလ်ကတစ်ဆင့် Share နိုင်ပါတယ်။ Windows 10 မှာပါတဲ့ Massaging app နဲ့ Social media တွေဆီလည်း အလွယ်တကူ သွားနိုင်ပါတယ်။ Shortcut သုံးပြီးခေါ်နိုင်တဲ့အထဲမှာ Windows 10 ရဲ့ accessibility setting လည်းပါတယ်။ Screen ပေါ်က စာတွေဖတ်ဖို့ အခက်အခဲဖြစ်နေလား။


Windows key နဲ့ enter ကိုတွဲနှိပ်ပါ။ Narrator app ပေါ်လာပါမယ်။ Screen ပေါ်မှာ ပေါ်လာသမျှစာသားတွေကို အသံထွက်ပြီးဖတ်ပြပါမယ်။ Windows key နဲ့ u ကို တွဲပြီးနှိပ်ရင် Ease of access panel ပေါ်လာပါမယ်။ Windows key နဲ့ အပေါင်းလက္ခဏာကို တွဲပြီးနှိပ်ရင် Magnifier ကို ဖွင့်ပေးပါမယ်။ screen ပေါ်က စာလုံးတွေ ကောင်းကောင်းမြင်ရပြီလား။ မမြင်ရသေးရင် အဲဒီကီးနှစ်ခုကို ထပ်နှိပ်ပေးပါ။ စာလုံးတွေကို ထပ်ပြီး အကြီးချဲ့ပေးပါမယ်။ စာလုံးတွေ ပြန်ချုံ့ချင်ရင် Windows key နဲ့ အနှုတ်လက္ခဏာကို တွဲပြီးနှိပ်ပါ။ မှန်ဘီလူးထဲကနေ ထွက်ချင်ရင် Windows key နဲ့ Escape ကို တွဲနှိပ်ပါ။

Open Windows
Windows 10 မှာ ထူးခြားလာတာက Snap assist ပါ။ Screen ကို လေးပိုင်း ညီညီညာညာပိုင်းပြီး Explorer Window လေးခု ပွင့်လို့ရစေပါတယ်။ Windows 7 မှာတုန်းက screen ကို နှစ်ပိုင်းပိုင်းပြီး Explorer Window နှစ်ခု ပွင့်ခွင့်ပြုတာ အခြေအနေပိုပြီးကောင်းလာပါတယ်။ Explorer Window တစ်ခုကို mouse နဲ့ ဖိဆွဲပြီး screen ရဲ့ ထောင့်တစ်ခုထဲကို တွန်းသွင်းလိုက်ရင် screen ရဲ့ လေးပုံတစ်ပုံစာ နေရာယူပြီး ပွင့်လာပါမယ်။


ဒီလိုမလုပ်ချင်ဘဲ ကီးဘုတ်ပေါ်ကတစ်ဆင့် နေရာချမယ်ဆိုရင်လည်း ဖြစ်ပါတယ်။ Explorer Window တစ်ခုကို ဖွင့်ထားပါ။ Windows key နဲ့ arrow key လေးခုထဲက တစ်ခုခုကိုသုံးပြီး သူ့ကို ကြိုက်တဲ့ထောင့်တစ်ထောင့်ကို ပို့ပစ်လို့ရပါတယ်။ အဲဒီ Windows ကို maximize ပြန်လုပ်ချင်သလား၊ Windows key နဲ့ up arrow key ကို တွဲနှိပ်ပါ။ Minimize လုပ်ချင်ရင် Windows key နဲ့ down arrow key ကိုတွဲနှိပ်ပါ။ တကယ်လို့ Windows key နဲ့ Shift + up arrow key ကို တွဲနှိပ်မယ်ဆိုရင် လက်ရှိ width ကို မပြောင်းလဲစေဘဲ Explorer Window ကို အကြီးချဲ့ပေးမှာဖြစ်ပါတယ်။


Windows key နဲ့ tab ကိုတွဲနှိပ်ရင် Windows 10 ထဲမှာ အသစ်ပါလာတဲ့ Task view ကို မြင်ရပါမယ်။ ဒါဆိုရင် ကိုယ်ဖွင့်ထားသမျှ Window တိုင်းကို သေသေသပ်သပ်မြင်ရပါမယ်။ တကယ်လို့ desktop ပေါ်မှာ pin လုပ်ထားတဲ့ note တစ်ခုခုကိုအလွယ်ကြည့်ချင်ရင် Windows key နှင့် Comma key ကိုတွဲနှိပ်ပါ။ လက်ရှိဖွင့်ထားတဲ့ Window တွေကို minimize လုပ်စရာမလိုဘဲ အဲဒီ note ကို မြန်မြန်ဆန်ဆန်ကြည့်နိုင်ပါမယ်။ Windows 10 မှာ Shortcut အသစ်တွေ အများကြီးပါလာတယ်ဆိုပေမယ့် ဖွင့်ထားတဲ့ Window တွေနဲ့ပတ်သက်ပြီး သုံးလို့ရတဲ့ အရင် shortcut အဟောင်းတွေလည်း ရှိပါတယ်။ ဥပမာပြောရရင် တစ်ခုထက်မက ပိုဖွင့်ထားတဲ့ Window တွေကို တစ်လှည့်စီကူးတဲ့နည်းပါ။ Desktop ပေါ်မှာ Edge browser ၊ Office နဲ့ PDF reader တွေကို အစဉ်အတိုင်းဖွင့်ထားတယ်ဆိုပါစို့။ Windows key နဲ့ 1 ကိုတွဲနှိပ်ရင် Edge ပွင့်လာပြီး Windows key နဲ့ 2 ကိုတွဲနှိပ်ရင် Office ပွင့်လာတာမျိုး ဖြစ်ပါတယ်။


Windows key နဲ့ D ကိုတွဲနှိပ်ရင် ဖွင့်ထားတဲ့ Window အားလုံးကို minimize လုပ်ပေးပြီး Desktop ကိုပဲ မြင်ရပါတယ်။ အဲဒီ key အတွဲကို ပြန်နှိပ်ရင် ဖွင့်ထားတဲ့ Window တွေ ပြန်ပေါ်လာပါမယ်။ ဒီကီးအတွဲအဖက် ကိုတော့ Windows XP လောက်ကတည်းက မြင်ဖူးကြမှာပါ။ Windows key နှင့် L ကိုတွဲနှိပ်ရင် PC ကို lock ချပေးမှာပါ။ Account တွေ ဖွင့်ထားပြီး password ခံသုံးမယ်ဆိုရင် PC ပြန်သုံးဖို့အတွက် Password ထည့်ပေးရပါလိမ့်မယ်။ Windows key နဲ့ R ကိုတွဲနှိပ်ရင် Run dialogue box ပေါ်လာပါမယ်။


သူကတော့ PC ထဲမှာ search လုပ်ဖို့အတွက် အရေးကြီးပါတယ်။ ဖုံးကွယ်နေတဲ့ program တွေ (ဥပမာ - Registry Editor) လိုဟာမျိုးကို ခေါ်ဖွင့်ဖို့အတွက် လိုအပ်ပါတယ်။ Windows key နဲ့ Home ကို တွဲနှိပ်မယ်ဆိုရင် လောလောဆယ်မသုံးတဲ့ non-active Window တွေအားလုံးကို minimize လုပ်ပေးပါမယ်။ သုံးလက်စတစ်ခုပဲ ကျန်မယ်ပေါ့။ အဲဒီကီးအတွဲကိုပဲပြန်နှိပ်ရင် ဖွင့်လက်စ Windows တွေအားလုံး နဂိုအခြေအနေပြန်ရောက်လာပါမယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com
Read More ...

9/25/2016

♪ " Windows 10 ပေါ်မှာ Linux သုံးမယ် " ♫


ဆောင်းပါးရှင် - နောင်စိုး (ထားဝယ်)

Windows ပေါ်မှာ Linux သုံးလို့ရသလား။ ရပါတယ် Virtual box လို့ခေါ်တဲ့ Software တစ်ခုခံပြီး သုံးလို့ရပါတယ်။ OSX တွေလည်း Intel Hardware တွေ သုံးလာပြီမို့ ဆန္ဒရှိရင် Windows ပေါ်မှာ OSX တင်သုံးလို့လည်း ရပါတယ်။ OS နှစ်ခုပြိုင်သုံးတဲ့အတွက် ကြုံရမယ့်အခက်အခဲက Hardware လိုအပ်ချက်ပါ။ Hard disk 500 Gb လောက်သုံးလာပြီမို့ space အတွက် ပြဿနာ သိပ်မရှိတော့ပါဘူး။ ဒါပေမဲ့ processor လိုအပ်ချက်ရှိမယ်။ Core i3 2.0 GHz လောက် အနိမ့်ဆုံးရှိမှ အလုပ်လုပ်တာအဆင်ပြေမယ်။ RAM က အနည်းဆုံး 4 Gb ရှိဖို့လိုပါမယ်။

၂ဝ၁၆ ထဲမှာထွက်တဲ့ ကွန်ပျူတာအများစုဟာ Processor ကလွဲပြီး ကျန်တဲ့ hardware လိုအပ်ချက်တွေ ပြည့်မီတာများပါတယ်။ ကံကောင်းလာတာက နောက်ဆုံးထွက် Windows 10 Anniversary Update မှာ Linux ကိုအခြေခံတဲ့ Bash Shell ပါလာတာဖြစ်ပါတယ်။ ဒါကြောင့် Linux terminal ကို Windows ထဲမှာ တိုက်ရိုက် run နိုင်ပါတယ်။ တစ်ခုတော့ရှိတယ်။ Windows ပေါ်မှာ Linux သုံးမယ်ဆိုရင် Linux အတွေ့အကြုံ အနည်းအပါးရှိဖို့လိုပါတယ်။ Linux ထဲက Bash Shell နဲ့ရင်းနှီးထားတဲ့ အတွေ့အကြုံရှိမယ်ဆိုရင် ပိုပြီးအဆင်ပြေပါမယ်။ Bash ရဲ့ Command line စနစ်ကို အပြည့်အဝသုံးနိုင်ပါမယ်။ ကိုယ်လုပ်ချင်တဲ့အရာ တွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် လုပ်နိုင်ပါလိမ့်မယ်။

Windows 10 ထဲမှာ ထည့်ပေးထားတဲ့ Bash ဟာ Graphical Software တွေကို အပြည့်အဝ အထောက်အပံ့မပေးပါဘူး။ ဒါပေမဲ့ Xming တို့လို X server Software တင်ပြီး run မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်။ Xming ဟာ Bash ရဲ့ အပြင်ဘက်ကနေ အထောက်အကူပေးပါမယ်။ X server အလုပ်လုပ်နေပြီဆိုရင် app အသစ်တစ်ခုခု ဥပမာ Firefox ကိုတင်ပါ။ ပြီးရင် Sudo apt-get install firefox ဆိုတဲ့ Command ကို ရိုက်ထည့်ပါ။ ပြီးရင် DISPLAY = :0 firefox ကိုထပ်ရိုက်ပြီး Enter ခေါက်ပါ။ Firefox browser ဟာ Window အသစ်တစ်ခုနဲ့ ပေါ်လာပါမယ်။

Bash Command line နဲ့ အရမ်းကြီး မရင်းနှီးဘူးဆိုရင် Windows Command prompt သုံးဖူးတဲ့ အတွေ့ အကြုံရှိဖို့လိုပါတယ်။ Bash ရဲ့ အသုံးအဝင်ဆုံး Command တွေကို Windows Commad က ခေါ်ယူလို့ရပါတယ်။ Default အနေနဲ့ Windows Bash Shell app ဟာ Linux Desktop graphical application တွေနဲ့ တွဲပြီးအလုပ်မလုပ်နိုင်ပါဘူး။ ဒါကြောင့် X server app တင်ပြီး တချို့သော graphic အလုပ်တွေ လုပ်ခိုင်းရတာဖြစ်ပါတယ်။ X server တင်လိုက်တဲ့အတွက် Firefox, Pidgin နဲ့ Chromium browser တွေကို Command Line ကနေ သုံးနိုင်ပါမယ်။ Windows 10 ပေါ်မှာ Linux သုံးတဲ့ အခြေခံစာကြေပြီးပြီဆိုရင် ubuntu documentation page ကိုသွားပြီး Advanced command တွေကို လေ့လာသင့်ပါတယ်။ ဒါဆိုရင် File backup/ system and network info checking အပြင် တခြားအလုပ်တွေကို Command line ကနေ လုပ်နိုင်မှာဖြစ်ပါတယ်။

ပထမဆုံး Windows 10 ပေါ်မှာ Linux တင်ပြီး သုံးဖို့အတွက် Windows 10 Anniversary Update လိုပ တယ်။ Windows 7 နဲ့ Windows 10 ကိုကွန်ပျူတာထဲမှာ တရားဝင်ထည့်ဝယ်တဲ့သူတွေက Windows 10 Anniversary Update ကို ချက်ခြင်း download ချဖို့ အခွင့်အရေးရပါမယ်။ တရားမဝင်သုံးသူတွေက Anniversary Update ဆိုင်ပေါ်ရောက်တဲ့အထိ စောင့်ရပါလိမ့်မယ်။ Windows 10 Anniversary update (build 14316 ကနေ နောက်ပိုင်း) ကို တရားဝင်ယူခွင့်ရပေမယ့် မရှိသေးတဲ့လူတွေက start menu မှာ Windows update ကိုရိုက်ထည့်ရပါမယ်။ ပြီးရင် chek for updates ကို ရွေးရပါမယ်။ ပြီးရင် learn more မှာ ကလစ်နှိပ်ပါမယ်။ သူက Looking for more information aboult lastet updates ခေါင်းစဉ်အောက် မှာရှိပါတယ်။ ပြီးရင် Get the Anniversary update now ကို ရိုက်ရပါမယ်။ လက်ရှိအနေအထားအရ ပင်လယ်ကွေ့သား မိုဘိုင်းအင်တာနက်နဲ့ချိတ်ပြီး အလုပ်လုပ်ရင် နာရီဝက်လောက်မှာ ကိစ္စပြီးပါမယ်။

Anniversary Update install လုပ်ပြီးပြီဆိုရင် start menu ထဲမှာ setting ကို ရိုက်ထည့်ပါမယ်။ ပြီးရင် app ကို ဖွင့်ပါမယ်။ အဲဒီနေရာကနေပြီး update and security နေရာမှာ ကလစ်နှိပ်ပါမယ်။ ပြီးရင် for developers ကို ကလစ်ဆက်ပြီး နှိပ်ပါမယ်။ အဲဒီနောက်မှာ Developer mode ကို ရွေးပါမယ်။ pop-up box တက်လာရင် yes ကို နှိပ်ပါမယ်။ ဒီလိုနှိပ်လိုက်ရင် developer mode packae ကို install လုပ်ပြီး activate လုပ်ပေးပါမယ်။ ဒီအဆင့်ရောက်ရင် control panel ကို ဖွင့်ပါ။ Programs ကတစ်ဆင့် Turn Windows fearture on and off ကို သွားပါ။ Windows sub system for linux (Beta) ဘေးက လေးထောင့်ကွက်ထဲမှာ အမှန်ခြစ်ပေါ်အောင် လုပ်ပေးပါ။ ပြီးရင် OK မှာ ကလစ်နှိပ်ပါ။ Windows ကို Restart လုပ်ပေးဖို့ Pop-up box ပေါ်လာရင် Restart now ကို ရွေးပေးပါ။

ကွန်ပျူတာ တစ်ကျော့ပြန်ပွင့်လာပြီဆိုရင် start နေရာမှာ ကလစ်နှိပ်ပါ။ bash ကို ရိုက်ထည့်ပြီး bash -run command ကို ရွေးပါ။ Y ကို နှိပ်ပေးဖို့ လာပြောပါမယ်။ ဒါက Ubuntu ကို Windows 10 ပေါ်မှာ install လုပ် ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် y ကို နှိပ်ရပါမယ်။ ပြီးရင် enter ခေါက်ပါမယ်။ Bash on ubuntu on windows 10 ကို Windows store ကနေစပြီး download လုပ်ပါမယ်။ အနိမ့်ဆုံး 250 kbps အမြန်နှုန်းရှိတဲ့အင်တာနက် ဆက်သွယ်မှုလိုပါတယ်။ app ကို download ချပြီးရင် ဖိုင်ကို extract လုပ်ပါ။ UI NX user name ထည့်ပေးဖို့ လိုပါမယ်။ ပြီးရင် Enter ခေါက်ပါ။ password ကို နှစ်ကြိမ်ထပ်ရိုက်ထည့်ရပါမယ်။ ပြီးသွားရင် console ကို ပိတ်လိုက်ပါ။
Start menu မှာ Bash လို့ ရိုက်ထည့်ပါ။ ပြီးရင် Bash on ubuntu on windows ကို ရွေးပါ။ Bash Shell ဟာ ubuntu ထဲမှာ အလုပ်လုပ်သလိုပဲ Windows ထဲမှာအလုပ်လုပ်ပါလိမ့်မယ်။ admin အခွင့်အရေးရထားပြီဖြစ်လို့ Command line တွေ ရိုက်ထည့်တဲ့အခါ ရှေ့မှာ sudo(super user) ကို ရိုက်ထည့်ပေးစရာ မလိုပါဘူး။ cd (change directory) အပါအဝင် သုံးနေကျ Linux bash command တွေသုံးနိုင်ပါပြီ။ LS (list ) mv (more) နဲ့ cp (copy) ဆိုတဲ့ command တွေကိုလည်း သုံးနိုင်ပါမယ်။ Windows file system ဆီသွားချင်ရင် cd/mnt/c လို့ရိုက်ပြီး enter ခေါက်ပါ။ Bash မှာ စာလုံး အကြီးအသေးရွေးတဲ့ (Case-sensitive) ဖြစ်တယ်ဆိုတာ သတိထားရပါမယ်။ စာလုံးတွေကို တိတိကျကျ ရိုက်ထည့်ပေးရပါမယ်။

ပြီးရင် Ls ရိုက်ထည့်ပြီး Enter ခေါက်ပါ။ Bash က directory content တွေကို ပြပေးပါမယ်။ ကိုယ်သွားချင်တဲ့ sulo-directory ကို တိတိကျကျ သိမယ်ဆိုရင်
(ဥပမာ users) cd users လို့ရိုက်ထည့်ပြီး enter ခေါက်ရပါမယ်။ Directory ပြောင်းချင်တဲ့အခါတိုင်း cd ကိုရိုက်ထည့်ပေးရပါမယ်။ Directory အသစ် ဖန်တီးမယ်ဆိုရင် mkdir ကို သုံးရပါမယ်။ rm ကတော့ mkdir သုံးပြီး ဖန်တီးတဲ့ဖိုင်တွေကို ဖျက်ဖို့ဖြစ်ပါတယ်။ text editor ကိုသုံးမယ်ဆိုရင် vi ဒါမှမဟုတ် nano ကိုရိုက်ထည့်ပြီး enter ခေါက်ပါ။ history ကတော့ လတ်တလော သုံးခဲ့တဲ့ Bash commands တွေရဲ့ history ကို ပြပေးပါမယ်။ wget က web server ထဲက content တွေ retrieve လုပ်ရာမှာ အစွမ်းထက်တဲ့ tool ဖြစ်ပါတယ်။ wget အကြောင်းသိချင်ရင် wget - help လို့ ရိုက်ထည့်ပေးရပါမယ်။ ဒါဆိုရင် သုံးလို့ရတဲ့ command အပြည့်အစုံစာရင်းကို Bash က ပြပေးပါမယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

3/11/2015

Windows 7 အင်စတောလုပ်နည်း Movie Tutorial (ရုပ်/သံ)

ဒီပိုစ့်မှာတော့တောင်းဆိုထားကြတဲ့ဘော်ဘော်တွေအတွက် Windows 7 ကိုစက်အမျိုး
အစားအလိုက်ဘယ်လိုအင်စတောလုပ်ရမလဲဆိုတာကိုအစအဆုံးရှင်းပြပေးထားပါ
တယ်။အခုမှစတင်ပြီးကွန်ပြူ တာကိုလေ့လာနေတဲ့ဘော်ဘော်တွေအတွက်ဝင်းဒိုး
ဘယ်လိုတင်လည်းဆိုတာကိုဒီ Movie လေးကိုကြည့်ပြီးရင်အတော်အသင့်နားလည်
သဘောပေါက်ပြီးကိုယ်ကိုတိုင်တင်တတ်သွားလိမ့်မယ်ထင်ပါတယ်။အောက်မှာ
Movie Tutorial လေးကို Download လုပ်ယူလိုက်ပါ။

Read More ...

1/29/2015

Windows 10 Technical Preview Pro Edition & Enterprise Edition ဗားရှင်းအားလုံးကို အလွယ်တကူ Windows တင်နည်း


Windows 10 Technical Preview Pro Edition & Enterprise Edition
မင်္ဂလာပါ
ဒီနေ့ ညီငယ်တစ်ယောက် မေးလာတဲ့ နည်းပညာလေးပါ
သူ့ကွန်ပျူ တာမှာ ၀င်းဒိုး ၇ ပဲအသုံးပြုနေတာကြာပြီဖြစ်လို့
Windows 10 Technical Preview Enterprise Edition ကို
တင်သုံးချင်တယ် ဘယ်လိုအင်စတောလုပ်ရသလဲ ဆိုပြီးမေးလာပါတယ်။

ဒီနည်းပညာလေးကို မေးလားတာ သုံးယောက်လောက်တော့
ရှိနေပါပြီ ကျ နော်မတင်ပေးအားတာနဲ့ အချိန်ကြာနေခဲ့တာပါ
ဒီနေ့တော့ အားလုံးအတွက် အဆင်ပြေမယ့် အလွယ်ဆုံး
နည်းလမ်းလေးကို အသေးစစ်ရှင်းပြလိုက်ပါတယ်ခင်ဗျာ...
 
အခုကျနော် ရှင်းပြသွားမှာကတော့ Windows 10 Technical Preview
ဆိုင်ရာ ဗားရှင်းအားလုံးကို အင်စတောလုပ်နည်းလေးပဲဖြစ်ပါတယ်
 မိမိကွန်ပျူ တာမှာ ၀င်းဒိုးအသစ်တခုတင်တော့မယ်ဆိုရင်တော့
နည်းလမ်းအားဖြင့် နှစ်မျိုးနှစ်စားနဲ့ သွားရမှာပါ၊ ISO ဖိုင်များကို
CD & DVD ထည့်သို့ကူးယူပြီး CD & DVD Rom ကနေတင်လို့ရသလို

Windows ISO ဖိုင်များ USB Flash Drive တစ်ခုအဖြစ်
ဖန်တီးပြီး USB Flash Rom ကလည်း အင်စတောလုပ်ယူလို့ရပါတယ်
ဒါက ကျနော် အလွယ်တကူနားလည်အောင်လို့ ရှင်းပြလိုက်တာပါ။

၁။ ပထမဆုံး မိမိကွန်ပျူ တာမှာ Windows ISO ဖိုင်များကို
ဝင်းဒိုးအခွေအဖြစ် CD & DVD များမှာ အလွယ်တကူ Burn ယူနည်းနဲ့
  ISO များကို Windows အဖြစ် USB Flash Drive
 တစ်ခု အလွယ်ကူဆုံးဖန်တီးယူနည်း များကို အရင်ဦးဆုံး

လေ့လာရပါမည်။

 Windows 7 ISO File များကို Poweriso Burning
 ဆော့ဝဲနဲ့ Windwos DVD အဖြစ် အလွယ်တကူ Brun ယူနည်းကို
ဒီမှာ  ၀င်လေ့လာပါ။


၂။ Windows 7 ISO File များကို Windows 7 USB Flash Drive
 တစ်ခု အလွယ်ကူဆုံးဖန်တီးယူနည်း ကို ဒီမှာ ၀င်လေ့လာပေးပါ။


၃။ မိမိရှိတဲ့ ၀င်းဒိုး အခွေ CD & DVD ပဲဖြစ်ဖြစ် USB မှာရှိတဲ့ ၀င်ဒိုးနဲ့ပဲဖြစ်ဖြစ်
 ကွန်ပျူ တာမှာ Boot တက်လာပြီးလို့ အောက်ကပုံအတိုင်းပေါ်နေခဲ့ရင်
 မိမိအသုံးပြုလိုသော Language အသုံးပြု လိုသော Keyboard နေရာတို့မှာ
စိတ်ကြိုက်ရွေးချယ်ပြီးတာနဲ့  Next ဆိုတာကို နှိပ်လိုက်ပါ။



 ၄။ Next ကိုနှိပ်လိုက်ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း
ပေါ်လာပါမယ် Windows 10 ကိုစတင်ရန်အတွက်
Install now ဆိုတာကိုထပ်နှိပ်လိုက်ပါ။
၅။ မိနစ်အနည်းငယ်ကြာပြီးနောက် အောက်ကပုံအတိုင်းပေါ်
လာခဲ့ရင်တော့ Upgrade လုပ်မှာလား အသစ်အဖြစ်ပြန်သွင်းမလား
ဆိုပြီးမေးတာမို့ အသစ်ပြန်သွင်းရန်ဖြစ် Custom Install
ကိုသာရွေးပြီး နှိပ်ပေးလိုက်ပါ။
၆။ အောက်ကပုံအတိုင်းပေါ်လာရင်တော့ Windows ကို မိမိကွန်ပျူ တာရဲ့
Install လုပ်လိုတဲ့ Partition ကိုရွေးပေးရန်ဖြစ်ပါတယ်။
Windows တစ်ခုတည်း သာအသုံးပြု သော သူတွေကတော့
 မြင်နေရတဲ့ ပုံအတိုင်း Drive Letter တစ်ခုသာရှိလို့ Next ကိုနှိပ်ပေးလိုက်ပါ။

ဒီနေရာမှာ Hard-disk ကို Partition အများကြီးထားသူ (သို့)
ဝင်းဒိုးအဟောင်းဆိုရင်တော့ Partition က နှစ်ခုဖြစ်နေပါလိမ့်မယ်။
အထူးသတိထားရမှာ လေ့လာခါစဘော်ဒါတွေကတော့ ၀င်းဒိုး တင်ယူ
မည့် Partition သည် မိမိကွန်ပျူ တာရဲ့ Partition 1 ဖြစ်နေရပါမည်
 တကယ်လို့ GB အလုံအလေလာက်မရှိ တင်မရဘူးပြောလာခဲ့ရင်တော့
Partition 2 စသည်ဖြင့် မိမိအတွက် အရေးမကြီးပဲ Partition အဖြစ်
များပြားနေတဲ့ GB မပြည့်ပဲ MB သာရှိတဲ့ Letter အားလုံးကို Delete
လုပ်ပေးလိုက်ပါ၊ မလိုအပ်တဲ့ Letter အားလုံးကို ဖျက်ပြီးလို့
 အောက်ကပုံအတိုင်း Drive Letter တစ်ခုတည်းသာ ရှိပြီး ၀င်းဒိုး
အသစ်တင်ယူတာကတော့ အကောင်းဆုံးပါ။
၇။ အောက်ကပုံအတိုင်း စတင်ပြီး Install လုပ်နေပါလိမ့်မယ်
သိပ်မကြာခင်မှာ PC ကိုပြန်လည်၍ Restart ပြန်လုပ်သွားပါမယ်
စက်ပြန်တက်လာတဲ့အခါ Boot တောင်းတဲ့စာတန်းလေးပေါ်လာပါမယ်။
ဘာမှထပ်နှိပ်စရာမလိုပါ သူ့အလိုလို Install လုပ်နေတာပဲဖြစ်ပါတယ်။
 ၈။ အောက်ကပုံအတိုင်း Settings ပိုင်းဆိုင်ရာကိုရောက်နေပါပြီ။
ဒီနေရာမှာ Customize ဆိုတာကိုနှိပ်လိုက်ပါ။
 ၉။ Setting ပိုင်းမှာ ကျနော် တစ်ခုရှင်းပြလိုတာကတော့
တကယ့်လို့ မိမိမှာ Microsoft Account သာအသင့်ရှိနေခဲ့ရင်
အင်တာနက်လည်း အဆင်ပြေနေတယ်ဆိုရင်တော့ အောက်က
ပုံအတိုင်း User express settings ဆိုတာကိုနှိပ်ပေးလိုက်ပါ။
၁၀။ ဒီနေရာမှာတော့ မိမိမှာ Microsoft account သာ
ရှိနေပြီးသားဆိုရင်တော့ ကျနော် အနီရောင်လေးနဲ့ဝိုင်း
ပြထားတဲ့နေရာမှာ ရိုက်ထည့်ပြီး Next ကိုနှိပ်လိုက်ပါ။
တကယ်လို့ Microsoft account သာမရှိဘူးဆိုရင်တော့
Don't have an account ဆိုတာကိုနှိပ်ပါ၊ မိမိမှာ
ဝင်းဒိုးတင်နေတုန်း အင်တာနက်ကော်နယ်ရှင်ကအဆင်ပြေနေ
တယ်ဆိုရင် အင်တာနက်နဲ့ ချိတ်ဆက်ပြီး Create a new account
ဝင်းဒိုးတင်ယူရင်းကနေ တစ်ပါတည်းလုပ်ယူသွားလို့ရပါတယ်။
၁၁။ Microsoft Account ကို Sign in လုပ်ပြီးလို့ အောက်ကပုံအတိုင်း
ပေါ်လာပါမယ်၊ ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့နေရာကို
နှိပ်ပြီး Next ကိုထပ်နှိပ်ပေးလိုက်ပါ။
၁၂။ ဒီအဆင့်ထိ ရောက်လာပြီးမှာတော့ အောက်မှာ ပေါ်လာတဲ့
OneDrive ဆိုတာကို အထူးအင်စတော လုပ်ယူစရာမလိုပဲ မိမိကွန်ပျူ တာအတွက်
Cloud Storage အဖြစ် အသင့် အင်စတောလုပ်ယူရန်သာဖြစ်ပါတယ်။
တကယ်လို့ အသုံးမပြုချင်ဘူးဆိုရင်တော့ Turn off these OneDrive setting
ဆိုတာကိုနှိပ်လိုက်ပါ။ အသုံးပြုမယ်ဆိုရင်တော့ Next ကိုသာ ဆက်နှိပ်ပေးလိုက်ပါ။
၁၃။ အဆင့်တွေကျော်လာပြီးလို့ အောက်ကပုံအတိုင်း
မြင်တွေ့နေရပါမယ်၊ အရမ်းလှပပြီးသေသပ်တဲ့ ကာလာစုံ
screen ကြီးကို တစ်ခုပြီးတစ်ခု မြင်နေရပြီး Store ထဲကနေ
သူ့အလိုလို ၀င်းဒိုးအတွက် လိုအပ်မယ့် App တွေကို
Install လုပ်ယူနေတာဖြစ်ပါတယ်။
(Microsoft Account ထည့်ထားခဲ့လိုဖြစ်ပါတယ်)
၁၄။ အားလုံးရဲ့ အဆင့်တွေကို အောင်မြင်စွာကျော်ဖြတ်ခဲ့ပြီးလို့
နောက်ဆုံးမှာတော့ မိမိဟာ ကိုယ်ပိုင် ကွန်ပျူ တာမှာပဲဖြစ်ဖြစ်
တစ်ခြားသော အကူညီလိုအပ်သူ ဘော်ဒါတို့ရဲ့ ကွန်ပျူ တာမှာပဲဖြစ်ဖြစ်
Windows 10 Technical Preview Pro Edition & Enterprise Edition
 ဗားရှင်းအားလုံးကို အလွယ်တကူ Install လုပ်လို့အောင်မြင်
ပြီးစီးပြီး Microsoft ရဲ့ Windows 10 ကို ပိုင်နိုင်စွာနဲ့ Technical ဆရာကြီး
တစ်ယောက်ကဲ့ တောက်ပသော နေ့ရက်တွေနဲ့အတူ ပျော်ရွှင်နိုင်ပါပြီ။

PDF စာအုပ်အဖြစ် ဖတ်ရှုချင်တဲ့ ဘော်ဒါတွေကတော့
အောက်ကလင့်များမှာ ဒေါင်းလော့ယူနိုင်ပါပြီ။

Windows တင်နည်းစာအုပ် 

OR

Windows တင်နည်းစာအုပ် 

OR

Windows တင်နည်းစာအုပ်

အားလုံးပဲ အဆင်ပြေအောင်မြင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်
အားလုံးကို ခင်မင်လေးစားလျှက်

ချစ်လှစွာသော နည်းပညာညီအကိုများခင်ဗျား
=======================
မိမိတို့အနေဖြင့် ကျနော်တင်ပေးထားတဲ့ ပိုစ့်များကို 
စိတ်ကြို က်ကူးယူ ဖေါ်ပြခွင့်ရှိပါတယ်၊ ဒါပေမယ့်
ကျနော် အပင်ပန်းခံထားသမျှ ကိုတော့ ခင်မင်စွာဖြင့်
Credit လေးတော့ ပေးခဲ့ကြပါခင်ဗျား...

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

1/23/2015

♪ Windows 10 အကြောင်း သိထားရန်လိုအပ်သည့် အချက် (၉) ချက် ♫


ပြီးခဲ့သည့် အင်္ဂါနေ့က Microsoft ဟာ ပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပွဲမှာ Windows 10 နဲ့ ပတ်သက်တာတွေကို မိတ်ဆက်ပြောကြားခဲ့ပါတယ်။ ထို့အတွက်ကြောင့် Windows 10 ကို စိတ်ဝင်စားသူများ သိရှိထားရန် လိုအပ်တဲ့ အချက်များကို ဖော်ပြလိုက်တယ်။

(1) Windows 10 ကို ဘယ်အချိန် upgrade လုပ်နိုင်မလဲ။ ဘယ်လောက်ကုန်ကျမလဲ။
Microsoft က Windows 10 ကို ဧပြီလမှာ ပြုလုပ်မယ့် Build developer conference အပြီး ၂၀၁၅ ခုနှစ်အတွင်းမှာ ဖြန့်ချိသွားဖို့ရှိပါတယ်။ လတ်တလောမှာ စမ်းသပ်သုံးစွဲလိုသူများ အနေနဲ့ Windows Insider Program မှာ မှတ်ပုံတင်ပြီး preview build ကို သုံးစွဲနိုင်ပါတယ်။ Upgrade ပြုလုပ်ဖို့အတွက် ကုန်ကျစရိတ်ကိုတော့ ကုမ္ပဏီက မကြေညာသေးပါဘူး။

(2) ဘာဖြစ်လို့ Windows 9 ကို ကျော်ပြီး Windows 10 ကို မိတ်ဆက်တာလဲ။
နောက်ဆုံးပေါ် Windows 10 ဗားရှင်းကို Windows ရဲ့သမိုင်းမှာ အခန်းကဏ္ဍသစ်အနေနဲ့ စတင်ဖို့အတွက် Windows 9 ကို ချန်ထားခဲ့တာ ဖြစ်တယ်လို့ Microsoft က ရှင်းပြထားပါတယ်။


(3) Desktop နဲ့ tablet အသုံးပြုသူတွေအတွက် ဘာတွေထူးခြားလာမလဲ။
Windows 10 က PC တွေအတွက်သာ မဟုတ်ပါဘူး။ ဒီ operating system ကို desktop ကွန်ပျူတာများအပြင် စမတ်ဖုန်းတွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ User interface ကလည်း ထုတ်ကုန်အလိုက် ချိန်ညှိဖော်ပြပေးမှာပါ။

(4) App တွေကိုရော ဘယ်လိုသုံးရမလဲ။
App တွေ ဘယ်လို အလုပ်လုပ်မလဲဆိုတာကိုတော့ Microsoft က မရှင်းပြခဲ့ပါဘူး။ ဒါပေမဲ့ Windows Store က ဝယ်ယူထားတဲ့ app ကို အသုံးပြုသူရဲ့ ထုတ်ကုန်အားလုံးမှာ အသုံးပြုနိုင်ဖွယ်ရှိပါတယ်။ Developer တွေကလည်း ထုတ်ကုန် အရွယ်အစားနဲ့ လုပ်ဆောင်နိုင်မှုအပေါ် မူတည်ပြီး universal app တွေကို ပြုလုပ်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

(5) Full-screen “Modern” app တွေကို ဆက်သုံးလို့ရမလား။
Windows 8 ကို မိတ်ဆက်ပေးခဲ့တုန်းက full-screen app တွေကို “Metro” သို့မဟုတ် “Modern” ဒီဇိုင်းနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ Windows 10 မှာတော့ full-screen app တွေက optional အနေနဲ့ပဲ ရှိပါတယ်။ Surface Pro 3 လို 2-in-1 ထုတ်ကုန်ကို သုံးစွဲသူတွေအနေနဲ့ keyboard ကို တပ်ဆင်အသုံးပြုတဲ့အခါ Start menu သစ် ပါဝင်တဲ့ Windows 10 desktop ကို တွေ့မြင်ရပါမယ်။ Keyboard ကို ဖြုတ်ထားရင်တော့ Windows 8 သုံးစွဲသူတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ လက်ချောင်းနဲ့ အသုံးပြုနိုင်မယ့် full screen mode ကို ပြောင်းလဲဖော်ပြပေးမှာဖြစ်ပါတယ်။

(6) ဝယ်ထားတဲ့ Modern app တွေကို ဆက်သုံးလို့ရသလား။
အပြောင်းအလဲတွေ အတွက် Windows 8 developer တွေက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို ပြော ဖို့စောနေပါသေးတယ်။ ဒါပေမဲ့ Microsoft က full-screen Modern app တွေကို windowed mode နဲ့ အသုံးပြုပုံကို ပြသခဲ့ပါတယ်။


7. Start menu ပြန်ပါလာသလား။
Windows 8 ရဲ့ full-screen Start screen ကို မနှစ်သက်သူများအတွက်ကတော့ သတင်းကောင်းပါ။ Windows 10 မှာ ဟိုးယခင်ကအတိုင်း Start menu ကို screen ရဲ့ ဘယ်ဘက်ခြမ်းမှာ ထည့်သွင်းပေးထားပါတယ်။

(8) အခြား အဆင့်မြှင့်တင်မှုတွေ အနေနဲ့ ဘာတွေ ပါဝင်လာမှာလဲ။
Windows 10 မှာ Snap ကို အဆင့်မြှင့်တင်ထားပါတယ်။ ဒီ function ဟာ app တွေကို ဘေးချင်းကပ် အလျင်အမြန် အစီအရီ ထားပေးနိုင်ပါတယ်။ Windows 10 မှာတော့ Snap ဟာ app တွေကို ဘေးချင်း ကပ်အပြင် အပေါ်ဘက်မှာပါ ထားနိုင်မယ့် quadrant layout သစ်ကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် multiple desktop အတွက် ထောက်ပံ့ပေးထားတာကြောင့် work app အားလုံးကို တစ်နေရာတည်းမှာ ထားပြီး အလျင်အမြန် ပြောင်းလဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး task view ခလုတ်ကို taskbar မှာ ထည့်သွင်းပေးထားပါတယ်။ အဲ့ဒီ ခလုတ်ကို နှိပ်လိုက်တဲ့အခါမှာ ဖွင့်ထားတဲ့ ဖိုင်တွေ၊ window တွေနဲ့ desktop တွေကို အလျင်အမြန် ကြည့်နိုင်ပါတယ်။


(9) Windows 10 ကို ဘယ်လို စက်တွေမှာ အသုံးပြုနိုင်မလဲ။
ဒါကတော့ ပြောဖို့စောပါသေးတယ်။ Windows 8.1 ကို မိတ်ဆက်စဉ်တုန်းက အချို့သော ပရိုဆက်ဆာ အဟောင်းတွေ အတွက် အထောက်အပံ့ မပေးခဲ့ပါဘူး။ ဒါပေမဲ့ သိပ်ပြီး မဟောင်းသေးတဲ့ PC တွေမှာတော့ Windows 8.1 က ကောင်းကောင်း အလုပ်လုပ်နိုင်ခဲ့ပါတယ်။ အခုချိန်ကနေ Windows 10 ဖြန့်ချိမယ့် အချိန်အတွင်း စက်အသစ် ဝယ်ထားသူတွေကတော့ Windows 10 ကို အသုံးပြုနိုင်ပါလိမ့်မယ်။ စမ်းသပ်သုံးစွဲချင်တယ်ဆိုရင်တော့ Windows Insider Program http://preview.windows.com မှာ သွားရောက်လေ့လာနိုင်ပါတယ်။
Ref: CNET

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 

www.pyaephyo.com
Read More ...

1/07/2015

Windows Update ပိတ်နည်း

Windows Update ပိတ်နည်း
Windows7 Upadate ပိတ်ထားနည်းWindows 7 အသစ်တင်ပြီး အင်တာနက်ချိက်
အသုံးပြုသူတွေအနေနဲ့ windows 7 မှာပါတဲ့ Autoupdate Feature ကိုပိတ်ထားသင့်ပါတယ်။
မပိတ်ထားဘူးဆိုရင် Atoupdate Feature ကမိုက်ခရို software ဆိုက်ကိုအလိုအလျောက်
တက်သွားပြီးတော့ Security Updateတွေကိုရယူ install လုပ်ပါတယ်။ ဒီလိုနဲ့ 
Windows Genuine Advantage ကိုစစ်ဆေးခံရပြီး ယခုသင်အသုံးပြုနေတဲ့ Windows
ဟာတရားဝင်လိုင်စင်မဟုတ်ကြောင်းစက်တတ်တိုင်းဖော်ပြနေတတ်ပါတယ် ။ဒါကြောင်း 
Autoupdate ကိုစေ့စပ်သေချာအောင် ပိတ်ထားရမှာဖြစ်ပါတယ်။
အဆင့်(၁)
Start Mean က Contre Panel ကိုနိပ်လိုက်ပါ Control Panel ဝင်းဒိုးပေါ်လာရင်ညာ
ဘက်ပေါ်ထောင့်မှာ View By ဆိုတဲ့နေရာမှာ Large Lcon ကိုရွေးပါ။Control Panel မှာ 
Lcon တွေအများကြီးပေါ်လာမှာပါ။ Lcon Lists တွေရဲ့အောက်နားမှာ Windows Update
ကိုရှာပြီးတော့နိပ်လိုက်ပါ။ Windows Update ကိုနိပ်သဖြင့် windows တစ်ခုပေါ်လာမှာ
ဖြစ်ပါတယ် ပုံမှာ Turn on automrtic updates Button ရဲ့အောက်နားက Let me choose 
my setting ဆိုတဲ့စာသားကိုနိပ်ပါ။ Let me choose my setting ကိုနိပ်လိုက်သဖြင့်နောက်ထပ်
Important Update Listbox ထဲက Never Check for updates (notrecommended) ကိုရွေးပါ။ ရွေးပြီးရင် Screen ရဲ့အောက်ခြေလယ်နေရာလောက်မှာ ok နဲ့ Cancel Button ရှိပါတယ်။ ok ကိုနိပ်ပါ။ဒါဆိုရင်ပထမတစ်ပိုင်းပြီးသွားပါပြီ။
အဆင့်(၂)
ဒီအပိုင်းမှာ Run နေတဲ့ Auto Updates Service ကို Administrative Tools ထဲကနေ 
Services ကနေပိတ်ပစ်မှာဖြစ်ပါတယ်။Control Panelကိုဖွင့်ပါ Administarative Tools 
ကိုနိပ်ပါ Administarative Tools ထဲက Service ဆိုတာကိုနိပ်ပါ။Service windows ပေါ်လာမှာဖြစ်ပါတယ်။အေးဒီထဲမှာ Windows Update Servie ကိုရှာပြီး Select လုပ်ပါ 
Windows Update Service က Started ဖြစ်နေရင် Screen ရဲ့ထိပ်နားမှာရှိတဲ့Stop Button 
ကိုနိပ်လိုက်ပါ။ windows Update Service ရပ်သွားပါလိမ့်မယ်။Windows Update service 
ကို Right Click နိပ်ပါ Popup MenuထဲကProperty ကိုရွေးနိပ်ပါProperty windows ရဲ့ 
General Tab ထဲက Starup type မှာ Disable ကိုရွေးပြီး ok ကိုနိပ်လိုက်ပါ။ဒါဆိုရင် Auto 
Update Feature ကိုစိတ်ချစွာပိတ်ထားနိင်ပါပြီ။တကယ်လို့ကွန်ပျူတာမှာလိုအပ်တဲ့ update တွေလုပ်ချင်ရင် Starup type မှာ Manualကိုထားပြီး Start Button ကိုနိပ်ရင် Auto Update ပြန်ပွင့်
သွားပါလိမ့်မယ်။ မလိုအပ်တဲ့အခါပိတ်ထားနိင်ပါတယ်။သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်။
1
2

{ DOWNLOAD }  { DOWNLOAD } { DOWNLOAD } { DOWNLOAD }
ကြီးငယ်မဟူ လူဟူသမျှ
တစ်နေ့ကျသေကြရမည်သာ
မသေခဏနေကြရပြူကြကုသိုလ်သာ။





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

ဟာ့ဒ်ဒစ်၊ဖိုင်နဲ့ဖိုလ်ဒါများမျှဝေသုံးစွဲခွင့်ရစေရန်ခွင့်ပြုချက်သတ်မှတ်ပေးခြင်း

ဟာ့ဒ်ဒစ်၊ဖိုင်နဲ့ဖိုလ်ဒါများမျှဝေသုံးစွဲခွင့်ရစေရန်ခွင့်ပြုချက်သတ်မှတ်ပေးခြင်း

1
ဟာ့ဒ်ဒစ်၊ဖိုင်နဲ့ဖိုလ်ဒါများမျှဝေသုံးစွဲခွင့်ရစေရန်ခွင့်ပြုချက်သတ်မှတ်ပေးခြင်းသင့်ခွင်ပြုမဲ့ ဟာ့ဒ်ဒစ်၊
ဖိုင်သို့မဟုတ်ဖိုလ်ဒါကိုရွေးချယ်၍Right Click နိပ်ပြီး Properties ကိုရွေးပါ။ပုံမှာပြထားတဲ့အတိုင်း
Properties Dialog Box ထဲရှိ Security Tab ကိုနိပ်ပါ။သင်ရွေးချယ်ထားသည့်ဟာ့ဒ်ဒစ်နှင့်
ဖိုလ်ဒါကိုသုံးစွဲနိင်ခွင့်ရထားသည်အသုံးပြုသူအမည်များကို ပေါ်ပိုင်တွင်ပြထားသည်။
အသုံးပြုသူတစ်ဦးချင်းအတွက်မည်သည့်အတိုင်းအတာအထိ သုံးစွဲခွင့်ပြုမည်ကိုအောက်ဘက်အပိုင်းတွင်
သတ်မှတ်ပေးနိုင်သည်။မည်သည့်ကွန်ပျုတာတွင်မဆို Administration အဆင့်ရှိအသုံးပြုသူများသည်
ဖိုင်၊ဖိုလ်ဒါနှင့် Drive အားလုံးကိုစိတ်ကြိုက်သုံးစွဲခွင့်ရှိပါတယ်။ထိုကြောင်းအသုံးပြုတိုင်းကို Admin
User အဖြစ်မသတ်မှတ်သင့်။အပေါ်ဘက်တွင်ရှိသည့်အသုံးပြုသူများထဲမှပြင်ဆင်လိုသည့်သုံးစွဲသူတစ်ဦး
သို့မဟုတ်အုပ်စုကိုရွေးချယ်၍ Edit ကိုနိပ်လိုက်ပါ။ခွင့်ပြုမည့်အချက်အလက်များကိုအမှန်ခြစ်ပေးပါ။
ပုံမှာနမူနာပြထားပါသည်။
2
3
ပုံမှာပြထားတဲ့ pemissions for SYSTEM ထဲမှာ write ကိုအမှန်ခြစ်လိုက်ပါက
သင့်ဟာ့ဒ်ဒစ်ထဲသို့ ဖိုင်များထပ်ထည့်ရန်ခွင့်ပြုပြီး Modify ကိုရွေးပါကဖိုင်များကို
ပြင်ဆင်ရန်ခွင့်ပြုပါသည်။ Full control ကိုရွေးထားပါဖိုင်အားလုံးကိုနေရာရွှေ့ခြင်း၊
ဖျက်ပစ်ခြင်းစသည့်လုပ်ငန်းများအားလုံးကိုလုပ်နိင်ပါလိမ့်မည်။ပုံမှာနမူနာရွေးပြထားသည်
မှာ Admin မဟုတ်သည့်သုံးစွဲသူများအတွက်ရည်ရွယ်ဖော်ပြခြင်းဖြစ်ပါသည်။
မလိုအပ်သည့်သုံးစွဲခွင့်များကိုသင့်စိတ်ကြိုက်အတိုင်းပိတလထားနိင်ပါတယ်။
အားလုံးသူငယ်ချင်းများအဆင်းပြေပါစေလို့ဆုတောင်းပါတယ်။

{ DOWNLOAD }  { DOWNLOAD } { DOWNLOAD } { DOWNLOAD }
ကြီးငယ်မဟူ လူဟူသမျှ
တစ်နေ့ကျသေကြရမည်သာ
မသေခဏနေကြရပြူကြကုသိုလ်သာ။





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

Windows Change Date and time


Windows Change Date and time
LapTop မှာအချိန်နှင့်နေ့စွဲကိုပြင်ဆင်သတ်မှတ်တဲ့နည်းဖြစ်ပါတယ်
ဒီအကြောင်းလေးကိုသိတဲ့သူတွေအတွကအပန်မကြီးပေးမဲ့မသိတဲသူ
တွေအတွက်တော့ခတ်ခဲ့လှပါတယ်အေးတာကြောင်းကျွန်တော်ရေးပြီး
တော့တင်တာဖြစ်ပါတယ် ကျွန်တော်တော့စလိုက်ကြရအောင် ညာဘတ်
ထောင့်ရှိနာရီပေါ်မှာ Right click နှိပ်ပါ Right clickနိပ်ပြီးပါက 
Date and time dialog box ဆိုတာပေါ်လာမှာဖြစ်ပါတယ် အေးဒီထဲမှာ 
Change Date and timeဆိုတာကိုနိပ်လိုက်ပါ အေးဒီမှာနာရီနင့်ပြက္ခဒိန်
တို့အတွက်အချိန်နှင့်နေ့စွဲကိုမှန်ကန်တိုက်ပေးပါ ပြီးရင် OK ကိုနိပ်လိုက်ပါ
change time zone ကိုရွေပြီးတော့ မှန်ကန်သည့် time zone ကိုရွေးပေးပါ။
ပြင်ပမှ အချိန်နှင့်ကွန်ပျူတာ၏အချိန်ကိုအလိုအလျှောက်ချိန်ညှိနိုင်ရန် 
Internet Time tab ကိုနိပ်ပြီး Serverလိပ်စာထည့်ပေးပါ လိပ်စာမသိပါက 
( http://time.windows.com/ ) ကိုထည့်ပေးလိုက်ပါ။အချိန်နာရီတစ်ခုထက်
ပိုပြီးတော့သိရှိလိုပါ Additional Clocks Tabes ကိုနိပ်ပြီး Show this clocks ဘေး
တွင်အမှန်ခြစ်ပြီးနာရီတစ်ခုစီအတွက်သက်ဆိုင်ရာTime Zoneများကိုသတ်မှတ်ပေးပါ။
ထိုလုပ်ဆောင်းချက်သည်အခြားနိုင်ငံနုင့်တွဲဖက်လုပ်လုပ်တဲ့လုပ်ငန်းများအတွက်
များစွာအသုံးဝင်နိုင်ပါတယ်။ အားလုံးအဆင်းပြေစေလို့ဆုတောင်းပါတယ်။

{ DOWNLOAD }  { DOWNLOAD } { DOWNLOAD } { DOWNLOAD }
ကြီးငယ်မဟူ လူဟူသမျှ
တစ်နေ့ကျသေကြရမည်သာ
မသေခဏနေကြရပြူကြကုသိုလ်သာ။





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

12/09/2014

ကွန်ပျူတာမှာ Password မေ့တတ်တဲ့သူတွေတော့ ဒီ Tool လေးကိုသာ ဆောင်ထားပါ-Windows Password Reset 1.90 Full Version

Windows Password Reset 1.90 Full Version 
မင်္ဂလာပါ
ဒီနေ့ ဆော့ဝဲကောင်းလေးတစ်ခုကို
အားလုံးအတွက် တင်ပေးလိုက်ပါတယ်။
 ဟိုတစ်လောက တစ်နေ့တည်း ကွန်ပျူတာ
နှစ်လုံးရောက်လာတယ်၊ Password မေ့လို့
ဖွင့်လို့မရတော့ဘူးဆိုပြီး ခရီးအဝေးကနေ တကူးတက
ယူလာကြတယ်၊ သူတို့မြင် စိတ်ထဲမကောင်ဘူး
ကိုယ်ချင်းစာတယ် ထားခဲ့ပါလို့ လုပ်ကြည့်လိုက်ဦးမယ်
ဆိုပြီး၊ ကျနော် ဒီ Tool လေး အသုံးပြုကြည့်တယ်
တစ်လုံးကတော့ လုံးဝအဆင်ပြေသွားတယ်
နောက်တစ်လုံးက BIO ကြီးပါ ခံနေတော့ ၀င်းဒိုးအသစ်
ထပ်တင်ပေးလိုက်တယ်၊ 
ကျန်တဲ့ ဘော်ဒါတွေလည်း အဆင်ပြေအောင်လို့
သတိရတုန်းတင်ပေးလိုက်ပါတယ်။
ကွန်ပျူတာမှာ Password မထားရင်လည်းမကောင်း
ထားလိုက်ပြန်တော့လည်း တစ်ခြားသူကြောင့်ရော့
မေ့တတ်တဲ့ စိတ်ကလေးကြောင့်ပါ ကွန်ပျူတာနဲ့
Password ပြသနာရှိတတ်တဲ့ ဘော်ဒါတွေကတော့ 
ဒီဆော့ဝဲလေးကိုသာ ဆောင်ထားပါလို့ အကြုံပြုပါရစေ။
Set up ဖိုင်ကို အင်စတောလုပ်ပြီး၊ Serial Key ကိုထည့်ပေးလိုက်ရင်
Full Version အဖြစ် အသုံးပြုလို့ရပါပြီ။


  Features

    Strong Password Reset Function
    Efficiently Reset Password in 2 Easy Steps
    Perfectly Support Most Windows Systems
    Support all Laptops and Desktops
    Well-written program
    Timely and free services
    Free lifetime update and many more.


Download Here

OR

Download Here

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

10/07/2014

★★ နည်းပညာဒါနအဖြစ် အခမဲ့ ကွန်ပြူ တာသင်တန်းဖွင့်လှစ်ခြင်း ★★

ကွန်ပြူ တာနဲ့ ဖုန်းပိုင်းဆိုင်ရာကိုစိတ်ဝင်စားကြတဲ့ ထိုင်းနိုင်ငံအတွင်းမှာရှိနေသောသူငယ်ချင်းတွေအတွက်
ကျွန်တော် (ရန်ကုန်သား နည်းပညာမြို့တော်) မှ ကွန်ပြူ တာကိုအခြေခံမှ ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြု
နိုင်အောင် အခကြေးငွေမယူပဲ ပညာဒါနအဖြစ် မိမိတတ်သလောက် သင်ကြားပို့ချပေးမယ်ဖြစ်ပါတယ်။
ဖုန်းနှင့်ပတ်သက်လို့ ကိုင်တွယ်အသုံးပြုနည်းနှင့် ပြုပြင်နည်းတွေပါ ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်ပါ
တယ်။လူဦးရေ ကန့်သက်ထားခြင်းမရှိပဲ တနေ့လျှင် မနက်ပိုင်း နှင့် ညနေပိုင်း အချိန် 2 ခုခွဲထားမည်ဖြစ်ပါ
တယ်။သင်တန်းအချိန်ပြီးလျှင် ထိုင်းစာ ရေး/ဖတ် တတ်အောင်လည်း ထိုင်းဘာသာစကားကိုလည်းထည့်
သွင်းသင်ကြားပေးသွားမည်ဖြစ်ပါတယ်။
Read More ...

10/02/2014

♪ Windows 10 Technical Preview ကို ဒေါင်းလုပ် ရယူနိုင်ပြီ ♫

Photo: Windows 10 Technical Preview ကို ဒေါင်းလုပ် ရယူနိုင်ပြီ
========================================

Windows 10 ကို မြည်းစမ်းချင်သူများအတွက် Windows 10 Technical Preview ကို ဒေါင်းလုပ် ရယူနိုင်ပါပြီ။ Microsoft ရဲ့ Windows Insider Program မှာ Sign Up ပြုလုပ်ပြီး ဒေါင်းလုပ် ပြုလုပ်ရမှာပါ။ 

ပြုလုပ်ရမယ့် အဆင့်တွေက

၁။ Windows Insider Program ကို အောက်ကလင့်ကနေ Sign Up လုပ်ပါ။ 

http://go.microsoft.com/fwlink/?LinkId=507619

၂။ System Requirements ကို ဖတ်ပါ။ 

http://windows.microsoft.com/en-us/windows/preview-faq

၃။ Download Page မှ နှစ်သက်ရာ ဘာသာစကားနှင့် Preview ကို ဒေါင်းလုပ်လုပ်ပါ။ ISO ဖိုင်ကို ရရှိပါမယ်။ 

၎။ ဒေါင်းလုပ် ပြုလုပ်ပြီးရင် ISO ကို DVD  or USB တို့လို Installation Media ထဲထည့်ပါ။ 

၅။ setup.exe ကို နှစ်ချက်နှိပ်ပြီး ဖော်ပြပါ အဆင့်များအတိုင်း ပြုလုပ်၍ အင်စတော လုပ်ပါ။ 

အခု အခမဲ့ ဖြန့်ချီပေးလိုက်တဲ့ Windows 10 က Technical Preview ဖြစ်ပါတယ်။ အဲဒီအတွက် အလုပ်ကိစ္စအတွက် သုံးတဲ့ ကွန်ပြူတာများမှာ မစမ်းသပ်သင့်ပါဘူး။ Bugs တွေများစွာ ပါရှိမှာ ဖြစ်ပါတယ်။ 

Windows 10 ရဲ့ System Requirements တွေက Windows 8 နဲ့ တူညီနေပါတယ်။ 

• Processor: 1 gigahertz (GHz) or faster.
• RAM: 1 gigabyte (GB) (32-bit) or 2 GB (64-bit).
• Free hard disk space: 16 GB.
• Graphics card: Microsoft DirectX 9 graphics device with WDDM driver.
• A Microsoft account and Internet access.

Microsoft က သတိပေးထားတာက အချို့ Processor တွေ၊ 64-bit CPUs အဟောင်းတွေထဲက အနည်းငယ်မှာ Windows 10 ကို အင်စတော လုပ်လို့မရပါဘူး။ နောက်ပြီး Windows RT 8.1 or Windows N မှာလည်း Windows 10 က အလုပ်မလုပ်ပါဘူး။ 

နောက်ထပ် ပြဿနာက Windows Media Player ကို အသုံးပြုပြီး DVDs တွေဖွင့်လို့မရပါဘူး။ Windows 8 Pro with Media Center အသုံးပြုသူတွေက Windows 10 ကို အင်စတော လုပ်ရင် Windows Media Center ကို ဖယ်ရှားပါလိမ့်မယ်။ 

Microsoft က Windows 10 Technical Preview ကို စမ်းသပ်သူများအတွက် Bugs များကို ပြန်လည် တင်ပြပေးဖို့လည်း ပြုလုပ်ပေးထားပါတယ်။

Windows 10 ကို မြည်းစမ်းချင်သူများအတွက် Windows 10 Technical Preview ကို ဒေါင်းလုပ် ရယူနိုင်ပါပြီ။ Microsoft ရဲ့ Windows Insider Program မှာ Sign Up ပြုလုပ်ပြီး ဒေါင်းလုပ် ပြုလုပ်ရမှာပါ။

ပြုလုပ်ရမယ့် အဆင့်တွေက

၁။ Windows Insider Program ကို အောက်ကလင့်ကနေ Sign Up လုပ်ပါ။

http://go.microsoft.com/fwlink/?LinkId=507619

၂။ System Requirements ကို ဖတ်ပါ။

http://windows.microsoft.com/en-us/windows/preview-faq

၃။ Download Page မှ နှစ်သက်ရာ ဘာသာစကားနှင့် Preview ကို ဒေါင်းလုပ်လုပ်ပါ။ ISO ဖိုင်ကို ရရှိပါမယ်။

၎။ ဒေါင်းလုပ် ပြုလုပ်ပြီးရင် ISO ကို DVD or USB တို့လို Installation Media ထဲထည့်ပါ။

၅။ setup.exe ကို နှစ်ချက်နှိပ်ပြီး ဖော်ပြပါ အဆင့်များအတိုင်း ပြုလုပ်၍ အင်စတော လုပ်ပါ။

အခု အခမဲ့ ဖြန့်ချီပေးလိုက်တဲ့ Windows 10 က Technical Preview ဖြစ်ပါတယ်။ အဲဒီအတွက် အလုပ်ကိစ္စအတွက် သုံးတဲ့ ကွန်ပြူတာများမှာ မစမ်းသပ်သင့်ပါဘူး။ Bugs တွေများစွာ ပါရှိမှာ ဖြစ်ပါတယ်။

Windows 10 ရဲ့ System Requirements တွေက Windows 8 နဲ့ တူညီနေပါတယ်။

• Processor: 1 gigahertz (GHz) or faster.
• RAM: 1 gigabyte (GB) (32-bit) or 2 GB (64-bit).
• Free hard disk space: 16 GB.
• Graphics card: Microsoft DirectX 9 graphics device with WDDM driver.
• A Microsoft account and Internet access.

Microsoft က သတိပေးထားတာက အချို့ Processor တွေ၊ 64-bit CPUs အဟောင်းတွေထဲက အနည်းငယ်မှာ Windows 10 ကို အင်စတော လုပ်လို့မရပါဘူး။ နောက်ပြီး Windows RT 8.1 or Windows N မှာလည်း Windows 10 က အလုပ်မလုပ်ပါဘူး။

နောက်ထပ် ပြဿနာက Windows Media Player ကို အသုံးပြုပြီး DVDs တွေဖွင့်လို့မရပါဘူး။ Windows 8 Pro with Media Center အသုံးပြုသူတွေက Windows 10 ကို အင်စတော လုပ်ရင် Windows Media Center ကို ဖယ်ရှားပါလိမ့်မယ်။

Microsoft က Windows 10 Technical Preview ကို စမ်းသပ်သူများအတွက် Bugs များကို ပြန်လည် တင်ပြပေးဖို့လည်း ပြုလုပ်ပေးထားပါတယ်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>> 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

10/01/2014

♪ Windows 10 အကြောင်း သိထားသင့်သည့် အချက် (၉) ချက် ♫


Windows 8 နှင့် ပတ်သက်ပြီး ဝေဖန်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပြီးနောက် Windows 10 ဟုခေါ်သည့် Windows operating system သစ်ကို အင်္ဂါနေ့က ပြုလုပ်ခဲ့သည့် ပွဲတစ်ခုတွင် Microsoft က မိတ်ဆက်ပေးခဲ့သည်။ ထို့ကြောင့် Microsoft ၏ နောက်ဆုံးခြေလှမ်းသစ်ဖြစ်သော Windows 10 နှင့် ပတ်သက်၍ သိရှိထားသင့်သည့် အချက်များကို ဖော်ပြလိုက်ပါသည်။
(၁) Windows 10 ကို ဘယ်အချိန် upgrade လုပ်နိုင်မလဲ။ ဘယ်လောက် ကုန်ကျမလဲ။
Microsoft သည် Windows 10 ကို ၂၀၁၅ ခုနှစ် ဧပြီလတွင် ကျင်းပမည့် Build developer conference နောက်ပိုင်း ဖြန့်ချိဖွယ်ရှိသည်။ အကယ်၍ Windows 10 ကို စမ်းသပ်အသုံးပြုချင်လိုပါက အောက်တိုဘာ ၁ ရက်မှ စတင်ကာ Windows Insider Program တွင် sign up လုပ်ပြီး preview build ကို အသုံးပြုနိုင်သည်။ လက်လီရောင်းချမည့် Windows 10 ဗားရှင်း၏ ဈေးနှုန်းများကို မသိရှိရသေးပေ။
(၂) Windows 9 ကို ကျော်ပြီး Windows 10 ကို ဘာကြောင့် မိတ်ဆက်ခဲ့သလဲ။
သုံးစွဲသူများ အနေဖြင့် Windows အလုပ်လုပ်ပုံ အခြေခံ ပြောင်းလဲမှုများကို သိရှိစေရန်အတွက် ဗားရှင်းနံပါတ် တစ်ခုကို ကျော်ပြီး Windows 10 ကို မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်သည်။
(၃) Windows 10 ကို desktop ရော tablet မှာပါ အသုံးပြုနိုင်သလား။
Windows 10 ကို desktop ကွန်ပျူတာများတွင်သာမက စမတ်ဖုန်းများအထိ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် user interface ကိုလည်း သင့်တော်သလို ပြောင်းလဲချိန်ညှိနိုင်သည်။
(၄) Widnows 10 တွင် App များ အလုပ်လုပ်နိုင်သလား။
Windows 10 တွင် app များကို အသုံးပြုနိုင်မည် ဖြစ်သော်လည်း အသေးစိတ် အလုပ်လုပ်ပုံကို Microsoft မှ ရှင်းပြခဲ့ခြင်း မရှိပေ။ သို့သော်လည်း Windows Store မှ ဝယ်ယူထားသည့် app တစ်ခုကို Windows 10 ထုတ်ကုန် အားလုံးတွင် အသုံးပြုနိုင်ဖွယ်ရှိသည်။ ထို့အတွက်ကြောင့် developer များအနေဖြင့် ထုတ်ကုန် အရွယ်အစားနှင့် လုပ်ဆောင်နိုင်စွမ်းအပေါ် မူတည်ပြီး အသွင်အပြင်နှင့် ခံစားမှုတို့ကို ချိန်ညှိပေးနိုင်မည့် universal app များကို ဖန်တီးရန် လိုအပ်မည် ဖြစ်သည်။
(၅) Full-screen “Modern” app များ ပါဝင်သေးသလား။
Windows 8 တွင် full-screen app များကို Metro သို့မဟုတ် Modern ဒီဇိုင်းဖြင့် မိတ်ဆက်ပေးခဲ့သော်လည်း Windows 10 တွင် full-screen app များကို ရွေးချယ်အသုံးပြုနိုင်ရန် ထောက်ပံ့ပေးထားသည်။ ဥပမာအနေဖြင့် Surface Pro 3 ကဲ့သို့သော convertible 2-in-1 ထုတ်ကုန်တွင် keyboard ကို တပ်ဆင် အသုံးပြုသည့်အခါ Windows 10 တွင် ယခင် Start menu အဟောင်းဖြင့် တွေ့မြင်ရမည်ဖြစ်သည်။ သို့ရာတွင် keyboard ကို ဖြုတ်လိုက်သည့်အခါ Windows 10 က လက်ချောင်းများဖြင့် အသုံးပြုနိုင်မည့် full screen mode အဖြစ် ပြောင်းလဲပေးမည် ဖြစ်သည်။
(၆) ဝယ်ယူထားသည့် Modern app များ Windows 10 တွင် ဆက်လက် အလုပ်လုပ်နိုင်သလား။
Windows 8 developer များအနေဖြင့် အပြောင်းအလဲများကို မည်ကဲ့သို့ တုံ့ပြန်မည် ဆိုခြင်းအတွက် ပြောရန် စောသေးသော်လည်း Microsoft အနေဖြင့် full-screen Modern app အချို့ကို window mode တစ်ခုဖြင့် အသုံးပြုနိုင်မည့် နည်းလမ်းအား ပြသသွားခဲ့သည်။
(၇) Windows 10 တွင် Start menu ပါဝင်သလား။
Windows 8 ၏ full-screen Start screen ကို မနှစ်သက်သူများ အနေဖြင့် ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။ Windows 10 တွင် ပါဝင်သည့် Start menu သစ်ကို screen ၏ ဘယ်ဘက်တွင် တွေ့မြင်ရမည် ဖြစ်ပြီး ၎င်းတွင် သုံးစွဲသူများနှင့် ရင်းနှီးပြီးသား ဖြစ်သော shortcut များကို တွေ့ရမည် ဖြစ်သည်။
(၈) Windows တွင် မည်သည့် အခြား အဆင့်မြှင့်တင်မှုများ ပါဝင်သလဲ။
Windows 10 တွင် Snap function ကို အဆင့်မြှင့်ထားသောကြောင့် app များကို ဘေးချင်းကပ်လျက် ယှဉ်ထားရာတွင် အလျင်အမြန် ပြုလုပ်နိုင်သလို quadrant layout သစ်ကြောင့် app လေးခုကို screen တစ်ခုတွင် အညီအမျှခွဲခြားကာ ဖော်ပြပေးနိုင်သည်။ ထို့အပြင် multiple desktops ကို ထောက်ပံ့ပေးထားသည့် အတွက် app များကို တစ်နေရာတည်းတွင် ထားကာ အလုပ်လုပ်နိုင်ပြီး desktop ထံသို့လည်း slide လုပ်ရုံဖြင့် အလျင်အမြန် သွားရောက်နိုင်သည်။ ထို့အပြင် taskbar တွင် task view button ပါဝင်လာသောကြောင့် ၎င်းကို click နှိပ်ရုံဖြင့် ဖွင့်ထားသည့် ဖိုင်များ၊ window များနှင့် desktop များကို အလျင်အမြန် ကြည့်ရှုနိုင်သည်။
(၉) Windows 10 ကို ဘယ် ထုတ်ကုန်တွေမှာ အသုံးပြုနိုင်သလဲ။
ဒီအကြောင်းကို ပြောရန် စောလွန်းနေသေးသည်။ Windows 8.1 ကို 64-bit ကွန်ပျူတာများ အတွက် မိတ်ဆက်ပေးခဲ့သော်လည်း အချို့ processor အဟောင်းများ အတွက် အထောက်အပံ့မပေးခဲ့သောကြောင့် Windows 10 ကို ခေတ်ဟောင်း ကွန်ပျူတာများပေါ်တွင် အသုံးပြုနိုင်ဖွယ် မရှိပေ။
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>> 




www.pyaephyo.com
Read More ...