10/20/2015

♪ KMD မှ သီတင်းကျွတ် အထူးဈေးရောင်းပွဲ ကျင်းပပြုလုပ်မည် ♫

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip1wOFUm3qoUNZTdE8dq3FSr5mTKUckncsYZWw_m7KHkQBzMFPJGwCdGgknDaBvTVouxn23dSPJdd99n-u7hTYUf0j3Wwi6ftjklJYYf_cm1UuV0crPlebYjsFqqXcx5oxdB1XrgJRwaqV/s1600/YGN+ICT+Fair.jpg

KMD Sales Centre များတွင် IT, Mobile နှင့် ဆက်စပ် ပစ္စည်းများကို အထူးဈေးနှုန်းများ၊ မေတ္တာ လက်ဆောင်များဖြင့် ဝယ်ယူနိုင်မည့် သီတင်းကျွတ် အထူးဈေးရောင်းပွဲအစီအစဉ်ကို အောက်တိုဘာလ ၁၆ ရက် မှ ၂၇ ရက် အထိ၊ ရန်ကုန်မြို့ ပန်းဆိုးတန်း၊ မြေနီကုန်း၊ တာမွေနှင့် လမ်းမတော်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဈေးရောင်းပွဲကာလအတွင်း သတ်မှတ်ထားသော မိုဘိုင်းဖုန်းနှင့် Desktop, Notebook များအား ၃၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ မည်သည့် IT, Mobile နှင့် ဆက်စပ်ပစ္စည်းများကိုမဆို ဝယ်ယူသူများအနေဖြင့် KMD Computer Centre ရှိမည်သည့် Application နှင့် Professional Course ကိုမဆို ၁၀ ရာခိုင်နှုန်း လျှော့ဈေးဖြင့် တက်ရောက် နိုင်မည်ဖြစ်သည်။ မည်သည့် Desktop, All in One PC, Notebook, Tablet နှင့် Smartphone  ကိုမဆို ဝယ်ယူပါက ဗလာမပါ ကံစမ်းမဲများပါဝင် မည် ဖြစ်သည်။

KMD ၏ သီတင်းကျွတ် အထူးဈေးရောင်းပွဲနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း KMD ဖုန်း ၀၁- ၃၈၁၁၂၉၊ ၃၈၁၀၃၅ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com