မည်သည့်နေရာတွင်မဆို
သယ်ဆောင်သွားနိုင်ပြီး မည်သည့် screen နှင့်မဆို အသုံးပြုနိုင်သည့်
Kangaroo ဟုခေါ်သော ၉၉ ဒေါ်လာတန် Windows 10 portable PC တစ်မျိုးကို InFocus
မှ မိတ်ဆက်ပေးခဲ့သည်။
၎င်း portable ကွန်ပျူတာသည် ဈေးသက်သာသော ပုံမှန်အရွယ်အစား ကွန်ပျူတာတစ်လုံး၏ စွမ်းဆောင်ရည်နှင့် ဆဲလ်ဖုန်းတစ်လုံးကို အလွယ်တကူ သယ်ဆောင်သွားနိုင်ခြင်းဖြင့် အသုံးပြုနိုင်သည်။
အဆိုပါ အနက်ရောင် အလူမီနီယံ ထုတ်ကုန်တွင် Intel Cherrytrail (Z8500) SOC, 2GB RAM, 32GB သိုလှောင်မှု ပမာဏနှင့် လေးနာရီကြာ သုံးနိုင်မည့် on-board ဘက်ထရီတို့ ပါဝင်သည်။ MicroSDXC အထောက်အပံ့ကြောင့် သိုလှောင်မှုပမာဏကို 128GB အထိ တိုးမြှင့်အသုံးပြုနိုင်သည်။ သီးသန့်တည်ရှိသော Kangaroo Dock တွင် HDMI port တစ်ခုနှင့် USB port နှစ်ခု ပါဝင်သည်။

InFocus ကမူ Kangaroo သည် ကမ္ဘာ့အသေးငယ်ဆုံး portable desktop ကွန်ပျူတာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ အလေးချိန်သည် ၂၀၀ ဂရမ်သာရှိပြီး အရွယ်အစားက ၁၂၄ x ၈၀.၅ x ၁၂.၉ မီလီမီတာဖြစ်သည်။ အထူက ၁၂.၉ မီလီမီတာဖြစ်ပြီး ဈေးကွက်ထဲရှိ အရွယ်ကြီးမားသော phablet များ၏ အရွယ်အစားနီးပါးခန့်ရှိသည်။
Windows 10 Home Edition ဖြင့် အသုံးပြုနိုင်ပြီး အင်တာနက်အသုံးပြုခြင်း၊ office file များဖြင့် အလုပ်လုပ်ခြင်း၊ မီဒီယာများ stream ပြုလုပ်ခြင်းနှင့် အခြားကိစ္စရပ်များကို အဆင်ပြေလွယ်ကူစွာ ပြုလုပ်နိုင် သည်။ အချက်အလက်လုံခြုံမှုအတွက် စိုးရိမ်ရန်မလိုဘဲ built-in fingerprint scanner ဖြင့် ကာကွယ်ထားနိုင်သည်။
Kangaroo ကို ယခုအခါ Newegg.com တွင် ရရှိနိုင်ပြီး နိုဝင်ဘာလလယ်တွင် Microsoft Store မှ ရောင်းချမည် ဖြစ်သည်။
Ref: BGR

** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။