Showing posts with label မိုဘိုင်းဖုန်းဆက်သွယ်ရေးသတင်း. Show all posts
Showing posts with label မိုဘိုင်းဖုန်းဆက်သွယ်ရေးသတင်း. Show all posts

10/04/2017

♪ အူရီဒူးမြန်မာမှ သီတင်းကျွတ်ကာလ အထိမ်းအမှတ်အနေနဲ့ နှုန်းထားများကို ပြောင်းလဲသတ်မှတ် ♫


ဖလန်းဖလန်းဒေတာနဲ့  ရွှန်းရွှန်းဝေအစီအစဉ်ဖြင့် ဖုန်းခေါ်ဆိုခြင်းအတွက် အဓိကကျတဲ့ အသုံးပြုခ နှုန်းထားတွေကို ပိုမိုကောင်းမွန်စေဖို့အတွက် ပြုလုပ်ပေးသွားမယ်လို့ အူရီဒူးမြန်မာက သတင်းထုတ် ပြန်လိုက်ပါတယ်။


ဒေတာအသုံးပြုခ ၁ မီဂါဗိုက် ၅ ကျပ်နှင့် ဖုန်းခေါ်ဆိုခ ၁ မိနစ် ၁၀ ကျပ်ကို အောက်တိုဘာလ ၃ ရက်မှ စတင်အသုံးပြုနိုင်မယ်လို့ အူရီဒူးက သတင်းထုတ်ပြန်တာဖြစ်ပါတယ်။ “ကျွန်တော်တို့ဟာ မိုဘိုင်းဖုန်းအသုံး ပြုသူတွေ အချင်းချင်း ဆက်သွယ်ဖို့အတွက် လိုအပ်ချက်ပေါ် မူတည်ပြီး အသုံးပြုလို့ရအောင် ဖုန်းခေါ်ဆိုခရော ဒေတာအသုံးပြုခနှ စ်မျိုးစလုံးအတွက်ကို ဈေးကွက်ထဲမှာ အသက်သာဆုံး နှုန်းထားနဲ့ ဝန်ဆောင်မှု ပေးအပ်သွားမှာပါ။ အခုဆိုရင် အများပြည်သူရုံပိတ်ရက်တွေရှိတဲ့ ထူးခြားလှတဲ့ သီတင်းကျွတ်ပွဲတော် အချိန်အခါသမယမှာ မိသားစုဝင်အချင်းချင်းနီးစပ်ဖို့ ဆက်သွယ်နိုင်ဖို့ရာ အူရီဒူးအသုံးပြုသူတိုင်းဟာ ဖုန်းခေါ်ဆိုခရော ဒေတာအသုံးပြုခအတွက်ပါ ဈေးကွက်ထဲမှာ အသက်သာဆုံးဈေးနှုန်းဖြင့် အသုံးပြုနိုင်ပြီဖြစ်ပါတယ်” လို့အူရီဒူးမြန်မာရဲ့CEO ဖြစ်သူ Mr. Vikram Sinha ကပြောပါတယ်။


“အခု အသစ်မိတ်ဆက်ပေးမယ့် အစီအစဉ်ဟာဆိုရင် မြို့ပေါ်နဲ့ ကျေးလက်ဒေသနေ မြန်မာပြည်သူလူထုအား လုံးအနေနဲ့ တစ်ဦးနဲ့တစ်ဦး ပိုမိုဆက်သွယ်ပြောဆိုနိုင်မှာဖြစ်သလို မြန်မာပြည်သူလူထုကိုလည်း ဒီဂျစ်တယ် စနစ် အသုံးပြုနိုင်တဲ့ လူနေမှုဘ၀ပုံစံကို ရင်းနှီးကျွမ်းဝင်စေမှာဖြစ်ပါတယ်။ အခုလို ထူးခြားလှတဲ့ အများပြည်သူရုံးပိတ်ရက်အခါသမယမှာ အသုံးပြုနိုင်အောင် မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်”လို့ ထပ်မံ ပြောကြားခဲ့ပါတယ်။


မိုဘိုင်းဖုန်း အသုံးပြုသူတွေအနေနဲ့ *7755# ကို ဖုန်းခေါ်ဆိုပြီး ဈေးနှုန်းများရွေးချယ်နိုင်ခြင်းနဲ့ သုံးစွဲသူလိုအပ်တဲ့ အသုံးပြုလိုမှု ပုံစံပေါ်မူတည်ပြီး အစီအစဉ်ရွေးချယ်ခွင့်ကိုလည်း ရရှိနိုင်မယ်လို့ သိရပါတယ်။ ရွေးချယ်မှုကို အခမဲ့ပြုလုပ်နိုင်ပြီး သုံးစွဲသူ လိုအပ်ချက်ပေါ်မူတည်ကာ အစီအစဉ်တစ်ခုကနေ တခြားတစ်ခုသို့ တစ်နေ့လျှင်တစ်ကြိမ် ပြောင်းလဲနိုင်မယ်လို့သိရပါတယ်။




Credit to ==>Internet Journal



www.pyaephyo.com
 
 
 
Read More ...

9/28/2017

♪ MPT အချင်းချင်း ဖုန်းခေါ်ဆိုခတစ်မိနစ်လျှင် ၁၀ ကျပ် အစီအစဉ်ပြုလုပ်မည် ♫


MPT အချင်းချင်းခေါ်ဆိုရင် တစ်မိနစ်ကို ၁၀ ကျပ်သာကျသင့်မယ့် အစီအစဉ်တစ်ခုကို ဆောင်ရွက်မယ်လို့ သိရပါတယ်။ MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ MPT ကနေ အခြားဆက်သွယ်ရေး အော်ပရေတာတွေကို ဖုန်းခေါ်ဆိုခြင်းတွေအပြင် စာတိုပေးပို့တာ၊ အင်တာနက် အသုံးပြုတာတွေကို အသက်သာဆုံးနှုန်းတွေနဲ့ ပြုလုပ်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဒါပေမဲ့ အသေးစိတ်ကိုတော့ မကြာခင်မှာပဲပြောသွားမယ်လို့ပဲ ဆိုပါတယ်။ နှုန်းထားတွေကိုတော့ သတ်မှတ်ထားပြီးဖြစ်ပါတယ်။ MPT အချင်းချင်းဖုန်းခေါ်ဆိုခ တစ်မိနစ်ကို ၁၀ ကျပ်၊ အခြားအော်ပရောတွေကို ဖုန်းခေါ်ဆိုခ ၂၄ ကျပ်၊ စာတိုပေးခြင်းအတွက် တစ်စောင်ကို ၁၅ ကျပ်၊ အင်တာနက်ဒေတာ 1MB ကို ၈ ကျပ်နှုန်းဖြစ်ပါတယ်။


“ဈေးအသက်သာဆုံး ဖုန်းခေါ်ဆိုခ၊ စာတိုပေးပို့ခြင်းနဲ့ အင်တာနက် အသုံးပြုခတွေ ပါဝင်မယ့် နှုန်းထား အစီအစဉ်သစ်တစ်ခုကို မိတ်ဆက်ပေးဖို့ ကျွန်တော်တို့ စီစဉ်နေပါတယ်၊ မကြာခင်မိတ်ဆက်ကြေညာမယ့် ဒီဝန်ဆောင်မှုအသစ်အတွက် ကျွန်တော်တို့ စိတ်လှုပ် ရှားနေပါတယ်” ဆိုပြီး MPT-KGSM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda ကပြောပါတယ်။ ဘယ်လိုရ ယူရမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ အောက်တိုဘာလမှာ ဆောင်ရွက်မယ်လို့ဆိုပါတယ်။




-ထွန်းထွန်း
Credit to ==>Internet Journal



www.pyaephyo.com
 
 
 
Read More ...

♪ “အူရီဒူး၏ မိုဘိုင်းမန်းနီး M-ပိုက်ဆံ ၀န်ဆောင်မှုစတင်” ♫

Image may contain: 3 people, people standing and text

အူရီဒူးမြန်မာ၏ မိုဘိုင်းမန်းနီး M- ပိုက်ဆံဝန်ဆောင်မှုအား စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပါ သည်။ ငွေသားကို တန်ဖိုးတူညီသည့် ဒီဂျစ်တယ်ပိုက်ဆံအဖြစ်သို့ ပြောင်းလဲခြင်းကို မြန်မာနိုင်ငံအနှံ့အပြားရှိ M-ပိုက်ဆံကိုယ်စားလှယ်များတွင် ဆောင်ရွက်နိုင်ပါသည်။

အီလက်ထရောနစ် စနစ်အဖြစ်သို့ ပြောင်းလဲပေးထားသောငွေ သည် မူလငွေစက္ကူနှင့်တူညီသောတန်ဖိုး ရှိမည်ဖြစ်ပြီး ၄င်းကို မိသားစုနှင့် သူငယ်ချင်းမိတ်ဆွေများဆီသို့ ချက်ချင်းငွေလွှဲပို့ခြင်းမှအစပြုပြီး အိမ်သုံးစရိတ်များလွှဲပေးခြင်း၊ ဖုန်းငွေဖြည့်ခြင်းအစရှိသည့် အမျိုးမျိုးသော လုပ်ငန်းစဉ်များအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

မိုဘိုင်းငွေကြေးဟု အဓိပ္ပါယ်ဆောင်သည့် M-ပိုက်ဆံ အမည်ဖြင့် စတင်တော့မည့် အူရီဒူး၏၀န်ဆောင်မှု သည် ဖုန်းအတွင်းရှိ ပိုက်ဆံကို မည်သည့်မိုဘိုင်းဖုန်းနံပါတ်သို့မဆို လွှဲပြောင်းပေးနိုင်မည်ဖြစ်ပြီး မည်သည့် M-ပိုက်ဆံ အေးဂျင့်ထံတွင်မဆို ငွေသားထုတ်ယူနိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်ပါသည်။

ငွေလွှဲရန်အတွက် ဘဏ်သို့သွားရန်မလိုဘဲ မည့်သည့်အချိန်တွင် မဆို ၂၄ နာရီ အချိန်မရွေး ငွေလွှဲနိုင်ပါ သည်။ CB ဘဏ်နှင့် တိုက်ရိုက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဘဏ်စာရင်းနှင့်မိုဘိုင်းပိုက်ဆံ အကြား အချိန်နှင့်တစ်ပြေးညီ ငွေလွှဲပြောင်းပေးပို့ခြင်းကို ပြုလုပ်ပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။



ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





Read More ...

9/27/2017

♪ တစ်မိနစ်ကို ၁၀ ကျပ်သာကျသင့်မယ့် သာသာယာယာ အစီအစဉ် Telenor မိတ်ဆက် ♫


တစ်မိနစ်ကို ၁၀ ကျပ်သာကျသင့်မယ့် သာသာယာယာ အစီအစဉ် ကိုTelenor က မိတ်ဆက်လိုက်ပါတယ်။

Telenor myanmar ရဲ့ ၃ နှစ်ပြည့် အခမ်းအနားမှာ အခုလိုမိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအစီ အစဉ်နဲ့ Telenor ဖုန်းအချင်းချင်း တစ်မိနစ်ကို ၁၀ ကျပ်နှုန်းထားနဲ့ ဖုန်းပြောနိုင်မှာဖြစ်ပါတယ်။

“ဖုန်းကို ဈေးသက်သက်သာသာနဲ့ ပြောချင်ရင် သာသာယာယာ အစီအစဉ် အင်တာနက်ကို ဈေးနည်းနည်းနဲ့ သုံးချင်ရင်ဒေတာစုဘူး အစီအစဉ်တွေနဲ့ သုံးနိုင်မှာပါ” လို့ Telenor myanmar ရဲ့ စီအီးအို Lars Erik Tellmann ကပြောပါတယ်။


အဲဒီအစီအစဉ်ကို ရယူလိုရင် *979*10# ကိုခေါ်ဆို ရယူနိုင်မှာဖြစ်ပါတယ်။ ဒေတာစုဘူးကတော့ 1MB ကို ၁.၂၅ ကျပ်အထိသာ ကျသင့်တဲ့ အင်တာနက် အစီအစဉ်ဖြစ်ပါတယ်။ ဒီနေ့ကနေစလို့ သာသာယာယာ အစီအစဉ်ကိုရယူနိုင်ပြီလို့ သိရပါတယ်။ လက်ရှိမှာ Telenor ရဲ့ မိုဘိုင်းကွန်ရက်ဟာ လူဦးရေ ၉၀ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး တာဝါတိုင်ပေါင်း ၈၀၀၀ ရှိတယ်လို့ သိရပါတယ်။



-ထွန်းထွန်း

Credit to ==>> Internet Journal



www.pyaephyo.com
 
 
 
Read More ...

9/21/2017

♪ “Samsung က ခေါက်ချိုးနိုင်တဲ့ Galaxy Note ကိုလာမယ့်နှစ်မှာ ရောင်းမည်” ♫

Image may contain: one or more people and phone

Samsung ကသြဂုတ်လမှာGalaxy Note 8 ကိုမိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Samsung က ၂၀၁၈ခုနှစ်မှာခေါက်ချိုးနိုင်တဲ့စမတ်ဖုန်းကို မိတ်ဆက်ဖို့မျှော်မှန်းထားတယ်လို့ပြောကြားကြောင်း Associated Press ကရေးသားထားပါတယ်။အဲဒီစမတ်ဖုန်းမှာခေါက်ချိုးနိုင်တဲ့မျက်နှာပြင် တပ်ဆင်ထားပြီးစွမ်းဆောင်ရည်မြင့်Galaxy Note Series အဖြစ် ရောင်းချမှာဖြစ်ပါတယ်။

Samsung ကအဲဒီနည်းပညာကိုအောင်မြင်စွာ ဖန်တီးဖို့နီးစပ်နေပြီဆိုတာသေချာပါတယ်။ Samsung ရဲ့မိုဘိုင်း စီးပွားရေးလုပ်ငန်းမှဥက္ကဌဖြစ်သူ Don-gjinKoh က “ခေါက်ချိုးစမတ်ဖုန်း နည်းပညာကိုဖန်တီးဖို့အခက်အခဲ များစွာရှိပါတယ်။ Samsung ဟာ အလွန်ကောင်းတဲ့ ထုတ်ကုန်တစ်ခုကိုဖန်တီးလိုက်တယ်ဆိုတာကိုပဲ ကြားချင်ပါတယ်။ ကုမ္ပဏီရဲ့အနာဂတ်မှာခေါက်ချိုးနိုင်တဲ့ မျက်နှာပြင်များကိုအသုံးပြုဖို့စီစဉ်ထားပါတယ်” လို့တောင်ကိုရီးယားမှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာသတင်းထောက်များအားပြောကြားခဲ့ပါတယ်။ Samsung ကခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကိုထုတ်လုပ်မယ်ဆိုတဲ့သတင်းများထွက်ပေါ် နေတာနှစ်များစွာ ကြာမြင့်ပါပြီ။အခုမှသာကုမ္ပဏီကပထမဆုံးအကြိမ်လူသိရှင်ကြားကြေညာလိုက်ခြင်းဖြစ်ပါတယ်။

Samsung ကခေါက်ချိုးနိုင်တဲ့စမတ်ဖုန်းရဲ့စွမ်းရည်ကို စမ်းသပ်ဖို့အတွက် OLED Display နှစ်ခုကို ဆက်ထားတဲ့စကရင်နှစ်ခုပါစမတ်ဖုန်းများကို ထုတ်လုပ်ထားတယ်လို့သိရပါတယ်။ Samsung က၂၀၁၂ခုနှစ် မှာ Youm အမည်ရခေါက်ချိုးနိုင်တဲ့ AMOLED Display တစ်ခုကို ပြသခဲ့ ဖူးပါတယ်။ပြီးခဲ့တဲ့နှစ်မှာလည်းခေါက်ဖုန်းလိုခေါက်ချိုးနိုင်တဲ့ ဖုန်းအတွက် Patent တစ်ခုကိုမှတ်ပုံတင်ခဲ့ပါတယ်။ Samsung သာမကဘဲ အခြား ကုမ္ပဏီများကလည်းခေါက်ချိုးနိုင်တဲ့စမတ်ဖုန်းများကိုတီထွင်နေပါတယ်။ Lenovo က၂၀၁၆ခုနှစ်မှာ လက်ကောက်လိုဝတ်ဆင်နိုင်တဲ့ စမတ်ဖုန်း များနဲ့ထက်ဝက်ခေါက်ချိုးနိုင်တဲ့ တက်ဘလက်ကို ပြသခဲ့ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

9/20/2017

♪ “MPT က Happy Friday အစီအစဉ်ကို ပြန်လည်ဆန်းသစ်” ♫

Image may contain: 1 person, text

MPT မှ ပြန်လည်ဆန်းသစ်ထားသည့် Happy Friday အစီအစဉ် သစ်ကြောင့် သောကြာနေ့တိုင်း မိုဘိုင်းဖုန်းငွေဖြည့်သူများအနေဖြင့် ငွေဖြည့်လက်ဆောင်အစီအစဉ်ကို ခံစားခွင့်ရရှိမှာဖြစ်ကြောင်း သိရသည်။

အပိုလက်ဆောင် အစီအစဉ် အနည်းဆုံးအဖြစ် ငွေတစ်ထောင်ကျပ်ကို ခဲခြစ်ငွေဖြည့်သွင်းလိုက်ရုံဖြင့် ရရှိလာသည့် အပိုလက်ဆောင်ကို အင်တာနက်သာမက MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း စသည်များတွင်လည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် နောက်ထပ်ငွေဖြည့်သွင်းသည့် ပုံစံတစ်မျိုးဖြစ်သည့် e-Top Up ဖြင့် ငွေဖြည့်သွင်းပါကလည်း ငွေဖြည့်အပိုလက်ဆောင် ပမာဏ (၅၀) ကျပ်မှ (၄,၀၀၀) ကျပ် အထိရရှိမည်ဖြစ်သည်။

ယခု Happy Friday ငွေဖြည့် အပိုလက်ဆောင်အစီအစဉ်သစ်ကို MPT ၏ ရှယ်ပြော၊ ဆွေသဟာ နှင့် ရိုးရိုး Base Tariff ရယူထားသည့် ကြိုတင် ငွေပေးချေမှုနည်းလမ်းဖြင့် သုံးစွဲနေသော GSM/ WCDMA မိုဘိုင်းဖုန်း အသုံးပြုနေသူများက အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ရရှိလာသည့် ငွေဖြည့်အပိုလက်ဆောင်ပမာဏကို စစ်ဆေးလိုပါက 1331သို့ BAL ဟုစာတိုပေးပို့ခြင်း (သို့မဟုတ်) *224# သို့ ဖုန်းခေါ်ဆိုခြင်းတို့ဖြင့် ပြုလုပ် နိုင်မည်ဖြစ်ပါသည်။ 


အပိုလက်ဆောင်၏သက်တမ်းမှာ ငွေဖြည့် လက်ဆောင်ရရှိသည့် သောကြာနေ့နှင့် ကပ်လျက်ရှိသော တနင်္ဂနွေနေ့ည သန်းခေါင်ယံအချိန် 23: 59 :59 နာရီအထိသာ အသုံးပြုခွင့်ပေးထား ကြောင်း သိရသည်။



ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

9/18/2017

♪ " MPT ၏ ခေါ်သူနားဆင်တေးသံစဉ် (Caller Ring Back Tone) ဝန်ဆောင်မှုတွင် တိုင်းရင်းသားတေးသီချင်းများစွာကို ရယူအသုံးပြုနိုင်မည် " ♫

Image may contain: phone

MPT ၏ ခေါ်သူနားဆင်တေးသံစဉ် (Caller Ring Back Tone) ဝန်ဆောင်မှုတွင် တိုင်းရင်းသားတေးသီချင်းများစွာကို ရယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ အသုံးပြုသူများအနေဖြင့် MPT ၏ ခေါ်သူနားဆင်တေးသံစဉ်ဝန်ဆောင်မှုကို ရယူလိုက်သည်နှင့် မိမိကြိုက်နှစ်သက်ရာ တိုင်းရင်းသားတေးသီချင်းသံစဉ်များကို မိမိဖုန်း၏ တေးသံစဉ်အဖြစ် သင့်တင့်သောနှုန်းထားဖြင့် ရယူနိုင်သည်။ 

ပုံမှန်အားဖြင့် CRBT ဆိုသည်မှာ မိမိထံဖုန်းခေါ်ဆိုသူများကို မိမိဆီသို့ ခေါ်ဆိုနေစဉ်အတွင်း သီချင်းသံကို ဖုန်းမြည်သံအဖြစ် ကြားနိုင်အောင်ပြုလုပ်ပေးသည့် (ခေါ်သူနားဆင်တေးသံစဉ်) ဝန်ဆောင်မှု ဖြစ်သည်။ MPT အနေဖြင့် CRBT ဝန်ဆောင်မှု စတင်စဉ်ကပင် တိုင်းရင်းသားသီချင်းများကို ထည့်သွင်းပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ တိုင်းရင်းသားသီချင်း အပုဒ်ရေများစွာကို ထပ်မံတိုးမြှင့် ထည့်သွင်းလိုက်ပြီဖြစ်သည့်အတွက် လက်ရှိပေးအပ်နေသည့် နိုင်ငံတကာနှင့် ပြည်တွင်းသီချင်းထောင်ပေါင်းများစွာအပြင် သုံးစွဲသူများအနေဖြင့် တိုင်းရင်းသားသီချင်းအပုဒ်ရေ ရာပေါင်းများစွာထဲမှ မိမိနှစ်သက်ရာကို ရွေးချယ်နိုင်မည်ဖြစ်သည်။

ယခု အသစ်မိတ်ဆက်လိုက်သည့် တိုင်းရင်းသားတေးသံစဉ် ထပ်ဆောင်းဝန်ဆောင်မှုကြောင့် အဓိကတိုင်းရင်းသားလူမျိုးစု (7) ခုဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်း အစရှိသော ဒေသများမှ MPT သုံးစွဲသည့် တိုင်းရင်းသားများအနေဖြင့် စုံလင်လှသည့် တိုင်းရင်းသားအနုပညာရှင်များ၏ သီချင်းသံစဉ်များကို ရွေးချယ်ကာ မိမိဖုန်းတေးသံစဉ်အဖြစ်သတ်မှတ်ပြီး ဖုန်းခေါ်ဆိုသူများကို နားဆင်စေနိုင်မည်ဖြစ်ပါသည်။ MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က “ CRBT ဝန်ဆောင်မှုတွေအတွက် တောင်းဆိုမှုတွေဟာ မြန်မာနိုင်ငံရဲ့ အထင်ကရ မြို့တွေမှာသာမကဘဲ ကျန်တဲ့ဒေသတွေမှာပါ မြင့်တက်လာနေပါတယ်။ တိုင်းရင်းသားတေးသီချင်းများစွာကို သင့်တင့်တဲ့နှုန်းထားတစ်ရပ်အနေနဲ့ ထောက်ပံ့ပေးထားတဲ့အတွက်ကြောင့် ကျွန်တော်တို့သုံးစွဲသူတွေရဲ့ တောင်းဆိုချက်၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ်လို့ ယုံကြည်ပါတယ် ” ဟု ပြောကြားခဲ့သည်။

MPT အနေဖြင့် သုံးစွဲသူများအား တိုင်းရင်းသားတေးသီချင်းများကို CRBT ဝန်ဆောင်မှုဖြင့် ပံ့ပိုးပေးနိုင်ရန် Crystal Shine ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ MPT ၏ တိုင်းရင်းသားတေးသီချင်းများ ရယူနိုင်မည့် ခေါ်သူနားဆင်တေးသံစဉ် CRBT အစီအစဉ်တွင် တိုင်းရင်းသားလူမျိုးများအကြား ရေပန်းစားနေသည့် ကျေးလက်သီချင်းများ၊ ခေတ်ပေါ်သီချင်းများ အပါအဝင် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာသီချင်း အများအပြား ပါဝင်မည်ဖြစ်သည်။ MPT၏ GSM နှင့် WCDMA သုံးစွဲသူများအနေဖြင့် အဆိုပါဝန်ဆောင်မှုကို နေ့စဉ်နှင့် လစဉ် အစီအစဉ်ဟူ၍ ရွေးချယ်နိုင်မည်ဖြစ်ကာ နေ့စဉ်အစီအစဉ်အတွက် တစ်ရက်လျှင် 47 ကျပ်သာ ကျသင့်မည်ဖြစ်ပြီး 7979 သို့ <REG D> ဟူ၍ စာတိုပေးပို့ကာ ရယူနိုင်သည်။


လစဉ်အစီအစဉ်အတွက် တစ်လလျင် 1,050 ကျပ်ဖြင့် 7979 သို့ <REG M> ဟူ၍ စာတိုပေးပို့ ရယူရမည်ဖြစ်သည်။ CRBT ဝန်ဆောင်မှုကို မှတ်ပုံတင်ပြီးသားသူများအနေဖြင့် 7979 သို့ <BUY> နှင့် သက်ဆိုင်ရာကုဒ်နံပါတ်ဖြစ်သည့် ဂဏန်း 10 လုံးကိုထည့်ကာ စာတိုပေးပို့ပြီး မိမိနှစ်သက်ရာ တိုင်းရင်းသားတေးသံစဉ်များကို ဝယ်ယူနိုင်မည်။ CRBT ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ပိုမိုသိရှိလိုပါက 106 သို့ ဖုန်းခေါ်ဆိုပြီး ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရှိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

9/13/2017

♪ “ပြန်အမ်းငွေ အာမခံချက်များပါဝင်လာသည့် MPT၏ Fixed Line ၀န်ဆောင်မှု” ♫

http://mpt.com.mm/wp-content/uploads/2016/09/MPT-Self-Service_Banner-1200x880.jpg

MPT ၏ စီးပွားရေးဆိုင်ရာ ၀န်ဆောင်မှုများကို အသုံးပြုနေကြသော လုပ်ငန်းရှင်သုံးစွဲသူ (B2B customers) များအနေနှင့် Fiber Internet, Leased Line and International Private Leased Circuit အစရှိသော ၀န်ဆောင်မှုများအတွက် ပြန်အမ်းငွေအာမခံချက်များ ထည့်သွင်းပေးလာ ကြောင်း သိရသည်။

လက်ရှိသုံးစွဲနေသူများအပြင် စတင်သုံးစွဲမည့်သူများအနေဖြင့် MPT ၏ စီးပွားရေးဆိုင်ရာဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် မှတ်ပုံတင် ပေးသွင်းပြီးသွားပါက ပရီမီယံလုပ်ငန်းအသုံးပြုသူများ စာရင်းတွင် အလို အလျောက် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

လိုင်းနှေးခြင်း၊ ကွန်ရက်ကျဆင်းခြင်း၊ ပြတ်တောက် ခြင်း ဖြစ်စဉ်များ၏ သဘောသဘာဝနှင့် ကြာချိန်အပေါ် မူတည်ပြီး ပြန်အမ်းငွေ အာမခံသော SLA ၀န်ဆောင်မှုရရှိ မည့် အကျိုးကျေးဇူးများကိုရရှိမည်ဖြစ်ပါသည်။



ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

9/07/2017

♪ " MPT မှ Toll Free Call ဝန်ဆောင်မှုကို စတင်မိတ်ဆက် " ♫

Image may contain: text

MPT မှ စီးပွားရေးလုပ်ငန်းသုံး “ဖုန်းခေါ်ဆိုသူအတွက် အခမဲ့” 

Toll Free Call ၀န်ဆောင်မှုကို စတင်မိတ်ဆက်ပေးခဲ့ကြောင်း သိရှိရသည်။ မိုဘိုင်းလ်ဖုန်း သုံးစွဲသူများအနေဖြင့် မိမိတို့သိရှိလိုသည့် အရောင်းများ၊ ဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များနှင့် ပတ်သက်၍ ၎င်းတို့ဆက်သွယ်လိုက်သည့် စီးပွားရေးလုပ်ငန်းများမှာ MPT ၏ ယခုဝန်ဆောင်မှုကို ရယူထားခြင်းဖြစ်ပါက ဖုန်းခေါ်ဆိုခ ကျသင့်တော့မည်မဟုတ်ပေ။ MPT အနေဖြင့် (၀၈၀၀ ၈၀၀ x xxx) ဖြင့်စသည့် “ဖုန်းခေါ်ဆိုသူအတွက် အခမဲ့” ဖုန်းနံပါတ်များကို အော်တို တယ်လီဖုန်းလိုင်း(ကြိုးဖုန်းလိုင်း) မှတစ်ဆင့် လက်ခံနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး MPT ၏ မိုဘိုင်းဖုန်း အသုံးပြုသူများနှင့် အော်တိုတယ်လီုဖုန်း အသုံးပြုသူများအနေဖြင့် ဖုန်းခေါ်ဆိုခပေးဆောင်ရန် မလိုအပ်ဘဲ အဆိုပါ ဖုန်းနံပါတ်များသို့ ခေါ်ဆိုနိုင်သည်။



အဆိုပါ စီးပွားရေးလုပ်ငန်းများ၏ Toll Free နံပါတ်များသို့ ခေါ်ဆိုရာတွင် ဖုန်းခေါ်ဆိုမှုအတွက် အခကြေးငွေ ကျသင့်မည်မဟုတ်ဘဲ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများထံမှသာ လစဉ်လတိုင်း ကောက်ခံသွားမည်ဖြစ်သည်။ ဖုန်းခေါ်ဆိုသူများသည် ၎င်းတို့ခေါ်ဆိုလိုသော လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားသော ကုတ်နံပါတ်မှတစ်ဆင့် ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ပြီး ၀၈၀၀ ၈၀၀ ၏ နောက်တွင်ကပ်လျက် ပါရှိသော ဂဏန်းသည် လုပ်ငန်းအမျိုးအစားကို ညွှန်ပြထားခြင်းဖြစ်သည်။


လုပ်ငန်းအမျိုးအစားလိုက်ကွဲပြားသွားမည့် ဖုန်း နံပါတ်များမှာ - တက္ကစီလုပ်ငန်းဖြစ်လျှင် ၀၈၀၀ ၈၀၀ ၁xxx ၊ ဘဏ်လုပ်ငန်းဖြစ်လျှင် ၀၈၀၀ ၈၀၀ ၂xxx ၊ ဆေးရုံ လုပ်ငန်းဖြစ်လျှင် ၀၈၀၀ ၈၀၀ ၃xxx ၊ ပညာရေးလုပ်ငန်းဖြစ်လျှင် ၀၈၀၀ ၈၀၀ ၄xxx ၊ လူမှုဖူလုံရေးဖြစ်လျှင် ၀၈၀၀ ၈၀၀ ၅xxx ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖြစ်လျှင် ၀၈၀၀ ၈၀၀ ၆xxx ၊ စီးပွားရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများဖြစ်လျှင် ၀၈၀၀ ၈၀၀ ၇xxx တို့ဖြစ်သည်။ MPT Toll Free ဝန်ဆောင်မှုရယူရန် စိတ်ပါဝင်စားသူများအနေဖြင့် MPT ၏ B2B အရောင်းဌာနသို့ b2b@mptjo.com.mm အီးမေးလ်ဖြင့်ဖြစ်စေ၊ Hot Line ဖုန်းနံပါတ် ၀၈၀၀ ၈၀၀ ၉၉၉၀ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။




NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

9/06/2017

♪ “ငွေကြေးပိုမိုဖြတ်တောက်မှုများ ရှိသည်ဟု ပြောကြားချက်များအပေါ် တယ်လီနောမြန်မာမှ ရှင်းလင်းမှုများ ထုတ်ပြန်ခဲ့” ♫

Image may contain: text

တယ်လီဖုန်းဝန်ဆောင်မှုများအတွက် ငွေဖြတ်တောက်မှုအပေါ် ဆက်သွယ်ရေးအော်ပရေတာများအား သုံးစွဲသူ များက ဝေဖန်ပြောဆို နေကြမှုများရှိနေသည်ကို တွေ့မြင်နေရပြီး တယ်လီနောသုံးစွဲသူများ အနေဖြင့် ငွေကြေး ပိုမိုဖြတ်တောက်မှုများရှိကြောင်း လတ်တလောတွင် ပြောဆိုနေကြသည့်အပေါ် တယ်လီနောအနေဖြင့် ရှင်းလင်းမှုများပြုလုပ် ခဲ့သည်။

တယ်လီနောသုံးစွဲသူများအနေဖြင့် တယ်လီနော၏ ကွန်ရက်အခြေအနေ၊ ၀န်ဆောင်မှုများနှင့် ကျသင့်ငွေကို သင့်မသင့် မရှင်းလင်းပါက တယ်လီနော၏ လူမှုကွန်ရက် Facebook စာမျက်နှာ၊ Facebook Messenger နှင့် မေးမြန်းစုံစမ်းရန်စင်တာ၊ တယ်လီနော အရောင်းဆိုင် များနှင့် care@ telenor.com.mmတို့သို့ မိမိတို့ကြုံတွေ့ရသည့်အခြေ အနေ၊ နေ့ရက်၊ အချိန်၊ နေရာနှင့် ဖုန်းနံပါတ်စသည့် အသေးစိတ် အချက်အလက်များကို ပေးပို့မေးမြန်းနိုင်ပြီး သုံးစွဲသူများ နားလည် သဘောပေါက်သည်အထိ ရှင်းလင်းပြန်ကြားပေးမှုများကို ဆောင် ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။


မိုဘိုင်းဖုန်းများ၏ အဆင့်မြင့်မား လာမှုနှင့်အတူ application များကို ပိုမိုအသုံးပြုလာမှုများက အင်တာနက်ဒေတာသုံးစွဲမှုများအပေါ် သက်ရောက်မှုရှိနေပြီး ယင်း applications များမှအလိုအလျောက် အဆင့်မြင့်မှုများကြောင့် မလိုလား အပ်ဘဲ မိမိကိုယ်တိုင် မသုံးစွဲမိလိုက်ဘဲ မိုဘိုင်း ဒေတာများ ကုန်ဆုံးမှု မပေါ်ပေါက်စေရန် နားလည်တတ်ကျွမ်းသူများအားပြသ၍သော် လည်းကောင်း၊ မိမိကိုယ်တိုင်သော် လည်းကောင်း ဖုန်း၏ background data restriction ကို ပြုလုပ်ထားခြင်း၊ မိမိဖုန်း၏ hotspot ကို password ဖြင့် ကာကွယ်ထားခြင်းနှင့် အခြားသောကန့်သတ်ခြင်းတို့ကို လုပ်ဆောင် ထားသင့်ကြောင်း ပြောသည်။

ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/13/2017

♪ " Facebook နှင့် Viber တို့ကို 1MB ကို (1) ကျပ်ဖြင့် သုံးနိုင်မည့် Facebook Plus အစီအစဉ်သစ် စတင် " ♫

No automatic alt text available.

မြန်မာနိုင်ငံတွင် 4G ကွန်ရက်ကို ပထမဦးဆုံး စတင်ဝန်ဆောင်မှုပေးခဲ့သော အူရီဒူးမြန်မာမှ လူမှုကွန်ရက် အသုံးပြုသူများ နှစ်သက်သဘောကျမည့် ပိုမိုသက်သာသောနှုန်းထားဖြစ်သည့် 1MB ကို (1) ကျပ်နှုန်းသာ ပေးရသော Facebook Plus အစီအစဉ်သစ်ကို စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

လူမှုကွန်ရက်အသုံးပြုခြင်းကို မြတ်နိုးသူများအတွက် Facebook Plus အစီအစဉ် 3 မျိုး ကမ်းလှမ်းပေးလိုက်ပြီး ထိုအစီအစဉ်ကို ရယူခြင်းဖြင့် Facebook နှင့် Viber တို့ကို အသုံးပြုနိုင်မည်ဖြစ်ပြီး တစ်ရက်စာ 200MB ကို ကျပ် 200 ဖြင့်လည်းကောင်း၊ တစ်ပတ်စာ 1GB ကို ကျပ် 1000 ဖြင့်လည်းကောင်း၊ ရက် 30 စာ 4GB ကို 3999 ကျပ်ဖြင့်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ၄င်းအစီအစဉ်ကို ရယူထားခြင်းဖြင့် Facebook, Facebook Messenger (စတေးတပ်စ်များတင်ခြင်း၊ ဓာတ်ပုံနှင့် ဗွီဒီယိုတင်ခြင်း၊ (သို့) Live ဗွီဒီယိုလွှင့်ခြင်း) အပြင် Viber ကိုပါ မက်ဆေ့ခ်ျပေးပို့ခြင်း၊ စတစ်ကာပေးပို့ခြင်း၊ အသံနှင့် ဗွီဒီယိုဖြင့် ဖုန်းခေါ်ခြင်းတို့အတွက် အသုံးပြုနိုင်မည်ဖြစ်သည်။

အူရီဒူးသုံးစွဲသူများအနေဖြင့် *133*2# ကို ခေါ်ဆိုပြီး Facebook Plus အစီအစဉ်ကို ဝယ်ယူနိုင်မည်ဖြစ်သည်။ " အူရီဒူးကနေ လူမှုကွန်ရက်တွေအသုံးပြုဖို့ ကောင်းမွန်နှစ်သက်ဖွယ် Facebook Plus အစီအစဉ်တွေကို ၀န်ဆောင်မှုပေးထားတဲ့အတွက် အခုအချိန်ဟာ မိုဘိုင်းဖုန်းအသုံးပြုသူတွေအနေနဲ့ အူရီဒူးနဲ့အတူ ရှိနေသင့်တဲ့အချိန်ဘဲ ဖြစ်ပါတယ်။ အူရီဒူးဟာ မိုဘိုင်းဖုန်းအသုံးပြုသူတွေ လိုအပ်နေတဲ့ ၀န်ဆောင်မှုကို အလေးထားပြီး ၀န်ဆောင်မှုပေးအပ်ထားခြင်း ဖြစ်ပါတယ်။

သုံးစွဲသူတွေကို အမြဲတမ်းကူညီနိုင်ဖို့အတွက် အခွင့်လမ်းများကိုလဲ အူရီဒူးက အမြဲရှာဖွေလျှက်ရှိနေပါတယ်။ မိုဘိုင်းဖုန်းအသုံးပြုသူတွေအနေနဲ့ အူရီဒူးက ပေးတဲ့ ၀န်ဆောင်မှုတွေကို နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် " ဟု အူရီဒူးမြန်မာ၏ Chief Marketing Officer ဖြစ်သူ Ms. Charity Safford က ပြောကြား ပါသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/12/2017

♪ MECTel CDMA 800 MHz ဆင်းမ်ကတ်နဲ့ငွေဖြည့်ကတ်ရောင်းချလိုသူတွေတာဝန်ခံရုံးကိုဆက်သွယ်နိုင် ♫


MECTel CDMA 800 MHz ဆင်းမ်ကတ်နဲ့ ငွေဖြည့်ကတ် ရောင်းချလိုသူတွေအတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာရှိတဲ့ တာဝန်ခံရုံးတွေကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။


အဲဒီဆင်းမ်ကတ်နဲ့ ငွေဖြည့်ကတ်တွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ ဆင်းမ်ကတ်ကိုယ်စား လှယ်ဆိုင်တွေနဲ့ အင်းဝဘဏ်ခွဲတွေမှာ အလုံအလောက် ဖြန့်ဖြူးရောင်းချနေတယ်လို့ MECTel က ပြောကြားထားပါတယ်။ 

တစ်ပိုင်တစ်နိုင် ရောင်းချလိုသူတွေနဲ့ လက်လီလက်ကားတစ်ဆင့် ပြန်လည်ရောင်းချ လိုသူတွေရှိရင် Complaint Center 3456, 0931160249 ကို ရုံးချိန်အတွင်းနဲ့ တိုင်းနဲ့ပြည်နယ် Marketing တာဝန်ခံရုံးဖုန်းတွေကို ဆက်သွယ်စုံစမ်း အကြောင်းကြားရင် အဆင်ပြေအောင်ဆောင် ရွက်ပေးမယ်လို့ ဆိုပါတယ်။


ဆက်သွယ်နိုင်မယ့် တာဝန်ခံရုံးဖုန်းတွေကို နေရာခြောက်ခုခွဲခြား သတ်မှတ်ထားတာတွေ့ရပါတယ်။ အဲဒီ နေရာတွေကတော့ (၁) နေပြည်တော် ၊ မန္တလေးတိုင်း ၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဖုန်း-၀၉၃၆၉၉၈၄၄၄ ၊ ၀၉၃၆၉၉၈၅၅၅၊ (၂) ရန်ကုန်တိုင်း ၊ မန္တလေးတိုင်း ၊ရှမ်းပြည်နယ် (မြောက်ပိုင်း) ဖုန်း-၀၉၃၆၈၁၃၆၈၁ ၊ ၀၉၃၃၉၈၈၉၈၈ (၃) ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း(အရှေ့) ၊ ဧရာဝတီတိုင်း ၊ စစ်ကိုင်းတိုင်း ဖုန်း-၀၉၃၁၀၄၀၂၂၂ ၊ ၀၉၃၆၈၈၆၆၈၈ တို့ဖြစ်ပါတယ်။


နောက်ထပ်အုပ်စု သုံးခုကတော့ (၄) စစ်ကိုင်းတိုင်း ၊ ဧရာဝတီတိုင်း ၊ မကွေးတိုင်း ၊ ကယားပြည်နယ် ၊ ချင်း ပြည်နယ် ဖုန်း-၀၉၃၀၆၈၈၈၈၁ ၊ ၀၉၂၅၄၀၁၃၆၉၂ (၅) တနင်္သာရီတိုင်းဒေသကြီး ၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် ဖုန်း-၀၉၂၆၅၉၂၈၅၂၈ ၊ ၀၉-၇၉၆၃၉၄၉၃၀ (၆) ပဲခူးတိုင်း(အနောက်) ၊ ရခိုင်ပြည်နယ် ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဖုန်း-၀၉၃၀၅၁၈၀၀၀ ၊ ၀၉၄၅၀၆၄၃၅၆၀ ၊ ၀၉၅၂၅၂၃၀၁ တို့ဖြစ်တယ်လို့ သိရပါတယ်။




Credit to ==> Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/10/2017

♪ “Telenor မှ အသက်သာဆုံးနှုန်းထားနှင့် ပြည်ပနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မည့် Happy Hour အစီအစဉ်ကို မိတ်ဆက်” ♫

Image may contain: text

တယ်လီနောမြန်မာအနေဖြင့် ယင်း၏သုံးစွဲသူများကို အာရှ-ပစိဖိတ် ဒေသမှ ၈ နိုင်ငံနှင့် အမေရိကန် ပြည် ထောင်စုအပါအ၀င် နိုင်ငံပေါင်း ၉ နိုင်ငံသို့ အသက်သာဆုံးနှုန်းထားနှင့် ခေါ်ဆိုနိုင်မည့် Happy Hour အစီ အစဉ်ကို စတင်မိတ်ဆက်လိုက်သည်။အဆိုပါပရိုမိုးရှင်းအစီအစဉ်ကို အသုံးပြု၍မြန်မာနိုင်ငံမှ တယ်လီနောသုံးစွဲသူများအနေဖြင့် တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊တောင်ကိုရီးယား၊ ဂျပန်၊ သြစတေးလျနှင့် ဟောင်ကောင်နိုင်ငံများတွင် ရှိသည့် သူငယ်ချင်းများနှင့် မိသားစုများထံသို့ တစ်မိနစ်လျှင် ၅၀ကျပ်နှုန်းထားဖြင့် ခေါ်ဆိုနိုင်မည်ဖြစ် ကာ အဆိုပါနှုန်းထားသည် Happy Hour အချိန်ဖြစ်သည့် ည ၁၀ နာရီမှ နံနက် ၇ နာရီအတွင်း ခေါ်ဆိုမှုများ အတွက်သာ အကျုံးဝင်မည်ဟုဆို သည်။

အဆိုပါနှုန်းထားသည် အခွန်နှုန်းပါဝင်ခြင်းမရှိသေးပဲ ကြိုတင်ငွေဖြည့် သုံးစွဲသူများ (prepaid) နှင့် အသုံးပြုပြီးမှ ငွေပေးသွင်းသုံးစွဲသူ (Postpaid) အားလုံးရယူအသုံးပြု နိုင်မည်ဖြစ် သည်။ ပြည်ပသို့ ပုံမှန်ဖုန်းခေါ်ဆိုမှုနှုန်းထားများမှာ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယနှင့် စင်ကာပူနိုင်ငံများသို့ခေါ် ဆိုမည်ဆိုပါက တစ်မိနစ်လျှင် ၂၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး သြစတေးလျ၊ ဟောင်ကောင်၊ ဂျပန်၊ တောင်ကို ရီးယားနှင့် အမေရိကန်နိုင်ငံများသို့ ခေါ်ဆိုမည်ဆိုပါက တစ်မိနစ်လျှင် ၄၀၀ ကျပ်ကျသင့်မည်ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် တယ်လီနော၏ "Happy Hour" ပရိုမိုးရှင်းအစီအစဉ်နှင့် ပြည်ပသို့ ဖုန်းခေါ်ဆိုပါက ၈၈ ရာခိုင်နှုန်းအထိ သက်သာသော နှုန်းထားနှင့် ခေါ်ဆိုနိုင်မည် ဖြစ်သည်။

တယ်လီနောအနေဖြင့် ပြီးခဲ့သည့် ဇွန်လမှစတင်ကာထိုင်းနှင့် မလေးရှားနိုင်ငံသို့ ပြည်တွင်းဖုန်း ခေါ်ဆိုမှုနှုန်းထား နှင့်ခေါ်ဆိုနိုင်မည့် အစီအစဉ်တစ်ခုကိုလည်း ပေးအပ်ခဲ့ပြီး ထိုပရိုမိုးရှင်းအစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ အသုံးပြုသူ များသည် ထိုင်းနိုင်ငံရှိ dtac နှင့် မလေးရှားနိုင်ငံ ရှိ Digi သုံးစွဲသူများထံသို့ ပြည်တွင်းဖုန်းခေါ်ဆိုမှုနှုန်းထားဖြစ်သည့် တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းထားဖြင့် ခေါ်ဆိုနိုင်ခဲ့သည်။



ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/07/2017

♪ Telenor ကပြုလုပ်လိုက်တဲ့ တစ်မိနစ် ၅၀ ကျပ်နဲ့ ပြည်ပကို ဖုန်းခေါ်ဆိုနိုင်မယ့် အစီအစဉ် ♫


တစ်မိနစ် ၅၀ ကျပ် နဲ့ ပြည်ပကိုဖုန်းခေါ်ဆိုနိုင်မယ့် အစီအစဉ်တစ်ခုကို Telenor ကပြုလုပ်လိုက် တယ်လို့ သိရပါတယ်။


အာရှ-ပစိဖိတ်ဒေသမှ ရှစ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံကိုခေါ်ဆိုနိုင် မယ်လို့သိရပါတယ်။ Happy Hour အစီအစဉ်အဖြစ် ည ၁၀ နာရီမှ နံနက် ၇ နာရီအတွင်းခေါ်ဆိုမှု တွေအကျုံးဝင်မယ်လို့ သိရပါတယ်။ တစ်မိနစ်ကို ၅၀ ကျပ်နှုန်းနဲ့ အဲဒီအချိန်တွေမှာ တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဩစတေးလျနှင့် ဟောင်ကောင်နိုင်ငံ တွေကို ခေါ်ဆိုနိုင်မယ်လို့ သိရပါတယ်။ အဲဒီနှုန်းထားမှာ အခွန်ပါဝင်ခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

“ဒီအစီအစဉ်ကို အသုံးပြုဖို့အတွက် ထပ်မံစာရင်းပေးသွင်းဖို့ မလိုအပ်ပါဘူး၊ ကျွန်တော်တို့အနေနဲ့ ဈေးသက်သာတဲ့ ပြည်ပဖုန်းခေါ်ဆိုမှု အစီအစဉ်တွေကို ယခင်ကလည်း မိတ်ဆက်ထားပြီးဖြစ်ပါတယ်” လို့ Telenor Myanmar ၏ ဈေးကွက် ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောပါတယ်။



အခုခေါ်ဆိုနိုင်တဲ့ ကိုးနိုင်ငံအပြင် ထိုင်းနဲ့မလေးရှားနိုင်ငံကို ပြည်တွင်းနှုန်းထားနဲ့ ဖုန်းခေါ်ဆိုနိုင်တဲ့ အစီအစဉ် တစ်ခုကိုလည်း ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီအစီအစဉ်ကတော့ ထိုင်းနိုင်ငံရှိ dtac နဲ့ မလေးရှားနိုင်ငံ ရှိ Digi သုံးစွဲသူများထံကို ပြည်တွင်း ဖုန်းခေါ်ဆိုမှု နှုန်းထားဖြစ်တဲ့ တစ်မိနစ်၂၅ ကျပ်နှုန်းထားနဲ့ ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို အလည်အပတ် သွားရောက်တဲ့ မြန်မာနိုင်ငံသားတွေအတွက် တစ်ကြိမ် စာရင်းပေးသွင်းခ ၅၀၀ ကျပ်ကျသင့်ပြီး ၂၄ နာရီကြာ အသုံးပြုနိုင်တဲ့ အစီအစဉ်ကိုလည်းပေး ထားတယ်လို့ ဆိုပါတယ်။


-ထွန်းထွန်း


Credit to ==>  Internet Journal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/04/2017

♪ " MPT အသုံးပြုသူများ M-learning Portal တွင် အင်္ဂလိပ်စာကို မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် သင်ယူနိုင်ပြီ " ♫

Image may contain: one or more people and text

MPT အသုံးပြုသူများသည် M-learning Portal တွင် အင်္ဂလိပ်စာကို မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် သင်ယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ အင်္ဂလိပ်စာလေ့လာ သင်ယူနိုင်စေရန် ရည်ရွယ်ထားသည့် ပညာသင်ကြားရေး Protal ဖြစ်သော M-Learning ဝန်ဆောင်မှုတွင် သုံးစွဲသူ၏ အင်္ဂလိပ်စာကျွမ်းကျင်မှု အဆင့် (အခြေခံအဆင့်၊ အလယ်အလတ်နှင့် အဆင့်မြင့်) အပေါ်မူတည်၍ ကဏ္ဍအမျိုးမျိုးခွဲခြားထားသော သင်ခန်းစာမျိုးစုံ ပါဝင်မည်ဖြစ်သည်။.

M-Learning မိုဘိုင်းလ် Portal တွင် ကဏ္ဍခြောက်မျိုးပါဝင်ပြီး နောက်ဆုံးပေါ် ဝေါဟာရများ၊ စကားပြောဆို မှုနှင့် အပြန်အလှန်ပြောဆိုခြင်းဆိုင်ရာ အချက်အလက်များအပြင် အသံထွက်လေ့ကျင့်ရန်အတွက် အကြံပေးချက် အသံနမူနာများ ပါဝင်သည်။ ရယူအသုံးပြုလိုသူများ အနေဖြင့် ကဏ္ဍတစ်ခုစီ အတွက် မေးခွန်း (10) ခုစီကို ဖြေဆိုပြီး ၎င်းတို့၏ ဘာသာစကား ကျွမ်းကျင်မှုကို ဆန်းစစ်ကာ အသုံးပြုနိုင်သည်။ M-Learning ဝန်ဆောင်မှုသည် HTML 5 နည်းပညာကို အသုံးပြုထားသော မိုဘိုင်းလ်ဝက်ဘ်ဆိုက်ကို အခြေခံ၍ ဝန်ဆောင်မှုပေးထားခြင်း ဖြစ်သောကြောင့် အင်တာနက်ဝန်ဆောင်မှုကို အသုံးပြုနိုင်သော Android၊ iOS၊ Windows အစရှိသည့် operating စနစ်သုံး စမတ်ဖုန်းအားလုံးဖြင့် အသုံးပြုနိုင်သည်။

ထို့အပြင် အသုံးပြုသူများအနေဖြင့် ကွန်ပျုတာများ သို့မဟုတ် လက်ပ်တော့ပ်များမှတစ်ဆင့်လည်း Portal သို့ ဝင်ရောက်အသုံးပြုနိုင်မည်ဖြစ်သောကြောင့် cloud ကို အခြေခံထားသော အဆိုပါဝန်ဆောင်မှုကို MPT အသုံးပြုသူများအနေဖြင့် အဆင်ပြေလွယ်ကူစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်သည် ရယူအသုံးပြုမည့်သူများ အနေဖြင့် မည်သည့်ဖုန်းအမျိုးအစားဖြင့်မဆို Portal သို့ အကန့်အသတ်မရှိဝင်ရောက်ပြီး အင်္ဂလိပ်စာ သင်ခန်းစာများကို နေ့စဉ် စာတိုများ(SMS) ရယူခြင်းဖြင့် သင်ကြားနိုင်မည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။

စတင်သုံးစွဲသူများအားလုံးမှာ (1) ပတ်အကြာ အခမဲ့သုံးစွဲခွင့်ရရှိမည်ဖြစ်ကာ (1) ပတ်တာကာလ ကုန်ဆုံးချိန်တွင် နေ့စဉ်အသုံးပြုခ 158 ကျပ် (အခွန်အပါအဝင်) ကို ဖုန်းဘေလ်မှတစ်ဆင့် ကောက်ခံသွားမည်။ M-Learning Portal ဘာသာစကားသင်ကြားသည့် ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် သုံးစွဲသူများအနေဖြင့် 8282 သို့ “ON” ဟု စာတို (SMS) ပေးပို့ရမည်ဖြစ်ကာ မည်သို့အသုံးပြုရမည်ဟူသော အချက်များနှင့် ပတ်သက်ပြီး ပိုမိုသိရှိလိုပါက http://engclass.up.st/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/03/2017

♪ 1 MB ကို ၁ ကျပ် နှုန်းသာပေးရသော Facebook Plus အစီအစဉ်ကို အူရီဒူးမိတ်ဆက် ♫


လူမှုကွန်ရက်အသုံးပြုသူများ နှစ်သက်သဘောကျမယ့် Facebook, Viber နှင့် BeeTalk အားလုံး အသုံးပြုခွင့် ပါတဲ့ အမျိုးအစား ၃မျိုးစုပေါင်းထားတဲ့ Facebook Plus အစီအစဉ်ကို ပိုမိုသက်သာတဲ့ နှုန်းထားဖြစ်တဲ့ 1Mb ကို ၁ကျပ်နှုန်းနဲ့ Facebook Plus အစီအစဉ်သစ်ကို စတင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်တယ် လို့ သိရပါတယ်။

လူမှုကွန်ရက်အသုံးပြုခြင်းကို ချစ်ခင်မြတ်နိုးသူများအတွက် “Facebook Plus” အစီအစဉ် ၃မျိုး ကမ်းလှမ်းပေး လိုက်ပြီး အဲဒီအစီအစဉ်ကို ရယူခြင်းဖြင့် Facebook, Viber နှင့် BeeTalk တို့ကို အသုံးပြုနိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။ တစ်ရက်စာ 200MB ကို ကျပ် 200 ဖြင့် လည်းကောင်း၊ တစ်ပတ်စာ 1GB ကို ကျပ် 1000 ဖြင့်လည်းကောင်း၊ ရက် ၃ဝ စာ 4GB ကို ၃,၉၉၉ကျပ်ဖြင့်လည်းကောင်း အသုံးပြုနိုင်မှာ ဖြစ်တယ် လို့ သိရပါတယ်။

သုံးစွဲသူတွေအနေဖြင့် အဲဒီအစီအစဉ်ကိုရယူထားခြင်းဖြင့် Facebook, Facebook Messenger (စတေးတပ်စ်များတင်ခြင်း၊ ဓာတ်ပုံနှင့် ဗွီဒီယိုတင်ခြင်း၊ (သို့) Live ဗွီဒီယို လွှင့်ခြင်း) အပြင် Viber နှင့် BeeTalk တို့ကိုပါ မက်ဆေ့ခ်ျပေးပို့ခြင်း၊ စတစ်ကာပေးပို့ခြင်း၊ အသံနှင့် ဗွီဒီယိုဖြင့်ဖုန်းခေါ်ခြင်းတို့အတွက် အသုံးပြုနိုင်မှာဖြစ်ပြီး အူရီဒူးသုံးစွဲသူများအနေဖြင့် *133*2# ကိုခေါ်ဆိုပြီး Facebook Plus အစီအစဉ်ကို ဝယ်ယူနိုင်မှာဖြစ်တယ် လို့ ဆိုပါတယ်။


Credit to ==> DigitalTimes.com.mm





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...