Showing posts with label ကွန်ပြူ တာသင်တန်း. Show all posts
Showing posts with label ကွန်ပြူ တာသင်တန်း. Show all posts

9/07/2017

♪ " ကွန်ပျူတာအခြေခံသင်တန်း ( IT Essentials) ကို စက်တင်ဘာလ ဒုတိယအပတ်တွင် ဖွင့်လှစ်မည် " ♫

Image may contain: text

Myanmar WWW Institute မှ ကွန်ပျူတာအခြေခံသင်တန်း (IT Essentials) တန်းခွဲသစ်ကို စက်တင်ဘာလ ဒုတိယအပတ်တွင် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များမှာ - Computer Fundamental, Computer Organization, Microsoft Word, Excel, Power Point, Adobe Photoshop နှင့် C++ စသည့်တို့ဖြစ်သည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက ဖုန်း - ၀၁၆၅၂၂၈၈ ၊ ၀၁၅၂၁၁၂၅ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

8/07/2017

♪ " Professional Web Developer Course + OJT 25% Discount ပေးအပ်မည် " ♫

No automatic alt text available.

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများနှင့် ကွန်ပျူတာအခြေခံရှိသူတိုင်း Web Developer အဖြစ် ရပ်တည်နိုင်ရန် Web Development ပိုင်းကိုသာ အထူးပြုသင်ကြားပေးသော Page Myanmar Web Training မှ August လတန်းခွဲသစ် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ IT နည်းပညာပိုင်းတွင် Professional အဖြစ် ရပ်တည်နိုင်ရန်နှင့် IT နှင့်ပတ်သက်သော တက္ကသိုလ်များကို တက်ရောက်မည့်သူများ၊ တက်ရောက်နေသူ များ အားလုံးအတွက် On Job Training အထိ တက်ရောက်နိုင်မည်ဖြစ်ပြီး August လတန်းခွဲသစ်အတွက် သင်တန်းကြေးစုစုပေါင်းထဲမှ 25% ကို Discount အဖြစ် August Promotion အတွက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

HTML, CSS အခြေခံမရှိသေးသူများအတွက် အခြေခံမှစတင်ပြီး Static Web Page များရေးသားနိုင်ရန်နှင့် PHP Programming Language ကိုအသုံးပြုပြီး Professional Web Developer အဖြစ် Dynamic Web Page များကိုယ်တိုင် တည်ဆောက်နိုင်ရန်အထိ သင်တန်းကာလ 5 လ ကြာမြင့်မည်ဖြစ်ပါသည်။ PHP Programming Language ကိုအသုံးပြုပြီး MySQL Database ဖြင့်ချိတ်ဆက်ခြင်းများ၊ Wordpress CMS, Drupal တို့ကို Advance Level အထိ အသုံးချပြီး Website တည်ဆောက်ခြင်းများကို ကျွမ်းကျင်ပိုင်နိုင်စွာရေးသားနိုင်ရန် သင်ကြားရမည်ဖြစ်ပါသည်။ PHP အသုံးပြု Project များအနေဖြင့် Social Website System, Online Exam System, Online Payment System, Ecommerce System များကို လက်တွေ့ Project များစွာဖြင့် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းတွင် Web development ပိုင်းအတွက် အရေးပါဆုံးသော HTML-5, CSS-3, JavaScript, jQuery နှင့် UI Framework များစွာကို သင်ကြားပေးမည်ဖြစ်သည်။

Smartphone နှင့် Tablet များတွင် အသုံးပြုနိုင်သော Responsible Web Design ပိုင်းများ, Website ကို Application အဖြစ် Convert လုပ်ခြင်းများ စသဖြင့် နောက်ဆုံးပေါ် Web Technology များစွာကိုလည်း သင်ကြားရမည်ဖြစ်ကာ စွဲဆောင်မှုရှိသော Web Design အတွက် Illustrator, Photoshop, Flash များကို အသုံးပြုပြီး Icon , Logo , Button နှင့် Background များ ရေးဆွဲခြင်းကို ထည့်သွင်းသင်ကြားပေးမည် ဖြစ်ပါသည်။ Professional Web Developer တစ်ယောက် နားလည်တတ်ကျွမ်းထားသင့်သော Web Technology များ၊ Domain Name System နှင့် Web Server Hosting ပိုင်းများကိုပါ လက်တွေ့လုပ်ကိုင်နိုင်ရန် သင်ကြားပေးမည်ဖြစ်သည်။


Final Project အနေဖြင့် Online Linux Web Server တွင် PHP programming language ကိုအသုံးပြုပြီး E-commerce Website ကို ကိုယ်တိုင်ရေးသားနိုင်သည်အထိ တတ်မြောက်ပြီးစီးမှသာ Certificate ရရှိမည်ဖြစ်ကာ On Job Training အထိ တက်ရောက်ပြီးသော ကျောင်းသားများအတွက် Web Developer တစ်ယောက်အနေဖြင့် ရပ်တည်နိုင်ရန်အတွက် ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတက်ရောက်လိုသူများအနေဖြင့် Page Myanmar ဖုန်းနံပါတ် 09-254343133 သို့ အသေးစိတ် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

7/02/2017

♪ " Basic Wireless Networking အမှတ်စဉ် (၅) သင်တန်း ဇူလိုင်လ (၈)ရက်နေ့တွင် ဖွင့်လှစ်မည် " ♫

No automatic alt text available.

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှုး၍ Wireless Networking နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာအိုင်တီလူငယ်များ၊ လုပ်ငန်းခွင်ဝင်ရောက်မည့် Wireless Technician များ၊ MCPA Member များအတွက် နည်းပညာအထောက်အကူပြုစေရန် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသိရှိရ သည်။

သင်တန်းပြီးဆုံးပါက မြန်မာနိုင်ငံရှိ Wireless Internet Service Provider (WISP) ကုမ္ပဏီများတွင် Junior အဖြစ် ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ကာ သင်တန်းအား Networking အခြေခံသိရှိထားသူများ တက်ရောက်နိုင် သည်။ သင်တန်းတက်ရောက်ခြင်းအားဖြင့် Wireless Standards များ၊ Interferences များ၊ Radio Frequency Behavior များ၊ Wireless Antenna များ၊ Wireless Survey လုပ်ရာတွင် ထည့်သွင်းစဉ်းစားသင့်သည့် အချက်များအားသိရှိနားလည်နိုင်မည် ဖြစ်သည်။ 

သင်တန်းကာလမှာ 2017 ခုနှစ်၊ ဇူလိုင်လ (8) ရက်မှ ဇူလိုင်လ (30) ရက်အထိစနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။ သင်တန်းကြေးမှာငွေကျပ် (80000) ဖြစ်ပြီး MCPA Member ဖြစ်ပါက (50) ရာခိုင်နှုန်း Discount ရရှိမည်။ အသေးစိတ်သိရှိလိုပါက ဖုန်း - 652276, ၊ 09-73088300 သို့ စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိရသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

6/08/2017

♪ Hardware & Network အခြေခံသင်တန်း ထပ်မံဖွင့်လှစ်မည် ♫


ကွန်ပျူတာအသုံးပြုသူတိုင်း တတ်မြောက်ထားရမည့် System Essentials (Hardware & Network အခြေခံ) သင်တန်းသစ်အား Myanmar World Wide Web Institute (M3WI) သင်တန်း ကျောင်းမှဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတွင် ကွန်ပျူတာတစ်ခုအတွင်း ပါဝင်သော စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများ၏ အလုပ်လုပ်ပုံနှင့် ၎င်းတို့အားပြုပြင်ထိန်းသိမ်းနည်းများ၊ Microsoft Windows များ၏ ဆောင်ရွက်ချက်တို့အပြင် System Installation, Trouble Shooting ပြုလုပ်နည်း နှင့် Repair ပြုလုပ်ခြင်း၊ Virus Cleaning နှင့် Data Recovery ပြုလုပ်ခြင်းတို့ကို သင်ကြားပေးသွားမည် ဖြစ်သည်။ ထို့အပြင် LAN  ချိတ်ဆက်နည်း၊ Data နှင့် Device များကို LAN အတွင်း Sharing ပြုလုပ်ခြင်း၊ Network Security ပိုင်းဆိုင်ရာများအား စီမံခန့်ခွဲခြင်း စသည့် Network ဆိုင်ရာ ဘာသာရပ်များကို သင်ယူရမည့်အပြင် Wide Area Network (WAN/Internet) ၏ အဆင့်ဆင့် အလုပ်လုပ်ပုံ TCP/IP အခြေခံကိုလည်း သင်ယူရမည်ဖြစ်သည်။ မိမိ Network အား အခြားပြင်ပ အတိုက်အခံများမှ ကာကွယ်ပုံ၊ Virus နှင့် အခြားသော အနှောင့်အယှက်များမှ ခုခံပုံအဆင့်ဆင့်ကိုလည်း စနစ်တကျသင်ယူရမည် ဖြစ်သည်။

Internet Services, Mail Services များ အစရှိသောနိုင်ငံတကာနှင့် ချိတ်ဆက်အသုံးပြုသော Network Services များ၏ အလုပ် လုပ်ပုံများအကြောင်း၊ Modem, Switch, Router များအစရှိသော Networking Devices များနှင့် PC များ၏ ဆက်သွယ်အလုပ်လုပ်ပုံများအကြောင်းအသေးစိတ် လေ့လာသင်ယူရမည် ဖြစ်သည်။ သင်တန်း တက်ရောက်နေစဉ် ကာလအတွင်း Assignment များ ပြုလုပ်ရခြင်း၊ Exam များ ဖြေဆိုစေခြင်းတို့ကြောင့် သင်တန်းသူ၊ သင်တန်းသားများအား စာတွေ့ရော လက်တွေ့ပါ ပိုမိုကျွမ်းကျင်တတ် မြောက်စေမှာ ဖြစ်သည်။

သင်တန်းကာလမှာ ၂ လခန့်သာ ကြာမြင့်မည်ဖြစ်ပြီး တက်ရောက်လိုသူများအနေဖြင့် အဆောင် (၅)၊ အခန်း (၄) MICT Park လှိုင်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့ ဖုန်း –  ၅၂၁၁၂၅၊ ၆၅၂၂၈၈၊ ၀၉-၉၇၂၅၁၄၁၀၃ တို့သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။


-သန္တာ




Credit to ==> Internet Journal
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

5/17/2017

♪ " ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ Basic Wireless Networkingသင်တန်းဖွင့်လှစ်မည် " ♫

No automatic alt text available.

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှုး၍ “Basic Wireless Networking” အမှတ်စဉ် (4) သင်တန်းကို 2017 ခုနှစ် ၊ မေလ (27) ရက်နေ့တွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသိရှိရသည်။

IT Industry အတွင်း ကျွမ်းကျင်ပြီးလက်တွေ့အသုံးချနိုင်သော Wireless Technician များပေါ်ထွက် လာရေး၊ လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချလျက်ရှိသော Wireless Standards များ၊ Wireless ချိတ်ဆက်ရာတွင် ကြုံတွေ့ရနိုင်သည့် Interference များ၊ Radio Frequency Behavior များအား သိရှိလိုသူများ၊ Theory ပိုင်းနားလည်ပြီး လက်တွေ့အသုံးချလိုသော Wireless Technician များအတွက် ရည်ရွယ်ပြီးဖွင့်လှစ်သင်ကြားခြင်းဖြစ်သည်။

သင်တန်းအား Networking အခြေခံသိရှိထားသူများ တက်ရောက်နိုင်ပြီး သင်တန်းတက်ရောက်ခြင်း အားဖြင့် Wireless Standards များ၊ Interferences များ၊ Radio Frequency Behavior များ၊ Wireless Antenna များ၊ Wireless Survey လုပ်ရာတွင် ထည့်သွင်း စဉ်းစားသင့်သည့်အချက်များအား သိရှိနားလည်နိုင်မည်ဖြစ်သည်။ 

သင်တန်းကြေးမှာငွေကျပ် (70000) ဖြစ်ပြီး MCPA Member ဖြစ်ပါကသင်တန်းကြေးဧ။် (50) ရာခိုင်နှုန်းကို Discount ရရှိမည်ဖြစ် သည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ရုံးခန်း၊ အဆောင်(9)၊ မြေညီထပ် ၊ ဖုန်းနံပါတ် - 652276၊ 09 -73088300 သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရှိရသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

5/10/2017

♪ “KMD Institute Engineering for Kids သင်တန်းနှင့် Facebook for Kids သင်တန်းများ ဖွင့်လှစ်သွားမည်” ♫

Image may contain: 7 people, people smiling

KMD Institute မှ ကလေးများအတွက်အချိန်တိုတိုနှင့် အကျိုးရှိစေရန်အတွက် Robotics Engi-neering for Kids သင်တန်းနှင့် Facebook for Kids သင်တန်း များကို သင်တန်းကာလအတိုဖြင့် ဖွင့်လှစ် သင်ကြားပေးနေလျှက် ရှိသည်ဟုသိရသည်။ကလေးများအတွက် ဥာဏ်ရည်ဥာဏ်သွေးမြင့်မားစေရန်၊ တီထွင်ဖန်တီးနိုင်မှု တိုးတက် လာစေရန် အတွက် Robotics Engineering for Kids သင်တန်းကို သင်ကြားရခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါသင်တန်းတွင် စက်ရုပ်တစ်ရုပ်ကို လက်တွေ့ဖြုတ်တပ်ခြင်းများ ပြုလုပ်ရမည်ဖြစ်ကာ စက်ရုပ်အား ထိန်းချုပ် အသုံးပြုရန်အတွက် လိုအပ်သော Software များကို လည်း သင်ကြားရမည်ဖြစ်သည်။ သင်တန်းတွင် ကလေးတစ်ဦးလျှင်စက်ရုပ်၊ Notebook တစ်စုံစီဖြင့်သင်ကြားရမည်ဖြစ်ပြီး Teamwork ရရှိစေရန်အတွက် လည်း ပျော်ရွှင်ဖွယ်ရာ Project များဖြင့် ထည့်သွင်း သင်ကြားပြသသွားမည် ဖြစ်သည်။

Facebook for Kids သင်တန်းကိုတော့ Facebook Application ကို စတင်အသုံးပြုမည့် ကလေးငယ်များအနေဖြင့် ဘေးဥပဒ် မဖြစ်စေဘဲ အကျိုးရှိရှိအသုံးချနိုင်စေဖို့အတွက်နှင့် မိမိကိုယ်ကို လုံခြုံမှုရှိစေရန်အတွက် Facebook အသုံးပြု ရာတွင် လိုက်နာရမည့်အချက်များ Do & Don’t များကို လက်တွေ့ကျကျ သင်ကြားပြသပေး သွားမည်ဖြစ်ကာ Facebook for Kids အတွက် သင်ခန်းစာများကို Facebook ၏ Rules & Regulation များ, Help Tips များနှင့် FAQ များကို ပေါင်းစပ်ကာ ပြုလုပ်ပေးထားသောကြောင့် Facebook ကို စတင်အသုံးပြုမည့်ကလေးနှင့် လူငယ်များအပြင် စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်မည့်သင်တန်းဖြစ်သည်။

အဆိုပါ သင်တန်းတစ်ခုချင်းစီအတွက် သင်တန်းကာလမှာ ၅ ရက်သာ ကြာမြင့်မည်ဖြစ်ပြီး တစ် နေ့တွင် သင်ကြားချိန် ၃ နာရီ ကြာမြင့်မည်ဖြစ်သည့် အတွက် ကျောင်းစာများကို လေ့လာနေရသော ကလေး ငယ်များအတွက် ပြင်ပဗဟုသုတများကိုလည်း ရှာဖွေနိုင်အောင်စီစဉ်ထားခြင်းဖြစ်သည်။ အသေးစိတ် သိရှိလိုပါက ၀၁-၃၈၁၀၃၅၊ ၁၀-၅၂၇၄၃၆၊ ၅၀၂၂၃၃၊ ၀၁-၂၂၀၅၅၅၊၂၃၀၃၀၈၁၊ ၀၁၅၄၁၃၂၈၊ ၀၁-၅၂၄၄၀၀၊ ၅၀၅၃၉၉၊ ၀၁-၃၈၄၂၆၈ များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ 



ကောင်းမြတ်ရာ

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com
Read More ...

9/24/2016

♪ MCPA ၏ “Hardware (A+) and System Troubleshooting” အမှတ်စဉ် (၂) သင်တန်းဖွင့်လှစ်မည် ♫


ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း (MCPA) မှ Hardware (A+) and System Troubleshooting အမှတ်စဉ် (၂) သင်တန်းကို (၂၀၁၆) ခုနှစ် ၊ အောက်တိုဘာလ (၁) ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားမယ်လို့သိရပါတယ် ။

ဒီနေ့ခေတ် IT Environment မှာ ကျွမ်းကျင်တဲ့ Hardware Engineer တွေ ပေါ်ထွက်လာဖို့နဲ့ System ပိုင်းကို ထဲထဲဝင်ဝင် ကျွမ်းကျင်ပိုင်နိုင်တဲ့ IT Technician များ ပေါ်ထွက်လာဖို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ် ပြီး သင်တန်းပြီးဆုံးပါက Hardware Engineer တစ်ယောက်အဖြစ် လုပ်ငန်းခွင်ဝင်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ် ။ အတန်းတက်ချိန် ၇၅ % မပြည့်မီသူများကိုတော့သင်တန်းဆင်းလက်မှတ်ပေးအပ်မှာမဟုတ်ဘူး လို့ သိရပါတယ် ။

ပို့ချမယ့်ဘာသာရပ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ။
Content Overview – “ံHardware (A+) and System Troubleshooting”
• Introduction to Computer System
• Essential Hardware Components
• Operating System Technologies
• Installation and Configuration Microsoft Windows OS
• Device Drivers & Third party application
• System Maintenance
• System Tweaking with Group Policy
• Mastering System with Registry
• Command Line Usage
• Data Recovery
• Linux OS Installation
• Linux application package management
• System Security
• Fundamental Reverse Engineering
• Workgroup Level Setup
• Troubleshooting
• Bonus အနေဖြင့် Keylogger (Hardware) & Wi-Fi Hacking

သင်တန်းကာလ – ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက် မှ နိုဝင်ဘာလ (၂၇) ရက်အထိ (စနေ၊တနင်္ဂနွေ)
သင်တန်းအချိန် – နံနက် ၀၉း၀၀ နာရီ မှ ၁၁း၀၀ နာရီအထိ
သင်တန်းကြေး – ၂၀၀,၀၀၀ိ/ ( နှစ်သိန်းကျပ်တိတိ)
MCPA Member (50%) – ၁၀၀,၀၀၀ (တစ်သိန်းကျပ်တိတိ)
သင်တန်းသားဦးရေ – (၂၀) ဦး
သင်တန်းနေရာ – အဆောင် (၉)၊ မြေညီထပ်၊ MCPA ICT Lab၊ MICT Park၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများအနေနဲ့ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ညနေ (၄) နာရီ နောက်ဆုံးထားပြီး MCPA ရုံးခန်းသို့ သွားရောက်စာရင်းပေးသွင်းနိုင်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့သိရပါတယ် ။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

9/23/2016

♪ Hardware (A+) and System Troubleshooting အမှတ်စဉ် (၂) သင်တန်းဖွင့်လှစ်မည် ♫

Hardware (A+) and System Troubleshooting

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှုး၍ Hardware (A+) and System Troubleshooting နည်းပညာရပ်များကို စိတ်ဝင်စားသော မြန်မာအိုင်တီလူငယ်များ၊ Hardware အား အခြေခံကျကျ သိရှိလိုသော လုပ်ငန်းခွင်ဝင်ရောက် Technician များ၊ MCPA Member များအတွက် သင်တန်းကို ၂၀၁၆ ခုနှစ် ၊ အောက်တိုဘာလ (၁) ရက်နေ့မှစ၍ နည်းပညာ အထောက်အကူပြုစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။

ယနေ့ IT Environment တွင် ကျွမ်းကျင်သော Hardware Engineer များ ပေါ်ထွက်လာရေးနှင့် System ပိုင်းကို ထဲထဲဝင်ဝင် ကျွမ်းကျင်ပိုင်နိုင်သော IT Technician များ ပေါ်ထွက်လာရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်သည်။

ဤသင်တန်းအား အခြေခံကွန်ပျူတာအသုံးပြုတတ်သူများနှင့် Hardware ပိုင်းကို အခြေခံပိုင်နိုင်လိုသူများ တက်ရောက်နိုင်ပြီး၊ သင်တန်းတက်ရောက်ခြင်းအားဖြင့် Hardware ပိုင်းကို အခြေခံကျနစွာ ကျွမ်းကျင်နိုင်မှာဖြစ်ပြီး၊ သင်တန်းပြီးဆုံးပါက Hardware Engineer တစ်ယောက်အဖြစ် လုပ်ငန်းခွင်ဝင်ရောက်နိုင်မည်ဖြစ်သည်။

Content Overview – “ံHardware (A+) and System Troubleshooting”
•    Introduction to Computer System
•    Essential Hardware Components
•    Operating System Technologies
•    Installation and Configuration Microsoft Windows OS
•    Device Drivers & Third party application
•    System Maintenance
•    System Tweaking with Group Policy
•    Mastering System with Registry
•    Command Line Usage
•    Data Recovery
•    Linux OS Installation
•    Linux application package management
•    System Security
•    Fundamental Reverse Engineering
•    Workgroup Level Setup
•    Troubleshooting
•    Bonus အနေဖြင့် Keylogger (Hardware) & Wi-Fi Hacking

သင်တန်းကာလ        –  ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁) ရက် မှ နိုဝင်ဘာလ (၂၇) ရက်အထိ (စနေ၊တနင်္ဂနွေ)
သင်တန်းအချိန်        –  နံနက် ၀၉း၀၀ နာရီ မှ ၁၁း၀၀ နာရီအထိ
သင်တန်းကြေး        –  ၂၀၀,၀၀၀ိ/ ( နှစ်သိန်းကျပ်တိတိ)
MCPA Member (50%)    –  ၁၀၀,၀၀၀ (တစ်သိန်းကျပ်တိတိ)
သင်တန်းသားဦးရေ        –  (၂၀) ဦး
သင်တန်းနေရာ        – အဆောင် (၉)၊ မြေညီထပ်၊ MCPA ICT Lab၊ MICT Park၊ လှိုင်မြို့နယ်။

သင်တန်းတက်ရောက်လိုသူများအနေဖြင့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ ညနေ (၄) နာရီ နောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း  ရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ် ၊ ဖုန်းနံပါတ် – ၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀သို့ စုံစမ်းမေးမြန်း နိုင်ပါသည်။

(မှတ်ချက်။    အတန်းတက်ချိန်၇၅ % မပြည့်ပါကသင်တန်းဆင်းလက်မှတ်ပေးအပ်မည်မဟုတ်ပါ။)


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com
Read More ...

2/17/2015

♪ YOUTH ကွန်ပျူတာ သင်တန်းကျောင်းမှ ပရိုမိုးရှင်း အစီအစဉ်များ ပြုလုပ်မည် ♫


YOUTH Computer Advanced ICT Training Centre & Test Centre သည် ယူကေနိုင်ငံရှိ ထိပ်သီး ပညာရေး အဖွဲ့အစည်းတစ်ခုဖြစ်သော Edecxel မှ အသိအမှတ်ပြု Centre ဖြစ်ပြီး YOUTH International College တွင် HND Diploma in Computing &  Systems Development ကို မတ်လ ၂၄ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Cisco Learning Partner ဖြစ်သည့် YOUTH Computer သင်တန်းကျောင်းတွင် Cisco Systems.Inc အသိအမှတ်ပြု ဆရာ ကိုဇော်လင်း Certified Cisco Systems Instructor (CCSI#34928) ကိုယ်တိုင် ဦးစီးသင်ကြားပြီး Cisco မှ တိုက်ရိုက်ပံ့ပိုးပေးထားသော CCNA နှင့် CCNP သင်တန်းများကို အထူး Discount များ ပေးသွားမည်ဖြစ်သည်။ ထို့အပြင် Cisco Store မှ တိုက်ရိုက်မှာ ယူထားသော Cisco Logo ပါ ဘောပင်၊ ကော်ဖီခွက်၊ ဦးထုပ် စသည့် Cisco အမှတ်တရပစ္စည်းများကို Cisco Certified များအတွက် ရောင်းချပေးသွားမည်ဖြစ်သည်။

YOUTH Computer တွင် သင်ကြားသော Practical A+နှင့် Network Engineering သင်တန်းများကို လည်း Discount ပေးသွားမည်ဖြစ်ပြီး Mobile Phone Software နှင့် Hardware ကိုလည်း ၁၀ ရာခိုင်နှုန်း သင်တန်းကြေးလျှော့ ပေးထားသည့်အပြင် Software နှင့် Hardware နှစ်ခုစလုံးအပ်နှံပါက သင်တန်းကြေး ၉၀,၀၀၀ ကျပ်ရှိသော Practical A+ (ကွန်ပျူတာပြုပြင်) သင်တန်းကို အခမဲ့တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

YOUTH Computer မှ ထုတ်ဝေသော စာအုပ်များကိုလည်း အထူးလျှော့ဈေးများ ဖြင့်ရောင်းချပေးသွား မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါကဖုန်း-၀၁-၂၅၄၈၉၃၊ ၀၉ ၃၁၃၃၇၁၄၈ သို့ ဆက်သွယ် မေးမြန်းနိုင် သည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com
Read More ...

8/18/2014

★★ ကွန်ပြူ တာအခြေခံအဆင့်မှသည် ကျွမ်းကျင်အဆင့်ဆီသို့ (ကွန်ပြူ တာသင်တန်း) ★★

   ကိုညီနေမင်း (နည်းပညာ) နှင့် ရန်ကုန်သား (နည်းပညာမြို့တော်) တို့မှ ဦးစီးသင်ကြားပေးမည်ဖြစ်ပြီး
သင်တန်းကာလမှာ (4) လမှ (5) လထိကြာမြင့်မည်ဖြစ်သည်။သင်တန်းသားများအား ပညာအရည်အချင်း
နှင့်ပတ်သက်ပြီး ကန့်သက်ထားခြင်းမရှိပါ။ ယခုသင်တန်းသည် ထိုင်းနိုင်ငံအတွင်းရှိ (မြန်မာရွေ့ပြောင်း) အလုပ်သမားများအတွက်သာဖြစ်ပါသည်။ ထိုင်းနိုင်ငံအတွင်း မည်သည့်နေရာကမဆို စိတ်ဝင်စားပါက
 အောက်ပါလိပ်စာအတိုင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။ သင်တန်းတွင်သင်ကြားပေးမည့်ဘာသာရပ်
များကိုအောက်မှာ ရေးပေးထားပါတယ်။

Read More ...