မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
(MPT) သည် ၎င်းတို့၏ ဆွေသဟာ အစီအစဉ်ကို ရယူသုံးစွဲသူပေါင်း ၁၀ သန်းအထိ
အောက်တိုဘာလ ၂၃ ရက်တွင် ရောက် ရှိနေပြီဖြစ်ကြောင်း ယနေ့ သတင်း
ထုတ်ပြန်လိုက် သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လက်ရှိတွင် သုံးစွဲသူ ၁၆ သန်းကျော်ဖြင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာအဖြစ် ရပ်တည်လျက်ရှိသည်။
၁၀ သန်းမြောက် ဆွေသဟာ ရယူသုံးစွဲသူအား MPT မှ ၁ သန်းဖိုး ဖုန်းငွေဖြည့်ကတ်ကို လက်ဆောင်ပေး အပ်သွားမည်ဖြစ်ပြီး ဆုရရှိသူကို မကြာမီ ထုတ်ပြန် ကြေညာပေးသွားမည်ဟု သိရသည်။

Credit to ==> Internet Journal