10/29/2015

♪ Facebook က Location , Personal နှင့် သက်ဆိုင်သော Notifications များကို ပြသမည် ♫


Facebook က Android , iOS Phone များတွင် Location, Personal နှင့် သက်ဆိုင်သော Notifications များကို ပြသမည်ဟု ဘလော့ဆောင်းပါး တစ်ခုတွင် ရေးသားထားပါသည်။

လက်ရှိ ပြသနေသော Notifications များနှင့်အတူ မွေးနေ့ ကဲ့သို့ သူငယ်ချင်းများ၏ အမှတ်တရ နေ့ရက်များ ၊ အထင်ကရ နေ့ရက်များကို ပြသမည်ဖြစ်သည်။ Follow ပြုလုပ်ထားသော Pages များမှ အားကစားပွဲ ရလဒ်များ၊ တီဗီရှိုး ပြသမည့် အချိန်များ ၊ Accept လုပ်ထားသော Event Invitations များ၊ Community Events များ၊ အနီးအနားတွင် ပြသမည့် ရုပ်ရှင်များ၊ ရာသီဥတု သတင်းများ၊ အနီးအနားမှ စားသောက်ဆိုင်များကိုလည်း ပြသမည် ဖြစ်သည်။

လက်ရှိ Notifications Settings ကိုလည်း ပြောင်းလဲမည် မဟုတ်ဘဲ Facebook က Notification အသစ်များကို မမြင်ချင်သူများအတွက် ထိန်းချုပ်ခွင့်ကိုလည်း ပြုလုပ်ပေးမည် ဖြစ်သည်။ Notification များ များပြားလာမှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်သူများ ရှိမည် ဖြစ်သော်လည်း Facebook ကို နေ့စဉ်လူမှုဘ၀၏ ကဏ္ဍတိုင်းအတွက် အသုံးပြုချင်သူများအတွက် အသုံးဝင်မည် ဖြစ်သည်။


Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

Download   Download