10/20/2015

♪ မန္တလေး၌ MPT ဆင်းမ်ကတ် ပျောက်၊ ပျက် ဝန်ဆောင်မှု Branded Shop သုံးခုတွင် ဝန်ဆောင်မှုပေး ♫


မန္တလေး၌ MPT ဆင်းမ်ကတ် ပျောက်၊ ပျက်ဝန်ဆောင်မှု Branded Shop သုံးခုတွင် ဝန်ဆောင်မှုပေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

MPT SIM Card ပျောက်ဆုံးခြင်းနှင့် ပျက်စီးခြင်းအတွက် အသစ်ပြန်လည် လျှောက်ထားနိုင်သော ဝန်ဆောင်မှုကို မန္တလေးမြို့ရှိ MPT Branded Stores များတွင် စတင် ဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း၊ ယင်းနေရာများမှာ (၁) ၈၄လမ်း၊ ၃၃လမ်း x ၃၄လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ (၂) ၇၃လမ်း နှင့် ၃၆လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်နှင့် (၃) လမ်း၆၀နှင့် မနော်ဟရီလမ်းထောင့် တို့ဖြစ်ကြောင်း သိရသည်။

SIM Card ပျောက်ဆုံးရာတွင် (သို့မဟုတ်) ပျက်စီးရာတွင် Micro/nano ဆိုဒ်များသို့ ပြောင်းလဲရာမှ ပျက်စီးခြင်းကဲ့သို့ သုံးစွဲသူ၏ မှားယွင်းမှုကြောင့် ဖြစ်ပါ က ပြန်လည် လျှောက်ထားရန် ၁,၅၀၀ ကျပ် ကျသင့်မည် ဖြစ်ကြောင်း၊ သုံးစွဲသူ၏ အမှားကြောင့်မဟုတ်သော ကတ်ပျက်ခြင်းများ အတွက် ပြန်လည် လျှောက်ထား လိုပါက လျှောက်ထားခ ကောက်ခံမည် မဟုတ်ကြောင်း သိရသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com