10/14/2015

♪ “Ooredoo ဆင်းကတ်ဖြင့် WeChat အခမဲ့အသုံးပြုခွင့်ပေးပြီးနောက် WeChat အသုံးပြုသူ တစ်သိန်းခန့် ထပ်မံတိုးလာ” ♫


အူရီဒူးဆင်းကတ်အသုံးပြုသူများအနေဖြင့် WeChat အပလီကေးရှင်းကို အောက်တိုဘာလ ၃၁ ရက်မတိုင်မီ အထိ 200MB အခမဲ့အသုံးပြုခွင့်ပေးပြီး နောက်တွင် WeChat အသုံးပြုသူဦးရေ တစ်သိန်းနီးပါးတိုးတက် လာခဲ့ ကြောင်းသိရသည်။ WeChat မှ အောက်တိုဘာလ ၃၁ရက်အထိ 200MB အခမဲ့ အသုံးပြုခွင့်ပြုထားသည့် အဆိုပါအစီအစဉ်ကိုဆက်လက်အသုံးပြုရန် အတွက်ဒေတာ100MB အခမဲ့နှင့်အချိန်တစ်လခန့်နီးပါးကျန်ရှိပါသည်။

WeChat ၏နောက်ခံကုမ္ပဏီဖြစ်သည့် Tencent မှ VP of International Business ဖြစ်သူ Mr.Poshu Yeung က “WeChat ကိုအသုံးပြုသူအသစ်၊ အဟောင်းတွေရဲ့အရေအတွက်ကိုကြည့်ရတာ ကျေနပ်ဖွယ် ရာကောင်းလှ ပါတယ်။ ဒီမှာ စာတိုပို့ Chatting လုပ်တာ၊ ဓာတ်ပုံပို့တာ၊Sticker ပို့တာ၊ Moments ကို အသုံးပြု တာတွေ အတွက်ကျွန်တော်တို့ App ကိုအသုံးပြုပြီး အားတက် သရောချိတ်ဆက်နေ ကြတာကို တွေ့ရပါတယ်။ WeChat မှာ အသုံးပြုမှုအများဆုံးအချက်နဲ့အသုံးပြုသူတွေရဲ့လိုအပ်ချက် ကို နှိုင်းယှဉ် သုံးသပ်ပြီး မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင်ပရိုမိုးရှင်းတွေနဲ့ ပြည်တွင်း ၀န်ဆောင်မှုတွေဆက်လက်ပေးအပ်သွားမှာပါ”ဟုပြော သည်။

အူရီဒူးနှင့် လက်တွဲပူးပေါင်းပြီးနောက်တွင် WeChat မှ အသုံး ပြုသူအသစ် 100,000 ထပ်မံတိုးပွားလာခဲ့ပြီး အဆိုပါအသုံးပြုသူ အသစ်များ၏ 76% မှာ အမျိုးသမီးများဖြစ်ကြသည်။ ပရိုမိုးရှင်းကာလ မတိုင်ခင်က အသုံးပြုသူ တစ်ဦးတည်းမှ တစ်ရက်အတွင်း Messages (၁၁၄၆)ခုပေးပို့ခဲ့ပြီး အမြင့်မား ဆုံးပေးပို့မှုအဖြစ် စံချိန်ရှိခဲ့ပါ သည်။ လက်ရှိရက် ၂၀ အတွင်းတွင် အဆိုပါ မှတ်တမ်းကိုအူရီဒူးဖုန်းသုံးစွဲသူ ၇ ဦးက ကျော်လွန်ချိုးဖျက်နိုင်ခဲ့ပါသည်။ လက်ရှိတွင် မှတ်တမ်းသစ် အဖြစ် အသုံးပြုသူတစ်ဦးမှ Messages ၁၇၃၄ ပေးပို့ပြီး အမြင့်ဆုံးစံချိန်ကို စိုက်ထူထားပါသည်။ ပရိုမိုးရှင်းကာလ မကုန်ဆုံး သေးသောကြောင့် အဆိုပါအသုံးပြုသူအနေဖြင့် 100MB အသုံးပြုခွင့်အတွင်း မှ အဆိုပါစံချိန်ကို ထပ်မံချိုးလာနိုင်သေးသည်ဟု အူရီဒူးမှ သတင်း ထုတ်ပြန် ပါသည်။

ထို့ပြင်ပရိုမိုးရှင်းကာလအတွင်း WeChat အသုံးပြုသူများအားလုံး၏ ဓာတ်ပုံပေးပို့မှုအရေအတွက်သည် 53% မှ 72% သို့မြင့်တက်လာခဲ့ပြီး 13% သော အူရီဒူးအသုံးပြုသူများကလည်း ၎င်းတို့၏ပထမဆုံး ဓာတ်ပုံများကို WeChat Social Media Platform ၏ Moments တွင် တင်ခဲ့ကြကြောင်း သိရသည်။ ယခုပရိုမိုးရှင်းသည် Voice နှင့် Video Calls၊ စာတိုပို့ခြင်း၊ Group Chat, Hold to Talk, Moments Sharing,stickers နှင့် အခြားသောWeChat ၏လုပ်ဆောင်ချက်များကိုအခမဲ့အသုံးပြုနိုင်မည်ဖြစ်သည်။

မက်ဆေ့ခ်ျပို့ခြင်း၊ လူမှုဆက် သွယ်ရေးနှင့်ဂိမ်းကစားခြင်းအစရှိသည်တို့အား တစ်နေရာတည်း တွင်ချောမွေ့စွာအသုံးပြုနိုင်ရန်အပြန်အလှန် ပေါင်းစပ် ထားသော We-Chat သည် လုံခြုံရေး အတွက် ပြည့်စုံလုံလောက်သော လုံခြုံရေး Setting များကို ဖန်တီးပေးထားပါသည်။ WeChat ကို Android, BlackBerry, iOS, Symbian နှင့် Windows Operating System များတွင် အခမဲ့ရယူနိုင်မည်ဖြစ်သည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com