9/22/2016

♪ OPPO R9S ကို အောက်တိုဘာလတွင် မိတ်ဆက်မည်ဟုဆို ♫


တရုတ်နိုင်ငံမှ ထွက်ပေါ်လာသော ကောလာဟလသတင်းသစ် တစ်ရပ်အရ OPPO R9S ကို အောက်တိုဘာလတွင် ပွဲထုတ်မိတ်ဆက်ဖွယ်ရှိကြောင်း သိရသည်။

ထို့အပြင် ၎င်းဟန်းဆက်တွင် OPPO SmartSensor image stabilization နည်းပညာနှင့်အတူ Super VOOC အားသွင်းနည်းပညာ ပါဝင်မည်ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ နည်းပညာနှစ်ခုစလုံးကို OPPO က MWC 2016 တွင် မိတ်ဆက်ပြသခဲ့သည်။

OPPO R9S တွင် ၅.၅ လက်မ full HD display နှင့် Qualcomm ၏ Snapdragon 625 chipset ပါဝင်မည်ဖြစ်ပြီး ကျောဘက်နှင့် အရှေ့ဘက်တွင် 13MP နှင့် 16MP ကင်မရာအသီးသီးပါဝင်ကာ ဘက်ထရီက 2,850mAh ဖြစ်ကြောင်း သိရသည်။


Credit to ==> Internet Journal

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com