10/14/2015

♪ Acer က အဆင့်မြှင့်ထားသော Aspire R 14 နှင့် Aspire Z3-700 တို့ကို ပြသ ♫

1

Acer က ယခင်ရောင်းချခဲ့သော Aspire R 14 ကို ဆဌမမျိုးဆက် Intel Core Chipsets ထည့်သွင်း အဆင့်မြှင့်ပြီင်္း ထုတ်လုပ်လိုက်ပါသည်။ ဒီဇိုင်း ပိုမိုကောင်းမွန်လာပြီး မျက်နှာပြင်နှင့် ကီးဘုတ်ကို ချိတ်ဆက်သည့်အဆက်ကိုလည်း ပါးလွှာအောင် ပြုလုပ်ထားပါသည်။

Acer Aspire ဟု အမည်ပေးထားသည့်အတွက် လက်တော့ ဖြစ်သော်လည်း ကွေးညွှတ်နိုင်သော အဆက်ကြောင့် Modes မျိုးစုံကို အသုံးပြုနိုင်ပါသည်။ မျက်နှာပြင်အရွယ်အစားမှာ ၁၄ လက်မဖြစ်ပါသည်။ ခေါက်ချိုး၍ တက်ဘလက်အဖြစ်လည်း အသုံးပြုနိုင်ပါသည်။ Aspire R 14 သည် ၁၈.၅ မီလီမီတာ အထူရှိပြီး ၁.၅၉ ကီလိုဂရမ် အလေးချိန်ရှိပါသည်။ Acer Aspire R 14 ကို ဒေါ်လာ ၆၉၉ သတ်မှတ်ထားပြီး အမေရိကန်တွင် အောက်တိုဘာလနှောင်းပိုင်း ၌ ရောင်းချမည် ဖြစ်သည်။

ဒုတိယ Windows 10 အမျိုးအစားမှာ Aspire Z3-700 ဖြစ်ပါသည်။ ဒတ်စတော့ အမျိုးအစားဖြစ်ပြီး ၁၇.၅ လက်မ Full HD Display တပ်ဆင်ထားပါသည်။ ထိတွေ့မျက်နှာပြင်ဖြစ်သဖြင့် တက်ဘလက်အကြီးစား ကဲ့သို့ အသုံးပြုနိုင်ပါသည်။ မျက်နှာပြင်တွင် ရေးခြစ်ရန် ကညစ်တံထည့်သွင်းပေးထားပါသည်။

Aspire Z3-700 အတွက် Hardware အစိတ်အပိုင်းများစွာကို ရွေးချယ်နိုင်ပါသည်။ အခြေခံ မော်ဒယ်မှာ ယူရို ၅၉၉ ဖြစ်ပြီး ယခုနှစ်ကုန်တွင် ဥရောပ ၌ ရောင်းချမည် ဖြစ်သည်။ ဗြိတိန်တွင် စတာလင်ပေါင် ၃၉၉ သတ်မှတ်ထားပြီး အောက်တိုဘာလကုန်တွင် Dixons မှ ၀ယ်ယူနိုင်ပါသည်။


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com