10/13/2015

♪ Microsoft က Windows 10 Mobile OS မောင်းနှင်သော စွမ်းဆောင်ရည်မြင့် Lumia 950XL ကို ကြေညာ ♫

1

Microsoft က Windows 10 Mobile OS မောင်းနှင်သော စမတ်ဖုန်းများကို ပြသလိုက်ပြီင်္း အဆိုပါဖုန်းများ ထဲတွင် အရွယ်အစားအကြီးဆုံးနှင့် စွမ်းဆောင်ရည်အမြင့်ဆုံးမှာ Lumia 950XL ဖြစ်ပါ သည်။ ၅.၇ လက်မ အရွယ် Quad HD AMOLED Display တပ်ဆင်ထားပါသည်။

2.0GHz Snapdragon 810 Processor မောင်းနှင်မည် ဖြစ်ပြီး Octa-Core အမျိုးအစားဖြစ်ပါသည်။ 3GB RAM , 32GB Internal Storage ပါရှိပါသည်။ 2TB အထိ ၀င်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။ 3340mAh Battery ထည့်သွင်းထားပြီး လျှင်မြန်စွာ အားသွင်းနိုင်သော နည်းပညာပါရှိပါသည်။ Qi Wireless Charging ဟု ခေါ်သော ကြိုးမဲ့အားသွင်းနည်းပညာပါရှိပါသည်။ USB Type C Port တပ်ဆင်ထားသဖြင့် အားသွင်းခြင်း၊ ဒေတာကူးပြောင်းခြင်းများ အတွက် အလွန်ကောင်းမွန် ပါသည်။

အနောက်ဘက်တွင် 20 MP PureView Camera ကို LED Flash သုံးခုနှင့် တွဲလျက်တပ်ဆင်ထားပြီး အရှေ့ဘက်တွင် 5MP Selfie Camera တပ်ဆင်ထားပါသည်။ အနောက်ဘက်ကင်မရာက 4K Video များကို ရိုက်ကူးနိုင်ပြီး ပဌ္စမမျိုးဆက် Optical Image Stabilization နည်းပညာပါရှိပါသည်။

Microsoft က ၀င်းဒိုးဖုန်းကို အရွယ်ကြီး ကွန်ပြူတာ အဖြစ်အသုံးပြုနိုင်သော Continuum စွမ်းဆောင်ချက် ကိုလည်း ထည့်သွင်းပေးထားပါသည်။ ကြားခံ Display Dock ၏ အကူအညီဖြင့် ဖုန်းနှင့် မော်နီတာကို ချိတ်ဆက်နိုင်ပြီး ဖုန်းမှ Apps များကို မော်နီတာတွင် အသုံးပြုနိုင်မည် ဖြစ်သည်။

Microsoft Lumia 950XL ကို အဖြူနှင့် အနက်ရောင်များ ထုတ်လုပ်ပေးထားပြီး အနိမ့်ဆုံးအမျိုးအစား ၏ ဈေးနှုန်းမှာ ဒေါ်လာ ၆၅၀ ဖြစ်ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com