10/13/2015

♪ Facebook က Dislike Button အစား Like Button ၏ ဘေးတွင် Emoji များကို ထည့်သွင်း ♫

၅

ယခင်ထွက်ပေါ်ခဲ့သော သတင်းများအရ Facebook က Like Button ၏ ဘေးတွင် Dislike Button ကို ထည့်သွင်းပေးမည်ဟု သိခဲ့ရပါသည်။ ယခုမူ Facebook ၏ တရားဝင်ကြေညာချက်အရ Like Button ၏ ဘေးတွင် Dislike Button ကို ထားရှိမည်မဟုတ်ဘဲ ဒေါသထွက်ခြင်း ၊ ၀မ်းနည်းခြင်း၊ အံ့အားသင့်ခြင်း၊ ချစ်ခင်နှစ်သက်ခြင်း စသော Emoji များကို ထည့်သွင်းပေးမည်ဖြစ်သည်။ အဆိုပါ စွမ်းဆောင်ချက်ကို Facebook Reactions ဟု အမည်ပေးထားပါသည်။

Facebook က Reactions ကို အိုင်ယာလန်၊ စပိန်တို့တွင် စတင်စမ်းသပ်နေပြီဟု သိရပါသည်။ Emoji များကို မူလ Like Button ၏ အောက်တွင် Drop-Down Menu အဖြစ် ပြသပေးမည် ဖြစ်ပြီး ပရိုဖိုင်များတွင် သာမက Pages များတွင်ပါ အသုံးပြုနိုင်မည် ဖြစ်သည်။ မိုဘိုင်းနှင့် ဒတ်စတော့ နှစ်မျိုးစလုံးတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com