သုံးစွဲသူတွေအနေနဲ့ iPhone 8 ကို မျှော်နေကြတာမှန်ပေမယ့် Apple ကုမ္ပဏီကတော့ iPhone 9 အတွက်ကိုတောင် စတင်ပြင်ဆင်နေပြီလို့ သိရပါတယ်။
ခိုင်လုံတဲ့ သတင်းအရ Apple ရဲ့ 2018 ခုနှစ်အတွင်းထွက်ရှိလာမယ့် iPhone တွေမှာ LG ရဲ့ Chem ဘက်ထရီ အသုံးပြုသွားဖို့ သဘောတူညီထားကြပါတယ်။
ဘက်ထရီရဲ့ ပုံစံက L shape နဲ့ ဖြစ်ပြီး အောက်ဘက်မှာ ထောင့်ချိုးချိုးထားတာဖြစ်ပါတယ်။ ဒီဘက်ထရီက device တစ်ခုလုံးကို အရမ်းကြီး တိုးတက်ကောင်းမွန်စေတာမျိုး မဟုတ်ပေမယ့် အနည်းအကျဉ်းတော့ ပုံမှန်ထက်သာလွန်ကောင်းမွန် မယ်လို့ ခန့်မှန်းရပါတယ်။
Apple နဲ့ နီးစပ်သူတွေရဲ့ အဆိုအရ LG ကုမ္ပဏီ အနေနဲ့ လာမယ့်နှစ်မှာ ထုတ်ကုန်ပိုင်းဆိုင်ရာ တိုးချဲ့ထုတ်လုပ်မှုအတွက် အမေရိကန်ဒေါ်လာ သန်းဆယ်ဂဏန်းနီးပါး ရင်းနှီးမြှုပ်နှံထားတယ်လို့  သိရပါတယ်။
ပုံစံသစ်နဲ့ ဘက်ထရီက display size နဲ့ ချိန်ညှိထွက်ရှိလာမှာဖြစ်ပြီး
apple ရဲ့ iPhone 8 မှာ OLED display အသုံးပြုမှာဖြစ်ပြီး ဒီအတွက် Apple က
LG နဲ့ စာချုပ်ချုပ်ထားတာ ဖြစ်ပါတယ်။ iPhone 9 ဒါမှမဟုတ် product
တစ်ခုခုမှာ 5.28 လက်မ OLED display နဲ့ 6.48 လက်မ OLED display တွေ
အသုံးပြုလာမယ်လို့ မျှော်မှန်းရပါတယ်။
#m.gsmarena.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal
ခိုင်လုံတဲ့ သတင်းအရ Apple ရဲ့ 2018 ခုနှစ်အတွင်းထွက်ရှိလာမယ့် iPhone တွေမှာ LG ရဲ့ Chem ဘက်ထရီ အသုံးပြုသွားဖို့ သဘောတူညီထားကြပါတယ်။
ဘက်ထရီရဲ့ ပုံစံက L shape နဲ့ ဖြစ်ပြီး အောက်ဘက်မှာ ထောင့်ချိုးချိုးထားတာဖြစ်ပ
Apple နဲ့ နီးစပ်သူတွေရဲ့ အဆိုအရ LG ကုမ္ပဏီ အနေနဲ့ လာမယ့်နှစ်မှာ ထုတ်ကုန်ပိုင်းဆိုင်ရာ တိုးချဲ့ထုတ်လုပ်မှုအတွက် အမေရိကန်ဒေါ်လာ သန်းဆယ်ဂဏန်းနီးပါး ရင်းနှီးမြှုပ်နှံထားတယ်လို
ပုံစံသစ်နဲ့ ဘက်ထရီက display size နဲ့ ချိန်ညှိထွက်ရှိလာမှာဖြစ်ပြ
#m.gsmarena.com
သံစဉ်ချို
NetGuide Journal (Every Wednesday)
https://www.facebook.com/