Android Phone , Tablet များအတွက် Browser များစွာရှိတဲ့ အထဲမှာမှ
Google Chrome ဟာ နာမည်ကြီး ဘရောက်စာတွေထဲက တစ်ခုဖြစ်ပါတယ်။ Google Chrome
ဟာ ကောင်းမွန်ပြီး စွမ်းဆောင်ချက်များစွာပါရှိတဲ့အတွက် တစ်ခါတစ်ရံမှာ
ဝက်ဆိုက်များကို ဖွင့်ကြည့်စဉ်မှာ လေးလံနှေးကွေးနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
Android Device မှာ Google Chrome Browser ကို အသုံးပြုသူများအတွက်
အောက်ပါနည်းလမ်းများကို အသုံးပြုရင် ၀က်ဆိုက်များကို အရင်ကထက်
ပိုမိုလျှင်မြန်စွာ ဖွင့်နိုင်မှာ ဖြစ်ပါတယ်။
Chrome Beta
ပထမဆုံး အကြံပေးချင်တာက Android အတွက် Chrome Beta ကို အသုံးပြုဖို့ဖြစ်ပါတယ်။ Chrome Beta မှာ Google ရဲ့ နောက်ဆုံး တီထွင်ထားတဲ့ စွမ်းဆောင်ချက်အသစ်တွေကို အရင်ဆုံး ထည့်သွင်းပေးလေ့ရှိပါတယ်။ အဲဒီအထဲမှာ Bugs များကို ပြုပြင်ထားခြင်း၊ လျှင်မြန်စေခြင်း၊ တိုးတက်ကောင်းမွန်ခြင်း စတာတွေ ပါရှိပါတယ်။
Chrome Beta ကို အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။
Download
Chrome Beta
ပထမဆုံး အကြံပေးချင်တာက Android အတွက် Chrome Beta ကို အသုံးပြုဖို့ဖြစ်ပါတယ်။ Chrome Beta မှာ Google ရဲ့ နောက်ဆုံး တီထွင်ထားတဲ့ စွမ်းဆောင်ချက်အသစ်တွေကို အရင်ဆုံး ထည့်သွင်းပေးလေ့ရှိပါတယ်။ အဲဒီအထဲမှာ Bugs များကို ပြုပြင်ထားခြင်း၊ လျှင်မြန်စေခြင်း၊ တိုးတက်ကောင်းမွန်ခြင်း စတာတွေ ပါရှိပါတယ်။
Chrome Beta ကို အောက်ပါ လင့်မှာ ရယူနိုင်ပါတယ်။
Download
Prefetch Page Resources
ဝက်ဆိုက်များကို လျှင်မြန်စွာ ဖွင့်နိုင်ဖို့အတွက် Chrome မှာ Prefetch Page Resources Settings ကို Enable လုပ်ပါ။ Option Menu ကနေ Settings ထဲသွားပါ။ Privacy>Prefetch page resources ထဲဝင်ပါ။ Default အားဖြင့် Prefetch Page Resources ကို WiFi Only အဖြစ် သတ်မှတ်ထားပါတယ်။ မိုဘိုင်းဒေတာကို အသုံးပြုနေစဉ်မှာတောင် ၀က်ဆိုက်များကို လျှင်မြန်စွာ ကြည့်ရှုနိုင်ဖို့အတွက် Always အဖြစ် သတ်မှတ်ပါ။
Chrome Flags
Chrome Flags Page မှာ စမ်းသပ်နေဆဲဖြစ်တဲ့ Chrome Settings အချို့ကို မြည်းစမ်းနိုင်ပါတယ်။ Chrome Browser ရဲ့ ထိပ်မှ Search Box မှာ “chrome://flags/” လို့ရိုက်ပြီး အန်းတားနှိပ်ပါ။ ဒါဆိုရင် Enable or Disable လုပ်နိုင်တဲ့ Settings များပါတဲ့ Page တစ်ခုကို ရောက်ရှိမှာ ဖြစ်ပါတယ်။
Click Delay ကို Disable လုပ်ပါ။ ဘရောက်စာမှာ လင့်တစ်ခုကို နှိပ်တဲ့အခါမှာ နှိပ်လိုက်တဲ့ အချိန်နဲ့ Chrome က အလုပ်လုပ်တဲ့ အချိန်ကြားမှာ အချိန်အနည်းငယ်ကွာခြားအောင် ပြုလုပ်ထားတာပါ။ Highlight or Zoom ပြုလုပ်ဖို့အတွက် နှစ်ချက်နှိပ်ရတဲ့ Tap Gesture ကို စောင့်ကြည့်ဖို့အတွက် အချိန်အနည်းငယ်စောင့်ဆိုင်းပေးတာ ဖြစ်ပါတယ်။ ဒါကို Disable လုပ်လိုက်တဲ့အတွက် ၀က်ဆိုက်များဖွင့်ရာမှာ ပိုမိုလျှင်မြန်လာမှာ ဖြစ်ပေမယ့် Double Tap လုပ်လို့မရတော့ပါဘူး။
နောက်တစ်ခုက Maximum tile for interest area ဖြစ်ပါတယ်။ အဲဒီမှာ Maximum Settings ကို 512 ကို ပြောင်းလိုက်ရင် RAM ပမာဏကို ပိုမိုအသုံးပြုပြီး ၀က်ဆိုက်များကို လျှင်မြန်စွာ ဖွင့်ပေးမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက First tab/window close ဖြစ်ပါတယ်။ သူဟာ ၀က်စာမျက်နှာများကို ဖွင့်တဲ့ အချိန်ကို အကျိုးသက်ရောက်ခြင်းမရှိပေမယ့် ဘရောက်စာက Tabs နဲ့ Windows များကို ကိုင်တွယ်ရာမှာ လျှင်မြန်စေပါတယ်။
Credit to ==> Myanmar Digital Life Journal