10/05/2015

♪ ဈေးနှုန်းအလွန်ချိုသာပြီးစွမ်းဆောင်ရည်သင့်တင့်ကောင်းမွန်သော “Vital V1” ♫


နာမည်ကြီးတံဆိပ်များကို သုံးစွဲချင်သူများအတွက် ဟန်းဆက်ကောင်းများစွာရှိသလို ဈေးနှုန်းနည်းပါးသော ဟန်းဆက်များကိုလည်း ၀ယ်ယူသုံးစွဲသူများ ရှိပါတယ်။ နာမည်အမျိုးမျိုးရှိသော ဟန်းဆက်များ ဟာ ပြည်တွင်း ဈေးကွက် ကို မကြာခဏ ၀င်ရောက်နေကြပါတယ်။ ထိုဟန်းဆက်တွေရဲ့ ဈေးကွက် အနေ အထားဟာ အလယ်အလတ်တန်းစားနဲ့ အခြေခံလူတန်းစားများ အတွက်ဦးတည်ပါတယ်။ အရည်အသွေး သင့်တင့်ပြီး ဈေးနှုန်းတန်ဖိုး သက်သာသော ဟန်းဆက်များဖြင့် ဈေးကွက်ဝေစုကို ပိုမိုရရှိစေဖို့အတွက် ကြံဆောင်ကြပါတယ်။

သုံးစွဲသူများအတွက် ဈေးနှုန်းသက်သာသော ဟန်းဆက်များထဲတွင် Vital တံဆိပ်လည်းပါရှိပါတယ်။ V1 ဟာ လေးထောင့် ကျသော ပုံစံဒီဇိုင်းရှိပါတယ်။ အဓိကကင်မရာကို ဖုန်းရဲ့နောက်ကျောဘက် အလယ် တည့်တည့်တွင်အ၀ိုင်းပုံစံဖန်တီးပေးထားပြီး Flash မီးနဲ့တွဲဖက် တပ်ဆင်ပေးထားပါတယ်။ သုံးစွဲနိုင်မယ့် Network အမျိုးအစားကတော့ GSM နှင့် WCDMA ဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင် အကျယ်အ၀န်းကတော့ 4.5inches ဖြစ်ပြီး မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 480 x 850 ဖြစ်ပါ တယ်။

အဓိကကင်မရာဟာ 5MP စွမ်းရည်ရှိပြီး ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ဖြစ်ပါတယ်။ အရည် အသွေးသင့်တင့်သော ကင်မရာများပါရှိသည့် ဖုန်းအမျိုးအစားပါ။ ထည့်သွင်းပေးထားသော CPU အမျိုးအစားကတော့ Dual Core ဖြစ်ပါတယ်။ မှတ်ဥာဏ် ပမာဏအပိုင်းအတွက် RAM ကို 512MB ထည့်သွင်းပေးထားပြီး ROM ကိုတော့ 4GB ပါရှိအောင် ဆောင်ရွက်ပေးထား ပါတယ်။ အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ Android ဖြစ်ပြီး Version မှာ 4.4.2 ဖြစ်ပါတယ်။

အားသွင်းအသုံးပြုရမည့် Battery အမျိုးအစားမှာ 1600mAh ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်မယ့် ဖုန်းပါ။ မြန်မာစာစနစ်ကိုလည်း သုံးစွဲလို့ရပါမယ်။ အာမခံသက်တမ်း ၁ နှစ် ပေး ထားပါတယ်။

<Specification>
Network - GSM/ WCDMA
Screen - 4.5 inches
Memory - 4GB
Bluetooth - Yes
CPU - Dual Core
OS - Android OS, v4.4.2
Contact - 02-70297
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com