10/05/2015

Patreon ဝက်ဘ်ဆိုက်၏ အချက်အလက်များ အွန်လိုင်းတွင် ပေါက်ကြားခဲ့





အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် Patreon ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရအပြီး 15 gigabytes ခန့်ရှိ အချက်အလက်များ ပေါက်ကြားခဲ့ကြောင်း သိရသည်။

Patreon သည် အနုပညာရှင်များက ၎င်းတို့ကိုယ်တိုင် ဖန်တီးထားသည့် အနုပညာလက်ရာ သို့မဟုတ် ပညာဖြင့် ရံပုံငွေရှာဖွေနိုင်သည့် ဝက်ဘ်ဆိုက်ဖြစ်သည်။ Patreon ကို တေးဂီတပညာရှင် ဂျက်ကွန်တီနှင့် developer ဆမ်ရမ်တို့က ပူးတွဲတည်ထောင်ခဲ့သည်။ Patreon ဝက်ဘ်ဆိုက်တွင် ငွေကြေးလှူဒါန်းသူ ၂,၃၃၀,၃၈၂ ၏ တစ်ကိုယ်ရေ အချက်အလက်များမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁ ရက်၌ အွန်လိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း အကြွေးဝယ်ကတ် အသေးစိတ် အချက်အလက်များမှာ ခိုးယူခြင်းမခံခဲ့ရ ကြောင်း အမှုဆောင်အရာရှိချုပ် ဂျက်ကွန်တီက ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ ဆာဗာမှာ အကြွေးဝယ်ကတ်နံပါတ် အပြည့်အစုံကို မသိမ်းဆည်းမထားပါဘူး။ ပေါက်ကြားခဲ့တဲ့ အချက်အလက်မှာ အကြွေးဝယ်ကတ်တွေ မပါဘူး။ ဒါ့အပြင် သုံးစွဲသူရဲ့ လူမှုလုံခြုံရေး နံပါတ်၊ အခွန်ဆောင်တဲ့ ပုံစံနဲ့ password အားလုံးကိုလည်း encrypt ပြုလုပ်ပြီး လုံလုံခြုံခြုံ ရှိနေပါတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။

Patreon ၏ password များကို encrypt မပြုလုပ်ခဲ့ဘဲ သိမ်းထားခဲ့ကြောင်း၊ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် ကြိုတင်ကာကွယ်မှုအဖြစ် login အချက်အလက် အသေးစိတ်များ ပြောင်းလဲထားသင့်ကြောင်း ကွန်တီက တိုက်တွန်းခဲ့သည်။

၂၀၁၅ ခုနှစ် ဇွန်လအတွင်း Patreon ၏ ကိန်းဂဏန်း အချက်အလက်များအရ ဝက်ဘ်ဆိုက်ကို လစဉ်ဝင်ရောက် ကြည့်ရှုသူ ၁၆ သန်းရှိကြောင်း သိရသည်။ Patreon သည် ဝက်ဘ်ဆိုက် “debug” ဗားရှင်း သို့မဟုတ် စမ်းသပ်မှုတစ်ခုအတွင်း အချက်အလက်များ ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: BBC
Credit  internetjournal

Thiha Htike(THT)
 My Facebook Account Click




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download