10/05/2015

အလိုအလျောက် မောင်းနှင်နိုင်သည့် ထရပ်ကားကို Daimler မှ ပထမဆုံးအကြိမ် စမ်းသပ်





မော်တော်ကားများ ထုတ်လုပ်သည့် Daimler ကုမ္ပဏီသည် အလိုအလျောက် မောင်းနှင်နိုင်သော Highway Pilot စနစ်သုံး Mercedes-Benz Actros လုပ်ငန်းသုံး ထရပ်ကားကို ဂျာမနီနိုင်ငံရှိ အများပြည်သူသုံး လမ်းမ Autobahn 8 တွင် ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ပြခဲ့သည်။

ထိုသို့စမ်းသပ်ခဲ့ရာတွင် ၎င်းထရပ်ကားကို အန္တရာယ်မကျရောက်စေရန် အဖွဲ့သားများက စောင့်ကြည့်ခဲ့ရသည်။ အလိုအလျောက် မောင်းနှင်နိုင်သည့် Mercedes-Benz Actros ထရပ်ကားသည် ရေဒါအမျိုးမျိုး ပေါင်းစပ် အသုံးပြု၍ အဝေးပြေးလမ်းမပေါ်တွင် ကောင်းစွာ ထိန်းကျောင်း မောင်းနှင်နိုင်ခဲ့သည်။ ထို့အပြင် အဆိုပါထရပ်ကားတွင် စတူရီယိုကင်မရာများနှင့် အခြေအနေအမျိုးမျိုးတွင် လုံခြုံစွာ ထိန်းကျောင်းမောင်းနှင်နိုင်မည့် စနစ်များစွာလည်း ထည့်သွင်းထားသည်။

Daimler ၏ စမ်းသပ်မှုအရ ၎င်းနည်းပညာသည် ပြင်ပလောကအတွင်းရှိ မည်သည့်ယာဉ်နှင့်မဆို သဟဇာတဖြစ်ကြောင်း ဗီဒီယိုတွင် ပြသခဲ့သည်။

သို့သော်လည်း အလိုအလျောက် မောင်းနှင်နိုင်သည့် ထရပ်ကားများသည် မည်သည့်အခြေအနေမဆို ရင်ဆိုင်နိုင်ရန် စမ်းသပ်မှုများစွာ ပြုလုပ်ရဦးမည် ဖြစ်သည်။

Ref: Engadget
Credit to  internetjournal

Thiha Htike(THT)
My Facebook Account Click




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download