2/11/2017

♪ “KENBO E81” - Price 84,800 Ks ♫

Image may contain: phone

ဖုန်းကိုယ်ထည်များအတွက် အချို့သောကုမ္ပဏီများက သတ္တုကို အသုံးပြုကြ ပြီး၊ အချို့ကတော့ ပလတ်စတစ်ကို သုံးစွဲကြပါတယ်။ အသုံးပြုသည့်အမျိုး အစားပေါ်မူတည်ပြီး ဈေးနှုန်းအနည်းအများလည်း ကွဲပြားပါတယ်။ KENBO မှ သတ္တု ကိုယ်ထည်သုံးစွဲထားပြီးဈေးနှုန်းလည်းသက်သာသည့် E81 ဟန်းဆက် ကိုထုတ်လုပ်ပေးထားပါတယ်။

အသုံးပြုနိုင်မယ့် Android Version ကတော့ 6.0 ဖြစ်တာကြောင့် နောက်ဆုံးပေါ်စနစ်အများစုကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင် အရွယ်အစား ပမာဏကတော့ 5inches ရှိပြီး၊ မြင်ကွင်း စွမ်းရည်အတွက်ထောက်ပံ့ပေးထားသော pixels ပမာဏမှာ 480x854 ဖြစ်ပါတယ်။ ထည့်သွင်းပေးထားသော processor ရဲ့စွမ်းရည်မှာ Quad-core 1.3GHz ဖြစ်ခြင်းကြောင့် ဖုန်းကိုအသုံးပြုတဲ့အခါတွင် တုံ့ပြန်မှု ကောင်းမွန် မှာဖြစ်ပြီး၊ Internet နှင့် Game ဆော့ခြင်းများအတွက်လည်း အဆင်ပြေစေ ပါလိမ့်မယ်။

ဖုန်းမျက်နှာပြင်မှာ အသုံးပြုနေသည့် Application များကို ယာယီ သိမ်းဆည်းပေးနိုင်မယ့် RAM ဟာ 1GB ရှိမှာဖြစ်ပါတယ်။ ဖုန်းအတွင်း Movie, Music နှင့် Data တွေကိုသိမ်းဆည်းနိုင်ဖို့အတွက် 8GB Storage ကိုထည့်သွင်း ပေးထားပါတယ်။ လှုပ်ရှားသွားလာသည့်အခါ တွင်ပုံရိပ်ကောင်းများကို မှတ်တမ်းတင်နိုင်ဖို့အတွက်လည်း ကင်မရာနှစ်မျိုးနှစ်စားထည့်သွင်း ပေးထား ပါတယ်။

အဓိက ကင်မရာက 5MP စွမ်းရည်ရှိပြီး၊ ရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ဖြစ်ပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစားကတော့ GSM နဲ့ WCDMA ပါ။ မှတ်ဥာဏ်ပမာဏချဲ့ထွင်အသုံးပြုနိုင်မည့်အပိုင်းမှာတော့ 64GB အထိရရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ 


Sensor စနစ်များစွာကိုလည်း ထောက်ပံ့ပေးထားပြီး၊ Wi-Fi, GPS, Bluetooth စနစ်များလည်း အသုံးပြုနိုင် ပါမယ်။ 145x73.4x9.8 mm အရွယ်အစားရှိသော အဆိုပါဖုန်းတွင် ထည့်သွင်းပေးထားသည့် ဘက်ထရီစွမ်းအားမှာ 2000 mAh ဖြစ်ခြင်းကြောင့် ဖုန်းကိုအချိန်ကြာမြင့်စွာသုံးစွဲနိုင်ပါမယ်။



<Specification>

Network - GSM/WCDMA
Memory - 8 GB
CPU - Quad Core 1.3 GHz
Camera - 5MP
Screen - 5 inches
OS - Android OS,v6.0
Contact - 09-258451418

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com