မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ Data သီးသန့်အသုံးပြုရမည့်
SIM Card များထုတ်လုပ်ထားပြီး စီးပွားရေးလုပ်ငန်းစုကြီးများအတွက် (B2B)
ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။“ အခုလက်ရှိ မှာတော့ မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းက Data SIM Card တွေကို စီးပွားရေးလုပ်ငန်းစုကြီး
(B2B)တွေ အတွက်ပဲ ၀န်ဆောင်မှုပေးနေတာဖြစ်ပြီး၊ သုံးစွဲသူအားလုံးအတွက် ကတော့
လောလောဆယ်မှာ ရရှိဦးမှာ မဟုတ်ပါဘူး။
သုံးစွဲသူများအားလုံးကို Data SIM Card ကို ၀န်ဆောင်မှုပေးနိုင်အောင်အတွက်လည်း ကြိုးစားနေပါ တယ်”ဟုKDDI Summit Global Myanmar Company Limited မှ မဟေမာန်စိုးက ပြောသည်။“ ဒီဆင်းကတ်တွေက ပြည်တွင်းမှာ လက်ရှိ သုံးနေတဲ့ အသံရော၊ မက်ဆေ့ခ်ျ၊ အင်တာနက်ပါရတဲ့ ဆင်းကတ် တွေနဲ့ ကွာခြားမှုအနေနဲ့ Voice Call ၀န်ဆောင်မှုသုံးလို့မရတာဘဲရှိပါတယ်။ Voice Call ၀န်ဆောင်မှုကလွဲပြီး ကျန်တာကတော့ ပုံမှန် SIM တွေနဲ့လုပ်ဆောင်ပုံ အတူတူပဲဖြစ်ပါတယ်”ဟုလည်း မဟေမာန်စိုးက ရှင်းပြပါသည်။
အဆိုပါ ဒေတာသီးသန့်ဆင်းကတ်များ၏ အင်တာနက်အသုံးပြုခနှုန်းထားများမှာ လက်ရှိဖုန်း အင်တာနက် တွေမှာကောက်ခံနေသည့် 1MB ဈေးနှုန်းနဲ့တူညီပြီး တခြားအသုံးပြုရမည့် သီးသန့် Device မလိုအပ်ဘဲ ဟန်းဆက်တွင်ပင် ထည့်သွင်းအသုံးပြုနိုင်ကြောင်းသိရသည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ဒေတာသီးသန့်ဆင်းကတ်များကို True Money နှင့် ပူးတွဲ လုပ်ဆောင်ထားခြင်းဖြစ်သည်။
ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal