10/14/2015

♪ 339,000 ကျပ်ဝန်းကျင်ရှိအရည်သွေးမြင့် - OPPO R7 Lite ♫


အားသာချက်
ဖုန်း၏ဖွဲ့စည်း တည်ဆောက်မှုအပိုင်း ကောင်းမွန်သောကြောင့် ပုံစံဒီဇိုင်းလှပပြီး ကိုင်တွယ်အသုံးပြုရာတွင် လည်း ကောင်းမွန်သော ထိတွေ့မှုရှိသည်။ CPU, GPU, Sensor အစရှိသော Hardware ပိုင်းများတွင်လည်း မြင့်မားကောင်းမွန်သောကြောင့် ဖုန်းလုပ်ဆောင်ချက်များ မြန်ဆန်နေမည်ဖြစ်ပြီး Mega Pixel မြင့်မားသော ကင်မရာများကြောင့် ဓာတ်ပုံပိုင်းတွင်လည်း စိတ်ကျေနပ်စရာ ဖြစ်နိုင်မည်ဖြစ်သည်။

အားနည်းချက်
Sim Card အထိုင်နှစ်ခုအား အတွဲလိုက် Slot တစ်ခုအတွင်းတွင် ပြုလုပ်ထားသောကြောင့် ကတ်တစ်ကတ်ကို ထုတ်သွင်းပြုလုပ်ချင်တိုင်း နှစ်ကတ်စလုံး ထုတ်သွင်းပြုလုပ် နေရမည်ဖြစ်ပြီး Sim Card တစ်ပေါက်မှာ SD Card နှင့်အတူ တွဲထားခြင်းကြောင့် Sim Card နှင့် SD Card တစ်လှည့်စီ အသုံးပြုရမည်ဖြစ်သည်။

မြင်ကွင်း
ရှေ့မျက်နှာပြင်မှာ AMOLED Screen ဖြစ်ပြီး 720 x 1280 Pixels (~294 ppi pixel density) ထိရရှိနိုင်မည် ဖြစ်သည်။

ဒီဇိုင်း
ပုံစံဒီဇိုင်းလှပ သေသပ်သော ဖုန်းအမျိုးအစား ဖြစ်သည်။ ထွက်ခဲ့ဖူးသော OPPO ဖုန်းများနှင့် ကွဲပြားသော ပုံစံမျိုးရှိနေပြီး ပါးလွှာသည့်အပြင် ကိုင်တွယ်အသုံးပြု ချိန်တွင်လည်း လက်နှင့်အံဝင်ခွင်ကျရှိနေပြီး ကောင်းမွန်သော ထိတွေ့မှုရှိသည့် ဖုန်းဖြစ်သည်။ ဖုန်းကိုယ်ထည် တစ်ခုလုံးအား သတ္တုကိုယ်ထည်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ရှေ့မှန်မှာ အနည်းငယ်ထူသော မှန်အခုံးပုံစံဖြစ်သည်။ ကိုယ်ထည်ထိတွေ့မှု ကောင်းမွန်ပြီး သတ္တုဘေးဘောင်နှင့် သတ္တုနောက်ကာဗာမှာ တစ်သားတည်းကဲ့သို့ ဖြစ်နေမည်ဖြစ်သည်။ ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက်အမြင့် ၁၄.၃ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၁ စင်တီမီတာရှိပြီး ထုထည်မှာ ၀.၆၃ စင်တီမီတာ ဖြစ်ခြင်းကြောင့် ပါးလွှာသော ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး အလေးချိန်မှာ ၁၄၇ ဂရမ်ဖြစ်ခြင်းကြောင့် ပုံမှန်အလေးချိန်ရှိသော ဖုန်းဖြစ်သည်။

နည်းပညာ
နည်းပညာပိုင်းတွင် Gesture Sensor ပိုင်းများ၌ ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်မည် ဖြစ်သည်။ Screen ဖွင့်ပိတ် အလွယ်တကူပြုလုပ်ခြင်း၊ Screen ပိတ်ထားချိန်တွင် သင်္ကေတများရေးဆွဲကာ စနစ်များအတွင်း ဝင်ရောက်ခြင်း အစရှိသော အသုံးပြုစနစ်များအတွက် Screen On Gesture စနစ်နှင့် Screen Off Gesture စနစ်များ ပြည့်ပြည့်စုံစုံ ပါဝင်လာမည်ဖြစ်သည်။ Color OS Version မြင့်မားလာခြင်းကြောင့် ကင်မရာအသုံးပြု စနစ်များတွင် ပုံစံများပြောင်းလဲ လာမည်ဖြစ်သည့်အပြင် ဖုန်း၏ Setting ပိုင်းတွင်လည်း Color Icon များဖြင့် ပုံစံများပြောင်းလဲ လာမည်ဖြစ်သည်။ ဓာတ်ပုံအားစိတ်ကြိုက် အရောင်ပုံစံဖြင့် ရိုက်ကူးနိုင်မည့် Various Filter စနစ်၊ မှောင်နေသော နေရာများတွင် အလိုအလျောက် အလင်းနှုန်းကို မြှင့်တင်ပေးနိုင်မည့် Colorful Night စနစ်၊ စိတ်ကြိုက် Shutter နှုန်းထားများဖြင့် ချိန်ညှိရိုက်ကူးနိုင်မည့် Slow Shutter စနစ်များအပြင် Double Exposure, Expert Mode, Time-lapse, Audio Photo အစရှိသော ကင်မရာ နည်းပညာ များကိုလည်း ထိတွေ့နိုင်မည် ဖြစ်သည်။

အသေးစိတ်ဖော်ပြချက်
GSM စနစ်သုံးဖုန်းဖြစ်ပြီး 2G/3G ကွန်ရက်စနစ်များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ Micro Sim တစ်ကတ်နှင့် Nano Sim တစ်ကတ်အသုံးပြု ရမည်ဖြစ်ပြီး Sim Slot တစ်ခုမှာ SD Card နှင့်အတူ အတွဲလိုက်ရှိနေမည် ဖြစ်သည်။ Quad-core 1.5 GHz Cortex-A53 နှင့် quad-core 1.0 GHz Cortex-A53 တို့ကို အသုံးပြုထားသော Octa-core CPU ဖြစ်ပြီး ဂရပ်ဖစ်အတွက်လည်း Adreno 405 GPU ကို ထည့်သွင်းပေးထားသည်။ မှတ်ဉာဏ်မှာ 16GB နှင့် RAM 2GB ပါဝင်ပြီး ထပ်တိုးအသုံးပြု နိုင်ရန်အတွက် Micro SD Card 128GB ထိထပ်တိုးနိုင်မည် ဖြစ်သည်။ 13 Mega Pixel နောက်ကင်မရာ၊ 8 Mega Pixel ရှေ့ကင်မရာ၊ Bluetooth 4.0, USB 2.0 နှင့် Li-Po 2320 mAh ဘက်ထရီတို့ ပါဝင်မည်ဖြစ်သည်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါ R7 Lite သည် ပုံစံဒီဇိုင်းပိုင်းတွင် လှပသေသပ်သော ဖုန်းအမျိုးအစား တစ်ခုဖြစ်သည့်အပြင် ဖုန်းတွင်ထည့်သွင်း အသုံးပြုထားသော Hardware ပိုင်းများတွင်လည်း မြင့်မားကောင်းမွန်သော ဖုန်းဖြစ်သည်။ ပြည်တွင်းအသုံးပြု မြန်မာစာစနစ်များ အတွက်လည်း အဆင်ပြေနိုင်မည်ဖြစ်ပြီး ကင်မရာပိုင်းတွင်လည်း ကောင်းမွန်သည်။ Sim Slot နှစ်ပေါက်တွင် Sim Card တစ်နေရာမှာ SD Card နှင့် တွဲထားသောကြောင့် မှတ်ဉာဏ်အတွက် SD Card အသုံးပြုချိန်တွင် Sim Card အား ထုတ်ထားရမည်ဖြစ်ပြီး Sim Card နှစ်ကတ် အသုံးပြုလိုပါက SD Card အသုံးပြုနိုင်မည် မဟုတ်ပါ။

Device Support - OPPO
Price - 339,000 Ks

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com