HTC က ဂျပန်တွင် ယခုနှစ်အစောပိုင်းက ရောင်းချခဲ့သော J Butterfly ၏
နိုင်ငံတကာ အမျိုးအစားဖြစ်သော HTC Butterfly 3 ကို မိတ်ဆက်လိုက်ပါသည်။ ၅.၂
လက်မ Quad HD Display တပ်ဆင်ထားပြီး Qualcomm Snapdragon 810 Processor
မောင်းနှင်မည် ဖြစ်သည်။
Credit to ==> Myanmar Digital Life Journal
3GB RAM,
32GB Storage ထည့်သွင်းထားပါသည်။ ထူးခြားချက်မှာ 2TB အထိဝင်ဆန့်သော microSD
Card ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။ Selfie အတွက် အရှေ့ဘက်တွင် 13MP
Camera နှင့် အနောက် ဘက်တွင် 20.2 Duo Camera ပါရှိပါသည်။
Android 5.0 Lollipop နှင့် HTC Sense 7 တို့ကို ပေါင်းစပ်ထည့်သွင်းထားပါသည်။ နိုဝင်ဘာလတွင် ထိုင်ဝမ်တွင် ရောင်းချမည် ဖြစ်ပြီး ဒေါ်လာ ခြောက်ရာ သတ်မှတ်ထားပါသည်။ အခြားနိုင်ငံများတွင် ရောင်းချ မည့်နေ့ရက်ကို မသိရသေးပါ။