Facebook က Satellite များကို အသုံးပြု၍ အာဖရိကတွင် အင်တာနက်
ထုတ်လွှင့်ပေးရန် စီစဉ်နေပါသည်။ Facebook က ပြင်သစ် Satellite Operator
ဖြစ်သော Eutesat Communications နှင့် ပူးပေါင်းလုပ်ကိုင် မည်ဟု ကြေညာပါသည်။
Credit to ==> Myanmar Digital Life Journal
ကြိုးလိုင်းနှင့်
မိုဘိုင်းကွန်ရက်များ လက်လှမ်းမမီသော Sub-Saharan Africa ဒေသအတွက် အင်တာနက်
ရရှိအောင် ပြုလုပ်ပေးမည်ဖြစ်ပြီး လူမှုကွန်ရက်နှင့် စီးပွားရေးကို
တိုးတက်စေမည် ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဒုတိယနှစ်ဝက်တွင် တောင်၊ အနောက်၊ အရှေ့
အာဖရိကရှိ နိုင်ငံပေါင်း ၁၄ နိုင်ငံတွင် အင်တာနက် ထုတ်လွှင့်ပေးရန်
Eutelsat ၏ AMOS-6 Satellite ကို အသုံးပြုမည် ဖြစ်သည်။
အာဖရိကနှင့် အခြားဖွံ့ဖြိုးဆဲနိုင်ငံများမှ လူများသည် မိုဘိုင်းဖုန်းများမှ အင်တာနက်ကို အသုံးပြုလေ့ရှိကြ ပါသည်။ ဂါနာ၊ ကင်ညာ၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါ၊ တောင်အာဖရိက နိုင်ငံများရှိ လူဦးရေ သုံးပုံနှစ်ပုံသည် မိုဘိုင်းဖုန်းမှ အင်တာနက် အသုံးပြုကြောင်း စစ်တမ်းများအရ သိရပါသည်။ တောင်အာဖရိကတွင် လူ ဆယ်ယောက်လျှင် ကိုးယောက်သည် မိုဘိုင်းဖုန်း ပိုင်ဆိုင်ကြသည့်အတွက် ဖုန်းပိုင်ဆိုင်မှုနှုန်း မြင့်မား ပါသည်။