10/01/2015

♪ Facebook တွင် ၃၆၀ ဒီဂရီ ဗီဒီယိုများကို ကြည့်နိုင်ပြီ ♫

၃

Facebook တွင် ၃၆၀ ဒီဂရီ ဗီဒီယိုများ ကြည့်နိုင်ပြီဖြစ်သည်။ ၃၆၀ ဒီဂရီ ဗီဒီယိုများကို ဒတ်စတော့တွင် ကြည့်ရှုလျှင် Mouse ဖြင့် Drag ဆွဲ၍ မြင်ကွင်းများကို လှည့်ပြောင်းကြည့်ရှုနိုင်ပြီး မိုဘိုင်း ကိရိယာများတွင်မူ ဖုန်းကို လှည့်စောင်း၍ ကြည့်ရှုနိုင်မည် ဖြစ်သည်။

၃၆၀ ဒီဂရီ ဗီဒီယိုများသည် သာမာန် ဗီဒီယိုများထက် အရွယ်အစားကြီးမားသည့်အတွက် အင်တာနက်လိုင်း ကောင်းမွန်ရန် လိုအပ်ပါသည်။ ၃၆၀ ဒီဂရီ ဗီဒီယိုများကို အထူးပြုလုပ်ထားသော ကင်မရာများဖြင့် ရိုက်ကူးထားခြင်းဖြစ်ပါသည်။

Android တွင် Facebook Latest Version ကိုထည့်သွင်းထားရမည်ဖြစ်ပြီး Android 4.3 နှင့် သူ့အထက်တွင် ကြည့်ရှုနိုင်ပါသည်။ iOS တွင်မူ ၃၆၀ ဒီဂရီ ဗီဒီယိုများကို ကြည့်ရှု၍ မရသေးပါ။ ဒတ်စတော့တွင် Chrome , Firefox နောက်ဆုံးဗားရှင်းကို အင်စတောလုပ်ပြီးကြည့်နိုင်ပါသည်။ Facebook က Star Wars, GoPro, Discovery, LeBron James တို့နှင့် ပူးပေါင်း၍ ၃၆၀ ဒီဂရီ ဗီဒီယိုများ ကို ပြသပေးနေပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com