10/01/2015

♪ Asus က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံး ကိရိယာများကို ရောင်းချ ♫

၁

အလုပ်ကိစ္စများတွင် လက်တော့များသည် တက်ဘလက်ထက် ပိုမိုအလုပ်တွင်ကျယ်စေပြီး နေအိမ်တွင်မူ တက်ဘလက်က ပိုမို အဆင်ပြေစေပါသည်။ ထို့အတွက် Asus က လက်တော့၊ တက်ဘလက် နှစ်မျိုး အသုံးပြုနိုင်သော ကိရိယာများကို ထုတ်လုပ်ပေးလိုက်ပါသည်။

Transformer Book T100HA တွင် ဖြုတ်တပ်၍ ရသော ကီးဘုတ် ပါရှိပါသည်။ တက်ဘလက်တွင် ၁၀.၁ လက်မ မျက်နှာပြင် ( 1280×800) ပါရှိပြီး 149ppi ဖြစ်ပါသည်။ Intel Atom 2.24GHz x5-Z8500 Processor မောင်းနှင်မည် ဖြစ်သည်။ 2GB or 4GB RAM နှင့် 32/64/128GB Storage များရွေးချယ်နိုင်ပါသည်။ Windows 10 Home/ Pro နှစ်မျိုး ရွေးချယ်နိုင်ပါသည်။ USB Type-C , USB 2.0, microUSB 2.0, micro HDMI , 3.5mm Jack တို့ပါရှိပါသည်။ အခြေခံ အမျိုးအစား 2GB RAM/32GB Storage ကို ဒေါ်လာ ၂၉၉ သတ်မှတ်ထားပါသည်။

Transformer Book Flip TP200SA တွင် ကီးဘုတ်ကို အသေတပ်ဆင်ထားသော်လည်း ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်သည့်အတွက် တက်ဘလက်အဖြစ် အသုံးပြုနိုင်ပါသည်။ ခေါက်ချိုးမှုပေါင်း ၂၀ ၀၀၀ ပြုလုပ်နိုင်သည်ဟု Asus က အာမခံထားသည့်အတွက် တစ်ရက်လျှင် ၂၇ ကြိမ် ခေါက်ချိုးလျှင် နှစ်နှစ် အသုံးခံပါသည်။ ၁၁.၆ လက်မ 1366x768p Display, Pentium N3700 Quad-Core or Celeron N3050 Dual-Core Processor များ ရွေးချယ်နိုင်ပါသည်။ အများဆုံးအနေဖြင့် 4GB RAM ထည့်သွင်းနိုင်ပါသည်။ 32/64/128GB Storage များရွေးချယ်နိုင်ပါသည်။

USB Type-C, USB Port 2.0, USB Port 3.0, microHDMI တို့ပါရှိပါသည်။ Windows Home/Pro ကို ရွေးချယ်နိုင်ပါသည်။ အခြေခံ အမျိုးအစား 2GB RAM/32GB Storage ကို ဒေါ်လာ ၃၄၉ သတ်မှတ်ထား ပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com