10/20/2015

♪ “Xiaomi Redmi Note 2 Prime” ♫


ကမ္ဘာတစ်ဝန်းကသုံးစွဲသူများဆီသို့အချိန်တိုအတွင်းနာမည်ကျော်ကြားခဲ့ သောအမှတ်တံဆိပ်တစ်ခုကတော့ Xiaomi ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အခြေစိုက်ထုတ်လုပ်သော Xiaomi ဖုန်းများဟာ ကိုယ်ထည်ဒီဇိုင်း ပိုင်းသေသပ်လှပပြီးပါရှိသော စွမ်းဆောင်ရည်များဟာလည်းအသုံးပြုရအဆင်ပြေခြင်းတို့ ကြောင့်လူကြိုက် များလာခြင်းဖြစ်ပါတယ်။နောက်ထပ်လူသုံး များစေသော အချက်တစ်ခုကတော့ဈေးနှုန်း တန်ဖိုးအားဖြင့် သင့်လျော်သောကြောင့်ဖြစ်ပါတယ်။ အချို့သောဖုန်းများဟာ စွမ်းရည်ကောင်းမွန်ပြီးဈေးနှုန်း လည်းမြင့်မားပါ တယ်။ ဒါကြောင့်လူအချို့အတွက်ဝယ်ယူဖို့အဆင်မပြေစေပါဘူး။

ဒါပေမယ့်Xiaomiဖုန်းများသည် လူအတော်များများဝယ်ယူနိုင်အောင် သင့်တင့်သောနှုန်းထားရှိပါတယ်။ Xiaomi ရဲ့ အကောင်းစားဖုန်း၏တန်ဖိုးဟာလည်း အခြားဖုန်းများနှင့်ယှဉ်လျှင်ဈေးနှုန်း အနည်းငယ်သက်သာ ပါတယ်။ Xiaomiဟာ ပြည်တွင်း ဈေးကွက်ထဲတွင်အချိန်တိုအတွင်းလူသိများလာရခြင်းမှာသုံးစွဲသူအချင်းချင်း သတင်း စကားပျံ့နှံ့မှုကြောင့်လည်းဖြစ်ပါတယ်။ ဈေးကွက်ဝယ်လိုအား ရှိလာ ခြင်းကြောင့်လည်းဆိုင် အများစုက Xiaomi ဟန်းဆက်များကိုတင်သွင်းရောင်း ချလာကြပါတယ်။ Xiaomiဟန်းဆက်များထဲတွင် အရည်အသွေးအနည်းငယ် ကွာခြားသည့်စီးရီးဖုန်းများလည်းရှိပါတယ်။

Redmi Note 2 နှင့်Redmi Note 2 Primeဆိုပြီးဟန်းဆက်အမျိုးအစားကွဲပြားစွာတင်သွင်းရောင်းချ ပေး ထား ပါတယ်။ဖုန်းနှစ်လုံးရဲ့မျက်နှာပြင်အကျယ်အ၀န်းကတော့တူညီမှုရှိပါတယ်။ ဖုန်းရဲ့မျက်နှာပြင်ဟာ5.5 inchesကျယ်ဝန်းပြီးမြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ ပေးထားသော Pixels ပမာဏကတော့ 1080 x 1920 ဖြစ်ပါတယ်။

Note 2 နှင့် Note 2 Prime နှစ်ခုစလုံးသည် Dual Sim အမျိုးအစား ဟန်းဆက်များဖြစ်ပါတယ်။ ဒါကြောင့်ဆင်းကတ်နှစ်ကတ် ကိုင်ဆောင်ထားသူများအဆင်ပြေစေပါလိမ့်မယ်။ ထည့်သွင်းအသုံးပြုနိုင်မယ့် ဆင်းကတ်အမျိုးအစားကတော့ Micro Sim ဖြစ်ပါတယ်။ Note 2 Prime ရဲ့အရွယ်အစား ပမာဏဟာ 152 x 76 x 8.25 mmရှိပြီးအလေးချိန်ကတော့160g ဖြစ်ပါတယ်။ယခုနောက်ပိုင်းထုတ်လုပ်သောဟန်းဆက် များတွင် Android OS 5.0 ကိုသုံးစွဲနိုင်အောင်စီစဉ်ပေးလာကြပါတယ်။ယခုဖုန်းတွင်လည်း Android OS 5.0 ကိုအသုံးပြုနိုင်မှာဖြစ်ပြီး MIUI 7 ကိုထည့်သွင်းပေးထားပါတယ်။

ကင်မရာနှစ်မျိုးနှစ်စားထည့်သွင်းပေးထားပြီး အဓိကကင်မရာဟာ 13MP စွမ်းရည်ရှိပြီးရှေ့ကင်မရာငယ် ကတော့5MPစွမ်းရည်ဖြစ်ပါတယ်။ Processor စွမ်းရည်ဟာOcta Core 2.2 GHz ဖြစ်ပါတယ်။ မှတ်ဥာဏ် ပမာဏ အပိုင်း အတွက် RAM ကို2GB ထည့်သွင်းပေးထားပြီး Internal Storage ကိုတော့ 32GB ဖြစ်အောင်ဆောင်ရွက်ပေးထားပါတယ်။

<Specification>
Network - GSM/HSPA/LTE
Processor - Octa core 2.2GHz
Screen - 5.5 inches
Camera - 13 MP
Bluetooth - v 4.0
Storage - 32GB
OS - Android OS,v 5.0
Contact - 01-224502
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com