10/20/2015

♪ “Samsung မှ သင့်တင့်မျှတသောဈေးနှုန်းနှင့် နောက်ဆုံးပေါ် Samsung Galaxy J2 အား မြန်မာနိုင်ငံတွင် ထပ်မံမိတ်ဆက်” ♫


Samsung Myanmar သည် Galaxy J Series များထဲမှ သင့်တင့်မျှတသော ဈေးနှုန်းရှိသည့် အလယ်အလတ် တန်းဝင်နောက်ဆုံးပေါ်အဆင့်မြင့် စမတ်ဖုန်းအသစ်တစ်လုံးအား စတင်မိတ်ဆက်ခဲ့ပါ သည်။ အဆင့်မြင့်စမတ် ဖုန်းတစ်လုံးဖြစ်သော Samsung Galaxy J2 သည် မြန်မာသုံးစွဲသူများ၏ လိုအပ်ချက်များအား အထူးအလေး ထား၍ သေချာစွာထုတ်လုပ်ထားသော ဖုန်းတစ်လုံး ဖြစ်ပါသည်။

“ကျွန်တော်တို့အနေနဲ့ Samsung စမတ်ဖုန်းတွေကို သုံးစွဲရလွယ်ကူစေရုံသာမက လူတိုင်းအတွက် အသုံးဝင် အကျိုးရှိစေချင် ပါတယ်။ Galaxy J2 မှာဆိုရင် မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက်အဓိက လိုအပ်ချက်သုံးခု ဖြစ်တဲ့အရောင်အသွေးစုံလင်ပြတ်သားပြီး ကြည်လင် တောက်ပတဲ့မျက်နှာပြင်၊ 3G အင်တာနက်သုံးစွဲရာမှာ အကုန်အကျ သက်သာစေဖို့နဲ့ စွမ်းဆောင်ရည်တွေထပ်မံတိုးမြှင့်ဖြည့်စွက် ပံ့ပိုးထားတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ကြောင်းကို ကျွန်တော်တို့အာမခံပါတယ်” ဟု Samsung Myanmar မှ Head of IT and Mobile Business ကိုဇာနည်ဝင်းထက် မှ ပြောကြားခဲ့ပါသည်။

Galaxy J1 မှ စွမ်းဆောင်ရည်အချို့အား ထပ်မံတိုးမြှင့်ထားရာ Samsung Galaxy J2 (SM-J200G) တွင် ၄.၇ လက်မအရွယ်အစားရှိသော Quad HD Display ပါဝင်ပါသည်။ ဖုန်းအတွင်းပိုင်းတွင် 1GB RAM အရွယ် အစားရှိ 1.3 GHz 32-bit Quad-Core Exynos 3475 CPU Processor အားထည့်သွင်း ထားပါသည်။Galaxy J2 သည် Built-in Storage Space အနေနှင့် 8GB ပါဝင်ပြီး Micro SD Cards ထည့်သွင်း၍ ထပ်မံဖြည့်စွက်အသုံးပြုနိုင်ရုံ သာမက ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြုနိုင်သည့် စမတ်ဖုန်း ဖြစ်ပါသည်။

Galaxy J2 တွင် 5MP ရှိ အနောက်ကင်မရာနှင့် 2 MP ရှိသော အရှေ့ကင်မရာတို့ ပါဝင်ပါသည်။အရွယ်အစားအနေဖြင့် 136. 5×69×8.4 mm ရှိပြီး နောက်ဆုံးပေါ် Samsung Galaxy J2 တွင် 2000 mAh အရွယ်အစားရှိသော ဘက်ထရီပါဝင်ပါသည်။ ၎င်းစမတ်ဖုန်းတွင် နောက်ဆုံး ထွက်ရှိထားသော Android 5.1 Lollipop အား ထည့်သွင်းထားပါသည်။

ကွန်ရက်ဆက်သွယ်ချိတ်ဆက်မှုအနေဖြင့် WiFi 802.11b/g/n, WiFi Direct, Bluetooth 4.1, USB 2.0, GPS နှင့် 3.5 mm Audio Jack Port တို့ပါဝင်ပါ သည်။
MG
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com