10/02/2015

♪ “Xiaomi က Mi 4c ကိုမိတ်ဆက်” ♫


Xiaomi က ယခင်နှစ်မှ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းMi 4 ရဲ့ ဈေးသက်သာ တဲ့ အမျိုးအစားများကို ထုတ်လုပ်ရောင်းချနေပြီးယခုအခါမှာလည်းMi 4c ကို မိတ်ဆက်လိုက်ပါတယ်။ Mi 4c ရဲ့ အခြေခံအမျိုး အစားဖြစ်တဲ့ 16GB Model ကိုဒေါ်လာ နှစ်ရာနဲ့ ရောင်းချပေးမှာ ဖြစ်ပြီး Specifications များနှင့် ဈေးနှုန်း နဲ့ ယှဉ်ရင် အလွန်သက်သာပါတယ်။

32GB Model အတွက် ဒေါ်လာ ၃၅ သာ တိုးမြှင့် သတ်မှတ်ထားတာကအခြားဖုန်းထုတ်လုပ်သူများ ရဲ့ ဒေါ်လာ ၅၀ ထက် သက်သာနေပါတယ်။ Xiaomi Mi 4c မှာငါးလက်မ 1080p Display တပ်ဆင်ထား ပါတယ်။ Qualcomm Snapdragon 808 Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ 2GB RAM/ 16GB Internal Storage အမျိုးအစားကိုဒေါ်လာ ၂၀၀ ၊ 3GB RAM/32GB Internal Storage အမျိုးအစား ကိုဒေါ်လာ ၂၃၅ နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

အနောက်ဘက် မှာ 13MP Camera နဲ့ မျက်နှာချင်းဆိုင်မှာ 5MP Camera တို့ တပ်ဆင်ထား ပါတယ်။ လျင်မြန်စွာအားသွင်းနိုင်တဲ့ Quick Charge 2.0 နည်းပညာပါတဲ့ 3080mAh Battery ပါရှိပါတယ်။ USB Type C Port တပ်ဆင်ထားပြီး TV Remote Control အဖြစ် အသုံးပြုနိုင်တဲ့ IR Blaster ပါရှိပါတယ်။

Xiaomi က Mi 4c ကိုအဖြူ၊ အနက်၊ အပြာ၊ အ၀ါနဲ့ ပန်းရောင်များထုတ်လုပ်ပေးထား ပါတယ်။ Mi.com ကနေတိုက်ရိုက်ရောင်းချမှာ ဖြစ်ပြီးတရုတ်တွင် စက်တင်ဘာလ ၂၃ ရက်နေ့မှာစတင်ရောင်းချမှာ ဖြစ်ပါ တယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com