5/28/2015

♪ Google က မိုဘိုင်းဖုန်းမှ ကုန်ပစ္စည်း ရှာဖွေမှုရလဒ်များတွင် Buy ခလုတ်ကို ထည့်သွင်းမည် ♫

2

The Wall Street Journal က Google သည် မိုဘိုင်းဖုန်းမှ ကုန်ပစ္စည်း ရှာဖွေမှုရလဒ်များတွင် Buy ခလုတ်ကို လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ထည့်သွင်းပေးမည်ဟု ရေးသားထားပါသည်။ ထို့အတွက် ကုန်ပစ္စည်း ရှာဖွေသူများသည် မိုဘိုငိးဖုန်းမှနေ၍ အလွယ်တကူ ၀ယ်ယူနိုင်မည် ဖြစ်သည်။

Google က Amazon နှင့် eBay တို့ကဲ့သို့ အွန်လိုင်း အရောင်းဆိုင်များကို ယှဉ်ပြိုင်ရန် ရည်ရွယ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

သို့သော် Google တွင် ကြော်ညာထည့်သွင်းထားသည့် ကုမ္ပဏီများ၏ ထုတ်ကုန်များတွင်သာ Buy ခလုတ်ကို ထည့်သွင်းပေးမည်ဖြစ်သည်။ Buy ခလုတ်ကို နှိပ်လျှင် Google Product Page သို့ ရောက်ရှိ မည် ဖြစ်ပြီး ထုတ်ကုန်၏ အရောင်များ၊ အရွယ်အစားများ၊ ငွေပေးချေမှု နည်းလမ်းများ၊ သယ်ယူပို့ဆောင်ရေး နည်းလမ်းများကို ရွေးချယ်နိုင်မည် ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com